34 w - Translate

ထိုင်းနိုင်ငံအတွက် ပထမဦးဆုံး Miss World Crown ကိုရအောင်ယူခဲ့ပေးပါမယ်လို့ ကတိစကားပြောခဲ့တယ် ။ ဇွဲလုံ့လရှိစွာ ကြိုးစားမှုကြောင့် Dream တစ်ခုကအမှန်တကယ်ဖြစ်လာခဲ့တယ် ✨ဒီအရာအားလုံးက မင်းနဲ့ထိုက်တန်လွန်းပါတယ် ကောင်မလေးရေ 👑
🌏Miss World 2025 - Opal Suchata 🇹🇭
#missworld #missworldthailand #missworld2025

imageimage
+5
34 w - Translate

Ms. Teresa နှင့်အတူ Queen CJ ကတော့သူမရဲ့တာဝန်အတိုင်း MGI 2024 တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံကို 18 ရက်နေ့မှ 22 ရက်နေ့အထိ Miss Grand Myanmar 2025 ပြိုင်ပွဲကြီးအတွက်တက်ရောက်ဂုဏ်ပြုပေးမှာပါဖြစ်ပါတယ်
𝗠𝗶𝘀𝘀 𝗚𝗿𝗮𝗻𝗱 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝟮𝟬𝟮𝟱🇲🇲
📍 June 18–22, 2025
Miss Grand ဆိုတာကလည်းတစ်ချိန်ကမြန်မာပရိသတ်ရဲ့ အရမ်းချစ်ခံပြီး အင်အားအပြည့်နဲ့ အရမ်းအားပေးခြင်းခံရတဲ့ပွဲတစ်ခု We're grand the one & only ဆိုတာအမြဲဖြစ်ခဲ့တာကြောင့် ဒီနှစ်အတွက်လည်းအရမ်းရင်ခုန်မိပါတယ် 🫶❤
#missgrandinternational2024 #wearegrandtheoneandonly #missgrandinternational

image

ဇွန်လ (၁၆) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++

image
34 w - Translate

ကျန်းမာရေးအတွက် ယောဂ- နေ့စဉ်ဘဝမှာ ယောဂကျင့်ခြင်းရဲ့ အကျိုးကျေးဇူးများ
ယနေ့ခေတ် လူနေမှုဘဝပုံစံတွေက ရှုပ်ထွေးပြီး စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါ့ကြောင့် ကိုယ်ရောစိတ်ပါ ကျန်းမာဖို့ဆိုတာ မရှိမဖြစ်လိုအပ်လာပါတယ်။ ဒီနေရာမှာ ရှေးနှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာတဲ့ ယောဂဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။
ယောဂကျင့်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။ ပုံမှန်ယောဂကျင့်ခြင်းက ခန္ဓာကိုယ်ကို ပိုမိုပြောင်းလွယ်ပြင်လွယ်ဖြစ်စေပြီး ကြွက်သားတွေကို သန်မာစေပါတယ်။ အရိုးအဆစ်တွေကို ကောင်းမွန်စေပြီး ကိုယ်ဟန်အနေအထားကိုလည်း မှန်ကန်စေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စတာတွေကိုလည်း ကာကွယ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ယောဂဟာ အလွန်ထိရောက်ပါတယ်။ ယောဂကျင့်တဲ့အခါ အသက်ရှုခြင်းကို အာရုံစိုက်ရတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ကို ငြိမ်သက်စေပါတယ်။ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ကျရောဂါလက္ခဏာတွေကို သက်သာစေပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ ဒါ့အပြင် အိပ်မပျော်တဲ့သူတွေအတွက်လည်း အိပ်စက်ခြင်းကို ကောင်းမွန်စေတဲ့အတွက် တစ်နေ့တာလုံး တက်ကြွလန်းဆန်းစွာ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နိုင်ပါတယ်။ ယောဂဟာ အာရုံစူးစိုက်မှုကိုလည်း တိုးတက်စေပြီး စိတ်ကို ပိုမိုတည်ငြိမ်စေပါတယ်။
ယောဂကို နေ့စဉ်ဘဝမှာ ထည့်သွင်းကျင့်သုံးခြင်းအားဖြင့် ကိုယ်ရောစိတ်ပါ ဟန်ချက်ညီညီ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။ တစ်နေ့ကို မိနစ်အနည်းငယ်လောက်ပဲဖြစ်ဖြစ် ယောဂကျင့်ခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူးတွေဟာ ကျွန်တော်တို့ရဲ့ ဘဝအရည်အသွေးကို များစွာမြှင့်တင်ပေးနိုင်မှာပါ။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် ယောဂကို နေ့စဉ်ကျင့်စဉ်တစ်ခုအဖြစ် ထည့်သွင်းဖို့ တိုက်တွန်းချင်ပါတယ်။

image
34 w - Translate

Life & Love (2024)
================
IMDb: 6.6/10
Genre - Romance, Drama
ဒီကားက ဘဝတစ်လျှောက် ကြုံလာရတဲ့ အချစ်အမျိုးမျိုးကို ပုံဖော်ထားတာ။ ရိုးရှင်းပြီး နွေးထွေးတဲ့ ပထမဆုံးအချစ်၊ တွေ့ဆုံမှုတွေ၊ ဆုံးဖြတ်ချက်တွေ၊ ပြန်လည်ပေါင်းစည်းမှုတွေ စသဖြင့် အချစ်ရဲ့ ပုံစံအမျိုးမျိုးကို ဖြတ်သန်းသွားရတာကို ပြတယ်။ အချစ်ကို romantic ဆန်ဆန်လေးတင် မဟုတ်ဘဲ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်နဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ စတဲ့ ဘဝရဲ့ ကဏ္ဍအသီးသီးမှာ အချစ်က ဘယ်လိုအရေးပါလဲဆိုတာကို ပြတယ်။ အချစ်ဆိုတာ ကိုယ့်ဘဝကို ရှေ့ဆက်ဖို့ ခွန်အားပေးတယ်၊ သင်ခန်းစာပေးတယ်၊ ပြီးတော့ နာကျင်စေခဲ့ရင်တောင် ပိုပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်လာအောင် ပုံဖော်ပေးတယ်ဆိုတာကို သင်ခန်းစာယူလို့ရတယ်။အဓိကဇာတ်ကောင်ရဲ့ ခံစားချက်တွေကို ပုံဖော်ထားတာတွေက တကယ့်ကို လက်တွေ့ဆန်တယ်။ ကြည့်နေရင်းနဲ့ ကိုယ်တိုင်ပါ ပါဝင်ခံစားရသလိုပဲ။ Setting တွေ၊ ဂီတတွေကလည်း ဇာတ်လမ်းနဲ့ လိုက်ဖက်ညီတယ်။ဒီကားက အချစ်ဇာတ်လမ်းကြည့်ရတာ ကြိုက်တဲ့သူတွေတင် မဟုတ်ဘဲ၊ ဘဝအကြောင်း၊ လူ့သဘာဝအကြောင်း စဉ်းစားရတာ ကြိုက်တဲ့သူတွေအတွက်လည်း တကယ်ကြည့်သင့်တယ်။ ကြည့်ပြီးသွားရင်တော့ အချစ်နဲ့ ပတ်သက်တဲ့ အမြင်တွေ ပြောင်းလဲသွားနိုင်သလို၊ ကိုယ်ပိုင်ဘဝကိုလည်း ပိုပြီး တန်ဖိုးထားတတ်လာလိမ့်မယ်လို့ ထင်ပါတယ်။

image
34 w - Translate

Failure to Launch (2006)
====================
IMDb: 5.7/10
Genre - Romance, Comedy
တစ်ခါတစ်လေ ကိုယ့်ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ကိုယ်တိုင်တောင် မိဘအိမ်ကနေ မခွဲနိုင်သေးတဲ့ "လူပျိုကြီး/အပျိုကြီး" တွေ ရှိတတ်ကြတယ်နော်။ ဒီ "Failure to Launch" ဆိုတဲ့ ဇာတ်ကားကတော့ အသက် ၃၅ နှစ်ရောက်သည်အထိ မိဘအိမ်မှာပဲ နေထိုင်တဲ့ ချစ်စရာကောင်းတဲ့ လူပျိုကြီး ထရစ် အကြောင်းကို ရယ်မောဖွယ်၊ ရင်ခုန်ဖွယ် တင်ဆက်ထားတဲ့ ရိုမန့်တစ်ဟာသ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ထရစ် မိဘတွေက သူ့ကိုအိမ်မှာ မနေစေချင်တော့တာနဲ့အလုပ်သဘောအရကူညီပေးတဲ့ကောင်မလေး တစ်ယောက်ငှားပေးရာကနေ ထရစ် တစ်ယောက် သူ့ရဲ့ အထီးကျန်ဘဝကနေ ရုန်းထွက်ပြီး ချစ်ခြင်းမေတ္တာကို ရွေးချယ်နိုင်ပါ့မလား? သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်း ဘယ်လို အဆုံးသတ်မလဲဆိုတာကို ရယ်မောပျော်ရွှင်စွာနဲ့ စိတ်ဝင်တစား ရှုစားရမှာပါ။

image
34 w - Translate

Sleepy Hollow Season-1 (2013)
=======================
Sleepy Hollow စီးရီးက လျှို့ဝှက်ဆန်းကြယ်တာတွေ၊ သမိုင်းထဲကအကြောင်းအရာတွေနဲ့ စိတ်ကူးယဉ်ဆန်တာတွေကို ပေါင်းစပ်ထားတဲ့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲလေးပါ။ Washington Irving ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံထားတာ ဖြစ်ပေမဲ့ မူရင်းဇာတ်လမ်းကို အများကြီး ပြောင်းလဲပြီး အခုခေတ်နဲ့ လိုက်အောင် ရိုက်ကူးထားတယ်။ဒီဇာတ်လမ်းက တော်လှန်ရေးစစ်ပွဲကနေ ရုတ်တရက် ထမြောက်လာတဲ့ Ichabod Crane အကြောင်းပေါ့။ သူက အခုခေတ် Sleepy Hollow မြို့ကို ရောက်လာတော့ ခေါင်းဖြတ်စစ်သည် (Headless Horseman) က တကယ်ရှိနေတယ်ဆိုတာ တွေ့ရတယ်။ Headless Horseman က လောကအဆုံး (Apocalypse) ကို ဦးတည်နေတဲ့ မကောင်းဆိုးဝါးတွေထဲက တစ်ကောင်ဖြစ်ပြီး Ichabod ကတော့ အဲဒီရန်သူတွေကို တားဆီးဖို့ ကူညီပေးရမယ့်သူပေါ့။ သူက စုံထောက် Abbie Mills နဲ့ အတူတူ ပူးပေါင်းပြီး မြို့မှာဖြစ်နေတဲ့ ထူးဆန်းတဲ့ ကိစ္စတွေကို ဖြေရှင်းရင်း လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရတာ ဖြစ်ပါတယ်။ဒီစီးရီးရဲ့ အကြိုက်ဆုံးအပိုင်းကတော့ ဇာတ်ကောင်နှစ်ယောက်ရဲ့ သဟဇာတဖြစ်မှု (chemistry) ပဲ။ Ichabod Crane နဲ့ Abbie Mills တို့ရဲ့ အပြန်အလှန်ပြောဆိုတာတွေ၊ စနောက်တာတွေက အရမ်း ကြည့်လို့ကောင်းတယ်။ Ichabod က သူ့ခေတ်က အကျင့်စရိုက်တွေနဲ့ ဒီခေတ်ကြီးကို ရောက်လာတော့ ဖြစ်ပေါ်လာတဲ့ ဟာသတွေကတော့ ကြည့်တဲ့သူတိုင်း ရယ်ရတာပေါ့။ ဇာတ်လမ်းကလည်း မြန်ဆန်ပြီး စိတ်လှုပ်ရှားစရာကောင်းတယ်။ အပိုင်းတိုင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အကြောင်းအရာအသစ်တွေ၊ အက်ရှင်ခန်းတွေ အပြည့်အစုံပါဝင်ပါတယ်။ ဒဏ္ဍာရီတွေနဲ့ သမိုင်းကြောင်းကို ပေါင်းစပ်ထားတဲ့ပုံစံ ကလည်း တကယ်ကို ဆန်းသစ်ပြီး စွဲမက်စရာကောင်းပါတယ်။Sleepy Hollow က စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်း၊ ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်တွေနဲ့ ကြည့်လို့ပျော်တဲ့ စီးရီးတစ်ခုပါ။ လျှို့ဝှက်ဆန်းကြယ်တာတွေ၊ သမိုင်းနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ဖို့ တကယ် အကြံပေးချင်ပါတယ်။

image

စိတ်ကူးယဥ်အိမ်မက်ကမ္ဘာ ရသ_ ဂျောက်ဂျက်

34 w - Translate

Lion (2016)

IMDb Rating (8./ Rotten Tomatoes ( 84%)

Nominated for 6 Oscars. Another 59 wins & 98 nominations

ဆိပ်ကမ်းမဲ့တဲ့မြစ် (Lion – 2016)
======================
အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသလေးမှာ Saroo လို ခေါ်တဲ့ ငါးနှစ်သား ကလေးငယ်လေးအဖိုတော့ ဘဝဟာ ပျော်စရာအတိပါပဲ။ အကိုဖြစ်သူ Guduu နဲ့အတူ ရထားပေါ်တက်၊ကျောက်မီးသွေးတွေခိုး၊ အစောင့်တွေ့သွားရင် ရထားပေါ်က ခုန်ချ၊ မုန့်ဆိုင်ကို မီးသွေးပြန်ရောင်း၊ ရတဲ့ ငွေက မုန့်ဖိုးပဲဖိုးပေါ့။ အမေက ကျောက်ထုတ်လုပ်ငန်းတစ်ခုမှာ လုပ်တယ်။ ညီမအငယ်ဆုံးလေး တစ်ယောက်လည်း ရှိသေးရဲ့။ ဆင်းရဲပေမယ့် အရမ်းချစ်ကြတဲ့ စိတ်ချမ်းသာစရာ မိသားစုလေးပါ။
အကို Guduu က ညဘက်ဆိုလည်း ရထားဘူတာမှာ ကုန်ထမ်းတဲ့ အလုပ်,လုပ်ရသေးတယ်။ ယောကျ်ားလေးပီပီ Saroo ကလည်း အကိုနဲ့ လိုက်ချင်တယ်။ အကိုက တားပေမယ့် ဇွတ်လိုက်ချင်တယ် လုပ်နေတာနဲ့ ခေါ်သွားရတယ်။ ညီလေးကို ချစ်တာကိုး။ ပိုက်ဆံရရင် မင်းကြိုက်တဲ့ စလေဘီမုန့် ဝယ်ကျွေးမယ်တဲ့။ ရွာနဲ့နီးတဲ့ မီးရထားဘူတာလေးကို ညီအကို နှစ်ယောက် ရောက်လာခဲ့ကြတယ်။
ဘူတာရုံလည်းရောက်ရော ညီလေး Saroo က အိပ်ချင်ပြီ ဆိုပြီး ခုံတန်းလျားပေါ် လှဲအိပ်တော့တာပဲ။ အကိုက ထပါ ခေါ်လည်း မရတော့ဘူး။ အဲဒါနဲ့ ”ညီလေး ဒီမှာ အိပ်စောင့်ဦး အကို အလုပ်သွားလုပ်မယ်၊ အကို ပြန်လာရင် စလေဘီ ဝယ်ခဲ့မယ်” ဆိုပြီး ခဏထားခဲ့တယ်။
Saroo တရေးနိုးလာတော့ ညသန်းခေါင်အချိန်..ဘူတာထဲမှာ လူသူမရှိ တိတ်ဆိတ်လို။ အကိုလည်း ပြန်မလာသေးဘူး။ ဘူတာစင်္ကြန်မှာ ဘယ်အချိန်က ရောက်နေမှန်း မသိတဲ့ ရထားတစ်စင်းက ထိုးစိုက်ထားတာလည်း တွေ့တယ်။ ကလေးပီပီ စူးစမ်းစိတ်နဲ့ ရထားတွဲပေါ်တက်၊ ဟိုဟိုဒီဒီကြည့်ရင်း တရေးအိပ်ပျော်သွားပြန်ရော။
Saroo ခုတခါ နိုးလာတော့ ရထားက အရှိန်နဲ့ ခုတ်မောင်းနေပြီ။ ဖြစ်ချင်တော့ သူတက်အိပ်နေတဲ့ ရထားဟာ ခရီးသည်မတင်ဘဲ တွဲအလွတ်တွေချည်းပဲ ဆွဲပြီး ထွက်လာတဲ့ ရထားပါ။ ကလေး ပါလာမှန်းလည်း ဘယ်သူမှ မသိဘူး။ အပြင်ကနေ lock ချပြီး ဘူတာစဉ် မရပ်နားဘဲ ခုတ်မောင်းနေတဲ့ ရထားပေါ်က Saroo အဖြစ်ဟာ ကူရာမဲ့ကယ်သူမဲ့ပါပဲ။
ရထားခရီးစဉ်က နှစ်ရက်ကြာမြင့်ခဲ့ပြီ။ မျက်ရည်စက်လက်နဲ့ Saroo ခင်မျာတော့ ခုံအကြိုအကြားက စားကြွင်းစားကျန်တွေ ရှာစားပြီး အိပ်လိုက်၊ ဘယ်နေရာမှန်း မသိတဲ့ ရထား အပြင်ကို ငေးမောလိုက်နဲ့ လိုက်ပါလာရတယ်။ ဒါနဲ့ ရထားဟာ ကာလက္ကတားမြို ဘူတာကြီးကို ဆိုက်ရောက်တော့မှ Saroo လည်း ရထားပေါ်က ဆင်းလို ရတော့တယ်။

image

သူငယ်ချင်း // ဥာဏ်လင်း​အောင် <br>? 13 Going on 30