39 ပတ် - ဘာသာပြန်ပါ။

သတိရပေမယ့် ...
မခေါ်ဖြစ်တော့ဘူး ...
သူခေါ်လာရင် ကောင်းမှာဆိုပြီး
မျှော်ဖြစ်သေးပေမယ့်
လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ
မအားသေးပါဆိုတဲ့ အသံတွေကို
နားရည်၀အောင် ကြားပြီးပြီမို့
ကိုယ့်ဖက်က စမခေါ်ဖြစ်တော့ပါဘူး ...
သူ အားတဲ့အခါကျရင်လို့
အရင်ကတော့ တွေးဖြစ်သေးတယ်
ဒါပေမယ့်
လူတစ်ယောက်ရဲ့ အားခြင်းမအားခြင်းက
အလုပ်များတာ မများတာထက်
ကိုယ်က သူ့အတွက်
ဘယ်လောက်အရေးပါလဲဆိုတဲ့အပေါ်ပဲ
မူတည်တာလေ ..
ကိုယ့်ကို မေ့နေရာက
သတိရလာရင်
သူဖက်က ခေါ်လာလိမ့်မယ်ဆိုတဲ့
စိတ်ပဲ မွေးထားတော့တယ် ...
၀တ်ကျေတမ်းကျေ ပြောလာမယ့်
စကားလုံးတွေက
ရင်ပိုနာစေတာမို့
သတိရပေမယ့် မခေါ်ဖြစ်တော့ပါဘူး ။
#ကျေးကို

39 ပတ် - ဘာသာပြန်ပါ။

အလိုလိုက်ပါများရင် ...
အစပိုင်းနှစ်တွေမှာ ... တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုတွေနဲ့ ဆက်ဆံရေးလေးတစ်ခုက အရမ်းကို ပျော်ဖို့ ကောင်းခဲ့တယ် ... အဆင်မပြေလို့နော်ဆိုတဲ့ စကားတွေ ပြောစရာမလိုပဲ ... တစ်ယောက်ကိုတစ်ယောက် နားလည်ခဲ့ကြတာ ။ အဲ့ဒီ ဘ၀လေးမှာလေး သိပ်ပျော်ခဲ့တာပဲ ။ ပြီးတော့ သူက ငါ့ကိုသိပ်ချစ်တာပဲဆိုတဲ့ ခံစားချက်တွေနဲ့ ဘယ်တော့မှ ဝေးကြမှာ မဟုတ်ဘူးဆိုပြီး ယုံကြည်ချက်တွေနဲ့ အချစ်က အေးမြလွန်းလှတယ် ...
အဲ့ဒီအချိန်တွေမှာ ကိုယ်က ပိုချစ်ပြလိုက်ဖို့ တွေးခဲ့တယ် အရင်ကထက် အလိုက်တွေသိပြီး အရင်ကထက် အလိုတွေ လိုက်ရင် ဒီထက်ပိုချစ်လာမယ်လို့ ထင်ခဲ့တာ ...ဒီထက်ပိုပြီးတော့ နီးလာလိမ့်မယ်လို့တွေးခဲ့တာ ... ကိုယ့်အတွေးနဲ့ကိုယ် အများကြီး အလိုလိုက်မိသွားတယ် ထင်တယ် ... ဖုန်းတွေ မအားရင် အလုပ်များနေတာနေမှာပါလို့ ဖြည့်တွေးရင်း ဖြည့်တွေးရင်းက ကိုယ့်အတွက် အချိန်တွေက တဖြေးဖြေးရှားလာခဲ့တယ် ။ အဆင်မပြေတာတွေ ကြုံလာတဲ့အခါ ကိုယ့်စိတ်နဲ့ဆို သူ့ကို အရာရာ ပြောခဲ့ပေမယ့် သူကျတော့ တစ်ယောက်တည်းအေးဆေးနေပါရစေဆိုတဲ့ စကားမှာ အလိုက်သိပေးခဲ့မိတယ် ။ တဖြေးဖြေးချင်း အဆင်မပြေတာတွေ များလာမယ်မှန်း ဘယ်ထင်ပါ့မလဲ ...
အချိန်မရွေး ဆက်လို့ရတဲ့ဖုန်းတွေ တဖြေးဖြေးချင်း သူခေါ်မှ ကိုင်ရတဲ့ အခြေအနေတွေအဖြစ် ပြောင်းလာသလို ဘယ်လောက်ပဲ စိတ်ပူနေ စိတ်ပူနေ ဘယ်အရာကိုမှ အကြောင်းပြချက် ပေးစရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ တစ်ခါတစ်လေ ကိုယ်က ဘယ်နေရာမှန်းမသိ ဖြစ်လာတယ် ။ Balance ညီခဲ့တဲ့ ချိန်ခွင်လေးက တဖြေးဖြေးချင်း ကိုယ့်ဖက်ကို စောင်းမှန်းမသိ စောင်းလာခဲ့တာ တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာခဲ့တယ် ။
အရင်ကဆိုလေ ... အိပ်မက်ဆိုးတွေမက်လို့ဆိုပြီး ဆက်လို့ရတဲ့ ဖုန်းလေးက Good Night ပြောဖို့တောင် ပျက်ကွက်လာတာ ကြာရောပေါ့ ... အရင်ကဆိုလေ ဒီနေ့လေ ဘာလုပ်တယ် ဘာဖြစ်သေးတယ်ဆိုပြီး ပြောတတ်တဲ့ message တွေက ပျောက်လို့ပေါ့ ... လွမ်းလို့ဆိုပြီး အရဲစွန့်ပြီး ဆက်ခဲ့မိတဲ့ ဖုန်းကိုတောင် ဒေါသတွေ ထွက်တတ်လာတဲ့အထိ ဘယ်အရာတွေကများ ပြောင်းလဲသွားစေခဲ့သလဲ တွေးမိတဲ့အခါ ကိုယ်ပဲ မှားခဲ့တာဆိုတဲ့ အဖြေတွေပဲ ရတယ် ။
အဆင်မပြေလို့ပါ ... တစ်ယောက်တည်း နေချင်လို့ပါဆိုတဲ့ စကားတွေနဲ့ နွေးထွေးခဲ့ဖူးတဲ့ ဆက်ဆံရေးက တစ်နေ့ထက်တစ်နေ့ ပိုအေးလာပြီး တစ်နေ့နီးကြမယ်ဆိုတဲ့ မျှော်လင့်ချက်တွေက တဖြေးဖြေး ပိုဝေးလာခဲ့ပါပြီ ... အလိုလိုက်ပါများရင် ဒီလိုပဲ တစ်ဖက်ကတည်းက ချစ်နေရတဲ့ ပုံစံမျိုး ဖြစ်သွားတတ်သလား ဒါမှမဟုတ် ငါ မင်းကို ဘယ်လောက်ချစ်တာဆိုပြီး ပြောခွင့်မရတော့တဲ့အခြေအနေတွေအထိ ဂရုစိုက်ဖို့ မေ့သွားတတ်သလား ...ပိုချစ်လာမယ်အထင်နဲ့ ပိုချစ်ပြခဲ့တာ ... အပြန်အလှန်လေး ရှိမယ်အထင်နဲ့ ဘယ်အရာကိုမဆို နားလည်ပေးခဲ့မိတာ ။ အရင်ကထက် ပိုနီးလာမယ်အထင်နဲ့ အများကြီး အလိုလိုက်ခဲ့တာပါ ...
ကိုယ့်အတွေးတွေဟာ ... ကိုယ်တို့ ဝေးရလောက်တဲ့အထိ မှားသွားခဲ့တယ် ... မင်းကို အလိုလိုက်တာ များသွားခဲ့တယ် ။
#ကျေးကို

39 ပတ် - ဘာသာပြန်ပါ။

လူတွေကို ခွင့်လွှတ်လို့ ရပါတယ်။
ဒါပေမဲ့ ကိုယ့်ကို ဘယ်လိုပြုမူ ဆက်ဆံခဲ့သလဲ ဆိုတာကိုတော့ မမေ့ပစ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ လူတစ်ချို့ဟာ အခွင့်ရေးသမားတွေမို့လို့ပါ။

ဆရာတစ်ယောက်ပြောဖူးသလိုပဲ။ လူတစ်ယောက်ကို ခွင့်လွှတ်ဖို့ဆိုတာက တစ်ဖက်သူက သူ့အမှားကို အမှားလို့ သိမှ ခွင့်လွှတ်လို့ရတာ။ မှားလို့ မှားမှန်းမသိတဲ့သူ၊ ကိုယ့်လုပ်ရပ်ကိုယ် နောင်တမရတဲ့လူမျိုးကိုကျ ခွင့်လွှတ်ရတယ်မခေါ်ဘူး။ ကျောခိုင်းရတာ။

တစ်စုံတစ်ယောက်ကို ခွင့်လွှတ်လိုက်ခြင်းဟာ မိမိကိုယ်မိမိ လွတ်မြောက်စေတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ အဲ့ဒါကြောင့် ခွင့်လွှတ်တတ်တဲ့စိတ်က ဘဝနေထိုင်မှုအတွက် အရေးကြီးတာ။

ခွင့်လွှတ်တယ်ဆိုတာ တစ်ဖက်သူရဲ့ လုပ်ရပ်တွေကို မှန်ပါတယ်လို့ သဘောတူပေးလိုက်တာ မဟုတ်ဘူး။ ရပါတယ် ဘာမှမဖြစ်ပါဘူးဆိုပြီး ခံခဲ့သမျှတွေကို မေ့လိုက်ဖို့ မဟုတ်ဘူး။ တစ်ခါတလေမှာလေ ခွင့်လွှတ်ခြင်းဆိုတာ နောက် ထပ်တစ်ခါ မပတ်သက်ချင်တော့ခြင်းလို့ အဓိပ္ပာယ်ကောက်လို့ရတဲ့ အခါတွေရှိတယ်။

တကယ်သူ့အမှားသူသိတဲ့ လူကို ခွင့်လွှတ်ရတာက ခွင့်လွှတ်ဖို့ ထိုက်တန်တယ်။ ပြောချင်တာက ကိုယ့်အမှားကို သူများအမှား ပြန်လုပ်ပြီး မှားလို့ မှားမှန်းမသိတဲ့ လူမျိုးတွေနဲ့ ကြုံတဲ့အခါ တစ်ဖက်သတ် ခွင့်လွှတ်လိုက်ရတာမျိုး ရှိတယ်။

ခံပြင်းစရာ ကောင်းပေမဲ့ ခွင့်လွှတ်လိုက်
ခွင့်လွှတ်လိုက်ဆိုတာထက် ကျောခိုင်းလိုက်။

Your inner peace matters!!

သူများရှို့တဲ့မီးကြောင့် ကိုယ်မလောင်ရဖို့ အရေးကြီးတယ်။ မှားတာ မှန်တာတွေ ပြိုင်မငြင်းနေနဲ့။ စိတ်အကြည် ဓာတ်ပျက်ရတယ်။ လောကကြီးမှာ ပြိုင်ပြီး ငြင်းဖို့ မတန်တဲ့လူတွေ အများကြီးပဲ။

ဒါကြောင့် ခွင့်လွှတ်ပါ။
မမေ့ပစ်နဲ့။

image
39 ပတ် - ဘာသာပြန်ပါ။

မင်းလိုချင်တဲ့ အရာထက်
လိုအပ်တဲ့အရာကိုပဲအရင် လုပ်သင့်တယ်

ခဏတာကို မကြည့်နဲ့
တစ်ဘ၀စာကို ကြည့်တတ်ပါစေ

တစ်ချို့ အရာတွေက
လိုချင်,တပ်မက်ဖို့ကောင်းတယ်
ဒါပေမယ့်...

မင်းအတွက် အားမခံချက်မရှိဘူး
အဓိကနဲ့သာမည ခွဲခြားတတ်ပါစေ

ဘ၀ကိုစကားလုံးတွေနဲ့ ရေးသားလို့မရဘူး
လုပ်ဆောင်ချက်တွေနဲ့ပဲ ပုံဖော်တတ်သူဖြစ်ပါစေ

မျှော်လင့်ချက်အိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အခါ
ပြည်လည်တည်ဆောက်ဖို့ ကြိုးစားပါ

ဘ၀ဆိုတာပြိုလဲဖို့ လွယ်ကူသလောက်
ပြန်တည်ဆောက်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်

အိမ်မက်ဆိုတာဟာ အခမဲ့မက်လို့ရပေမယ့်
အကောင်ထည် ဖော်ဖို့အတွက်တော့
အစွမ်းကုန် ပေးဆပ်ရလိမ့်မယ်

ကိုယ်သာလျှင် ကိုယ့်ရဲ့အားကိုးရာပါ
ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေသရွေ့
ရှင်သန်ချိန်တိုင်းက အဓိပ္ပါယ်ရှိနေမှာပါ

ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းတစ်လျှောက်မှာ
အခက်,အခဲတွေကြုံလို့. လက်လျှော့ချင်လာတဲ့အခါ
သင်ဘာကြောင့် စတင်ခဲ့သလဲဆိုတာ ပြန်သတိရပါ

သူများနဲ့မတူတဲ့အခက်,အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်ပီးတဲ့အခါ
သူများနဲ့မတူတဲ့ ခံစားခွင့်တွေ ရရှိလာမယ်ဆိုတာ
ဧကန်မုချ ယုံကြည်လိုက်ပါ မိတ်ဆွေ...

ထီးမပါတဲ့ကလေးဟာမိုးထဲမှာပိုအပြေးမြန်တတ်ပါတယ်

ဦးတည်ချက်မရှိတဲ့လူဟာ
ဦးတည်ချက်ရှိတဲ့ လူအတွက် အလုပ်လုပ်ပေးရတယ်

ဘွဲ့ဒီဂရီဆိုတာ ကြေးတံဆိပ်
အရည်အချင်းဆိုတာ ငွေတံဆိပ်
လူမူဆက်ဆံရေး အတတ်ဟာ ရွှေတံဆိပ်ပါ

အချစ်ဆိုတာ ရိုးရိုးရှင်းရှင်းဖြစ်လို့ရတယ်
လွယ်လွယ်ကူကူတော့ မဖြစ်သင့်ဘူး

ယောက်ျားကောင်းဟာမြူစွယ်မူဒဏ်ကိုကောင်းကောင်းခံနိုင်စွမ်းရှိဖို့လိုသလို

မိန်းမကောင်းဟာ အထီးကျန်တဲ့ ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ်

လှပတဲ့ နတ်သမီးဆိုတာ လူ့လောကမှာ တကယ်မရှိပါဘူး
စိတ်ရင်းကောင်းတဲ့ မိန်းခလေးဆိုတာပဲ ရှိပါတယ်

အမုန်းခံရတဲ့လူဟာ ဘာမှထိခိုက်မူ မရှိပါဘူး
မုန်းတဲ့လူရဲ့ နှလုံးသားထဲမှာသာ
ဒဏ်ရာဒဏ်ချက် အပြည့်ဖြစ်နေတတ်ပါတယ်

သင်ကိုယ်တိုင် ဘ၀အခက်အခဲကို
ရင်ဆိုင်ရဲတဲ့သတ္တိ မရှိဘူးဆိုရင် သင့်အတွက် ရဲရင့်ပေးမဲ့လူ မရှိပါဘူး

ပြဿနာတွေ့ရင် မိမိကိုယ်ကို အရင်စမ်းစစ်ပါ
၀မ်းနည်းမှု့ အဆင်မပြေမှု့နဲ့ကြုံတိုင်းသာ ကမ္ဘာမြေဆွဲအားကို အပြစ်ဖို့နေမယ်ဆိုရင်
ပြဿနာကဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး

image
39 ပတ် - ဘာသာပြန်ပါ။

ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ
အကုန်သိ အကုန်တတ်ရမယ်ဆိုတဲ့
အယူအဆဟာ လွဲမှားနေပါတယ်။
တကယ်တော့ ခေါင်းဆောင်ဆိုတာ
နေရာအလိုက် တတ်ကျွမ်းသူတွေကို
စနစ်တကျ ပေါင်းစည်းပြီး သူ့နေရာနဲ့သူ
အသုံးချတတ်ဖို့ပဲ လိုပါတယ်။
တတ်ကျွမ်းသူတွေကို ရှာဖွေရွေးထုတ်နိုင်စွမ်း ရှိရမှာဖြစ်သလို
မတတ်ကျွမ်းသေးသူတွေကို တတ်ကျွမ်းလာအောင်
လေ့ကျင့်ပေးနိုင်စွမ်းရှိဖို့လဲ လိုအပ်ပါတယ်။
သုံးမရတဲ့ငယ်သားဆိုတာ မရှိဘူး
ငယ်သားကို လူမှန်နေရာမှန်
အသုံးမချတတ်တဲ့ ခေါင်းဆောင်ပဲ ရှိပါတယ်။
ခေါင်းဆောင်တစ်ယောက်အတွက်
ရှက်စရာအကောင်းဆုံးစကားက
ကိုယ့်လက်အောက်ကလူတွေ
သုံးလို့မရပါဘူးလို့ ဖွင့်ဟပြောဆိုခြင်းဖြစ်ပါတယ်။
အဲ့ဒီလိုပြောတဲ့သူတွေကို ကျွန်တော်အထင်လုံးဝမကြီးပါဘူး။
သုံးမရတဲ့သူကို သုံးလို့ရတဲ့အထိ လေ့ကျင့်ပေးဖို့က ခေါင်းဆောင်ရဲ့တာဝန်ဖြစ်ပါတယ်။
သုံးမရတဲ့သူတွေရှိတာ ခေါင်းဆောင်ညံ့လို့ပါ။
လက်အောက်ကသူတွေဟာ ကိုယ့်လောက်မတတ်ဘူး
ကိုယ့်လိုအမြင်မရှိဘူးလို့လဲ လုံးဝမပြောသင့်ပါဘူး။
လက်အောက်က လူတွေရဲ့အမြင်ဟာ
ကိုယ်နဲ့ ရှုထောင့်မတူတာပဲ ဖြစ်မယ်လို့ ခံယူရပါမယ်။
လက်အောက်ကသူတွေရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ခွင့်ပေးရပါမယ်။
''မင်းက ဘယ်လောက်သိလို့လဲ'' ဆိုတဲ့
စကားကို ပြောတဲ့ ခေါင်းဆောင်ဟာ
မကြာခင် ကျဆုံးတော့မဲ့ခေါင်းဆောင် ဖြစ်ပါတယ်။
''သဘောကောင်းတယ်လို့ အပြောခံရရင်
အဲ့ဒီသူဟာ ခေါင်းဆောင်ကောင်းမဟုတ်ဘူး'' လို့
ပြောကြတာကိုလည်း ဘယ်လိုစဉ်းစဉ်းစား လက်မခံနိုင်ပါဘူး။
ဥပမာပေးရရင် မိသားစုအတွင်းမှာဆို
အမိန့်တွေနဲ့ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားတွေနဲ့ နေထိုင်ကြတာ ဖြစ်ပါတယ်။
တစ်ယောက်မကြိုက်တာကို တစ်ယောက်ကမလုပ်တာ/
တစ်ယောက်ဖြစ်စေချင်တာကို တစ်ယောက်က
လုပ်ပေးတာတွေဟာ ကြောက်လို့မဟုတ်ပါဘူး။
မေတ္တာတရားနဲ့ အလိုက်တသိ လုပ်ပေးကြတာဖြစ်ပါတယ်။
အဖွဲ့အစည်းအတွင်းမှာလည်း
ဒီလို နားလည်မှုတွေ မေတ္တာတရားတွေရှိနေရင်
ခေါင်းဆောင်ဟာ ငယ်သားတွေအပေါ်
သဘောမကောင်းနိုင်စရာ အကြောင်းမရှိပါဘူး။
ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရထားရင်
ခေါင်းဆောင်တစ်ယောက်ဟာ သဘောကောင်းကောင်းနဲ့
အလုပ်လုပ်လို့ရပါတယ်။
တစ်ခု သတိပြုရမှာကတော့
ယုံကြည်မှုတိုင်းဟာ အပြန်အလှန်သဘောရှိတယ်ဆိုတာပါပဲ။
ကိုယ်က သူ့ကိုယုံမှ သူကလဲ ကိုယ့်ကို ယုံပါလိမ့်မယ်။
လူတွေအများကြီး စိတ်ချမ်းသာအောင်
လုပ်ပေးနိုင်ရင် လောကနိဗ္ဗာန်ပါပဲ။
ကိုယ့်ကြောင့် လူတွေအများကြီး စိတ်ညစ်ရမယ်ဆိုရင်တော့ ဘုရားတရားတွေ ဘယ်လောက်လုပ်လုပ်
လောကငရဲမှာ သင်ဟာကျနေပါလိမ့်မယ်။
ကမ္ဘာပေါ်မှာ အကြောက်တရားလွှမ်းမိုးနေတဲ့
ဘယ်အဖွဲ့အစည်းမှ အောင်မြင်မှုမရတာကို သတိပြုရပါမယ်။
ဒါကြောင့် ခေါင်းဆောင်ဆိုတာ
တစ်ခြားအချက်တွေအပြင် လူစီမံခန့်ခွဲမှုကျွမ်းကျင်ပြီး
သဘောကောင်းဖို့ အရေးကြီးပါတယ်။

image
39 ပတ် - ဘာသာပြန်ပါ။

လူတွေဟာ နီးလွန်းရင် မမြင်နိုင်ကြတော့ဘူး
အထူးသဖြင့် ကိုယ့်ဘေးနားက လူတွေရဲ့ တန်ဖိုးကိုပေါ့
ကိုယ့်အပေါ် အမြဲကောင်းတဲ့သူကို
ကြာလာတော့ သာမှန်ဖြစ်စဉ်တစ်ခုလို
အရေးမကြီးသလို သဘောထားမိကြတယ်
ဒါဟာ သူ့စေတနာကို စော်ကားခြင်း တစ်မျိုးပဲ
တန်ဖိုးကို နားမလည်ဘူး
ကိုယ်ရင်ဖွင့်တိုင်း နားထောင်ပေးတဲ့ သူ့ရဲ့တန်ဖိုး
ကိုယ်ခက်ခဲတိုင်း ကူညီတတ်တဲ့ သူ့ရဲ့တန်ဖိုး
ဒါတွေကို လစ်လျှူရှုမိတယ်
ဒါဟာ နီးကပ်လွန်းလို့ မမြင်တာ
လွယ်လွယ်ရနေလို့ ပေါသွားတာလို့ပဲ ထင်ပါတယ်
ဒါ့ကြောင့်နဲ့ပဲ လူတွေဟာ
ကိုယ့်အပေါ် နှစ်တွေများစွာတိုင်
ကောင်းပေးခဲ့သူကို ပစ်ပြီး
မနေ့တနေ့ကမှ တွေ့တဲ့ လူတစ်ယောက်ဆီ
ပါသွားတတ်ကြတယ်
ကိုယ်တိုင်ကရော အဲ့သလို လူမျိုးဖြစ်နေမလား
ကိုယ်စာပို့တိုင်း Reply တန်းပြန်ပေးတာဟာ
သူ့အတွက် အရေးကြီးလို့ မဟုတ်ဘူး
ကိုယ့်အပေါ် အလေးထားတဲ့စိတ်ရှိလို့ တန်ဖိုးထားလို့ပဲ ။
ကိုယ်ချိန်းတဲ့အခါတိုင်း အမြဲလာတွေ့ပေးတာဟာ
သူအမြဲအားနေလို့ မဟုတ်ဘူး သူ့ရဲ့ လုပ်စရာတစ်ချို့ကို ဖျက်ထားခဲ့ရတာလဲ ဖြစ်နိုင်တာပဲ ။
ကိုယ်လိုအပ်တိုင်း အကူညီပေးတာဟာ
သူသိပ်အဆင်ပြေနေလို့ မဟုတ်ဘူး
ကိုယ့်ကို အဆင်ပြေစေချင်တာ
ကိုယ်ပြောသမျှတိုင်း နားထောင်ပေးတာဟာ
သူ့မှာပြောစရာ မရှိလို့ မဟုတ်ဘူး
ကိုယ့်ရဲ့ မပြည့်ဝမှုတွေကို
သည်းခံပေးတာဟာ နုံအလို့ မဟုတ်ဘူး
ဆုံးရှုံးသွားမှ တန်ဖိုးနားလည်မဲ့သူ မဖြစ်စေနဲ့
ကိုယ်သိရှိနားလည်ချိန်ဆို သူတို့ဟာ
သင့်ဘေးနားမှာ ရှိနေတော့မှာ မဟုတ်ဘူး
ကိုယ့်အတွက် အဖိုးတန်တဲ့ အရာတွေဟာ
ကိုယ့်ဘေးနားမှာပဲ ရှိနေတတ်ပါတယ်
ကိုယ့်အပေါ် ကောင်းပေးသူ
နွေးထွေးသူတွေကို တန်ဖိုးထားဆက်ဆံပါ
ဒီလိုလူမျိုးဟာ
ဘဝမှာ များများစားစား မတွေ့ရတတ်ပါဘူး။

image
39 ပတ် - ဘာသာပြန်ပါ။

眉苗

image
39 ပတ် - ဘာသာပြန်ပါ။

眉苗

image
39 ပတ် - ဘာသာပြန်ပါ။

眉苗

image
39 ပတ် - ဘာသာပြန်ပါ။

眉苗

image