45 w - Translate

At least 13 people are dead and more than 20 people were unaccounted for after heavy rain lashed Texas, leading to "catastrophic" flooding, authorities said Friday.
Children are among the dead, and about 23 campers from a summer camp in the area, Camp Mystic, were unaccounted for, according to officials.
Up to 12 inches of rain has already fallen in Kerr County, about 60 miles north of San Antonio, with the rain continuing on Friday evening.
Follow live updates: https://abcnews.visitlink.me/VQ_cIW

image

အမေရိကန်ပြည်ထောင်စုသည် မဟာမိတ်နိုင်ငံမဟုတ်တော့ဟု ယူကရိန်းလွှတ်တော်အမတ်များပြော
ယူကရိန်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးခြင်းမခံရတော့ကြောင်း၊ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံအတွက် မဟာမိတ်မဟုတ်တော့ကြောင်း ယူကရိန်း လွှတ်တော်အမတ်များက ပြောသည်။

အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံဦးစားပေးမူဝါဒကို ပြောင်းလဲ ကျင့်သုံးပြီးနောက် ယူကရိန်းနိုင်ငံသို့ပေးအပ်နေသော စစ်လက်နက်ပစ္စည်းထောက်ပံ့မှုများကို ရပ်ဆိုင်းပြီးချိန်တွင် ယူကရိန်းလွှတ်တော်အမတ်များက ယခုကဲ့သို့ ပြောလာခြင်း ဖြစ်သည်။

အမေရိကန်က ယူကရိန်းသို့ထောက်ပံ့မှု ရပ်ဆိုင်းလိုက်သောစစ်လက်နက်ပစ္စည်းများတွင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာခဲယမ်းများနှင့် အမြောက် ဆန်များ ပါဝင်သည်။ ထိုသို့ထောက်ပံ့ပေးမှုများ ရပ်တန့်လိုက်ကြောင်းကိုလည်း NATO တပ်ဖွဲ့ဆိုင်ရာ အမေရိကန် သံတမန် မက်သရူးဝှစ်တေကာက ဇူလိုင်လ ၃ ရက် တွင်ပြောခြင်း ဖြစ်သည်။

ယူကရိန်းလွှတ်တော်အမတ်များက အမေရိကန်ကို ၎င်းတို့၏မဟာမိတ်နိုင်ငံမဟုတ်တော့ကြောင်း ပြောနေ သော်လည်း အမေရိကန်နိုင်ငံနှင့်ယူကရိန်းနိုင်ငံတို့အနေဖြင့် မည်သည့်အခါကမျှ တရားဝင်မဟာမိတ်များအဖြစ်သို့ ရောက်ရှိခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

အမေရိကန်၏ ယခုကဲ့သို့စစ်လက်နက်များထောက်ပံ့မှု ရပ်တန့်ခြင်း နှင့်ပတ်သက်၍ ယူကရိန်းသမ္မတ က အမေရိကန်သမ္မတနှင့် ဇူလိုင်လ ၄ ရက်တွင်ဆွေးနွေးသွားမည် ဖြစ်ကြောင်း Financial Times သတင်းဌာနက ဇူလိုင်လ ၃ ရက်တွင်ဖော်ပြထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

image

#နိုင်ငံတကာသတင်း
◼ တာလီဘန်အစိုးရကို အသိအမှတ်ပြုသော ကမ္ဘာ့ပထမဆုံးနိုင်ငံ ရုရှားဖြစ်လာ
အာဖဂန်နစ္စတန်နိုင်ငံ၏ သံအမတ်ကြီးသစ် ခန့်အပ်လွှာအား လက်ခံလိုက်ကြောင်း ရုရှားက ယမန်နေ့က ပြော ကြားလိုက်သဖြင့် တာလီဘန်အစိုးရအား အသိအမှတ်ပြုသော ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။
နှစ်ဖက်ဆက်ဆံ‌‌ရေး ဖွံ့ဖြိုးတိုးတက်စေရေး အလားအလာ‌ကောင်းများကို မော်စကိုက မြင်တွေ့ထားကြောင်း နှင့် လုံခြုံ‌‌ရေး ၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး နှင့် မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှု နှိမ်နင်းခြင်းများတွင် ကဘူးလ်ကို ဆက်လက် ကူညီပေးသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ပြောကြားသည်။
မော်စကို က ကဘူးလ် နှင့် ဆက်ဆံ‌ရေးတွင် ကုန်သွယ်ရေး နှင့် စီးပွားရေးအခွင့်အလမ်းများကိုလည်း မြင် တွေ့ ထားပြီး အထူးသဖြင့် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး နှင့် အခြေခံအဆောက်အအုံ ကဏ္ဍများတွင် ဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
အာဖဂန်နစ္စတန်အစ္စလာမ်မစ်နိုင်ငံတော် အစိုးရအဖွဲ့အား တရားဝင်အသိအမှတ်ပြုခြင်းက နှစ်နိုင်ငံကြား နယ် ပယ်ပေါင်းစုံတွင် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို အုတ်မြစ်ချပေးမည်ဟု မိမိတို့ ယုံကြည်ကြောင်း ရုရှားနိုင်ငံခြား‌ရေးဝန်ကြီးဌာနက ဆက်ပြောသည်။
ရုရှားနိုင်ငံ၏ သတ္တိရှိသော ခြေလှမ်းကို မိမိတို့ တန်ဖိုးထားကြောင်း နှင့် ယင်းမှာ အခြားလူများအတွက် နမူနာ ဖြစ်နိုင်ကြောင်း အာဖဂန်နိုင်ငံခြား‌‌ရေးဝန်ကြီး အာမေးခန်မူတာကီ က ထုတ်ပြန်ပြောကြားသည်။
နှစ်ပေါင်း ၂၀ စစ်ဆင်နွဲပြီး အမေရိကန်က ယင်းနိုင်ငံမှ ဝရုန်းသုန်းကား ဆုတ်ခွာခဲ့စဉ် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာဖဂန်နစ္စတန်နိုင်ငံတွင် အာဏာရယူခဲ့သော တာလီဘန်အစိုးရကို ယခုအချိန်အထိ မည်သည့်နိုင်ငံကမျှ အသိ အမှတ် မပြုသေးကြောင်း သိရသည်။
သို့ရာတွင် တရုတ်၊ ယူအေအီး၊ ဥဇဘက်ကစ္စတန် နှင့် ပါကစ္စတန်တို့က ကဘူးလ်မြို့တွင် သံအမတ်ကြီး အ ဖြစ် လျာထားသူများအား ထားရှိပြီးဖြစ်ရာ တရားဝင်အသိအမှတ်ပြုရန် ခြေလှမ်းထားခြင်းဖြစ်သည်။
ရုရှား၏လုပ်ရပ်မှာ နိုင်ငံတကာကအသိအမှတ်ပြုမှုရရှိရန် ကြိုးစားနေသော တာလီဘန်အစိုးရအတွက် ကြီး မား သောမှတ်တိုင်တစ်ခုဖြစ်သွားခဲ့ကြောင်း ရိုက်တာသတင်းက ဆိုသည်။
သို့သော်ယင်းလုပ်ရပ်ကို ဝါရှင်တန်က အနီးကပ်စောင့်ကြည့်နေဖွယ်ရှိပြီး အာဖဂန်နစ္စတန်ဗဟိုဘဏ်၏ ပိုင်ဆို င်မှုဖြစ်သော ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာကို ထိန်းချုပ်ထားကာ တာလီဘန်အဖွဲ့ ထိပ်တန်း ခေါင်း ဆောင်များအပေါ်လည်း တားဆီးပိတ်ဆို့မှုများ ချမှတ်ထားကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
45 w - Translate

#ပြည်တွင်းသတင်း
◼ လောက်ကိုင်၌ မိုးသည်ထန်ခြင်းကြောင့်ရေလှောင်တမံကျိုးပျက်၊ သုံးဦးသေဆုံးကာထိခိုက်ပျက်စီးမှုများရှိဟုဆို
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ ကျင်းရှမ်ချိန်မြို့နယ်ရှိ ဆီအောကျေးရွာ၌ ယမန်နေ့ (ဇူလိုင် ၃ ရက်)မွန်းလွဲပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေလှောင်တမံကျိုးပျက်ကာ ရေကြီးမှုဖြစ်ပွား၍ သုံးဦးသေဆုံးခဲ့ ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
အဆိုပါ ရက်မတိုင်မီ မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းခဲ့၍ ကျေးရွာအတွင်းရှိလမ်းများတွင် ရေများပြည့်လျှံကာ ရေထုတ်စနစ်အရှိန်လွန်ကဲ၍လမ်းများပိတ်ဆို့ခဲ့ကြောင်း၊ ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် ကျေးရွာအပေါ်ဘက်ရှိ ရေလှောင်တမံတစ်ခုတွင် ခံနိုင်ဝန်စံချိန်ထက် ရေအလွန် များပြားလာကာ ရေလှောင်တမံကျိုးပျက်၍ ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းကျေးရွာရှိ လယ်ကွင်းများနှင့် မြစ်ကမ်းဘေးလမ်းများ၊ အိမ်များ ရေနစ်မြုပ်ခဲ့ကြောင်း ယင်းသတင်းများအရ သိရသည်။
ရေကြီးမှုကြောင့် မြစ်ကမ်းအနီးရှိ အနိမ့်ပိုင်းနေရာတွင်ရှိသည့် တဲအိမ်တစ်လုံးပြိုကျခဲ့ပြီး အဆိုပါ နေအိမ်တွင်နေထိုင်သည့် လယ်သမားဇနီးမောင်နှံနှင့် ၎င်းတို့၏မြေးဖြစ်သူတို့သည် ရေစီးဖြင့်မျောပါ သွားခဲ့ကြောင်း၊ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေထိုင်သူများကိုရှာဖွေကယ်ဆယ်ခဲ့ရာ ၎င်းတို့သုံးဦး၏ ရုပ်အလောင်းများကိုသာပြန်လည်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုများကြောင့် လောက်ကိုင်မြို့တော်အနီးနှင့် အခြားခရိုင်များရှိ မြစ်ကမ်းနီးဒေသများတွင်နေထိုင်သူများအနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန်၊ အန္တရာယ် ရှိသောနေရာများသို့သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်လည်း သက်ဆိုင်ရာများက အသိပေးနှိုးဆော် ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- The Kokang

image
45 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ တရုတ်မော်ဒယ်တစ်ဦးကို မြန်မာဘက်ခြမ်းမှ ကယ်ထုတ်ခဲ့ရ
ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတစ်ရပ်ဖြင့် လွန်ခဲ့သည့်လက ဖြားယောင်းခေါ်ဆောင်ခံခဲ့ရသော တရုတ်နိုင်ငံသား မော်ဒယ်တစ်ဦးကို မြန်မာပြည်တွင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတစ်ခုက ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။
အသက်(၂၅)နှစ်အရွယ် ကျောင်အမည်ရှိ အဆိုပါတရုတ်မော်ဒယ်သည် ယခုနှစ်ဇွန်လအတွင်း ပြည်ပအလုပ်အကိုင်အခွင့်အလမ်း တစ်ရပ်ဖြင့် ဖြားယောင်းခေါ်ဆောင်ခံခဲ့ရပြီး ဇွန် ၉ ရက်မှစ၍ ထိုင်းနိုင်ငံ၌ စတင်ပျောက်ဆုံးခဲ့ရသည်။
သို့ရာတွင် ၎င်းတရုတ်နိုင်ငံသားကို သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံတွင်းမှ ဇူလိုင် ၄ ရက်တွင် ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းမှ ပြန်လည်ကယ်ထုတ်နိုင်ခဲ့သော အဆိုပါ တရုတ်မော်ဒယ်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၌ နေထိုင်သူဖြစ်ကြောင်း သိရသည်။
၎င်းပျောက်ဆုံးနေမှုကို၎င်း၏ညီမဖြစ်သူက သက်ဆိုင်ရာ တာဝန်ရှိသူများအား အသိပေးအကြောင်းကြားခဲ့ပြီးနောက် ပြန်လည်ကယ်ထုတ်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ရခြင်း ဖြစ်ကြောင်း တရုတ်သံရုံး၏သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အထက်ပါဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ရှိအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၏ ပြည်ပအလုပ်အကိုင် မက်လုံးများဖြင့် ဆွဲဆောင်ဖြားယောင်းမှုများကိုသတိထားကြရန် တရုတ်သံရုံးက သတိပေးချက် ထပ်မံထုတ်ပြန်ထားသည်။
စီအင်န်အေ

image

Funny video

ဒီလောက်တော့ အပျော့

သူကိုက် ကိုယ်ကိုက်ပဲ???

ဟော့ပေါ့ဆိုင်ကနေ ပုဇွန်ခိုးသယ်လာတဲ့ မိမိတို့အဖွဲ့

image

Funny video