39 ပတ် - ဘာသာပြန်ပါ။

ငါးတန်ချစ်တီးချက်

ငါးကို အပြောင်းအလဲလေးဖြစ်အောင် မဆလာနံ့မွှေးမွှေးချဉ်ချဉ်လေးနဲ့ ချစ်တီးချက်လေး ပြောင်းပြီး ချက်စားရအောင်နော်။

အိမ်မှာ ကလေးတွေ ငါးမစားလို့ စားစေချင်တယ်ဆိုရင် ပထမဆုံး အနေနဲ့ ငါးတန် ကို စကျွေးကြည့်ပါလို့ အကြံပေးပါရစေ။
ငါးက စားကို စားသင့်တဲ့ အထဲ ပါပါတယ်။
ငါးမှာ အာဟာရဂါတ် အများကြီးပါလို့ ကလေးတွေ စားသင့်ပါတယ်။
ကြော်ကျွေးရင်တော့ ကလေးတွေ ပိုကြိုက်မယ် ထင်ပါတယ်။
အိမ်က ကလေးတွေ အခေါ်က ကြက်သားငါး တဲ့ 😅။

သူက အရိုးမပါပဲ ၊ အသားသက်သက်ဖြစ်နေပြီး ၊ ညှီနံ့နည်းတော့ ပထမဆုံး စားတဲ့အချိန်က နောက်ပြီး ကြက်သားလို့ ပြောလိုက်ပါတယ်။ နောက်မှ စားရင်း နဲ့ ငါးမှန်း သိသွားတာပါ။ငါးရဲ့အသားက ကြက်သားလို မာမာလေးလည်း ဖြစ်တာမို့ သူတို့က ကြက်သားငါးလို့ ခေါ်ကြတာပါ 😁

ချက်နည်း လေး ပြောပြပေးမယ်နော်။
ပထမဆုံး ဆီပူလာရင် ပဲနံ့သာစေ့နဲ့ ၊ မုန်ညင်းစေ့လေးကို ဆီသတ်ပါ။
မတူးအောင် ဆီသတ်ပါနော်။
ပြီးရင် ကြက်သွန်နီနဲ့အဖြူ ညက်ညက်ထောင်းထားတာလေး ထပ်ထည့်ပါ။
နနွင်းမှုန့်၊ အရောင်တင်မှုန့် ၊ ဆား၊အရသာမှုန့် လေးထည့် ပြီး အနှစ်ကျတဲ့ထိ ဆီသတ်ပေးပါ။
ရေထည့်ဖို့ လိုအပ်ရင် အနည်းငယ်ထည့်ပြီး ဟင်းအနှစ်ကျတဲ့ထိ အဆီပြန်အောင်ချက်ပါ။ ပြီးရင် ငါးထည့်ပြီး မွှေပေးပါ။
မန်ကျည်းရည် ထည့်ပေးပါ။
မိမိလိုသလောက် ဟင်းရည် ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။
ဟင်းရည်ဆူ ရင် ရုံးပတေသီး လေးတွေ ထည့်ပေးပါရှင့်။
ရုံးပတေသီး ကျက်ရင် ငါးမဆလာလေးထည့်ပေးပါနော်။
မိမိစိတ်ကြိုက်အရသာ ဖြစ်အောင် အချဉ်၊ အစပ်၊ အငံ လိုအပ်တာထည့်ပါ။
ပြီးရင် နံနံပင် ၊ ရှမ်းနံနံ တို့ အုပ်ကာ ချလို့ရပါပြီရှင့်။

ဒါဆိုရင် မွှေးမွှေးချဉ်ချဉ် အရသာလေးနဲ့ ထမင်းမြိန်စရာ ငါးတန်ချစ်တီးချက်လေးရပါပြီနော်။ ငရုတ်သီးဆားထောင်းလေးနဲ့ တွဲဖက်စားရင်လည်း စားလို့ကောင်းပါတယ်ရှင့်။

အဆင်ပြေပါစေရှင့်။

image
39 ပတ် - ဘာသာပြန်ပါ။

ငါးသလောက်ပေါင်း(အရိုးနူးပေါင်းနည်)

ထမင်းမြိန်ပြီး လူကြိုက်များတဲ့ ငါးသလောက်ပေါင်း/ ငါးအရိုးနူးပေါင်းနည်းလေး ဖြစ်ပါတယ်။ တချို့ ငါးသလောက်မတည့်သော သူများအတွက်လည်း အခြားငါးတို့နဲ့ အစားထိုးပြီး ချက်နိုင်ပါတယ်။ ကျွန်မကတော့ ဒီတစ်ခါ ငါးသလောက်မရနိုင်တဲ့ အရပ်မှာမို့ Milkfish ကို အစားထိုးချက်ထားပါတယ်။ မြန်မာပြည်မှာတော့ ငါးကြင်းကို အစားထိုး ချက်လေ့ ရှိကြပါတယ်။ ချက်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

ငါးသလောက်/ငါးကြင်း/Milkfish ၆ဝဝ ဂရမ် (၄၀ ကျပ်သားခန့်)

ကြက်သွန်နီ- ၅ လုံး

ကြက်သွန်ဖြူ- ၁၀ မြွှာ

ချင်း- ၁ တက်

နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဟင်းခတ်မှုန့်- အနည်းငယ်

ဆား- စားပွဲဇွန်း ၁ ဇွန်း

ရှလကာရည်- ရေနွေးပန်းကန်လုံး ၁ လုံး

ငရုတ်သီးခြောက်- ၁၀ တောင့်

စပါးလင်- ၂ ချောင်း

ဆီ- လိုသလောက်

ပြုလုပ်နည်း

၁။ ငါးသလောက် သို့မဟုတ် မိမိနှစ်သက်ရာငါးကို ရေဆေးသန့်စင်၍ လိုသလို လှီးဖြတ်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ရှလကာရည်၊ ချင်းထောင်း

တစ်ဝက်၊ ကြက်သွန်ဖြူ ၅ မြွှာ၊ ကြက်သွန်နီ ၃ လုံး ခြမ်း၍ ထည့်ပြီး နယ်ထားပါ။ မီးဖိုမှာ တိုက်ရိုက်မပေါင်းဘဲ ချက်ပါက စပါးလင်ကို ထုပြီး အိုးအောက်ခြေ မှာ ခင်းပါ။ ကြံကိုလည်း အသုံးပြုနိုင်ပါတယ်။

၂။ အရသာနယ်ပြီးပါက ထမင်းပေါင်းအိုးထဲ ထည့်ပြီး ရေဖုံးအောင် ထည့်ပါ။

၃။ လက်ကျန် ကြက်သွန်နီ ၂ လုံးကို ပါးပါးစိတ်ပြီး ကြက်သွန်ဖြူ ၅ မြွှာကို ထောင်းထားပါ။ ငရုတ်သီးခြောက်ကို ရေစိမ်ပြီး ထောင်းထားပါ။ စပါးလင်ကို ထုပြီး လှီးဖြတ်ထားပါ။

၄။ အဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲ ဆီထည့်ပြီး စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း လက်ကျန်တစ်ဝက်နှင့် ငရုတ်သီးထောင်းထားသည်တို့ကို

ဆီသတ်ပြီး ဆား အနည်းငယ် ထည့်ပါ။

၅။ ပြီးလျှင် ငါးသလောက်ပေါင်းမည့် အိုးထဲ ရောထည့်ပြီး အရိုးနူးသည်အထိ တည်ပေးပါ။ ၄ နာရီခန့်ကြာမြင့်တတ်ပြီး လိုအပ်ပါက ရေ ထပ်ထည့်ပါ။ အရိုးနူး ပါက ရေခန်း ဆီပြန်သည်အထိ ထားပြီး အရသာအပေါ့အငန်မြည်းကာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။

၆။ ထမင်းပေါင်းအိုးကို အသုံးပြုခြင်းဖြင့် အိုးကပ်တူးခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မီးဖိုမှာ တိုက်ရိုက်ချက်ပါက မီးအနေအထားကို အထူးဂရုပြု

ရမှာ ဖြစ်ပါတယ်။ အရိုးနူးပေါင်းအိုး Pressure Cooker ဖြင့် ချက်ပါက အချိန်ကုန်သက်သာပြီး မီးအားကုန်သက်သာစေမှာ ဖြစ်ပါတယ်။

credit

နောက်တစ်နည်း ဒုတိယနည်း

ငါးသလောက် ပေါင်း နည်း ကို
တင်ပေးလိုက်ပါတယ်
တော်တော် များများက
ပေါင်း တတ်ကြပါတယ်...
တချိူ့သော...
မမ ညလေး
ယောက်ကျားသညာ
လောလောလတ်လတ်ရထားတဲ့
တူမ များ အတွက်ပါ

ယခု ပေါင်း ထားတဲ့ငါးက
အလေး ချိန်နဲ့ဆို တစ်ပိသာကျော် ရှိပါတယ်

စပါးလင် ၂ ပိုင်း
အရင်းပိုင်း နဲ့
အဖျားပိုင်း ၁၅ ပိုင်း လောက်က
အောက်ခံ ဘို့ပါ

ကြက်သွန်ဖြူ
ကြက်သွန်နီ အသေး၁၅ လုံး ခန့်
အနှစ်များ ချင်လို့ပါ

ဂျင်း လက်၂ဆစ်စာ ဆိုရပါတယ်

ရှောက်သီးသို့မဟုတ်lemon ကိုသုံးပါတယ်
ရှောက်သီး ၁လုံး ခန့်
( Lemon ကတော့၄လုံးသုံးရပါတယ် )
Vinegar ရှာလကာရည် သုံးကြပါတယ်
တခြိူု့ကတော့ လျှာလကာရည်နဲ့
ပေါင်း တဲ့အနံ့ ကို မကြိုတ် လို့ပါ

ငါးသလောက်ကို
ကိုင်ပြီးတာနဲ့ ခုတ်တဲ့အခါ
အပိုင်း အရမ်း သေးသေးမတုံးပါနဲ့

အနေတော် မကြေစေရန်တုံးပါ
ပြီး လျှင် ရှောက်သီး
သို့မဟုတ် lemonတို့ကိုညှစ်ကာ
ဆနွင်းမူံ့ ့
ငံပြာရည်
ဆား အနည်းငယ်
ခရုဆီအနည်းငယ်
ငါးပိ စိမ်းစား လဖက်ရည် ဇွန်း တစ်ဇွန်း ခန့်
အချိူမုံ့ အနည်း ငယ် ထည့်ပါ
ကြက်သားမူံ့့ မသုံး စေချင်ပါ
အနံ့ပြောင်းတက်လို့ပါ
ပိုင်းထားသောငါးအသားများ နှင့် ရောနယ်ကာ
၆နာရီ အနည်းဆုံး ထားပေးပါ

တစ်ချို့ကတော့
တစ်ညသိပ်ထားပါတယ်
ဒါမှ အချဉ် အရသာဟာ
အသားထဲ ဝင်ကာ စား သောအခါ
သိပ်မအီတော့ပါဘူး
စားပြီး အကြောတက်တာ လည်း မဖြစ် ဘူး
ပေါင်း ပြီးရင်လည်း
အသားက မာ ပြီး
အရိုး တွေပါနူး မြေ့ သွားစေပါတယ်
ယခုခောတ်မုာတော့
ပေါင်း အိုးနဲ့သာ ပေါင်းကြပါတယ်
များသော အားဖြင့်
ပေါင်း တဲ့ အခါမုာ
စပါးလင် အဖျားပိုင်း များကို ထုကာ
အောက်တွင်ခင်း ပေး ခြင်းဖြင့်
အနံ့ ကောင်း ကာ
ဟင်းအိုး ကပ် တဲ့ အခါ
အသားကို မကပ် စေပါဘူး
စပါးလင် ပေါ်ကမှ
ငါး အသားများ ထည့်ကာ
အသင့် ထောင်း ထားသော
ဂျင်း စပါးလင် ကြက် သွန်ဖြူ တို့ကို ထည့် ပါ
ကြက်သွန်နီ ကိုတခါတည်း ရော မထည့် ရသေးပါ
ဟင်း ကြာကြာ ခံ စေရန်
ကြက်သွန်နီကို နောက် မှ ထည့်ပါ
ဆီ ကတော့ နဲနဲပိုထည့် စေချင်ပါတယ်
အိုးမကပ်စေရန် ပါ
စားတဲ့အခါ
ဆီချန်ပြီးစားလို့ရပါတယ်

ဟင်း အိုး ပေါင်းထားလို့
မိနစ် ၃၀ လောက် ရှိတဲ့ အခါမှာ
ခနမီးပိတ်ကာ ဟင်း အိုးဖွင့်ပါ
ပြီး ရင် ကြက်သွန်နီ ဥ အလုံး လိုက် ထည့်ပါ
ပြီး ရင် နောက် ထပ်
၁၅ မိနစ် ထပ်ပေါင်း လိုက်ပါ
ကြက်သွန်နီ ဥလေးတွေ
အလုံး မပျက် နူး လာကာ
ချိုချို လေးနဲ့စားကောင်း စေပါတယ်

ပေါင်း အိုးနဲ့ ပေါင်း ရင်
၄၅ မိနစ်ခန့် ပေါင်း လျှင်
အရိုးပါနူးပြီး
အသားလေးတွေ မာကာ
အရသာရှိသော
ငါးသလောက်ပေါင်း
ဟင်း တခွက်ဖြစ် ပါပြီ

အရသာရှိသော
ငါးသလောက်ပေါင်း ဟင်း လေး
စားသုံး နိုင်ကြပါစေ

image
39 ပတ် - ဘာသာပြန်ပါ။

ကြက်သားဟင်းလျှာ
*****************
ကြက်သားကို အတုံးတုံးပြီး
ဂျင်းအနည်းငယ်ထောင်းထည့်
ဒံပေါက်မဆလာထည့်
ဆား,နနွင်း,အရသာမှုန့် ထည့်ပီး နယ်ထားပါ။

ကြက်သွန်ဖြူ/နီ ,နနွင်း,ငရုတ်သီး အစိမ်းမှုန့် ကို ဆီသတ်ပီး
ကျွတ်ရွခါနီးလေးမှာ
ပျဉ်းတော်သိမ်းရွက်, သစ်ဂျပိုး, ကရဝေးရွက် ထည့်မွှေပါ။

ပီးရင် အရသာနယ်ထားတဲ့ ကြက်သားထည့်မွှေပီး ခဏလုံးပေးပါ။
ရေထည့်၍ အဖုံးအုပ်ထားပါ။

ကြက်သားလေး နူးအျိပီး ဆီပျံက ရပါပြီ။

မှတ်ချက်

အရသာကို ဆား,အရသာမှုန့်တို့ဖြင့်
မိမိ စိတ်တိုင်းကျ စပ်ပါ။
ငံပြာရည် မသုံးရပါ။ မဆလာနံ့ပျက်တတ်သည်။

image
39 ပတ် - ဘာသာပြန်ပါ။

ဘဲဥငံပြာရည်ချက်.
================
🔹အရင်ဆုံးဘဲဥကိုပြုတ်ပြီးအပ်ချည်လေးနှင့်နှစ်ခြမ်းခွဲပေးပါ

🔹ငရုပ်သီးအကြမ်းမှုန့်ကိုကြက်သွန်ဖြူများများလေးထည့်ထောင်းပေးပါ။ကြက်သွန်နီကနှစ်လုံးလောက်ပဲထည့်ထောင်းပေးပါအနှစ်ရအောင်
🔹အရင်ဆုံးဆီကိုမနည်းမများလေးထည့်ပြီးနနွင်းမှုန့်လေးထည့်၍ဆီသတ်ပေးပါ
🔹ဆီကျက်လာရင်ကြက်သွန်နဲ့ရောပြီးထောင်းထားတဲ့ငရုပ်သီးအကြမ်းမှုန့်ကိုထည့်ပြီးဆီသတ်ပါမယ်။

🔹ငရုတ်သီးဆီသတ်နေတဲ့အချိန်ဘဲဥကိုပါထည့်‌ပေးပါဘဲဥအနားလေးတင်းလာစေဖို့ပါ။ငရုတ်သီးဆီသတ်တာကျက်လာပြီဘဲဥအနားလေးတွေတင်းလာပြီဆိုရင်ငံပြာရည်လောင်းထည့်ပါမယ်၊အချိုမှုန့်ထည့်ပါမယ်။ပြီးရင်ဆက်ပြီးမွှေထားပေးပါမယ်။ငံပြာရည်အနံ့လေးမွှေးလာပြီဘဲဥလဲညိုရောင်သန်းပြီဆိုရင်ဆုံရည်လေး လောင်းထည့်ပြီးခမ်းတဲ့ထိမွှေပေးပါ။ဒါဆိုရင်ဘဲဥငံပြာရည်ချက်လေးရပါပြီ။

image
39 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ ချင်းတွင်း၊ စစ်တောင်းနှင့် ပဲခူးမြစ်ရေမြင့်တက်၊ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများသတိပြုရန်မိုးဇလထုတ်ပြန်
ချင်းတွင်းမြစ်ရေနှင့်ပဲခူးမြစ်ရေသည် ယနေ့(ဇွန် ၃၀ ရက်) ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်သောကြောင့် မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများသတိပြုရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင်စိုးရိမ်ရေမှတ်အောက်သုံးလက်မခန့်တွင်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်းစိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း၊ စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်တွင်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေမှတ်အောက် နှစ်ပေခွဲကျော် တွင်ရောက်ရှိနေပြီး နောက် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
"ကိုယ့်ဒေသကအနိမ့်ပိုင်းနေသူတွေကိုတော့ လိုက်လံသတိပေးတာတွေလုပ်နေတဲ့အပြင် စောင့်ကြည့် တာတွေလည်းလုပ်နေပါတယ်။ အချိန်မီကူညီဖို့အတွက်လည်း အဆင်သင့်ပြင်ဆင်ထားပါတယ်" ဟု ပဲခူးမြို့မှ ပရဟိတအသင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။
မုံရွာမြို့၊ မဒေါက်မြို့နှင့် ပဲခူးမြို့များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင် သတိပြုနိုင်ရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် မိုးဇလကအသိပေးနှိုးဆော် ထားသည်။
သတင်း - ပိုင်လေး

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂါဇာမြောက်ပိုင်းမှ ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အစ္စရေးအမိန့်ထုတ်
ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်က တွန်းအားပေးနေသော်လည်း ဂါဇာမြောက်ပိုင်းရှိဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အစ္စရေးက ဇွန် ၂၉ ရက်တွင် အမိန့်ထုတ်လိုက်သည်။
ဂါဇာအနောက်ပိုင်းကို အစ္စရေးက စစ်ဆင်ရေးအပြင်းအထန်လုပ်ဆောင်နေပြီး မြောက်ပိုင်းရှိဂါဇာစီးတီး၊ ဂျာဘာလီယာတစ်ဝိုက်ရှိ ဒေသခံများအနေဖြင့်လည်း တောင်ဘက်ကမ်းရိုးတန်းဒေသရှိအယ်လ်မာဝါစီကို ရွှေ့ပြောင်းကြရန် အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။
ဇွန် ၂၉ ရက်မွန်းလွဲပိုင်းမတိုင်မီ ၂၄ နာရီအတွင်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာတွင်လူ ၈၆ ဦး သေဆုံးခဲ့ကြောင်း ဂါဇာတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ အယ်လ်မာဝါစီဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် ကလေးငယ်သုံးဦးလည်း ပါဝင်သည်။
ယင်းနေ့ တစ်ရက်တည်းတွင်ပင် လူ ၂၃ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။
ဤအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂါဇာစစ်ပွဲအပစ်ရပ်စဲရန်နှင့် ဓားစာခံများ ပြန်လွှတ်ပေးရေးကို ထပ်မံတောင်းဆိုလိုက်ပြီး သဘောတူညီချက်မကြာခင်ရရှိလိမ့်မည် ဟု ဆိုသည်။
အစ္စရေးကမူ ဂါဇာမြောက်ပိုင်းရှိ အကြမ်းဖက်သမားများကို ချေမှုန်းရန် အစ္စရေးစစ်တပ်က အရှိန်မြှင့်လုပ်ဆောင်နေပြီး နိုင်ငံတကာဥပဒေများ ကိုလိုက်နာကာ အရပ်သားများ အထိအခိုက်အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေသည်ဟုဆို၏။
ဂါဇာစစ်ပွဲအပစ်ရပ်ရေးနှင့် ဓားစာခံများပြန်လွှတ်ပေးရေးအတွက် ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများ၏အားထုတ်မှုများ အရှိန်မြှင့်နေသော်လည်း အစ္စရေးနှင့်ညှိနှိုင်းမှုများမှာ ရပ်တန့်နေဆဲဖြစ် ကြောင်း ဟားမားစ်တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုသည်။
ဘီဘီစီ

image
39 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းတွင် အလုပ်ထုတ်ခံရသည့် မြန်မာ ၁၈ ဦး လုပ်ခလစာပြန်ရ
ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ ကားအပိုပစ္စည်းထုတ်လုပ်သည့် စက်ရုံတွင် လုပ်ခတစ်လစာမရရှိဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၈ ဦး၏ လစာများပြန်လည်ရရှိခဲ့ကြောင်း M.H.A.C အလုပ်သမားမဟာမိတ်အဖွဲ့မှ သိရသည်။
အကြောင်းမဲ့အလုပ်ထုတ်ခံခဲ့ရသော အလုပ်သမား ၁၈ ဦး၏ လုပ် ခပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့ရာပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအလုပ်သမားများသည် ကားအပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံ၌ တစ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ကြပြီး မေ ၂ဝ ရက်တွင် စက်ရုံမှအလုပ်ထုတ်ခဲ့ခြင်းဖြစ်ကာ အလုပ်သမားများက အကူညီတောင်းခံလာသောကြောင့် နယ်မြေခံအလုပ်သမား ရုံးတွင် မေ ၂၆ ရက်မှစတင်ကာ တိုင်ကြားမှုပေးခဲ့ကြောင်း M.H.A.C အဖွဲ့ကပြောသည်။
ပြီးခဲ့သည့် ဇွန် ၁ဝ ရက်တွင် စက်ရုံမှလုပ်သားများ၏ လုပ်ခတစ် လစာ ဘတ်သုံးသိန်းကို နယ်မြေခံဆဝါဒီကန်ရုံး၌ ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - M.H.A.C

image
39 ပတ် - ဘာသာပြန်ပါ။

အစကနေ အဆုံးထိ
အမြဲ လက်တွဲခေါ်တဲ့
အသိုင်းအဝိုင်း ဆိုရင် •••
အရက်သမား အသိုင်းအဝိုင်းကိုပဲ
ပြောရမယ်•••တဲ့။
တရားသမား အသိုင်းအဝိုင်းက
အရက်သမားတွေလောက်များ
လက်တွဲ မခေါ်ကြလို့လား ❓
#တွေးကြည့်မှ_မတူတာကို
#သွားတွေ့တယ်။
အရက် သောက်ရင်
အရက်သမား အများစုဟာ
သောက်ဖော်/သောက်ဖက်
စကားပြောဖော်/ပြောဖက် လိုတယ် ,
လူအများစုရဲ့ စိတ်ကလည်း
မကောင်းတာ လုပ်ရတာကို ပျော်တယ်။
( ဒါကြောင့်ပဲ •••
အပါယ်လေးဘုံ ဆိုတာက
အမြဲ နေ နေတဲ့
#ကိုယ့်အိမ်လို_ဖြစ်နေတာ )
#တရားအားထုတ်တာကြတော့
" ဧကာယနော"
အဖော်မမှီး တစ်ယောက်တည်း
သွားရတဲ့ လမ်း၊
လူတွေရဲ့စိတ်ကလည်း •••
တရားအလုပ် "သတိပဋ္ဌာန် အလုပ်, ဝိပဿနာ အလုပ် " ဆိုရင် •••
အသံကြားရင်ကို
တီကောင်ကို ဆားတို့ သလို
ကြောက်ကြတာ ကိုး။
အရက်သောက်တာက •••
အပါယ် ဆိုတဲ့ ပင်လယ်ကို
အဖော်အပေါင်းတွေနဲ့
ပျော်ပျော်ကြီး အားစိုက်စရာ မလိုဘဲ မျောပါသွားရသလိုပဲ။
#တရားအလုပ်က
ကိုယ့်လှေကို တစ်ယောက်တည်း ဦးတည်ရာ ရောက်အောင်
မရပ်မနား ပင်ပင်ပန်းပန်းနဲ့
ရေဆန်ကို အားထုတ် လှော်ခတ်ရတာနဲ့တူတယ်။
မကောင်းမှု့မှာ ပျော်တတ်တဲ့
လူပျင်းတွေ အတွက်
တရားက တကယ် ခက်တော့တာပေါ့။
တကယ်တော့ •••
တရားက ခက်တာ မဟုတ်ပါဘူး
အရှင်၀ရသာမိ

image
39 ပတ် - ဘာသာပြန်ပါ။

၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။

image
39 ပတ် - ဘာသာပြန်ပါ။

ကောင်းသောကံများ သင့်ထံရောက်ရှိလာပါပြီ…..
ကောင်းသောနိမိတ်များ သင့်ထံရောက်ရှိလာပါပြီ….
ကောင်းသောစီးပွား လာဘ်လာဘများ …သင့်ထံရောက်ရှိလာပါပြီ….
ကောင်းကျိုးချမ်းသာ အနန္တမှန်သမျှ
သင်လက်ခံရရှိနေပါပြီ….

image