ထူထဲလှပတဲ့ ဆံပင်တွေ လိုချင်ပါသလား...❓❓
အံ့သြစရာကောင်းလောက်အောင် ဆံပင်ထူထဲစေမယ့်ကျန်းမာရေးနဲ့ညီညွတ်တဲ့ သစ်သီး (၆) မျိုးကို ပုံမှန်စားပေးခြင်းဖြင့် ဆံသားကို အာဟာရဖြည့်လိုက်ပါ! 🌟
1️⃣Citrus Fruits အချဉ်သီးများ (သံပုရာ၊ လိမ္မော်) 🍊🍋
လိမ္မော်သီး/သံပုရာသီးတို့မှာ ဗီတာမင် C ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ကော်လာဂျင် (Collagen) ထုတ်လုပ်မှုကို အားပေးပါတယ်။ ကော်လာဂျင်က ဆံသားအတွက် အရေးကြီးတဲ့
ပရိုတင်းတစ်မျိုးဖြစ်ပြီး ဆံသားကို သန်မာအောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဗီတာမင် C က သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဦးရေပြား ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
2️⃣ Guava ( မာလကာသီး)
မာလကာသီးမှာ ဗီတာမင် A နဲ့ C ကြွယ်ဝစွာပါဝင်ပြီး ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး ခြောက်သွေ့မှုမရှိအောင် ကာကွယ်ပေးတဲ့ သဘာဝအဆီတစ်မျိုးဖြစ်တဲ့ ဆီဘမ် (sebum) ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။မာလကာသီးကို ပုံမှန်စားသုံးခြင်းက ဆံပင်ကို ပိုမိုတောက်ပြောင်၊ သန်စွမ်းလာစေနိုင်ပါတယ်။
3️⃣ Papaya (သင်္ဘောသီး )
ဗီတာမင် A နှင့် အင်ဇိုင်းများပါဝင်ကာ
ထိုအင်ဇိုင်းများသည် ဦးရေပြားပေါ်ရှိ
ဆဲလ်သေများကို သန့်စင်ဖယ်ရှားပေးသည့်အစွမ်းထက်သော အရာများအဖြစ် လုပ်ဆောင်
ပေးပါသည်။ သန့်ရှင်းပြီး ကျန်းမာသော ဦးရေပြားသည် ဆံပင်ကြီးထွားမှုအတွက် အရေးကြီးပါသည်။
4️⃣ Banana (ငှက်ပျောသီး)
ငှက်ပျောသီးမှာ ပိုတက်ဆီယမ် (Potassium)၊ ဗီတာမင် B6 နဲ့ Folic Acid တို့လိုမျိုး အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒီဓာတ်တွေက ဆံပင်ကျွတ်တာကို လျှော့ချပေးပြီး ဆံပင်သန်စွမ်းစေပါတယ်။ ငှက်ပျောသီးကို ပုံမှန်စားပေးခြင်းဖြင့်ဆံပင်ခြောက်သွေ့တာကို သက်သာစေပါတယ်။
5️⃣ ဘယ်ရီသီးများ (စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ)
ဘယ်ရီသီးအမျိုးမျိုး (ဥပမာ - စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ) မှာ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေပါဝင်ပါတယ်။ ဗီတာမင် C က ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးပြီး antioxidants တွေက ဆံပင်မကောင်းအောင်လုပ်တဲ့ Free Radicals တွေကို တိုက်ထုတ်ပေးပါတယ်။ ဒါကြောင့် ဘယ်ရီသီးတွေက ဆံပင်ကို ပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး သန်စွမ်းစေပါတယ်။
6️⃣ ထောပတ်သီး 🥑
ထောပတ်သီးမှာ ဗီတာမင် E နဲ့ ဗီတာမင် C ဓာတ်တွေအများကြီး ပါဝင်ပါတယ်။ ဒီဗီတာမင်တွေက ဆံသားကို ရေဓာတ်ပြည့်ဝစေပြီး အိုမင်းရင့်ရော်တာကို တားဆီးပေးပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ မပြည့်ဝဆီ (Monounsaturated fat) လိုမျိုး အကျိုးပြုအဆီတွေက ဆံသားကို ကြံ့ခိုင်သန်စွမ်းစေပြီး ဆံပင်နှစ်ခွဖြစ်တာနဲ့ ကျွတ်တာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
💡 အရေးကြီးသောအချက်
ဆံပင်ကျန်းမာဖို့ ဒီသစ်သီးတွေကို ပုံမှန်စားသင့်သည့်အပြင် ပရိုတင်း ၊သံဓာတ်၊ ဇင့်တို့လည်း မျှတစွာ ဖြည့်တင်းဖို့ လိုပါတယ်။ ရေများများသောက်ပြီး စိတ်ဖိစီးမှုကို လျှော့ချကာ အိပ်ရေးဝအောင် လည်းအိပ်ဖို့လိုအပ်ပါတယ်။
💁♀️ဒီလိုအာဟာရပြည့်စုံမှုတွေကဆံပင်ကိုကျန်းမာသန်စွမ်းပီးတောက်ပြောင်တဲ့ဆံသားများရရှိစေမှာပါ! ✨
Fresh Fuel By Jasmine
#credit