27 w - Translate

◾️Showroom Sales - Yangon
Company: Amara Thit Co.,Ltd
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/24216

◾️Junior Content Writer - Yangon
Company: HS Cargo
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/24215

◾️သန့်ရှင်းရေး (Cleaner) - Yangon
Company: Diamond Knowledge International School
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/24214

◾️Sales and Marketing Manager ( Urgent ) - Yangon
Company: AU MIT Myanmar College
Salary Range: Negotiation
https://joimyanmar.com/job/detail/23914

image
27 w - Translate

◾️Channel Manager - Yangon
Company: SM ONE ELECTRONIC
Salary Range: MMK : 1,500,000 - 2,000,000
https://www.joimyanmar.com/job/detail/24213

◾️Education Consultant - Yangon
Company: Ivy Education Group ( IELTS Ivy, IES and Ivy Young Learners )
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/24212

◾️Senior Talent Acquisition Specialist - Yangon
Company: IELTS Ivy (Ivy English School)
Salary Range: MMK 700,000 - 800,000
https://www.joimyanmar.com/job/detail/24211

◾️Assistant Accountant - Yangon
Company: Shwe Taung Group
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/24210

image
27 w - Translate

◾️Accountant - Yangon
Company: Shwe Taung Group
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/24209

◾️Program Coordinator (Urgent) - Mandalay
Company: AU MIT Myanmar College
Salary Range: Negotiation
https://joimyanmar.com/job/detail/24135

◾️AI for Beginners & Math Lecturer ( Part Time - Urgent ) - Mandalay
Company: AU MIT Myanmar College
Salary Range: Negotiation
https://joimyanmar.com/job/detail/23915

◾️Admin - Yangon
Company: Love Diary Wedding Professional
Salary Range: Negotiation
https://joimyanmar.com/job/detail/24014

image

A Golden mermaid!

#မန်ကျည်းရွက်နုပုစွန်ချက်#
မန်ကျည်းရွက်နုတွေပေါ်လာပြီဆိုတော့ ပုစွန်နဲ့ မန်ကျည်းရွက်နုကြော်စားကြည့်မယ်
ပုစွန်ထုပ် မဟုတ်လည်း ဘော့ချိတ်ပဲဖြစ်ဖြစ် ပုစွန်ဆိတ်ဖြစ်ဖြစ် အဆင်ပြေတာနဲ့ ချက်စားကြမယ်
ပါဝင်ပစ္စည်းများ
မန်ကျည်းရွက်
ပုစွန်
ငရုပ်သီးစိမ်း
ငါးငံပြာရည်
ကြက်သွန်ဖြူနီတို့ကိုဆီသတ်ပါ မွှေးလာရင် ငရုပ်သီးမှုန့် ထည့်ပါ မန်ကျည်းရွက်ထည့် အဖုံးခဏအုပ်ထားပေးပါ ပြီးမှပုစွန်ထည့်ပါမယ် ငရုပ်သီးစိမ်းထည့် အရသာအတွက်က စိမ်းစားငပ်ိသို့မဟုတ် ငါးငံပြာရည်ထည့်ပါ အရသာအတွက် အားလုံးထည့်ပြီးပါက မိနစ်အနည်းငယ်ကြော်ပေးပါ

image

ပုစွန်ကို မီးကင် (or) ပြုတ်ထားပြီး အသားတွေကို အတုံးတွေလှီးထားပါ။
ပုစွန်ငါးပိကို မီးကင်
ကြက်သွန်ဖြူ ငရုတ်သီးစိမ်းကိုမီးကင်ပြီးထောင်း။ ငါးပိပါထည့်ထောင်း
ရေအနည်းငယ်ထည့်
အချိုမှုန့်/ သကြား/ ငံပြာရည်ထည့်
သံပုရာရည်ညှစ်ထည့်
ငရုတ်သီးစိမ်းပါ ညှပ်ထည့်
ကြက်သွန်နီလှီးထည့်ပါ။
ငရုတ်ကောင်းကြိုက်ရင် ထည့်လို့ရတယ်။
ထိုင်းတွေ အတို့အမြုပ်အစုံနဲ့ တွဲစားလေ့ရှိတဲ့ ပုစွန်ငါးပိဖျော်

image

အသည်းမှာ အဆိပ်တွေပုံနေပြီလို့ သတိပေးနေတဲ့
လက္ခဏာ ၁၈ ချက်
ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အသည်းဟာ လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေးမယ့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အဓိက အစိတ်အပိုင်းတခုပါ။
-အသည်းဟာ သွေးတွင်း ဝင်ရောက်လာတဲ့ ပစ္စည်းတွေထဲကနေအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို စစ်ထုတ်တဲ့ တာဝန်ယူရပါတယ်။
-အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေကို ဖြိုခွဲလိုက်ပြီး စွန့်ပစ်ပစ္စည်း(အရည်)အနေနဲ့ ချွေး၊ ဆီး၊ဝမ်းတွေနဲ့အတူ စွန့်ထုတ်ပေးပါတယ်။
-အချက်များစွာက အသည်းရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းကောင်းမလုပ်အောင်၊ ချွတ်ချော်အောင် ပြုလုပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ပြည့်ဝအဆီများစွာနဲ့ အစားအစာတွေကို တာရှည်ခံအောင်သုံးထားတဲ့ဓာတုဗေဒပစ္စည်းများပါဝင်မှုမြင့်မားတဲ့ အစားအစာတွေကို စားသုံးရင် အသည်းကို ပိုမိုအလုပ်လုပ်ရကာ အကောင်းဆုံး စွမ်းဆောင်မှုကို မရနိုင်ပါဘူး။
-အရက်အများကြီးသောက်တဲ့အခါ အသည်းဟာ ပြင်ပက အဆိပ်တောက်နဲ့ ထိတွေ့ရသလို ဖြစ်ပါတယ်။ ဟော်မုန်း မညီမျှမှုတွေ ဖြစ်စေပါတယ်။ အဲလိုဖြစ်တဲ့အခါ အသည်းဟာ သူရဲ့ တာဝန်ကို ကောင်းမွန်စွာ လုပ်နိုင်ဖို့ ခဲယဉ်းပါတယ်။
-အသည်းကို ဝန်ပိစေတဲ့ အကြောင်းအရာတွေကတော့ အသက်ကြီးလာတာ၊ ခဲ၊ ပြဒါးတို့လို သတ္တုဓာတ်တွေ ထိတွေ့မှုများတာတွေက အသည်းရဲ့ အဆိပ်ဖယ်ရှားတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို နှောင့်ယှက်နိုင်ပါတယ်။
-အသည်းက အဆိပ်အတောက်တွေကို လုံလောက်အောင် မဖယ်ရှားနိုင်တော့တဲ့အခါအဆိပ်တွေကို အဆီဆဲလ်တွေနဲ့ တစ်ရှူးတွေမှာ သိမ်းဆည်းပါတယ်။
-အဆိပ်တွေ သွေးကြောထဲ ပြန့်နှံ့ရင် ပြင်းထန်တဲ့ ဆိုးကျိုးများစွာ ချက်ချင်းရနိုင်ပါတယ်။ ပိုလျှံလာတဲ့ အဆိပ်တွေဟာ အသည်းနဲ့ တစ်ရှူးမှာ စုပုံလာတဲ့အခါ လူကို မသက်မသာဖြစ်စေတဲ့အပြင် ရောဂါပါ ဖြစ်စေပါတယ်။
-အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့အခါ နည်းလမ်းနှစ်ခု ရှိပါတယ်။
-နံပါတ်၁ အနေနဲ့ ဆဲလ်တွေကို ပျက်စီးစေမဲ့ အဆိပ်အတောက်တွေကို အင်ဇိုင်းအကူနဲ့ အန္တရာယ်နည်းတဲ့ ပုံစံကို ပြောင်းပါတယ်။ အဆီမှာပျော်ဝင်တဲ့ ပစ္စည်းတွေ ရပါတယ်။
-နံပါတ်၂ အနေနဲ့ အန္တရာယ်နည်းအောင်ပြောင်းလဲထားတဲ့ အဆီမှာပျော်ဝင်တဲ့ ပစ္စည်းတွေကို တခြားမော်လီကျူးတွေနဲ့ ပေါင်းစပ်ပြီး ရေမှာပျော်ဝင်တဲ့ ပစ္စည်းအဖြစ်ပြောင်းကာ ခန္ဓာကိုယ်ကနေ ဖယ်ထုတ်ပါတယ်။
-အသည်းမှာ အဆိပ်တွေစုပုံလာတဲ့အခါ ပုံမှန်လုပ်စဉ်အတိုင်း မလုပ်နိုင်တော့ရင် အဆိပ်တွေကို(အဆီမှာပျော်ဝင်တာမို့) အဆီတစ်ရှူးတွေမှာ သိုလှောင်ပါတော့တယ်။
-အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်ပြန်ဖြစ်မှသာ အဆီထဲစုပုံနေတဲ့ အဆိပ်တွေကို ပြန်ပြီး ဖယ်ရှားပေးပါတယ်။
အသည်းမှာ အဆိပ်တွေပုံလာတဲ့အခါ
-ပင်ပန်းနွမ်းနယ်ခြင်း၊ နာတာရှည်နွမ်းနယ်နေခြင်း
-မကောင်းမြင်စိတ်တွေ ဖြစ်ပေါ်လာခြင်း
-အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း၊မကြာခဏ ခေါင်းကိုက်ခြင်း၊ စိတ်ကသိကအောင့်ဖြစ်ခြင်း
-ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊အနားယူမှ သက်သာခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း
-ကြွက်သားနှင့် အဆစ်အမြစ်များ နာတာရှည် နာကျင်ခြင်း
-ချွေးထွက်လွန်ခြင်း
-အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း
-သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရ ခက်ခဲခြင်း
-ယားယံခြင်း
-အရေပြားတွင် အနီကွက်ထွက်ခြင်း
-လေထိုး၊ ဗိုက်နာ၊ ဗိုက်အောင့်ဖြစ်ခြင်း
-ရာသီမလာခင် ပိုမိုကိုက်ခဲခြင်း
-စိတ်တိုစိတ်ဆတ်ခြင်း၊ စိတ်ဓာတ်ကျခြင်း
-ဓာတုပစ္စည်းများနဲ့ ဓာတ်မတည့်မှုဖြစ်လွယ်ခြင်း
-မနက်အစော ၂နာရီ-၄နာရီတွင် နိုးနိုးလာခြင်း
-ကိုယ်အလေးချိန် တက်လာခြင်း
-အစားရှောင်၊ လေ့ကျင့်ခန်းလုပ်သော်လည်း ဝိတ်မကျခြင်း
မျက်ကွင်းညိုခြင်း၊ အားနည်းခြင်း
အသည်းက စားသုံးလိုက်တဲ့ အဆီတွေကို ဖယ်ရှားပေးရတဲ့အပြင် သွေးထဲက အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေပါ ဖယ်ရှားပေးရပါတယ်။ အသည်းမှာ အဆိပ်တွေစုပုံလာတဲ့အခါ ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိပ်တွေ သွေးထဲမှာများလာရင် ကင်ဆာဆဲလ်တွေဖြစ်ပေါ်ဖို့ထိ အားပေးနိုင်ပါတယ်။
ကံအားလျော်စွာပဲ အသည်းက ပျက်စီးသွားရင် သူ့ဘာသာ ပြန်ကောင်းအောင် လုပ်နိုင်တဲ့ တခုထဲသော ခန္ဓာကိုယ်အတွင်းပိုင်း အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါကလည်း ပြန်ကောင်းအောင်တည်ဆောက်နိုင်တဲ့ အတိုင်းအတာ တခုထိပဲရှိပါတယ်။ အသည်းကို ပျက်စီးစေတဲ့အရာနဲ့ အပြုအမူတွေကို စောစီးစွာရပ်တန့်လိုက်ပြီး အသည်းအားဆေးတွေ မှီဝဲဖို့တော့ လိုအပ်ပါတယ်။
ဥပမာ အရက်ဖြတ်ခြင်း။
အသည်းကျန်းမာရေးအတွက် စားရမဲ့ အစားအစာများ
လီမွန် -လတ်ဆတ်တဲ့ လီမွန်သီးဖျော်ရည်က အသည်းအတွက်လိုအပ်တဲ့ အင်ဇိုင်းတွေ များလာစေဖို့ ကူညီနိုင်ပါတယ်။ လီမွန်မှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေ ပါတာမို့ သွေးကို သန့်ရှင်းစေပါတယ်။
နနွင်း- နနွင်းက အသည်းကိုကာကွယ်ပေးပြီး ပျက်စီးနေတဲ့ အသည်း ပြန်လည်ထူထောင်ရာမှာအထောက်အကူ ဖြစ်စေပါတယ်။
ကြက်သွန်ဖြူ -ကြက်သွန်ဖြူက အသည်းအင်ဇိုင်းဓာတ်တွေထွက်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီအင်ဇိုင်းဓာတ်တွေက အသည်းကနေ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။
အစိမ်းရောင်ဟင်းသီးဟင်းရွက်များ-
ဥပမာ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်တွေမှာ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ phytochemicals တွေပါတာမို့ အသည်းက အဆိပ်ဖယ်ရှားတဲ့အခါ လိုအပ်တဲ့ အင်ဇိုင်းထုတ်ဖို့ ကူညီနိုင်ပါတယ်။
ထောပတ်သီး -ထောပတ်သီးမှာပါတဲ့ antioxidant glutathione က ပျက်စီးနေတဲ့ အသည်းတစ်ရှူးတွေ ပြန်လည်တည်ဆောက်ရာမှာ ကူညီပါတယ်။
ပန်းသီး-ပန်းသီးမှာပါတဲ့ Pectinက အသည်းမှာစုပုံနေတဲ့ heavy metalsတွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။

image

#ကောက်ညှင်းပြန်ပေါင်းအလွယ်ပေါင်းနည်း
ထမင်းပေါင်းအိုးနဲ့ပေါင်းတဲ့ကောက်ညှင်းပြန်ပေါင်း အိမ်မှာမနက်စာအလွယ်တကူလုပ်စားလို့ရပါတယ်
“ချက်ချင်းစားချင်လိုကောက်ညှင်းကိုရေလည်းကြိုမစိမ်လိုက်ရပါဘူးရှင်”
ပြုလုပ်ပုံ
-ကောက်ညှင်းပေါင်းအိုးဆန်ချိန်ခွက်နှစ်ခွက်ရေကြည်အောင်သုံးလေးထပ်ဆေးပြီး ရေကိုဆန်နဲ့အပေါ်လက်ဆစ်တဝက်လျော့လျော့လေးထည့်ပါတယ်
-ကောက်ညှင်းဆန်အပေါ်မူတည်ပြီးရေကအနည်းငယ်ကွာနိုင်ပေမဲ့ ဒီလောက်ပဲထည့်ပါရှင်
အုန်းနို့ထည့်တဲ့အချိန် ကောက်ညှင်းကမာနေရင်ရေလေးထပ်ထည့်လို့ရပါတယ် (ရေများသွားရင်ပျော့ပြီးစားမကောင်းတော့ပါဘူး)
-ဆီတဇွန်းထည့်ပြီးထမင်းချက်နေကျလိုချက်ထားလိုက်ပါငါးမိနစ်လောက်နေရင်ရေခမ်းလာရင်ဖွင့်ပြီး အုန်းနို့ပေါင်းအိုးဆန်ချိန်ခွက်တခွက်၊သကြားနှစ်ဇွန်း၊ဆားအနည်းငယ်နဲ့
အုန်းသီး ခြစ်ထားတဲ့အဖတ်ထည့်ပေးပြီးသမအောင်မွှေပေးလိုက်ပါ
-ထမင်းပေါင်းအိုးခလုပ်ချပြီးပြန်နှပ်ထားပါ
ဆယ်မိနစ်လောက်ကြာရင်တခါဖွင့်ကြည့်ပြီးအထက်အောက်လေးလှန်မွှေပေးပါ
ပြီးရင်ခလုပ်နောက်တခါထပ်ချလိုက်ပါတယ်
ခလုပ်အပေါ်တတ်သွားရင်လေမထွက်အောင်လေလုံအောင်အဝတ်တခုနဲ့ဒီလိုလေးအုပ်ထားလိုက်ပါ
-ဆယ့်ငါးမိနစ်လောက်ကြာမှဖွင့်ကြည့်ရင်ဒီလိုကောက်ညှင်းပြန်ပေါင်းစင်းစင်းအိအိလေး ရပါပြီရှင်😋

image

#ဟော့ပေါ့ စားရင် ကိုယ်တိုင်စပ်ပြီး ဖျော်တဲ့အချဉ်က ဂွမ်းနေတာမျိုး ကြုံဖူးကြလားဟေ့ 🤭
လျှာဖျားမှာ စွဲကျန်စေခဲ့မဲ့ ထိမိစေမယ့် hotpotအချဉ်ဖျော်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်
ဘယ်လိုဖျော်ရမလဲဆိုတော့ 👇👇
ကြက်သွန်ဖြူနဲ့ ငရုပ်သီးကို အရင်ထည့်ပြီး
ကြာညို့ ၂ ဇွန်းနဲ့ ရှာလကာရည် ၃ ဇွန်းကို ရောစပ်ပြီး သမအောင်မွှေပေးပါ
ခရုဆီ ၂ ဇွန်းနဲ့ ငရုပ်ဆီ ၂ ဇွန်းကိုလည်း ထည့်ပြီး မွှေပေးပါ
အစောကအရောထဲကို
စီတို့ဟူးကို ထည့်ကာ သမအောင်မွှေပေးပါ
ပြီးရင် ဆီမွှေး (၁)ဇွန်း ၊ နှမ်း (၁) ဇွန်း ထပ်ထည့်ပေးလိုက်ပါ
အရသာအတွက် ဆားနဲ့ အချိုမှုန့် (သို့) ကြက်သားမှုန့်ထည့်
အချိုမှုန့်ကြိုက်သူဆိုရင် အချိုမှုန့် ၁ ဇွန်း၊ မကြိုက်သူဆိုရင် ကြက်သားမှုန့် ၁ ဇွန်း ထည့်ပါ
ကိုယ်က ဟွားကျောက်မှုန့်ကြိုက်သူဆိုရင် ၁ ဇွန်း ထည့်
နံနံပင်ကြိုက်တဲ့သူဆိုရင်လည်း နံနံပင်ထည့်ပြီးတော့ အားလုံးကို သမအောင်မွှေပေးလိုက်ပါ
နောက်ဆုံးမှာ အချဉ်နဲ့အငံကို ကိုယ်ကြိုက်သလို 𝐀𝐝𝐣𝐮𝐬𝐭 လုပ်ပြီးရင်တော့
𝐇𝐨𝐭 𝐏𝐨𝐭 နဲ့အပီဆွဲလို့ရမဲ့ ကိုယ်ပိုင်အရသာနဲ့ အချဉ်ကို ရပါပြီ

image

💁-#အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ
....................................................
အစာအိမ်အူလမ်းကြောင်းဟာ အဆင့်မြင့်ရှုပ်ထွေးတဲ့ အင်္ဂါအစိတ်အပိုင်းတခု ဖြစ်ပါတယ်။
ဒါ့အပြင် အစာအိမ်အူလမ်းကြောင်းဟာ ကိုယ်ခံအား၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းဆိုင်ရာ ရောဂါများ၊ အရေပြားပြဿနာ၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။
ထူးခြားချက်တခုကတော့ အစာအိမ်အူလမ်းကြောင်းတလျှောက်မှာ အကျိုးပြုဘက်တီးရီးယားတွေ ရှိနေခြင်းပါပဲ။ လူတဦးချင်းစီရဲ့ အစာအိမ်အူလမ်းကြောင်းထဲမှာ ဘက်တီးရီးယားမျိုးကွဲပေါင်း ၃၀၀ ကနေ ၅၀၀ အထိ ရှိနေနိုင်ပြီး အများစုဟာ အကျိုးပြုဘက်တီးရီးယား ဖြစ်ပါတယ်။ အနည်းငယ်မျှသာ အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားတွေဖြစ်ပါတယ်။
*စိတ်ဖိစီးမှုများခြင်း၊
*အအိပ်အနေနည်းခြင်း၊
*အဆင့်ဆင့်ပြုပြင်ထားပြီး သကြားပါဝင်မှုမြင့်မားသော အစားအစာများ စားသုံးခြင်း၊
*ပဋိဇီဝဆေးဝါးအချို့ သုံးစွဲခြင်း
စတာတွေဟာ အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်စေနိုင်ပါတယ်။
၎င်းတို့နဲ့ ဆက်နွယ်နေတဲ့ ဦးနှောက်၊ နှလုံး၊ ကိုယ်ခံအား၊ အရေပြား၊ ကိုယ်အလေးချိန်နှင့် ဟော်မုန်း စတဲ့ ကျန်းမာရေးကိစ္စရပ်တွေမှာပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။
အူလမ်းကြောင်း ကျန်းမာရေးမကောင်းတဲ့အခါ အောက်ပါလက္ခဏာများ တွေ့နိုင်ပါတယ်။
ℹ-အစာအိမ်ပြဿနာများဖြစ်ခြင်း
လေပွလေထခြင်း၊
ဝမ်းချုပ်ခြင်း၊
ဝမ်းပျက်ခြင်း၊
အစာမကြေရင်ပူခြင်း စတဲ့
အစာအိမ်ပြဿနာများဟာ အူလမ်းကြောင်းမကောင်းတဲ့ အခြေအနေများပဲ ဖြစ်ပါတယ်။
ကျန်းမာရေး ကောင်းမွန်တဲ့ အူလမ်းကြောင်းဟာ အစာများကို ကောင်းစွာချေဖျက်နိုင်ပြီး အညစ်အကြေးစွန့်တဲ့ အဆင့်အထိ လုပ်ငန်းစဉ် ချောမွေ့ပါတယ်။
ℹ-သကြားပါဝင်နှုန်းများသော စားသောက်ပုံရှိခြင်း
အဆင့်ဆင့်ပြုပြင်ထားတဲ့ အသင့်စား အစားအစာတွေနဲ့ လိုအပ်တာထက် ပိုမိုထည့်သွင်းစီမံထားတဲ့ သကြားဓာတ်တွေဟာ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို လျော့နည်းစေပါတယ်။ သကြားဓာတ်ကဲတဲ့ အစားအသောက်တွေကို စားသောက်ချင်စိတ်ကိုလည်း မထိန်းနိုင်ဖြစ်နေပါတယ်။
သကြားဓာတ်တွေထဲမှာမှ ဖရက်တို့စ်သကြားပါဝင်မှုများတဲ့ အစားအစာတွေဟာ ကိုယ်ခန္ဓာအတွင်းက ရောင်ရမ်းခြင်းဖြစ်စဉ်တွေနဲ့ ဆက်နွယ်နေပါတယ်။
ℹ-ကိုယ်အလေးချိန်မထိန်းနိုင်ခြင်း
စားသောက်ပုံနဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို သိသာစွာ ပြောင်းလဲခြင်းမလုပ်ဘဲ ကိုယ်အလေးချိန် ရုတ်ချည်း တိုးလာခြင်း၊ လျော့သွားခြင်း စတာတွေဟာ အူလမ်းကြောင်းမကောင်းခြင်းရဲ့ လက္ခဏာတမျိုးပါပဲ။
ကျန်းမာရေးမကောင်းတဲ့ အူလမ်းကြောင်းဟာ အာဟာရဓာတ်များ စုပ်ယူနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ခြင်း၊ အဆီများကို သိုလှောင်ခြင်း စတဲ့လုပ်ငန်းစဉ်တွေကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။
ကိုယ်အလေးချိန် လျော့နည်းသွားခြင်းဟာ အူသိမ်ထဲက ဘက်တီးရီးယားတွေ အလွန်အကျွံပေါက်ပွားခြင်းကြောင့် ဖြစ်နိုင်သလို ကိုယ်အလေးချိန်တက်ခြင်းဟာလည်း အင်ဆူလင်အာနိသင်ကျဆင်းခြင်း၊ အာဟာရဓာတ် စုပ်ယူမှုနည်းခြင်းကြောင့် စားသောက်ချင်စိတ်လွန်ကဲလာခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ℹ-အိပ်ရေးဆက်တိုက်ပျက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
အိပ်မပျော်ခြင်း၊ အိပ်ရေးမဝခြင်း စတာတွေဟာ ကျန်းမာရေးမကောင်းတဲ့ အူလမ်းကြောင်းကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်းပါ ယှဉ်တွဲနေနိုင်ပါတယ်။ စိတ်အခြေအနေနဲ့ အိပ်စက်ခြင်းအပေါ် လွှမ်းမိုးမှုရှိတဲ့ ဆီရိုတိုနင်ဟော်မုန်းကို အူလမ်းကြောင်းထဲက ထုတ်လုပ်ပါတယ်။ ဒါကြောင့် အူလမ်းကြောင်းမှာ ထိခိုက်မှု တစုံတရာရှိနေရင် အိပ်စက်ခြင်းအပေါ် သက်ရောက်နိုင်ပါတယ်။
ℹ-အရေပြားပြဿနာများ
အရေပြားပြဿနာတွေ (ဥပမာ နှင်းခူ) ဟာ အူလမ်းကြောင်းထိခိုက်မှုနဲ့ ဆက်စပ်နေပါတယ်။ အာဟာရနည်းပါးခြင်း၊ အစားအစာဓာတ်မတည့်ခြင်း စတာတွေကြောင့် အူလမ်းကြောင်းအတွင်းမှာ ရောင်ရမ်းမှုဖြစ်နေရင် ပရိုတိန်းတချို့ကို ကိုယ်ခန္ဓာထဲ စိမ့်ထွက်သွားစေပါတယ်။ အဆိုပါအခြေအနေမှာ အရေပြားယားယံပြီး နှင်းခူလို ပြဿနာမျိုးတွေ တွေ့နိုင်ပါတယ်။
ℹ-မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်သော ပြဿနာ
အစာအိမ်အူလမ်းကြောင်းနဲ့ ကိုယ်ခံစွမ်းအားဟာ ဆက်စပ်မှု ရှိနေပါတယ်။ အူလမ်းကြောင်းမကောင်းခဲ့ရင် ကိုယ်ခံစွမ်းအားရဲ့ လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်စေပြိး မိမိကိုယ်ခံအားကနေ မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်တဲ့ ရောဂါမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ℹ-အစားမတည့်ခြင်း
ဒီပြဿနာဟာ ဓာတ်မတည့်ခြင်းနဲ့ မတူပါဘူး။ အစားအစာတချို့ကို မချေဖျက်နိုင်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ အစာမတည့်ခြင်းပြဿနာဟာ အူလမ်းကြောင်းက ဘက်တီးရီးယားတွေရဲ့ အရည်အသွေး အားနည်းလို့ပဲ ဖြစ်ပါတယ်။ အစာကို မချေဖျက်နိုင်ခြင်းကြောင့် လေပွခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
❤ ကျန်းမာရေးအတွက် ဆရာဝန်တစ်ဦးနှင့် messenger chat box တွင် အသေးစိတ်တိုင်ပင်နိုင်ပါသည်
အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများလဲ ကုသမှု ခံယူနိုင်ပါသည်
ကျန်းမာရေးနဲ့ ပါတ်သတ်သော အထွေထွေဗဟုသုတများကိုလည်း နေ့စဥ် တင်ပေးသွားမည် ဖြစ်ပါသဖြင့် Like & share လေး လုပ်ပေးကြဖို့လဲ မေတ္တာ ရပ်ခံ အပ်ပါသည်။

image