"နင်ဧ၀ရတ်တောင်ကို တက်ခဲ့သူအကြောင်းသိလား
အဲလူပြုတ်ကျပြီး သေသွားတယ်
ကမ္ဘာ့ကုန်သွယ်မျှော်စင်တွေကြား ကြိုးတန်းလမ်းလျှောက်တဲ့ သူရောပေါ့
ဒီလူတွေ ဘာလို့ရူးမိုက်တဲ့အလုပ်လုပ်လဲဆိုတာ
ငါနားမလည်ခဲ့ဘူး
မင်းနဲ့မတွေ့ခင်ထိပေါ့
ငါတို့တစ်ခုခုကိုအရမ်းချစ်မြတ်နိုးလာတဲ့အခါ
အကြောင်းပြချက်တွေမလိုတော့ဘူး
အချစ်ကငါ့တို့ကိုမိုက်မဲတာတွေ လုပ်ရဲဖို့
သတ္တိတွေပေးလာတယ်
နင်ကငါ့ဧ၀ရတ်တောင်ပဲ
နင်ကငါဖြတ်သန်းရမယ့် ကုန်သွယ်မျှော်စင်ဟိုဘက်ခြမ်းပဲ"
One Day (2016)

image

ထိတ်လန့်သည်းဖိုဇာတ်ကားကြိုက်သူတွေ သေချာပေါက်အကြိုက်တွေ့နိုင်မယ့် Horror စီးရီးအသစ်တစ်ခုကို ညွှန်းပေးချင်ပါတယ်။ စီးရီးရဲ့အမည်က Chapelwaite ဖြစ်ပြီး IT, Shining, The Mist နဲ့ Pet Sematary တို့လို ဇာတ်ကားတွေရဲ့ မူရင်းဝတ္ထုဖန်တီးသူ နာမည်ကျော်ထိတ်လန့်သည်းဖိုစာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုတိုတစ်ပုဒ်ဖြစ်တဲ့ Jerusalem’s Lot ကို မှီငြမ်းရိုက်ကူးထားတာပါ။ ကျွန်တော်တို့ရဲ့စန္ဒယားဆရာ အော်စကာဆုရှင်မင်းသားကြီး Adrien Brody ကတော့ ဒီဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင် ချားလ်စ်ဘွန်း(Charles Boone)အဖြစ် သရုပ်ဆောင်ထားပါတယ်။
(ဇာတ်လမ်းအကျဉ်း -*Spoil မပါပါ)
ငယ်စဉ်ကလေးဘဝကကြုံခဲ့ရတဲ့ အတိတ်ဖြစ်ရပ်ဆိုးကနေ ရှောင်ရှားချင်တဲ့အတွက် မိခင်ရဲ့ဆန္ဒအတိုင်း ကုန်းမြေနဲ့ဝေးရာ ပင်လယ်ပြင်မှာပဲ ဝေလငါးဖမ်းသင်္ဘောကပ္ပတိန်အဖြစ် လုပ်ကိုင်ရင်း ဘဝကိုဖြတ်သန်းနေတဲ့ ချားလ်စ်ဘွန်း(Adrien Brody)ဟာ ၎င်းရဲ့ဇနီးဖြစ်သူ သင်္ဘောပေါ်မှာပဲ ဆုံးပါးသွားပြီးနောက်မှာတော့ ကွယ်လွန်သူဇနီးသည်ရဲ့ ဆန္ဒအတိုင်း သားသမီး(၃)ယောက်နဲ့အတူ သူအမွေရထားတဲ့ မိန်းပြည်နယ်မှာရှိတဲ့ ပရီချာကော်နာမြို့လေးအနီးက ချပ်ပယ်လ်ဝိတ်(Chapelwaite)စံအိမ်ကြီးဆီကို ပြောင်းရွှေ့လာခဲ့တယ်။ ချားလ်စ်ဘွန်းကို အမွေပေးခဲ့သူကတော့ Chapelwaite စံအိမ်ကြီးရဲ့ မူလပိုင်ရှင် သူ့ရဲ့အကိုဝမ်းကွဲ စတီဖင်ဘွန်းပဲဖြစ်ပြီး စတီဖင်ကတော့ သူ့သမီးမာဆယ်လာသေဆုံးမှုကြောင့် စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာပဲဖြစ်တယ်။ ချားလ်စ်တို့မိသားစု Chapelwaite ကိုရောက်ရှိတဲ့အခါမှာတော့ ပရီချာကော်နာမြို့ကလူတွေဟာ သေဆုံးသွားကြပြီဖြစ်တဲ့ သူ့အကိုစတီဖင်နဲ့ ဦးလေးဖြစ်သူဖိလစ်ဘွန်းတို့အပေါ် အမြင်မကြည်ကြပဲ Chapelwaite အိမ်ကြီးကိုလည်း နိမိတ်မကောင်းတဲ့အိမ်ကြီးအဖြစ်သတ်မှတ်ကာ ဝေးဝေးကရှောင်ကြဉ်နေကြတာကို တွေ့လာရတယ်။ ပရီချာကော်နာမြို့ထဲမှာလည်း ထူးဆန်းတဲ့ရောဂါတစ်မျိုး ပျံ့နှံ့ဖြစ်ပွားနေပြီး အဲ့ဒီရောဂါဟာ Chapelwaite အိမ်ကြီးနဲ့ ဘွန်းမျိုးနွယ်တွေကြောင့် ဖြစ်လာတာလို့ ယူဆနေကြကာ နောက်ရောက်လာတဲ့ ချားစ်လ်တို့မိသားစုကိုပါ ဆိုးဆိုးရွားရွား ပြောဆိုဆက်ဆံတာခံကြရတယ်။ ချားစ်လ်ကိုယ်တိုင်လည်း ညဘက်တွေမှာ Chapelwaite အိမ်ကြီးရဲ့ နံရံတွေကနေပြီး ရွေ့လျားကုတ်ခြစ်သံတွေ ကြားလာရသလို နေအိမ်မြေအောက်ခန်းရဲ့ ထုပ်တန်းတွေအပေါ်မှာလည်း တီကောင်တွေအများအပြား တွဲလောင်းကျနေတာကို တွေ့ရတယ်။ ဒါ့အပြင် ချားစ်လ်ရဲ့ကလေးဘဝက ဖြစ်ရပ်တွေကပါ အိပ်မက်ဆိုးတွေအဖြစ် သူ့အပေါ် ထပ်မံခြောက်လှန့်လာတဲ့အခါမှာတော့.....
လောလောဆယ် အပိုင်း(၄)ပိုင်းထိ ပြသပြီးဖြစ်တဲ့ Ongoing စီးရီးဖြစ်ကာ Season(1)မှာ အပိုင်း(၁၀)ပိုင်း ပါဝင်မှာဖြစ်တယ်။ IMDB Rating လည်း (7.5)ထိ ရရှိထားသလို reviews တွေလည်း ကောင်းမွန်ပါတယ်။ Cinematography တွေလည်း အရမ်းမိုက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကြည့်ပြီးသလောက်ထိတော့ တော်တော်အားရပြီး သဘောကျမိတယ်။ စီးရီးဖြစ်တဲ့အတွက် ရုပ်ရှင်ကားတွေလောက် ဇာတ်ရှိန်တက်တာမမြန်ဘူးလို့ ဆိုနိုင်ပေမယ့် ဇာတ်အိမ်ရှည်ရှည်ကိုပဲ ချောက်ချားဖွယ်ရသအပြည့်နဲ့ နောက်ဆုံးပိုင်းထိ ကြည့်ရှုသူတွေကို ခေါ်ဆောင်သွားမယ့်ပုံ တွေ့ရတယ်။ Stephen King's Fan တွေအတွက်ကတော့ The Outsider နောက်ပိုင်း ကျေနပ်အားရမှုပေးနိုင်မယ့် စီးရီးတစ်ခုဖြစ်သလို ထိတ်လန့်သည်းဖိုကိုမှကြိုက်တဲ့ ပရိသတ်တွေအတွက်လည်း မဖြစ်မနေကြည့်သင့်တဲ့ စီးရီးကောင်းတစ်ခုဖြစ်လို့ recommend ပေးလိုက်ပါတယ်။

image

Jacky Cheung ရဲ့ Goodbye Kiss ကို ဒီရုပ်ရှင်ရဲ့
last scene မှာ သုံးသင့်တယ်။
ကျွန်တော်လက်မခံနိုင်တဲ့ အရာတစ်ခုရှိတယ်။
ချစ်လျက်နဲ့ လမ်းခွဲတာဆိုတာ မရှိနိုင်ဘူးဆိုတာပါ။
တကယ်ချစ်ရင် ဘာပဲဖြစ်နေဖြစ်နေ ရင်ဆိုင်နိုင်ရမှာပေါ့။
ကျွန်တော် ဒီရုပ်ရှင်ကြည့်ပြီးတော့ ချစ်လျက်နဲ့လမ်းခွဲတာကို လက်ခံနိုင်ခဲ့တယ်။ လက်ခံပေးနိုင်တယ်ဆိုတဲ့စကားသုံးရင် ပိုမှန်မလားဘဲ။
တကယ်တော့ ဘဝဆိုတာ မရိုးရှင်းခဲ့ဘူး။
စာအုပ်လေးဖတ်မယ် ဆွေးနွေးမယ်။
ဂိမ်းလေးဆော့မယ်။
ရုပ်ရှင်တွေကြည့်ပြီး ငိုမယ်။ အဲ့ဒီအကြောင်းတွေကို ညလုံးပေါက်စကားတွေပြောကြမယ် ဆိုတာ အသက်ကြီးလာတဲ့အခါ အချိန်တွေ
မပေးနိုင်တော့ဘူး။ ခံစားချက်တွေထက် အ​ခြားအရာတွေ ဦးစားပေးလာခဲ့မိကြတယ်။
အသက်ကြီးလာတော့ တာဝန်ယူမှု တာဝန်ခံမှုတွေကြားမှာ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ ပျောက်ဆုံးကုန်ကြတယ်။ ခံစားချက်မဲ့လာခဲ့တာကို သတိမထားမိကြဘူး။
အဲ့ဒါကြောင့်
The Breakfast Club မှာ Allison Reynolds က
When you grow up , your heart dies လို့ ပြောခဲ့တာပေါ့။
ဒါပေမဲ့
ကျွန်တော်ကတော့ မသေခင်အထိ ခံစားတတ်တဲ့နှလုံးတစ်စုံ
မပျောက်မပျက်တည်ရှိချင်နေပြီး
ချစ်လျက်နဲ့ လမ်းခွဲတယ်ဆိုတာ မရှိဘူးဆိုတဲ့ အယူကို
ဆက်လက်ကိုင်စွဲထားတဲ့သူ ဖြစ်ချင်ပါသေးတယ်။

image

MONEY HEIST (Review) Spoiler Alert 🚨
------------------------
Part-4 မှာ လုံးဝအားမရခဲ့တဲ့ Money Heist က Part-5 မှာလဲ ကောင်းတာလဲပိုကောင်းလာပြီး ဆိုးတာတွေလဲ ကျန်နေတုန်းပဲ။
Plot-ရွှေတွေကို ထုတ်နေတဲ့ Professor တို့အဖွဲ့က ဆက်ထုတ်နေသလို Professor ကိုယ်တိုင်လဲ ဗိုက်ကြီးသည် ရဲ့ ဖမ်းတာကို ခံနေရတယ်။ရွှေတွေ ထုတ်နေတဲ့အဖွဲ့ကို ရဲနဲ့ နှိမ်နင်းလို့ မရတဲ့အချိန်မှာ စစ်တပ်ကိုပါ ခေါ်ပြီး နှိမ်နင်းခံရတယ်။အဲ့အချိန်မှာ ဗိုက်ကြီးသည်မက Professor စီမှာ ကလေးမွေးတယ်။နောက်တော့ Professor က သူ့အဖွဲ့နဲ့ပြန်ပြီး အဆက်အသွယ်ရတယ်။အဲ့အချိန်မှာ စစ်တပ် ရဲ နဲ့ Professor ကြားမှာ Power Play လုပ်တာကို ပြန်တွေ့ရပြီး Part-5 တစ်ပိုင်းပြီးတယ်။
Review - ကောင်းတာနဲ့ မကောင်းတာ တွဲနေတဲ့အတွက် ကောင်းတာအရင်ပြောရရင် fight Scene တွေအရမ်းမိုက်လာပြီး BGM တွေအရမ်းကိုကောင်းလာတယ်။Plot အတက်အကျအလိုက် သုံးသွားတဲ့ BGM တွေက သူ့နေရာနဲ့သူကို မိုက်နေတယ်။Fighting Scene တွေမှာလဲ ရွှေတွေထားတဲ့ Bank ထဲမှာတင် စစ်ပွဲတစ်ပွဲ ဖြစ်​နေသလို Battle ဆိုင်တာတွေကို ကြည့်ရတာ အားရစရာကောင်းတယ်။Crew Member တစ်​ယောက် Nairobi ကိုဆုံးရှုံးပြီးတဲ့အချိန်မှာ ကျန်တဲ့ Member တွေထိခိုက်ပြီဆိုတာနဲ့ Battle ဆိုင်နေချိန်မှာ ရအောင်ကယ်ထုတ်ပြသွားတာကို ကြည့်ရတာကလဲ အတော်မိုက်နေပါတယ်။Fighting Scene တွေအတွက် သုံးသွားတဲ့ CG တွေ Setting တွေနဲ့ BGM တွေက လုံးဝကို အလန်းပါ။
ဆိုးတာကို စပြောပါတယ် Part-4 ထဲက Villain တွေဘက်ကို Plot Armor ပေးချက်က လက်လန်တယ်။ဒါဟာ အချိန်စွဲဖို့ သက်သက်ပါ။ဒါကို Part-5 အထိ Netflix ဟာ အချိန်စွဲဖို့ အတွက် ဆက်လုပ်နေတုန်းပဲ။အရင်တုန်းက Villain ဖြစ်တဲ့ Arturo တို့ Gandia တို့ကို ဘယ်လိုသတ်သတ် မသေပဲ တစ်ကောင်ထဲနဲ့ ဒုက္ခတွေပေး အုပ်လိုက်ကြီးက တစ်ကောင်ထဲကို မထိန်းနိုင်တဲ့ ပုံစံတွေနဲ့ အချိန်ဆွဲခဲ့တာ အခုကျတော့ အဲ့နှစ်ကောင်အပြင် Suicide Squad လိုမျိုး အသုံးချမယ့် စစ်တပ်ကကောင်တွေကို Plot Armor ပေးပြီး Arturo ကလဲ ဒုက္ခထထပေးပြီး အချိန်ဆွဲ Tokyo ရဲ့ နောက်ကြောင်းတွေကို ပြန်ပြပြီး အချိန်တွေဆွဲ။ဗိုက်ကြီးသည်က Professor စီရောက်လာပြီး ပူးပေါင်းသွားတာကို ပြဖို့အတွက်နဲ့ Professor က ကလေးထိုင်မွေးပြပြီး Crew နဲ့ အဆက်အသွယ်ဖြတ်ပြထား။Berlin ရဲ့ သားအကြောင်းတွေကို ပြပြီး အချိန်တွေဆွဲ အဲ့တာတွေဟာ Part-5 နဲ့လုံးဝ မဆိုင်ပဲ Drama ချိုးချင်ရုံသက်သက် အချိန်ဆွဲချင်ရုံသက်သက်နဲ့ ထည့်ထားတဲ့ အခန်းတွေပဲ။အရင် Season -1,2 လောက်တုန်းကလို ရဲ နဲ့ Professor ကြား Power Play လုပ်တဲ့ feeling မျိုးလုံးဝမရခဲ့တာကြာပြီ။ငါးပိုင်း ပဲ ပါတဲ့ Part-5 Volume-1 ကို Episode-1-3 အထိ အပေါ်မှာပြောသွားသလို အချိန်ဆွဲသွားတာ စိတ်ပျက်စရာပါပဲ။Episode -4 လောက်အထိတောင်မှ အချိန်ဆွဲချင်နေတုန်းပဲ။Netflix ဟာ ငွေရပေါက်ဖြစ်မယ့်ဟာဆို Pick-up လုပ်ပြီး အချိန်ဆွဲရိုက်တာဟာ အဆိုးဆုံးပဲ။Villian ကို အသာစီးပေးလွန်းပြီး Crew Member တစ်ယောက်ကို တစ်ပိုင်းတစ်ခါ သတ်ပြနေတာလဲ စိတ်ပျက်စရာပါပဲ။Part-5 Volume-2 မှာ Bank ထဲကနေ အထွက်ကိုမပြပဲ ဒီပုံစံအတိုင်း ဆက်ရှိနေဦးမယ်ဆိုရင်တော့ Fighting Scene ကြည့်ဖို့သက်သက် ကျန်တော့မယ့် Series ဖြစ်လာပါလိမ့်မယ်။

image

ကို့ယ်အကြိုက်ဆုံး Favorite movie ဆိုတာ လူတိုင်းမှာ ရှိကြမယ်လို့ထင်ပါတယ်။ဘယ်ချိန်ကြည့်ကြည့် မရိုးသွားတဲ့ ရုပ်ရှင်လေးတွေပေါ့။အဲ့လို Favorite Movie list ထဲမှာ နောက်ထပ်ထက်ထည့်ရမယ့် ဇာတ်ကားတစ်ခုအကြောင်းပြောပြချင်ပါတယ်။
မင်းသမီး ဆန်ဒရာဘူးလော့ခ် Oscar ရရှိထားတဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပြီးတော့ IMDB မှာလည်း 7.6 အထိ ရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ American Football ကစားသမား Micheal Oher ရဲ့ ဘ၀ ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။Micheal ကိုငယ်ငယ်ကတော့ သူ့ကို လူကောင်ကြီးလို့ Big Mich လို့‌‌ခေါ်ကြပါတယ်။Micheal အမေက ဆေးသမားတစ်ယောက်ဖြစ်ပြီးတော့ Micheal ဟာလည်း စွန့်ပစ်ခံရထားတဲ့ လူမဲ ကောင်‌လေးတစ်ယောက်ဖြစ်ပါတယ်။အဲ့တာကြောင့် Micheal ဟာ အိမ်ခြေရာမဲ့ တစ်ယောက်ဖြစ်တဲ့အပြင် ကျောင်းစာလည်းကောင်းကောင်းမလိုက်နိုင်၊လူမဲဆိုလို့ သူတစ်‌ယောက်ပဲရှိတော့ သူဘ၀က ငယ်ငယ်လေးကတည်းက ရုန်းကန်နေရတဲ့ ကောင်‌လေးတစ်ယောက်ဆိုတာ ဇာတ်ကားထဲမှာ အတိုင်းသားမြင်တွေ့ရမှာဖြစ်ပါတယ်။သူ့မှာ တော်တဲ့ အရည်အချင်းတစ်ခုရှိပါတယ်။အဲ့တာကတော့ အခြားသူတွေကို ကာကွယ်နိုင်စွမ်းကောင်းတဲ့ အရည်အချင်း ရှိပါတယ်။တစ်‌ရက်မှာ Michael တစ်ယောက် အိပ်စရာမရှိလို့ အားကစားရုံကိုသွားအိပ်တဲ့လမ်းမှာ Ms.Anne တို့မိသားစုက သူ့တို့အိမ်ကို ခေါ်သွားပါတယ်။ဒီလိုနဲ့ Ms.Anne တို့က Micheal ကို သူ့သားအရင်းလိုမျိုး ပြစု စောင့်ရှောက်ပေးရင်း Micheal ရဲ့ ကာကွယ်နိုင်စွမ်းကောင်းတဲ့ အရည်အချင်းကို America football ကစားနည်းမှာ အသုံးချကြည့်ဖို့ အကြံရလာပါတယ်။ဒီလိုနဲ့ ကစားနည်းကိုတောင် မသိတဲ့ လမ်းဘေးက အိမ်ခြေရာမဲ့ လူမဲကလေးတစ်ယောက်ကနေ အောင်မြင်ကျော်ကြားတဲ့ America Football သမားတစ်ယောက်ဖြစ်လာအောင် ဘယ်လို ကြိုးစားရုန်းကန်ပြီး အခက်အခဲတွေကို ဖြတ်ကျော်သွားမလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။
လူငယ် ရော လူကြီးတွေပါ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပြီးတော့ အတုယူစရာကောင်းတဲ့ စကားတွေ၊အတွေးအခေါ်တွေလည်း တပုံကြီးပါတာမလို့ လုံး၀ လက်မလွှတ်သင့်ပါဘူး။အဲ့တာကြောင့်မလို့ "The Blind Side(2009)" ဆိုတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ခုကို ကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image

ဒီနေ့အတွက်ကတော့ 2013 ခုနှစ်က ထွက်ရှိထားတဲ့ Romance/Scifi ရုပ်ရှင်လေးတစ်ခုကိုပြောပြချင်ပါတယ်။ဒီရုပ်ရှင်က မင်းသား Joaquin Phoenix ကသရုပ်ဆောင်ထားပြီး မင်းသမီးအနေနဲ့ Scarlett Johansson ကသရုပ်ဆောင်ထားပြီး Oscar ဆုတွေအပြင် ဆုတွေလည်းရရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အိမ်ထောင်ကွဲထားတဲ့ Theodore က စာရေးသမားတစ်ယောက်ဖြစ်ပြီး အထီးကျန်နေတဲ့လူတစ်ယောက်ဆိုလည်းမမှားပါဘူး။နည်းပညာတိုးတက်နေတဲ့ခေတ်မှာဆိုတော့ အဲ့ဒီအချိန်မှာ OS1 ဆိုတဲ့ အဖော်ပြု AI စက်ရုပ်ရိုဘော့စ်မလေး တွေကို ကုမဏ္ဍီတစ်ခုက ကြော်ငြာလိုက်ပါတယ်။အဖော်ပြုပေးမယ့် ဒီစက်ရုပ်လေးတွေက Theodore ရဲ့ အထီးကျန်မှုရဲ့ဖြေရှင်းပေးမယ့် အဖြေတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ စက်ရုပ်မလေးနဲ့အတူ Theodore ရဲ့ဘ၀ကြီးက အရင်ကထပ် စိုပြေလာခဲ့ပြီး အချိန်တွေကြာလာတဲ့အချိန်မှာတော့ Theodore ရဲ့အချစ်တွေကပါနိုးထလာခဲ့ပါတယ်။ဒါပေမယ့်လည်း ချစ်ခြင်းမေတ္တာကို နားမလည်တဲ့ စက်ရုပ် နှင့် လူသားဆိုတာ ပေါင်းဖက်ကြဖို့ဆိုတာ ဖြစ်နိုင်ပေါ့မလား... ဆိုတာကိုတော့ ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်ကတော့ ချစ်ခြင်းမေတ္တာရဲ့ အလှတရားကို လှလှပပ‌ပုံဖော်ပြသထားပြီး အော်စကာ ဆုလေးဆုအထိ ရရှိထားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဒီလိုဆုတွေရ‌ထားတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ စိတ်ပူစရာမလိုတော့တဲ့အတွက် “Her(2013)”ကိုကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image

ကိုယ်က မိုးရာသီဆိုရင် အိပ်ယာထဲ Coffee တစ်ခွက်နဲ့ မှုခင်းကား၊ လူthetကားမျိုးကြည့်ရတာ ကြိုက်တဲ့သူဆိုတော့ Kdramaထဲမှာဆိုရင်
အရင်ကTell Me What You Sawတို့ Sketchတို့တော့ တော်တော်လေးအကြိုက်တွေ့တယ်
အဲ့နောက်ပိုင်း ကျောင်းတွင်းအkynnဖက်တဲ့ Dramaတွေ မှိုလိုပေါက်လာပြီး ဇာတ်ကြောင်းတွေက ထပ်နေတာနဲ့ ထိထိမိမိမှု့ခင်းကားမျိုး သိပ်မတွေ့ရတော့ဘူး
အခု ဟိုတလောလေးကထွက်ထားတဲ့
"Hunter With A Scalpel" ကတော့ ကွင်းဆက်လူthetကားမျိုးဆိုတော့ တော်တော်လေး
မိုက်တယ် Nine Puzzles တုန်းကတော့ ကိုယ်ကြိုက်တဲ့မင်းသမီးပါလို့ ကြည့်လိုက်ပေမယ့် လုံးဝအားမရဘူး အဖျားရှူးသလိုခံစားရတယ် ကိုယ်တစ်ယောက်ထဲရဲ့ အမြင်ပေါ့နော်
လူသိများပြီး ထက်မြက်တဲ့
အလောင်းခွဲစိတ်ဆရာဝန်ဆောဆယ်ဟွန်းက တစ်ရက်မှာ အလောင်းတစ်ခုကိုခွဲစိတ်စစ်ဆေးနေတုန်း လွန်ခဲ့တဲ့ အနှစ်၂၀က thayသွားပြီလို့ထင်ထားတဲ့ ကွင်းဆက်လူthetသမားဖြစ်တဲ့ သူ့အဖေရဲ့ လူthetတဲ့ လက္ခဏာတွေကို အဲ့အလောင်းမှာတွေ့လိုက်လိုက်ရတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲဆိုတာတော့
"Hunter With A Scalpel"ကို ဆက်ကြည့်ကြည့်ပါလို့

image
38 w - Translate

"If the House passes this bill, it will increase costs and hurt working class families for generations to come."
Former Pres. Obama condemned the GOP megabill, warning that millions of Americans could potentially lose access to health care "because Republicans in Congress are rushing to pass a bill that would cut federal funding for Medicaid and weaken the Affordable Care Act."
Obama urged his social media followers to call their representative and "tell them to vote no on this bill." https://abcnews.visitlink.me/klD79p

image
38 w - Translate

The Trump administration is pausing over $6 billion of congressionally-appropriated funding for after-school, student support, teacher training, English language and other education programs, according to an Education Department memo obtained by ABC News.
Read more: https://abcnews.visitlink.me/bEo4ec

image
38 w - Translate

Wyoming is reporting its first measles case in 15 years as the infectious disease continues to spread across the United States, according to the state’s Department of Health. The case comes from an unvaccinated child.
Wyoming is the 37th state to confirm a case of measles this year as infections near a 30-year high in the US.
Among the 1,227 nationally-confirmed cases, 95% are among people who are unvaccinated or whose vaccination status is unknown, the CDC says.
https://abcnews.visitlink.me/5C2WiY

image