ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်မျိုးထဲနဲ့ထမင်းမြိန်စေမယ့် ခရမ်းချဉ်သီးငပိချက် 🍅🍅🍅
ချက်နည်းရေးပေးထားပါတယ်ရှင့် ။
(Zawgyi)
ခရမ်းချဉ်သီးငပိချက်
ခရမ်းချဉ်သီးလှီးထားပါ ကြက်သွန်ဖြူအလုံးလိုက်ထည့်မှာမို့ ဒီတိုင်းအခွံခွာထားပါ ငရုတ်သီးစိမ်း နံနံပင်လှီးထားပါ ကြက်သွန်နီပါးပါးလှီးပြီးဆီသပ် အရောင်ရဲလာရင် ငရုတ်စိမ်းမှုန့် နဲ့ ငပိစိမ်းစားအနည်းငယ် ခရမ်းချဉ်သီး ကြက်သွန်ဖြူထည့်ပြီး ချက်ပါ ခရမ်းချဉ်သီးပျော့ပြဲလာပြီဆို ကျေစေရန် ဇွန်းနဲ့မွှေပါ ငရုတ်သီးစိမ်း ကြက်သားမှုန့် ထည့်ပြီး ဆီပြန်ခြောက်သည်အထိတည်ပါ တူးမသွားစေရန်မွှေပေးပါ နောက်ဆုံးမှာ နံနံပင်အုပ်ပါ ပူတီနံလေးပါထည့်ပြီးအုပ်ရင် အနံပိုမွှေးပါတယ် ဒီတစ်ခေါက်ချက်တာ နံနံပင်ရော ပူတီနံရောထည့်အုပ်လိုက်တာ စားလို့မြိန်မှမြိန်ဘဲ 😍
(Unicode)
ခရမ်းချဉ်သီးငပိချက်
ခရမ်းချဉ်သီးလှီးထားပါ ကြက်သွန်ဖြူအလုံးလိုက်ထည့်မှာမို့ ဒီတိုင်းအခွံခွာထားပါ ငရုတ်သီးစိမ်း နံနံပင်လှီးထားပါ ကြက်သွန်နီပါးပါးလှီးပြီးဆီသပ် အရောင်ရဲလာရင် ငရုတ်စိမ်းမှုန့် နဲ့ ငပိစိမ်းစားအနည်းငယ် ခရမ်းချဉ်သီး ကြက်သွန်ဖြူထည့်ပြီး ချက်ပါ ခရမ်းချဉ်သီးပျော့ပြဲလာပြီဆို ကျေစေရန် ဇွန်းနဲ့မွှေပါ ငရုတ်သီးစိမ်း ကြက်သားမှုန့် ထည့်ပြီး ဆီပြန်ခြောက်သည်အထိတည်ပါ တူးမသွားစေရန်မွှေပေးပါ နောက်ဆုံးမှာ နံနံပင်အုပ်ပါ ပူတီနံလေးပါထည့်ပြီးအုပ်ရင် အနံပိုမွှေးပါတယ် ဒီတစ်ခေါက်ချက်တာ နံနံပင်ရော ပူတီနံရောထည့်အုပ်လိုက်တာ စားလို့မြိန်မှမြိန်ဘဲ 😍
အရသာထူးခြားတဲ့ စင်္ကာပူခေါက်ဆွဲကြော်
ဒီတစ်ပတ်ပိတ်ရက်မှာ ခေါက်ဆွဲကြော်ကြိုက်တဲ့ ပရိသတ်တွေအတွက် စင်္ကာပူခေါက်ဆွဲကြော်နည်းလေးပြောပြပေးပါမယ်။ ပြုလုပ်နည်းက အရမ်းလွယ်တဲ့ အတွက်အိမ်မှာလုပ်စားကြည့်ဖို့ တိုက်တွန်းပါတယ်နော်။
ပါဝင်ပစ္စည်းတွေကတော့ – ကြက်ဥခေါက်ဆွဲခွေ (၃) ခွေ၊ ကြက်သွန်နီ (အလုံးကြီး ) ၁ လုံး၊ ကြက်အူချောင်း/ ဝက်အူချောင်း၊ မုန်လာဥနီ၊ ဂေါ်ဖီ၊ ဟင်းမွှေးမဆလာ၊ ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်၊ ကြက်သွန်မြိတ်တို့ပဲဖြစ်ပါတယ်။
ပြုလုပ်နည်းအဆင့်ဆင့်ကိုပြောပြပါမယ်။
၁။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ မုန်လာဥနီကို အချောင်းလေးတွေလှီးပြီး ဂေါ်ဖီကို အနေတော်လှီးထားပါ။
၂။ ရေနွေးဆူအောင်တည်ပြီး ကြက်ဥခေါက်ဆွဲထည့်ပြုတ်ပါ။ (၂) မိနစ်လောက်ကြာရင် ခေါက်ဆွဲကို ဆယ်ပြီးဇကာနဲ့စစ်ထားပါ။
၃။ ဒယ်အိုးထဲမှာ ဆီကိုပူအောင်ထားပြီး ကြက်သွန်နီထည့်မွှေပါ။ ပုစွန်ထည့်ကြော်ပြီး (၃) မိနစ်လောက်ကြာတဲ့အခါ ကြက်အူချောင်း/ ဝက်အူချောင်း၊ မုန်လာဥနီ၊ ဂေါ်ဖီတို့ကို ရောကြော်ပါ။ ဟင်းမွှေးမဆလာထည့်ပါ။
၄။ ကြက်ဥခေါက်ဆွဲထည့်ပြီး ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်နဲ့ ပဲငံပြာရည်ရောပြီး သမအောင်မွှေကြော်ပါ။
၅။ အပေါ်ကနေ ကြက်သွန်မြိတ်ထည့်အုပ်ပြီးရင်တော့ အရသာထူးခြားတဲ့ စင်္ကာပူခေါက်ဆွဲကြော်တစ်ပွဲကိုရပါပြီ။
ပသျူးထမင်းကြော် (၃ ပွဲစာ အတွက်)
အိစံ မြန်မာနိုင်ငံပြန်တော့ စားခဲ့တဲ့ထဲက အရမ်းကြိုက်တဲ့ထမင်းကြော်လေးပါ။ ပူပူစပ်စပ်မွှေးမွှေးလေးနဲ့အရမ်းကိုစားကောင်းပါတယ်။ တချို့ဆိုင်တွေက ပသျူးထမင်းကြော်ကို ခြောက်ခြောက်လေးကြော်တယ်။ တချို့ဆိုင်တွေကတော့ ကော်ရည်လေးနည်းနည်းထည့်ထားပြီး စီးစီးလေး ကြော်ထားတယ်။ အိစံက ကော်ရည်နည်းနည်းထည့်ထားတဲ့ အ၇မ်းမခြောက်ပဲ စီးစီးလေးကို ပိုကြိုက်လို့အဲ့ဒီနည်းကို လုပ်ထားပါတယ်။ စီးတာ မကြိုက်ရင်တော့ ကော်ရည်မထည့်ပဲကြော်ပါ။
ပါ၀င်သောပစ္စည်းများ
၁။ ပေါင်းအိုးထဲမှ ဆန်ချိန်ခွက် ဖြင့် ၂ ခွက်ချက်ထားသော ထမင်း
၂။ တောက်တောက်ဆင်းထားသော ကြက်သား/၀က်သား ( သို့)ပုဇွန် - ၁၅ ကျပ်သား (အသားကိုအတုံးလေးတွေနဲ့ကြိုက်ရင် တုံးထားပါ။)
၃။ ကွကျဥ - ၃ လုံး
၄။ ပင်စိမ်း - ၄ ပင်မှ အရွက်
၅။ ငရုတ်သီးစိမ်း - ၁၀ တောင့် (အစပ်ကြိုက်လျှင် ပိုထည့်ပါ။)
၆။ ကြက်သွန်ဖြူ - ၂ တက်
၇။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ငံပြာရည် - ထမင်းစားဇွနး ၁ ဇွန်း
၉။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၀။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန် ၁ ဇွန်း
၁၁။ဗင်နီဂါ (vinegar) (ရှာလကာရည်) - ထမင်းစားဇွန်း ၂ ဇွန်း
၁၂။ မုန်လာဥနီ - ၂ ဥ
၁၃။ ဘိုစားပဲသီးတောင့် - လက်တဆုပ်စာ
၁၄။ ဆီ - ထမင်းစားဇွန်း ၈ ဇွန်း
၁၅။ ကော်မှုန့် -ထမင်းစားဇွန်း ၁ ဇွန်း
၁၆။ ငရုတ်ကောင်း - အနည်းငယ်
ပြုလုပ်နည်း
၁။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းအရွက်များကို တောက်တောက်ဆင်းထားပါ။ (သို့) ညက်နေအောင်ထောင်းထားပါ။(အိစံကတော့ ညက်ညက်ထောင်းထားကို ပိုကြိုက်ပါတယ်။ငရုတ်သီးအဖတ်လိုက်မဝါးမိတော့ပဲ ထမင်းကြော်တခုလုံးမျှမျှတတပူစပ်နေတာပိုကြိုက်လို့ ပါ။) ကြက်ဥကို ဆားအနည်းငယ်ထည့်ရ်ျ ခလောက်ထားပါ။ မုန်လာဥနီနှင့် ပဲသီးတောင့်ကို အတုံးလေးတွေလှီးထားပါ။
၂။ ထမင်းကို ခရုဆီ၊ငံပြာရည်၊ကြက်သားမှုန့်၊ သကြား၊ ဗင်နီဂါတို့ဖြင့်နယ်ထားပါ။
၃။ ကြော်မည့် ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်း ကိုထည့်ရ်ျ ကြက်ဥကို မွှေကြော်ပါ။ ထို့နောက် ကြက်ဥကို ပန်းကန်တခုထဲထည့်ထားပါ။
၄။ ကြက်ဥကြော်ထားသော အိုးထဲကို ကျန်သောဆီ ထပ်ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ပင်စိမ်းအရွက်များကို ဆီသတ်ပါ။ ထို့နောက် အသားကို ထည့် ဆား လက်ဖက်ရည်ဇွန်း လေးပုံတပုံ နှင့် သကြားလက်ဖက်ရည်ဇွန်း တ ၀က်တို့ကိုထည့်ရ်ျ လုံးပါ။
၅။ အသားများ ကျက်ခါနီးတွင် အတုံးလေးတွေလှီးထားသော မုန်လာဥနီနှင့် ပဲသီးတောင့်ကို ထည့်ကြော်ပါ။ (ရေထည့်စ၇ာမလိုပါ။ အ၇မ်းကပ်လျှင် ရေအနည်းငယ်ပဲထည့်ပါ။)
၆။ ၅ မိနစ်လောက် အသီးအနှံ ကြော်ပြီးလျှင် ထမင်းကို ထည့်ကြော်ပါ။ ကြော်ထားသောကြက်ဥကိုထည့်ပါ။ ထမင်းကြော်ရခါနီးတွင် ကော်မှုန့်ကိုရေ ထမင်းစားဇွန်း ၄ ဇွန်းနှင့် ဖျော်ပြီး ထမင်းပေါ်ဆမ်းရ်ျ ၂ မိနစ်ခန့်ထပ်ကြော်ပါ။ ငရုတ်ကောင်းအပေါ်ကဖြူး ပြီးမွှေပါ။
၇။ ထို့နောက် မီးဖိုပေါ်မှ ချရ်ျ ပူပူစပ်စပ်မွှေးမွှေးလေး ပသျူးထမင်းကြော်ကိုသုံးဆောင်နိုင်ပါပြီ။
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ဇရစ်ရိုး ကင်ပွန်းချဉ်ရွက် ကြော်
ထမင်းစားလို့ကောင်းသော ဟင်းလေ:တခွက်ပါရှင်။
ဇရစ်ရိုးလေးတွေကို ဓါးပြားလေးနဲ့ထုပေးပီး လက်တဆစ်စာလောက် လေး ပိုင်းဖြတ်ထားပါ။
ရင့်နေတဲ့ အပိုင်းမထည့်ရပါဘူး။
ကင်းပွန်းရွက်လေးတွေကို ချွေထားပေးပါ။
ကြော်မယ်ဆိုရင် အရင်ဆုံး အိုးထဲ ဆီထည့်ပါ။
ပူလာရင် ကြက်သွန်နီ ပါးပါးလှီးထားတာလေးထည့်ပေးပါရှင့်။
ကြက်သွန်နွမ်းရင် နနွင်းမှုန့်လေးထည့်ပါ။ငရုတ်သီးခွဲခြမ်လေး ထည့်ပါ။
သန့်စင်ထားတဲ့ ပုဇွန်ကို ထည့်ပေးပါ။
နှံ့အောင်မွှေပေးပြီရင် ၊ ဇရစ်ရိုးနဲ့ ကင်ပွန်းချဉ်လေးထည့်ကြော်ပေးပါ။
အရသာမှုန့် ထည့်ပေးပါ ။
ဆား ထည့်ပါ( ငါးပိကြိုက်တဲ့သူကတော့ စိမ်းစားငါးပိရေဖျော်ထည့်လို့ရပါတယ်)။
ရေအနည်းငယ်မျှထားပါ။
ကင်ပွန်းချဉ် ရွက်ထဲ အချဉ်ဓါတ််လေးထွက် ရေခြောက်ရင် ငရုတ်သီးစိမ်းလေးထည့်ပါ။
မိမိစိတ်ကြိုက် လိုအပ်တဲ့ အပေါ့၊ အငံ၊ အစပ်၊ အချဉ် အရသာရရင် ချလို့ရပါပြီ။
ထမင်းဖြူလေးနဲ့တွဲစားရင် အတော်လေးစားကောင်းပါတယ်။
-ငါးကြော်လေးကို ကိုက်၊
-ပဲကြီး + ဆူးပုပ်ရွက် + ပုဇွန် ( အရည်သောက်ဟင်းချို)
နဲ့တွဲစားတာ တော့ အတော်လေး စားကောင်းပါတယ်။
ကြိုက်တတ်ရင် ကြော်စားကြည့်ပါဦး ။