ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
❝ဆင်ဖြူဂိတ်မှ တစ်ရက်ကို ကားအစီးရေ (၅၀) နှင့် ဆိုင်ကယ်အစီးရေ (၂၀ဝ) တို့ဖြင့် ကုန်စိမ်းနှင့် စားသောက်ကုန်ပစ္စည်းများ သယ်ယူခွင့်ပြုမည်❞
ဒီဇင်ဘာ ၉
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်မှတစ်ဆင့် ကုန်စိမ်းနှင့် စားသောက်ကုန်ပစ္စည်းများကို တစ်ရက်လျှင် ကားအစီးရေ (၅၀) နှင့် ဆိုင်ကယ်အစီးရေ (၂၀ဝ) တို့ဖြင့် သယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ သယ်ယူခွင့်ပြုရာ၌ တရုတ်နိုင်ငံ နံပါတ်တပ် ဆိုင်ကယ်များနှင့် လိုင်စင်မရှိသည့် မော်တော်ဆိုင်ကယ်များကို သယ်ဆောင်ခြင်း ခွင့်ပြုမည် မဟုတ်ဘဲ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များဖြင့်သာ ယာယီ သယ်ဆောင်ရမည်ဖြစ်သည်။
လက်ရှိတွင် မူဆယ်မြို့ရှိ တရုတ်- မြန်မာ နယ်စပ်ဂိတ်များ ဖြစ်သော နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့ ဂိတ်နှင့် ပန်ဆိုင်းဂိတ်တို့အနက်မှ ဆင်ဖြူဂိတ် တစ်ခုတည်းကိုသာ ဒီဇင်ဘာ (၁) ရက်နေ့မှစတင်ကာ ကုန်ပစ္စည်းသယ်ယူခွင့်ပေးထားခြင်းဖြစ်သည်။
ထိုသို့ ကုန်ပစ္စည်း သယ်ယူခွင့်ပြုရာတွင်လည်း စားသောက်ကုန်များ၊ မီးဖိုချောင်သုံး အသီးအနှံများနှင့် အသားငါးများကိုသာ ခွင့်ပြုထားခြင်းဖြစ်သည်ဟု သိရသည်။
#သတင်းဟင်းလေးအိုးကြီး
အမရပူရမြို့တွင် ရာအိမ်မှူးတစ်ဦး ကလေးကျောင်းကြိုနေစဉ် သေနတ်ပစ်ခံရ၍ သေဆုံး
နေပြည်တော်၊ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သာယာအေးရွာရှိ စာသင်ကျောင်းတွင် ကျောင်းတတ်ရောက်နေ သော ကလေးကိုကျောင်းကြိုနေသည့် ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ ဒီဇင်ဘာလ ၆ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် ရာအိမ်မှူးဦးဇော်သူရထွန်းမှာ ကလေး ကျောင်းကြိုနေစဉ် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် PDF နှစ်ဦးရောက်ရှိလာပြီး ထိုရာအိမ်မှူးကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ထိုသေနတ်ပစ်ခတ်ခံရသူမှာ အမရပူရမြို့နယ်၊ မြစ်ငယ်ရပ်ကွက်ရှိ ရာအိမ်မှူး ဦးဇော်သူရထွန်းဖြစ်ပြီး ၎င်းမှာ ဘယ်ဘက်ရင်အုံ၌ ကျည်ဖောက်ထွက်ဒဏ်ရာရရှိပြီး အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
Photo - Credit
#centralnewsnaypyitaw
ကျောက်ဆည်မြို့နယ်တွင် ကျပ်သိန်း ၄၃၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် HUMMER ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၄၃၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ ည ၆ နာရီအချိန် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အောင်ထွန်းလင်း(ခ)အားဝေ မောင်းနှင်လာသည့် HUMMER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၈.၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၂၀၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၁၀၀)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ အောင်ထွန်းလင်း(ခ)အားဝေ (၂၅) နှစ်အား သံရွာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
ပြည်တွင်းပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များအား စံနှုန်းနှင့်အညီ ခွင့်ပြုမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌပြောကြာ
နေပြည်တော်၊ ဒီဇင်ဘာ ၉
ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များအား စောင့်ကြည့်လေ့လာခွင့်စံနှုန်းနှင့်အညီ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေး ပါတီများ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက် လျက်ရှိရာ တည်ဆဲနိုင်ငံရေးပါတီ ၅၃ ပါတီရှိပြီး တည်ထောင်ခွင့်စိစစ်ဆဲပါတီအနေဖြင့် တစ်ပါတီရှိကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်အတွင်း ပါတီဝင်အင်အားပြည့်မီရေးနှင့် ပါတီရုံးခန်းများ သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေးတို့ကို သတ်မှတ်ကာလအတွင်း သတ်မှတ်အရေအတွက် ပြည့်မီရေးဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောသည်။
ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်တင်ခြင်း၊ ပါတီအလံလွှင့်ထူခြင်းတို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများမှလွဲပြီး အခြားအဆောက်အအုံများတွင် သက်ဆိုင်ရာဒေသန္တရအဖွဲ့အစည်းများ၏ စည်းကမ်းများနှင့်အညီ ရုံးခန်းဖွင့်လှစ်ရန်နှင့် ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းမပြုလုပ်မီ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ အသိပေးရန် ဖြေလျှော့ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပါတီတွင်းနှင့် ပါတီပြင်ပစည်းရုံးရေးဆောင်ရွက်မှုကို မှတ်ပုံတင်ခွင့်ရရှိ ပြီးသည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထုအကျိုး၊ ဒေသအကျိုးများကို တတ်နိုင်သမျှ စည်းရုံး ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စောင့်ကြည့်လေ့လာခွင့်နှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်ခွင့်မပြုဘဲ လေ့လာခွင့်သာပြုခဲ့ခြင်းနှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့် အချက် ၁၃ ချက်အနက် လေ့လာခွင့်မပြုခဲ့သည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များ စောင့်ကြည့်လေ့လာခြင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ခြင်းတို့ကို စောင့်ကြည့်လေ့လာခြင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ စစ်ဆေး ခြင်းနှင့် ဆုံးဖြတ်ခြင်း စသည့်အချက်များကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတိုင်း ပြန်လည် ထည့်သွင်းပြီး စောင့်ကြည့်လေ့လာခွင့်စံနှုန်းနှင့်အညီ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#centralnewsnaypyitaw
FACT: ဆန်ချိုဟာ ချဲလ်ဆီးကို ရောက်ရှိလာပြီးချိန်မှစ ၂ ဂိုးသွင်းပြီး ၅ ဂိုးဖန်တီးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
မနေ့ညကပွဲစဉ် မှာလည်း Come Back ရဲ့ အစဖြစ်စေမဲ့ဂိုးကို လှလှပပ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
#ဘောလုံး #footballworld #sports
ကရင်ပြည်နယ်တွင် ယခုနှစ်မိုးစပါးဧက လေးသိန်းနှစ်သောင်းခုနှစ်ထောင်ကျော် စိုက်ပျိုးခဲ့
ကရင်ပြည်နယ်တွင် ယခုနှစ်မိုးစပါးဧက လေးသိန်းနှစ်သောင်းခုနှစ်ထောင်ကျော် စိုက်ပျိုးခဲ့ပြီး တစ်ဧက အထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်ပေါင်း (၁၀၅၃) ကွက်ကို ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ (၇)ရက် ပြည်နယ်မြေစာရင်းဦးစီးဌာနမှ လှိင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ထီလုံအလယ်ကွင်းရှိ တောင်သူ ဦးရာမူး၏ မိုးစပါးဆင်းသုခစိုက်ခင်း၌ စံကွက်ရိတ်သိမ်းရာ တစ်ဧက ၁၁၁ ဒဿမ ၁၅ တင်းထွက်ရှိကြောင်း သိရသည်။
အဓိကစားနပ်ရိက္ခာမှာ လယ်ယာ ကဏ္ဍမှရရှိသည့်အတွက် လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်စေရန် အဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ တောင်သူများအနေဖြင့် စပါးသီးနှံကိုတိုးချဲ့စိုက်ပျိုးကြစေလိုပြီး သီးထပ် သီးညှပ်များဖြင့် မြေလွတ် မြေလပ်မကျန် စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြောကြားခဲ့သည်။
ထိုနောက် ပြည်နယ်မြေစာရင်းဦးစီးဌာမှူးက စံကွက်ရိတ်သိမ်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကာ သဘာဝပတ်ဝန်းကျင်ထိ န်းသိမ်းရေးဦးစီးဌာနမှူးက မီးခိုးမြူငွေ့များ အန္တရာယ်အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် တစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိရေး စိုက်ပျိုးပြီးစီးသည့် မိုးစပါးဧကများအနက် ကိုယ်စားပြု အလွှာ (ကောင်း)ကိုကိုယ်စားပြုသော ဆင်းသုခမိုးစပါးစိုက်ခင်းကို (၆ ဿမ ၆ ပေ x ၆ ဒသမ ၆ ပေ)ပတ်လည် ဧရိယာ ၀ ဒသ မ ၀၀၁ ဧက စံကွက်သုံးကွက်အား ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တောင်သူများက မိုးစပါး စံကွက်ရိတ်သိမ်းခြင်းနှင့် ကူဘိုတာရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးရိတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ထိုနောက် ပြည်နယ်မြေစာရင်းဦးစီးဌာနမှူးက တစ်ဧကအထွက်နှုန်း ၁၁၁ ဒသမ ၁၅ တင်းထွက်ရှိကြောင်း၊ မျိုးစေ့၊ သွင်းအားစု၊ လုပ်အားခအစရှိသော တစ်ဧကစိုက်ပျိုးစရိတ်၊ အထွက်နှုန်းနှင့် တောင်သူ အကျိုးအမြတ်ရရှိမှုတိုကို ရှင်း လင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် မိုးစပါး (၁၂၀၈၈၉) ဧကစိုက်ပျိုးထားရှိပြီး ကောင်း၊ သင့်၊ ညံ့ကိုယ်စားပြုအလွှာလိုက် စံကွက်ပေါ င်း (၃၁၅ )ကွက်ကို ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြည်န ယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။