ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကြက်သောက်စမ်း ( ရှယ်ချက် ) 💖
*********
💖 Happy new year အမှီချက်စားဖို့အရမ်းစားကောင်းတဲ့
💖 ကြက်သောက်စမ်း ရှယ်ချက်နည်းလေး တင်ပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
******
ကြက်သား ( အတုံးတုံးထားပါ )
စပါးလင် ( ထုခွေထားပါ )
ငရုတ်တောင့် အရှည် ( နှစ်ခြမ်းခွဲထားပါ )
ငရုတ်ခြောက် အပွ ( ခပ်ကြမ်းကြမ်း ထောင်းထားပါ )
ချင်း ( ခပ်ကြမ်းကြမ်း ထောင်းထားပါ )
ကြက်သွန်ဖြူ ( ခပ်ကြမ်းကြမ်း ထောင်းထားပါ။ )
ကြက်သွန်နီ ( ခပ်ကြမ်းကြမ်း ထောင်းထားပါ။ )
ငရုတ်ကောင်းစေ့ ( လှော်ပီး ထောင်းထားပါ။ )
ဆီ( သိပ်များရပါ )
ဆား
သကြား
ငံပြာရည်
အရသာမှုန့်
ချက်ပါတော့မယ်
*****
ချက်မယ့် အိုးထဲကို ပါဝင် ပစ္စည်းအားလုံး ထည့်၍ ဆုပ်နယ်ပါ။
( စပါးလင် နဲ့ ငရုတ်တောင့်ရှည် ထည့်မနယ်ရပါ )
ပီးရင် မီးဖိုပေါ်တင်၍ လုံးပေးပါ။
လုံးထားတဲ့ ရေမခန်းခင် ရေနွေးပူပူကို
ကြက်သားတုံးများမြုပ်တဲ့အထိ ထည့်ပြီး
ဗွမ်းဗွမ်း ဆူအောင်တည်ပါ။
အသားနူးတဲ့အခါမှ စပါးလင် နဲ့ ငရုတ်တောင့်ရှည်ထည့်ပါ။
၅ မိနစ်/ ၁၀ မိနစ်ခန့်ကြာရင် တော့
အရသာရှိလှတဲ့ ကြက်သောက်စမ်း ရှယ်ချက်လေးရပါပြီ။
မှတ်ချက်
****
ဒီနည်းကတော့ ကျမချက်စားလေ့ရှိတဲ့
ကြက်သောက်စမ်း ချက်နည်းပါ။
သူများနည်းတွေနဲ့ တူချင်မှ တူပါလိမ့်မယ်။
အရသာကတော့ သိပ်စားကောင်းပါတယ်။
အိမ်မှာ ချက်စားတိုင်းတော့ စားမလောက်ပါဘူး။
🙏 ကဲ အားလုံးပဲ အဆင်ပြေကြပါစေနော်။ 🙏
🍗 ဆေးဖက်ဝင် ကျန်းမာရေး ကြက်ပေါင်း 🍗
*********
💖 ( ဆီးချို သွေးတ်ိုးသမားများအတွက် ) 💖
အရသာရှိတဲ့ အစားအသောက်တွေ တင်ခဲ့ပြီးပါပြီ။
ဒီတစ်ခါတော့ ကျန်းမာရေးအတွက် ဆေးဖက်ဝင်လှတဲ့
ကျန်းမာရေး ကြက်ပေါင်းလုပ်နည်းကို တင်ပေးပါမယ်။
ဒီနည်းဟာ မြန်မာဆေးဆရာကြီး
ဆရာကမ္ဘာအေးအောင်မြင့်ကျော်မှ
ဆီးချို သွေးတိုးသမားများအတွက်
ဓါတ်စာအဖြစ် စားသုံးခိုင်းတဲ့
ဆေးဖက်ဝင် ကျန်းမာရေး ကြက်ပေါင်း လုပ်နည်းပဲ ဖြစ်ပါတယ်။
ကျမအိမ်မှာ ဆီးချို သွေးတိုးရှိတဲ့
ကျေးဇူးရှင် မိခင်ကြီးကို
တစ်ပတ်လျှင် ၃ ကြိမ် ပြုလုပ်ပြီးတိုက်ရင်းနဲ့
အများ သူငါ အတွက်ပါ စေတနာအရင်းခံဖြင့်
လုပ်နည်းကို မျှဝေပေးခြင်းဖြစ်ပါတယ်။
လုပ်နည်းကတော့
💖 မြန်မာကြက် အသားချည်းပဲ ၂၅ ကျပ်သား ( ခုတ်ထစ်ထား )
💖 သံပုရာသီး ၃ လုံး ( ပါးပါးလွီးထား )
💖 ဂျင်း ( အချောင်းလိုက် လှီးထား )
💖 အရသာ ( အချို, အငံ သင့်ရုံ )
အသင့်ပြင်ထားတွေကို ပေါင်းအိုးထဲထည့်ရပါမယ်။
ကြက်သားကို အရသာနယ်၍
အသင့်ပြင်ထားတဲ့ ဂျင်း, သံပုရာကွင်းများပါထည့်ပြီး
အဖုံးအုပ်၍ အနည်းဆုံး ၃ နာရီကြာ ပေါင်းရပါမယ်။
ရေထည့်စရာ မလိုပါဘူး။
အသားထဲက ကြက်ပေါင်းရည်လေးများ ထွက်လာပါလိမ့်မယ်။
အရသာကတော့ ချဉ်ခါးခါး ရှိပါမယ်။
သို့သော် ကျန်းမာရေးအတွက်တော့
အင်မတန် ဆေးဖက်ဝင်လှတာမို့
ဆီးချို သွေးတ်ိုးသမားများအတွက်
အထူး သင့်လျှော်လှပါကြောင်းနှင့်
အရည် အသား အဖပ်များအားလုံး
တစ်ထိုင်တည်း အကုန်စားရမည် ဖြစ်ပါကြောင်း။
ပေါင်းအိုးကတော့ သံစျေးမှာ ဝယ်ယူရရှိနိုင်ပါတယ်။
ကြက်ကချင်ချက်
-------------------------------------
ဒီနေ့ ဝတ်ရည်အိမ်မှာ ကြက်ကချက်လေး ချက်စားဖြစ်လို့ ချက်နည်း ပြန်ရှဲပေးလိုက်တယ်နေိာ
-------------------------------------
ပါဝင်ပစ္စည်များ
ကြက် ပေါင်၊ ရင်ဗုံ – ၂တွဲ(အတုံးသေးများ တုံးပါ)
မျှစ်ချဉ် – ၁ခု (အရှည်ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)
ဂျင်း – လက်တဆစ် (ထောင်းပြီ အရည်ညှစ်ပါ)
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်သီးစိမ်း – ၃-၄ တောင့် (အစပ်ကြိုက်သူများ ၅တောင့်ထိ ထည့်နိုင်သည်)
နံနံပင် – ၁စည်း (နှုတ်နှုတ်စဉ်းပါ)
ပင်စိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်း)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – စားပွဲတင်ဇွန်း တဝက်
ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
ချဉ်စော်ခါးသီးခြောက် – လက်တဆုပ်စာ (၁၀မိနစ်ခန့် ရေစိမ်ထားပါ)
ဖက်ဖယ်ရွက် – လက်တဆုပ်စာ
(ချဉ်စော်ခါးသီးခြောက်၊ ဖက်ဖယ်ရွက် Supermart တွင် ဝယ်ယူနိုင်သည်)
-------------------------------------
ပြင်ဆင်နည်း
၁။ အရင်ဆုံး ကြက်သားတုံးများကို ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းမှုန့်၊ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်) တို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၅မိနစ်ခန့် နုပ်ထားပေးပါ။
၂။ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက် တို့ကို ဆုံထောင်းဖြင့် ညက်ညက်ထောင်းပေးပါ။
၃။ ချဉ်စော်ခါးသီး ခြောက်များကို ၁၀မိနစ်ခန့် ရေစိမ်ထားပေးပါ။
-------------------------------------
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ငရုတ်သီးမှုန့် ထည့်ပြီ နုပ်ထားသော ကြက်သားများကို ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးပါ။
၂။ ပြီမှ ချဉ်စော်ခါးသီးစိမ်ထားတဲ့ အရည်(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ရေ(၄ခွက်)၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ကာ အဖုံးအုပ်ပြီ ကြက်သား ကျက်သည်အထိ တည်ထားပါ။
၃။ ကြက်သားကျက်ခါနီးတွင် မြေအိုးထဲ ပြောင်းထည့်ပါ။
၄။ မျှစ်ချဉ်ထည့်ကာ နောက်ထပ် ၃မိနစ်ခန့် တည်ပေးပါ။ ရေလိုလျှင် ရေထပ်ထည့်ပေးပါ။
၅။ ကြက်သား ပေါ်ရုံ ရေကျန်လျှင် အရသာ အနေတော် မြည်းကြည့်ပါ။ အပေါ့အငံ အနေတော်လျှင် အပေါ်မှ နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းအုပ်ပေးပြီ မီးပိတ်လိုက်ပါ။
၆။ အရသာရှိသော ကြက်ကချင်ချက်ကို ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
ကြက်သား ခရုဆီ
~~~~~
ကြက်သား ၃၀သား(အသားလွှာထားပါ)
ဥနီ ၁တောင့်(လှီးထားပါ)
ဘိုစား ၄တောင့်( ။ )
ကြက်သွန်နီ ၂လုံး(လေးစိတ်စိတ်၍ အဖတ်ခွာထားပါ)
ငရုတ်ပွ ၁တောင့်(လှီးထားပါ)
ကြက်သွန်ဖြူ ၃မွှာ (ဓားပြားရိုက်)
ဂျင်း ၂ပြား(အမျှင်လှီးထားပါ)
ကြက်သွန်မိတ် ၂ပင်
ခရမ်းချဉ်သီး ၁လုံး (လေးစိတ်)
ငရုတ်ပုတောင့် ၁တောင့်
ခရုဆီ ၂ဇွန်း(စားပွဲတင်)
ပဲငံပြာရည်အနောက် အနည်းငယ်
။ အကြည် ။
သကြား ။
ဆား ။
ငရုတ်ကောင်း ။
နှမ်းဆီမွှေး ။
ကော်မှုန့် လိုသလောက်
ဂျုံမှုန့် ။
-ကြက်သား အသားလွှာထားတာကို ပါးပါးလှီး၍ ဆား/သကြား/ငရုတ်
ကောင်း/နှမ်းဆီမွှေး/အနောက်ရည်/ခရုဆီတို့နှင့်နယ်၍နှပ်ထားပါ။
-အသီးအရွက်များကို ဆားထည့်၍ ၂မိနစ်ခန့်ကြော်ပြီ ဆယ်ထားပါ၊
-ပန်းကန်း ၁ချပ်ထဲတွင် ဂျုံမှုန့် ၃ဇွန်ူ ပြောင်းကော်မှုန့် ၁ဇွန်းရော၍နယ်
ထားပါ။
-အိုးတစ်လုံးထဲသို့ ဆီများများထည့်၍ ဆီပူလာလျှင် ကြက်သားများကို
ပန်းကန်းပြားထဲရှိ ဂျုံမှုန့်လူး၍ ထည့်ကြော်ပါ၊နီလာလျှင် ဆီစစ်ပြီး ထည့်ထားပါ၊
### အိုးထဲ၌ ဆီအနည်းငယ်ချန်၍ ငရုတ်ပုထောင်းထည့်ကြော်ပြီး
ဆယ်ထားပါ။ပြီးလျှင် ကြက်သွန်ဖြူ ဂျင်းထည့်ပါ။မွှေးလာလျှင် ပဲအ
ကြည်/အနောက်ထည့်ပါ၊ကြော်ထားသောကြက်သားထည့်မွှေပါ။ကြက်သွန်နီ/ခရုဆီ/ငရုတ်ကောင်း/သကြားထည့်မွှေပြီးရေနွှေးအနည်းငယ်ထည့်၍အဖုံးအုပ်ထားပါ၊ရေခန်းလျှင်ခဏဆက်ကြော်၍အသ္ဓးအရွက်များထည့်ပါ။ခရမ်းချဉ်သီးထည့်ပါ၊ရေနွေးအနည်းငယ်ထည့်ပါ။ကော်မှုန့်ရေဖျော်ထည့်ပါ။အရသာစိတ်ကြိုက်ဖြစ်လျှင်နှမ်းဆီမွှေး/ကြက်သွန်မိတ် ထည့်၍ ရပါပြီရှင်။
ကြက်သဲမြစ်အစပ်ကြော်
Cpကြက်သဲမြစ်တွေကပျော့တဲ့အတွက် ကြော်ရချက်ရတာခက်ပါတယ်
မာမာလေးရချင်တယ်ဆိုရင် ဒီလိုလေးလုပ်ပါ.
ဆား ဆနွင်းအနဲငယ် ခပ်ထားတဲ့ရေပွက်ပွက်ဆူမှာထည့်တည်ပါ အသားမာအောင်ပြုတ်ပါ အသားမာသွားရင်ဆယ် ရေဆေး လိုသလိုတုံးထားပါ
ကြက်သွန်ဖြူနုတ်နုတ်စင်း ကြက်သွန်နီလှီးထား ဂျင်းကိုအခွံမခွာပဲလှီးထား ဆီအနေတော်သတ် ဆနွင်းထည့် ကြက်သွန်ဖြူနီ ဂျင်း ထည့်မွှေ
ငရုတ်လှော်မူန့်ထည့်ကြက်သဲမြစ်ထည့်မီးခဏလျှော့ ငံပြာရည် ဟင်းခပ်မူန့် စို့ပုန်လို့ ပဲငံပြာရည်အကြည်ထည့်မွှေ ကျက်ရင် ရှမ်းနံနံပင်
ထည့်မွှေရပါပြီရှင်