ပထမဆုံးလူ မဖြစ်နိုင်တဲ့အခါ
ဒုတိယလူဆိုတာ
တတိယလူနဲ့ အတူတူပါပဲကွယ် ..
ငါ မိုက်မဲစွာ ရင်ခုန်တတ်သူ
အပွန်းအပဲ့များစွာ ဒဏ်ရာအပြည့်နဲ့လူ
မင်းလည်း ငါ့လိုပဲ ရင်ခုန်တတ်သူ
သို့ပေမယ့် ....
အသည်းနှလုံးစကား မပြောတတ်သူ ..
အိုကွယ် ..... ထားခဲ့တော့ ထားခဲ့တော့ကွယ်
ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့
ခွဲခွာရမယ့် အနာဂတ်ရဲ့ညနေတခုမှာ
လှပစွာ မင်းပြုံးနိုင်ဖို့အတွက်
မျက်ရည်တွေနဲ့ ငါ ပျော်မွေ့ဆဲပါ ..
တမ်းတကြေကွဲမှုတွေနဲ့
မျှော်လင့်ခြင်း ကမ်းပါးစွန်းပေါ်မှာ
ထားခဲ့တော့ကွယ် ...
ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့ .. ။
#ပိုင်စိုးဝေ

image