4 w - Translate

◼ လားရှိုး၌ သားအဖလေးဦး သေဆုံး၊ သေဆုံးရသည့်အကြောင်းအရင်း မသိရသေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရပ်ကွက်ကြီး(၇)၊ ကွက်သစ်ရပ်ကွက် နေအိမ်တစ်အိမ်တွင် ယမန်နေ့(ဩဂုတ် ၁၀ ရက်) ညနေပိုင်းက ဖခင်ဖြစ်သူနှင့် သားသုံးဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
"သတင်းတွေကတော့ အမျိုးမျိုးတက်နေတာပဲ။ အခုနောက်ဆုံးကြားရတာ ငွေကြေးကိစ္စတွေရှိတယ်ဆိုတာသိရတယ်။ ဘာပဲဖြစ်ဖြစ်ကလေးတွေက ကျောင်းတက်နေတဲ့အရွယ်တွေဆိုတော့ ကျန်ရစ်ခဲ့သူအတွက်စိတ်မကောင်းပါဘူး” ဟု လားရှိုးမြို့တွင်နေထိုင်သူအမျိုးသားတစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားချိန်တွင် သေဆုံးသူ၏အမျိုးသမီးမှာ အပြင်သွားနေချိန်ဖြစ်ပြီး ဖခင်ဖြစ်သူသည် ကလေးသုံးဦးအား ကြွက်သတ်ဆေးတိုက်ပြီး ၎င်းကိုယ်တိုင်လည်း ကြွက်သတ်ဆေးသောက်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကြားသတင်းထွက်ပေါ်နေသော်လည်း စံတော်ချိန်ဒစ်ဂျစ်တယ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်နေပြီး သေဆုံးသူများ၏ရုပ်အလောင်းများကို လားရှိုးဆေးရုံသို့ပို့ဆောင်ထားကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းထံမှသိရသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း

image