25 w - Translate

🚴‍♂️ Smiling Shark QX-D421 LED စက်ဘီးမီး ! 🌟
💰 စျေးနှုန်း: [75000]
🔹 အလင်းအထွက်: 130-150 lumens ပါဝင်ပြီး အမှောင်ထဲမှာ ရှင်းလင်းစွာ မြင်နိုင်ဖို့ အာမခံပါတယ်။
🔹 အလင်းပုံစံ ၃ မျိုး: အလင်းပြင်း၊ အလင်းအားနည်း၊ မှိတ်တုတ်မှိတ်တုတ် - သင့်လိုအပ်ချက်အလိုက် ရွေးချယ်လို့ရပါတယ်။
🔹 USB အားသွင်း: 600 mAh ဘက်ထရီ ပါဝင်ပြီး Micro-USB နဲ့ အလွယ်တကူ အားသွင်းနိုင်ပါတယ်။
🔹 တာရှည်ခံမှု: အလူမီနီယံ အလွိုင်းနဲ့ ပြုလုပ်ထားပြီး IPX6 ရေစိုခံစနစ်ပါရှိလို့ မိုးရေ၊ ဖုန်မှုန့်ကို မကြောက်ပါဘူး။
🔹 အသုံးပြုမှု: စက်ဘီးမီးအပြင် ခရီးသွား၊ စခန်းချတဲ့အခါ ဖန်ခါးမီးအဖြစ်လည်း အသုံးပြုလို့ရပါတယ်။

📏 အရွယ်အစား: အလျား 8 စင်တီ မီတာ x အနံ 2.5 စင်တီမီတာ
⚖️ အလေးချိန်: 41.5 ဂရမ်
🎁 ပါဝင်ပစ္စည်းများ: စက်ဘီးမီး*၁၊ USB ကြိုး*၁၊ ထုပ်ပိုးစက္ကူဘူး

📩📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i123625406.html?s

🌟 Smiling Shark နဲ့ ညဘက်စက်ဘီးစီးရတာ ပိုလုံခြုံပြီး စိတ်ချမ်းသာစွာ ခရီးသွားလိုက်ပါ! 🌟
#smilingshark #qx_d421 #bikelight #outdoorgear

Smiling Shark Multifunctional Ultra Bright 3 Modes LED Bike Light USB Rechargeable Handlebar Mounted Bicycle Headlilght Riding Light for Outdoor Cycling Camping (Model:QX-D421) | Shop.com.mm
www.shop.com.mm

Smiling Shark Multifunctional Ultra Bright 3 Modes LED Bike Light USB Rechargeable Handlebar Mounted Bicycle Headlilght Riding Light for Outdoor Cycling Camping (Model:QX-D421) | Shop.com.mm

3 Modes: Strong, medium, and flashing. USB Rechargeable: 1200mAh lithium-ion battery. Handlebar Mount: Easy attachment for secure positioning. Durable & Waterproof: IPX6 rating, made with aluminum alloy. Versatile Use: Can also be used as a flash
imageimage
+8

စိတ်တွေလဲ ညစ်ရပါတယ်။

အလွယ်ဆုံးနည်းနဲ့ #မုန့်ဟင်းခါး ချက်နည်းလေးပါ လိုအပ်ရင် Save ထားပါ😋😋
=====================================
မုန့်ဟင်းခါး ချက်နည်းများစွာရှိတဲ့အထဲက ကျွန်တော်ကိုယ်တိုင် အိမ်မှာချက်စားဖြစ်တဲ့ အလွယ်ကူဆုံး ကုလားပဲနဲ့ မုန့်ဟင်းခါး ချက်နည်းတစ်မျိုးကိုပြောပြပါမယ်😋😋😋
မုန့်ဟင်းခါးချက်တဲ့အခါ လိုအပ်တာတွေက
၁။ ငါးဆီသတ်
၂။ ကုလားပဲပြုတ်ပြီးထောင်းပါ(သို့)blenderနှင့်ကြိတ်
၃။ဆန်လှော်မှုန့် ရေဖျော်ထားပါ
၄။ဌက်ပျောအူ
အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီးလျှင်ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ။
မှတ်ချက် ။ ။ နနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။
_________
၁။ ငါးဆီသတ်ဖို့ အရင်ဦးဆုံး ငါးပြုတ်ကြရအောင်။
ငါးလေးဆယ်သားကို ( ငါးကြင်း )
👉 ထန်းလျက် ၃ ခဲ,
👉 စပါးလင် ၃ပင် ထုထောင်းခွေထည့်
👉 ငရုတ်ပွခြောက် ၄ တောင့်,
👉 ငံပြာရည်ထည့်နယ်ပြီး ရေကိုငါးမြုပ်သည့်အထိထည့်ပြီး နူးအောင်ပြုတ်၍ အသားနွှင်ထားပါ။
— ငါးပြုတ်ရည်ကို ခွက်တစ်ခုထဲ စစ်ထည့်ထားပါ။
— ကြက်သွန်ဖြူ(ထောင်း), ကြက်သွန်နီ(ပါးပါးလှီး) , ချင်း(ထောင်း)
စပါးလင်၃ပင် (နှုတ်နှုတ်စဉ်း)ငရုတ်သီးအစိမ်းမှုန့် နနွင်းမှုန့်အနည်းငယ်နဲ့
ရွနေအောင်ဆီသတ်ပြီး နွှင်ထားတဲ့ငါးအသားကို ထည့်မွှေပါ။
မှတ်ချက်။ ။ကြက်သွန်ဖြူ ၊ ချင်း၊စပါးလင်(blender ဖြင့်ကြိတ်လျှင် ပိုကောင်းပါသည်။)ကြက်သွန်နီထည့်မကြိတ်ရပါ။
— ငါးအသားနဲ့ ဆီသတ်များရောပြီးငါးသားအနည်းငယ်ခြောက်လာလျှင်
ငါးပြုတ်ရည် ရေတစ်ဖန်ခွက်ခန့် တစ်ခွက်ထည့်ပါ။
— ငါးကို ပျော့ပျော့အိအိ အနေအထားလေးမှာချထားပါ။
အရမ်းမကြွပ်ပါစေနှင့်။
_________
၂။ ကုလားပဲ လေးဆယ်သားကို
( ဆီ၁ ဇွန်း, နနွင်းအနဲငယ်, ချင်းလက်ငါးလုံးခန့် ) နဲ့
နူးအိနေအောင်ပြုတ်ပီးညက်နေအောင်ထောင်းပါ (သို့)
blenderထဲသို့ပဲပြုတ်ရေအနည်းငယ်ထည့်၍ကြိတ်ပါ။
မှတ်ချက်။ ။ကုလားပဲကို အရသာအနည်းငယ်ထည့်ပြုတ်ပါ။(ပဲပြုတ်ရေများကို ခွက်တစ်ခုထဲ ထည့်ထားပါ)
_________
မုန့်ဟင်းခါး စ ချက်ပါတော့မယ်။
— ရေနွေးအိုးတည်ထားပါ။
— ရေနွေးပွက်လျှင်ကုလားပဲ ပြုတ်ရည်နှင့်ငါးပြုတ်ရည် ရောထည့်ပါ။
စပါးလင်ထုခွေပီး ၂ ပင် ထည့်ပါ
— ငှက်ပျောအူပါးပါးလှီးပြီးသားထည့်ပါ။
— ဆန်လှော်မှုန့်ရေဖျော်ပြီး ဟင်းရေကို ဇွန်းနဲ့မွှေရင်း လောင်းထည့်ပါ။(တစ်နေရာထဲ သွန်ထည့်လိုက်လျှင် အခဲကြီးဖြစ်နေတတ်သည်။)
— ထိုအရည်ထဲသို့ဆီမွှေးသတ်ပြီးသားငါးကိုလောင်းထည့်ပါ။
— အရသာကို အချိုမှုန့်, ငံပြာရည် မိမိလိုသလို ကြည့်ထည့်ပါ။
— အိုးဘဲဥလုပ်ရန် ဘဲဥပြုတ် (သို့) ကြက်ဥပြုတ်ကို အခွံခွာထည့်ပါ။
— ကြက်ဥ ဖောက်ထည့်ပြီးမွှေပေးပါ။
ဟင်းရည်ပေါ် ဆီများ ဝေ့လာသည်အထိမီးအေးအေးဖြင့်တည်ပေးပါ။
— ဟင်းရည် အပျစ် အကျဲကို မိမိစိတ်ကြိုက် ကြည့်၍ ချိန်ပါ။
အချို့က အပျစ်ကြိုက်၍ အချို့က အကျဲကြိုက်တာကြောင့်ပါ။
— ကြက်သွန်နီဥသေးလေးများထည့်ပါ။
— အိုးချခါနီး ငရုတ်ကောင်း အနည်းငယ်ခတ်ပေးပါ။
_________
👉 မုန့်ဟင်းခါးကျက်လျှင်တော့ မိမိတို့ ကြိုက်နှစ်သက်ရာ
နံနံပင်၊ သံပုရာသီး ၊ ငံပြာရည် ၊ ပဲသီး၊ ပဲသွေး
ဘူးသီးကြော်၊ ပဲကြော်၊ ငါးဖယ်၊ အိုးဘဲဥ ၊ ငရုတ်သီးအကြော်မှုန့် ထည့်ပြီးစားသုံးနိုင်ပါပြီ။
———————————––—––————————–––—
အားလုံးအဆင်ပြေကြပါစေခင်ဗျာ😍😍

image

ပစ္စည်းတွေရဲ့ တန်ဖိုးကို
ပျောက်သွားမှ သိလိမ့်မယ်။

ရေတစ်ခွက်ရဲ့ တန်ဖိုးကို
ရေဆာတဲ့အချိန်မှ သိလိမ့်မယ်။

ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို
ဗိုက်ဆာမှ သိလိမ့်မယ်။

လူတစ်ယောက်ရဲ့ တန်ဖိုးကို
အဲ့လူမရှိတော့မှ သိမယ်။

💭

image
25 w - Translate

လျှပ်စစ်မီး မလိုတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကိုလာအရောင်းစက်
မီးမရတဲ့နေရာတွေနဲ့ ကိုက်တဲ့ အအေးရောင်းစက်ကို Coca-Cola ကုမ္ပဏီက တီထွင်လိုက်ပါတယ်။
မီးမလိုဘဲ ဟိုက်ဒရိုက်ဂျင် cartridge တောင့်နဲ့ အအေးရောင်းတဲ့ စက်ကို ပါဝါပေးမယ့် နည်းပညာပါ ဒီနည်းပညာကို ဂျပန်ကုမ္ပဏီ Fuji Electric နဲ့ Coca-Cola တို့ ပေါင်းပြီး ဖန်တီးထားပါတယ်။ ဟိုက်ဒရိုဂျင်စွမ်းအင်ထုတ်တဲ့ cartridge အိမ်ကြောင့် စက်က နေရာတော့ နည်းနည်းပိုယူလာမှာပါ။
ကောင်းတဲ့အချက်က မီးမလိုဘဲ လေထဲက အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင်ဓါတ်ပြုပြီး လျှပ်စစ်ထုတ်နိုင်တာပါ။ ဟိုက်ဒရိုဂျင် Cartridge က ဘယ်လောက်ကြာကြာ အသုံးခံပြီး ဘယ်အချိန် အသစ်လဲရလဲတော့ မသိပါဘူး။
ဒီစက်တွေကို လာမယ့် ဧပြီ ၁၃ ရက်နေ့ ဂျပန်နိုင်ငံ အိုဆာကာမှာ ကျင်းပမယ့် World Expo 2025 မှာ ပြသသွားဖို့လည်း ရှိပါတယ်။ ပြပွဲမှာ Coca-Cola က ဒါမျိုးစက်ပေါင်း ၅၈ ခုအထိ တပ်ဆင်သွားမှာ ဖြစ်ပြီး စက်ရဲ့ဘေးမှာ ဟိုက်ဒရိုဂျင်ပါဝါရဲ့ အလုပ်လုပ်ပုံကို ဖော်ပြတဲ့ display လည်း ပါမယ်လို့ ဆိုပါတယ်။
Coca-Cola ကုမ္ပဏီဟာ လာမယ့် ၂၀၅၀ မှာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု ကင်းစင်ဖို့ ကြိုးစားနေပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ စက်ဆိုပြီး ထုတ်လိုက်ပေမယ့် တချို့တွေကလည်း အလုပ်မဖြစ်ဘူးလို့ ဝေဖန်တာတွေ ရှိနေပါတယ်။

image

ကိုယ်ပေးဆပ်တိုင်း ပြန်ရလိမ့်မယ်လို့ ပုံသေမတွက်လိုက်ပါနဲ့ ။ ပေးဆပ်မှုတွေမှာ မျှော်လင့်ချက်တွေ မပါအောင် ပေးဆပ်ပါ ။ မေတ္တာပေးရင် မေတ္တာရတယ်ဆိုတာ လောကနိယာမပါ ။ တကယ်တော့ မေတ္တာပေးပြီး အမုန်းတွေသာ ပြန်ရကြတဲ့သူတွေလည်း အများကြီးပါ ။
ဘယ်အရာကိုမှ ပုံသေမတွက်ထားလို့ မရပါဘူး ။ ရာသီအလီလီ ပြောင်းလဲနေသလို တချို့သော လူသားတွေရဲ့စိတ်တွေကလည်း ရှိရင်တမျိုး မရှိရင်တမျိုး အမျိုးမျိုးပြောင်းလဲနေတတ်ကြတယ် ။
ကိုယ့်ဘေးကို ရောက်လာတာ ခင်လို့ သံယောဇဉ်ရှိလို့
ရောက်လာတဲ့သူရှိသလို အသုံးချဖို့ ကပ်လာတဲ့သူတွေကလည်း ရှိလာတယ် ။ ဒါကြောင့် ကိုယ့်ဘေးနား ရောက်လာတိုင်း ကိုယ့်လူလို ပုံသေမတွက်လိုက်ပါနဲ့ ။ လောကမှာ ပြောနေကြတဲ့ စကားလေးလိုပဲ လူရင်းထိုးတဲ့ဓားက ပိုနက်တယ်ဆိုတာကို သတိရလိုက်ပါ ။
လူ့လောကမှာကတော့ လူအမျိုးမျိုး စိတ်အထွေထွေ လူပေါင်းစုံရှိနေတော့ လူတိုင်းကို ကိုယ့်လိုထင်ပြီး ယုံကြည်ပြီးတော့ ကိုယ့်ဘဝရဲ့အကြောင်းတွေကို ရင်ဖွင့်မပြလိုက်ပါနဲ့နော် ။ နောင်တချိန်မှာ ကိုယ့်အကြောင်းကို ကိုယ် ယုံကြည်ရပါတယ်ဆိုတဲ့သူတွေကပဲ ကိုယ့်နောက်ကွယ်မှာ အတင်းတုတ်နေတတ်တယ် ။
ကိုယ် ဘယ်လိုပဲ ပေးဆပ်နေပါစေ ကိုယ့်ရဲ့ပေးဆပ်ခြင်းတွေကို တန်ဖိုးမထားတဲ့သူနဲ့တွေ့ရင် ကိုယ်ပေးဆပ်တိုင်း ပြန်မရနိုင်ပါဘူး ။ ဒါကြောင့် တစ်ခုပေးရင် တစ်ခုပြန်ပေးတဲ့သူနဲ့ပဲ ဆုံဆုံ ။ အကျိုးလိုလို့ ပေါင်းတဲ့သူနဲ့ ကြုံကြုံ ကိုယ် တတ်နိုင်သလောက် ပေးလိုက်ကမ်းလိုက်ပါ ။
မေတ္တာနဲ့ ပေါင်းတဲ့သူကို မေတ္တာတွေပေးလိုက်ပါ ။ ပေးဆပ်ခြင်းတွေထဲမှာ မျှော်လင့်ချက်တွေတော့ မပါပါစေနဲ့နော် ။ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင်ပင်ပန်းမှုတွေ ခံစားရတတ်လို့ပါ ။
ချစ်ခြင်းမေတ္တာဆိုတာ လူသားတိုင်းနဲ့ ထိုက်တန်ပါတယ် ။
#အရှင်ဇဝန (ရွှေကုန်းမြေ)
#ချစ်ခြင်းမေတ္တာဆိုတာလူသားတိုင်းနဲ့ထိုက်တန်ပါတယ်

image
25 w - Translate

"ဇာတ်မြှုပ်သူ"

ဒီနေ့မှာတော့ 2024 ခုနှစ်ထွက် အသစ်စက်စက်

ဇာတ်လမ်းအကျဉ်း

ကိစ္စတစ်ခုကြောင့် ဇာတ်မြှုပ်နေထိုင်ရဖိုဖြစ်လာတဲ့ လျိုဝှက်အထူးအေးဂျင့်တစ်ယောက်ဟာ
နယ်မြိုလေးမှာ လာပြီးအခြေချပါတယ်။ အဲ့ဒီမြိုလေးမှာနေတဲ့ အခြေခံလူတန်းစား
အတော်များများက ကျပန်း အလုပ်လုပ်ဖိုလာခေါ်တဲ့နေ့စားအလုပ်တွေကို
လိုက်လုပ်ကြ လေ့ရှိပါတယ်။

ဆိုတော့ တစ်နေ့မှာ ဒါလီလိုခေါ်တဲ့ ငွေတိုးချေးစားလုပ်ငန်းက လူမိုက်လုပ်ဖို
လူလာငှားတဲ့အခါ ကျွန်တော်တိုဇာတ်လိုက် အထူးစစ်သားဟောင်းကြီးကိုလည်း ခေါ်သွားပါတယ်။
အဲ့ဒီမှာ သူတိုဘယ်လောက် အနိုင်ကျင့်ပြီးငွေကိုညှစ်ယူနေကြလဲဆိုတာ သူအတိုင်းသား သိခဲ့မြင်ခဲ့ရတာပေါ့။

အဲ့ဒီနောက်မှာပဲ အမျိုးသမီးတစ်ယောက်ဟာလည်း ဒီလို အကြွေးကိစ္စတွေနဲ့ လုံးပါးပါးမှာကိုမြင်ပြီး
သူဝင်ပါဖိုဆုံးဖြတ်လိုက်ပါတယ်။ တစ်မြိုလုံးက ငွေတိုးချေးစားသမား
လက်အောက်လူမိုက်တွေနဲ့ ဇာတ်မြှုပ်နေတဲ့ အထူးစစ်သားတစ်ယောက်
ထိပ်တိုက်တွေ့ကြမယ့် ကားလေးပါ။ စိတ်ဝင်စားစရာကောင်းပြီး အက်ရှင်ဇာတ်ကြမ်းတွေကို
ကြိုက်တတ်တဲ့ ပရိသတ်တွေကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲဗျ။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်ခင်ဗျ။)

#crd
#storymode

image

၂၀၂၅ မှာ မလွတ်တမ်းကြည့်ရမယ့် ရုပ်ရှင်တစ်ကား “Sinners” <br>Black Panther နဲ့ Creed တို့မှာ အတွဲညီညီပါဝင်ထားခဲ့ကြတဲ့ Ryan Coogler နဲ့ Michael B. Jordan တို့ရဲ့ horror ရုပ်ရှင်သစ် “Sinners” ကို ၂၀၂

မြစ်ကြီးနား

image

မြစ်ကြီးနား

image