1 y - Translate

ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ လယ်ဝေးမြိုနယ်တွင် ဖမ်းဆီးရမိ
****************
(မှုခင်း) ဇူလိုင် ၂၄
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအနီးတွင် အောင်နန်းချိုကျေးရွာဘက်မှ တောင်စဉ်အေးရွာအနီးတွင်း ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်တွင် စောနေပိုင် (ခ)နေပိုင် မောင်းနှင်လာသော LAND CRUSIER မော်တော်ယာဉ်နှင့် ရှေ့နောက်လိုက်ပါလာသည့် ချစ်နိုင်ထွေး (ခ) မိုးဒီ မောင်းနှင်လာသော ALPHARD မော်တော်ယာဉ်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူ ၆၇ ဒသမ ၃၃ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆၈၃၂၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါဘိန်းဖြူများအား လက်ခံ၍ မန္တလေးသို့ တာဝန်ခံသယ်ဆောင်သူ သိန်းမြင့် (ခ) သိန်းဟန်သည် တာချီလိတ်ဘက်သို့ တိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား လွိုင်ကော်မြို့နေ ခွန်နေလင်းအောင် (ခ) အားသိုက် (ခ) ယောဟန်၏ စေခိုင်းချက်အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့မှ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာအနီးသို့ လွိင်ကော်မြို့နေ သူရိန်စိုး (ခ) ဖိုးသာထူး (ခ)ဖိုးလုံးမှ လာရောက်ပို့ဆောင်ခဲ့သဖြင့် ရေနီမြို့နေ စောနေပိုင် (ခ) နေပိုင်နှင့် ပျဉ်းမနားမြို့နယ်နေ ချစ်နိုင်ထွေး (ခ) မိုးဒီတို့မှ လက်ခံ၍ပု ဗ္ဗသီရိမြို့နယ်နေ သိန်းမြင့် (ခ) သိန်းဟန်ထံသို့ လွှဲပြောင်း ပေးခဲ့သဖြင့် ၎င်းမှ ရန်ကုန်နှင့် မန္တလေးမြို့သို့ အကြိမ်ကြိမ်သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိသည်။

၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ် လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

image
1 y - Translate

Hunter x Hunter ကို Quality ကောင်းကောင်းနဲ့ပြန်ကြည့်ချင်တဲ့သူတွေအတွက် အပိုင်း ၁ မှ ၈၅ ထိရနေပါပြီ

https://t.me/linkcollectaom2/894

image
1 y - Translate

လေပြင်းတိုက်ခတ်မှုကြောင့် ပေါင်မြိုက နေအိမ်နဲ့ ဓာတ်တိုင်တွေပြိုလဲ
*******************
(ပြည်တွင်း) ဇူလိုင် ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့မှာ ဒီနေ့ ဇူလိုင် ၂၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တွေ၊ ဓာတ်မီးတိုင်တွေနဲ့ သစ်ပင်ကြီးတွေ ကျိုးကျလှဲပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပေါင်မြို့ ပေါင်းရပ်ကွက်၊ ထားဝယ်စုပိုင်း ရန်ကုန် – မော်လမြိုင်ကားလမ်းမကြီး ဘေးဘယ်ညာဝန်းကျင်ရှိ လူနေအိမ်တွေ၊ ဓာတ်မီးတိုင်တွေနဲ့၊ သစ်ပင်ကြီးတွေကျိုးကျလှဲကြတာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်ပွားရာနေရာကို တာဝန်ရှိသူတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေသွားရောက်နေပြီး လမ်းပိတ်ဆို့မှုမရှိစေ​ဖို့နဲ့ အပျက်အစီးတွေရှင်းလင်းဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်သမ္မတနှင့် မကြာမီကာလအတွင်း တွေ့ ဆုံနိုင်ဖွယ်ရှိကြောင်း ထရန့်ပြောကြား
တရုတ်သမ္မတရှီကျင်ပင်းနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံများဖြစ်ကြသည့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ကုန်သွယ်ရေးနှင့်ပထဝီနိုင်ငံရေးတင်းမာမှုများ ရှိနေချိန်တွင် သမ္မတဒေါ်နယ်ထရန့်၏ တရုတ်နိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် ထွက်ပေါက်တစ်ခုဖြစ်လာနိုင်သည်။
သမ္မတရှီကျင်ပင်းအနေဖြင့် မိမိကို တရုတ်နိုင်ငံသို့လာရောက်ရန် ဖိတ်ကြားထားရာ မိမိအနေဖြင့်လည်း များမကြာမီကာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းအပြင် မိမိနှင့်တရုတ်သမ္မတရှီကျင်ပင်းတို့အကြား ပုဂ္ဂိုလ်ရေးဆက်ဆံမှုမှာ အားကောင်းခိုင်မာနေဆဲဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ပြောထားသည်။
အကယ်၍ တရုတ်ခရီးစဉ်ဖြစ်မြောက်ခဲ့ပါက ယင်းခရီးစဉ်သည် သမ္မတဒေါ်နယ်ထရန့်အတွက် အမေရိကန်သမ္မတရာထူး ဒုတိယအကြိမ်ရယူပြီး နောက်ပိုင်းပထမဆုံး တရုတ်ခရီးစဉ်ဖြစ်လာလိမ့် မည်ဖြစ်သည်။
သို့ရာတွင် လက်ရှိအချိန်တွင် သမ္မတဒေါ်နယ်ထရန့်၏ တရုတ်ခရီးစဉ်အတွက် နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းနေကြဆဲဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတနှင့် တရုတ်သမ္မတတို့သည် တောင်ကိုရီးယားနိုင်ငံ၌ ယခုနှစ်အတွင်းကျင်းပမည့် အေပက်ထိပ်သီးညီလာခံတွင်လည်း သီးခြားတွေ့ဆုံနိုင်ခြေရှိသည်။
ရိုက်တာ

image
1 y - Translate

ခွေး Kite ပြီး ဒဏ်ရာရသွားတဲ့ လင်းနို့လေးကို အိမ်ခေါ်လာပြီးဆေးကုပေးခဲ့တဲ့ ပိုင်တံခွန်
သရုပ်ဆောင် ပိုင်တံခွန်က ခွေး Kite လို့ ဒဏ်ရာရလာတဲ့ လင်းနို့လေးကို အိမ်ခေါ်လာခဲ့တာပါ။ လင်းနို့လေးကို ဆေးကုသပေးပြီးနောက် ကျန်းမာလာပုံလေးကို သူက မှတ်တမ်းတင်ရိုက်ကူးထားခဲ့တာပါ။ လင်းနို့ဆိုတဲ့ သတ္တဝါလေးတွေဟာ ရောဂါပိုးတွေသယ်ဆောင်လာတတ်တာကြောင့် အန္တရာယ်ရှိပေမယ့် ပိုင်တံခွန်ကတော့ သက်ရှိတိုင်းဟာ မေတ္တာတရားနဲ့ထိုက်တန်တယ်လို့ဆိုပါတယ်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျပန်ဝန်ကြီးချုပ် အီရှီဘာ လာမည့် ဩဂုတ်လတွင် ရာထူးမှ နုတ်ထွက်ဖွယ်ရှိ
အထက်လွှတ်တော်ရွေးကောက်ပွဲ၌ အရေးနိမ့်ခဲ့ရပြီးနောက် လာမည့်ဩဂုတ်လကုန်ပိုင်းတွင် ရာထူးမှနုတ်ထွက်ရန် ဂျပန်ဝန်ကြီးချုပ် အီရှီဘာကစီစဉ်ထားကြောင်း ဂျပန်ပြည်တွင်းမီဒီယာများက ဇူလိုင် ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ဂျပန်ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်မှုနှုန်းလျှော့ချပေးရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ဂျပန်ဝန်ကြီးချုပ် အီရှီဘာတို့အကြား သဘောတူညီချက်တစ်ရပ်ရရှိခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်ရန် စီစဉ်ထားသည်ဟူသော သတင်းများပေါ်ထွက်လာခြင်းဖြစ်သည်။
အကယ်၍ဝန်ကြီးချုပ်ရာထူးမှ အီရှီဘာနုတ်ထွက်ခဲ့ပါက လက်ရှိအာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ပါတီခေါင်းဆောင်သစ် ရွေးချယ်ပွဲကို စတင်ရတော့မည်ဖြစ်သည်။
ဇူလိုင် ၂ဝရက်တွင်ကျင်းပခဲ့သော ဂျပန်အထက်လွှတ်တော် ရွေးကောက်ပွဲ၌ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် ညွန့်ပေါင်းအုပ်စု မိတ်ဖက်ပါတီတို့သည်အထက်လွှတ်တော်ကို အမတ်နေရာအများစုဖြင့် ထိန်းချုပ်နိုင်စွမ်းလက်လွှတ်ဆုံးရှုံးခဲ့ရသည်။
ရွေးကောက်ပွဲအရေးနိမ့်ခဲ့ရသော်လည်း အမေရိကန်အစိုးရနှင့် ကုန်သွယ်ရေးသဘောတူညီချက် ရယူနိုင်ချိန်ထိတိုင် ဝန်ကြီးချုပ်ရာထူးဆက်လက်ရယူထားမည်ဖြစ်ကြောင်း အီရှီဘာကကြေညာထားသည်။
အီရှီဘာသည် ပြီးခဲ့သည့်နှစ်အောက်တိုဘာလတွင် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် ဂျပန်ဝန်ကြီးချုပ်တာဝန်ကို စတင်ရယူခဲ့ခြင်းဖြစ်သည်။
ရိုက်တာ

image
1 y - Translate

🔹စကားပြောဖော်ရွေပြီး ဝန်ထမ်းများအား စီမံခန့်ခွဲအုပ်ချုပ်နိုင်သူများအတွက် I Jin Inter Myanmar Company Limited (Commalax Health & Beauty) မှ Showroom Supervisor ခေါ်ယူလျက် ရှိသောကြောင့် ယခုပဲလျှောက်ထားလိုက်ပါ ။ 🔹
Application Deadline: 10 Aug 2025
More Detail :https://joimyanmar.com/job/detail/24468
#company_direct_jobs_sharing
#joim_team
#job_opportunities_in_myanmar

image
1 y - Translate

"Pucca Company Limited" မှ လတ်တလောလစ်လပ်နေသော Position များကို ခုပဲလျှောက်ထားနိုင်ပါပြီ။
ဘယ်လိုလျှောက်ရမလဲ❓
အောက်ပါ Link များမှ တဆင့် Apply now နေရာတွင် လျှောက်ထားရန် E-mail, Viber Contact တို့ကိုကြည့်ရှုနိုင်ပါသည်။
◾️Digital Marketing Executive - Yangon
Salary Range: MMK 900,000 -1,000,000
https://www.joimyanmar.com/job/detail/24640
◾️Junior Digital Marketing - Yangon
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/24324
#company_direct_job_sharing
#joim_team
#job_opportunities_in_myanmar

image
1 y - Translate

ဒီရောဂါတွေမဖြစ်အောင် ဒီအလေ့အကျင့်ဆိုးတွေရှောင်
ရောဂါတွေနဲ့ သက်ဆိုင်တဲ့ ရှောင်ရှားသင့်တဲ့ အလေ့အကျင့်တွေကို အောက်မှာ ဖော်ပြထားပါတယ်။
-ဆီးချိုရောဂါ- ညဘက်နောက်ကျပြီး အစာစားခြင်း
-သွေးတိုးရောဂါ- ဆားအများကြီး သုံးစွဲခြင်း
-နှလုံးရောဂါ- ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
-အရိုးပွရောဂါ- နေရောင်ခြည်ကို ရှောင်ခြင်း
-အစာအိမ်ရောင်ခြင်း (Gastritis)- အလွန်မြန်မြန်စားခြင်း
-အက်ဆစ်ပြန်တက်ခြင်း (Acid Reflux)- အစာစားပြီးနောက် လှဲလျောင်းခြင်း
-သွေးအားနည်းရောဂါ - ထမင်းစားနေစဉ် လက်ဖက်ရည်သောက်ခြင်း
-အူလမ်းကြောင်းဆိုင်ရာပြဿနာများ- ရေအလုံအလောက် မသောက်ခြင်း
-ပန်းနာရင်ကျပ် - ဖုန်ထူသော ပတ်ဝန်းကျင်တွင် နေထိုင်ခြင်း
-အသည်းပြဿနာများ- ပြုပြင်ထားသော အစားအစာများ စားခြင်း
-ဗီတာမင်ဒီချို့တဲ့ခြင်း- အိမ်တွင်းမှာသာ နေခြင်း
-ကျောက်ကပ်ကျောက်တည်ခြင်း - ရေအနည်းငယ်သာ သောက်ခြင်း
-စိတ်ဖောက်ပြန်ခြင်း (Dementia)- နာရီပေါင်းများစွာ screentime
-အိပ်မပျော်ခြင်း - ညဘက်နောက်ကျပြီး ဖုန်း/ကွန်ပျူတာကြည့်ခြင်း
-စိုးရိမ်ပူပန်ခြင်း (Anxiety)- ဆိုရှယ်မီဒီယာကို အဆက်မပြတ်အသုံးပြုခြင်း
ကျန်းမာကြပါစေ။

1 y - Translate

အသက် ၃၀ ကျော်လို့ ဟော်မုန်းတွေ ပြောင်းလဲလာရင်တောင် နုပျိုလှပနေစေမယ့် လျှို့ဝှက်ချက် ၈ ခု
အမျိုးသမီးတွေ ဘာလို့ မြန်မြန်အိုလဲဆိုတော့ ဟော်မုန်းတွေကြောင့်ပါ။
-အရေးအကြောင်းတွေ- low estrogen ကြောင့်
-အသားအရေညစ်တာ- low collagen ကြောင့်
-ဆံပင်ကျွတ်တာ-thyroid + cortisol ကြောင့်
ဒီမှာ သဘာဝအတိုင်း နုပျိုလှပစေမယ့် လျှို့ဝှက်ချက် ၈ ချက် ရှိပါတယ်။
-အသက် ၃၀ နောက်ပိုင်း estrogen level ကို ထိန်းသိမ်းပါ။
- Estrogen က အသားအရေကို ပြည့်တင်းစိုပြေပြီး နုပျိုစေတယ်။
- Flaxseed၊ resistance training နဲ့ stress reduction တွေက ဓာတုဟော်မုန်း မပါဘဲ သဘာဝအတိုင်း ဟော်မုန်းညီမျှအောင် ကူညီပေးတယ်။
-Collagen မြန်မြန်လျော့တာကို နှေးကွေးအောင် လုပ်ပါ။
Hydrolyzed collagen ကို vitamin C နဲ့ တွဲပြီး နေ့စဉ် သောက်ပါ။
-Sugar နဲ့ alcohol တွေကို ရှောင်ပါ။ သူတို့က collagen ကို ပျက်စီးစေတယ်။
-လှပမှုက အပြင်က skincare ကြောင့်မဟုတ်ဘဲ Gut (အူလမ်းကြောင်း) ထဲက စတာပါ။
-နေ့စဉ် cortisol ကို လျှော့ချပါ။
-နာတာရှည် စိတ်ဖိစီးမှုက အသားအရေကို ပါးစေ၊ အရေးအကြောင်း ဖြစ်စေပြီး အလှတရားကို ခိုးယူသွားတတ်တယ်။
-လမ်းလျှောက်တာ၊ magnesium သောက်တာ၊ nervous system resets တွေ လုပ်တာက serum တစ်ခုထက် အများကြီး ပိုထိရောက်တယ်။
-မှန်ကန်တဲ့နည်းနဲ့ အဆီကျအောင် လုပ်ပါ။
Inflammation တွေ လျော့ပြီး အသားအရေ ကြည်လင်လာမယ်။ စွမ်းအင်တွေ ပြန်ရလာမယ်။
-ပိန်ဖို့သက်သက်မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကို ပိုလှပတဲ့ပုံစံနဲ့ ပြန်ပေါ်လာဖို့ပါ။ အခုပဲ စလိုက်ပါ။ ကိုယ့်ရဲ့ glow က cleanse ကြောင့် မဟုတ်ဘူးနော်။
-Gut (အူလမ်းကြောင်း) ကို ကုစားပြီး ဝင်းပအောင် လုပ်ပါ။
Gut (အူလမ်းကြောင်း) ကျန်းမာရေး မကောင်းရင် အာဟာရစုပ်ယူမှု ညံ့တယ်။
Bone broth၊ fermented foods နဲ့ ဖြည်းဖြည်းချင်း သေချာစားသောက်တာတွေကို ထည့်သွင်းပါ။
* Gut (အူလမ်းကြောင်း) ကောင်းရင် အသားအရေ ဝင်းပပြီး ဆံပင်ထူလာမယ်။
-သဘာဝ anti-aging အတွက် ဝိတ်မပါ။
Strength training က collagen ကို တိုးစေ၊ estrogen ကို မြှင့်တင်ပေးပြီး အသားအရေကို ကျစ်လျစ်စေတယ်။
ဒါက ultimate glow-up routine ပါပဲ။ filter လဲ မလို၊ filler လဲ မလိုဘဲ ကြွက်သားနဲ့ metabolism က သင့်အတွက် အလုပ်လုပ်ပေးမှာ။
-အိပ်စက်ခြင်းက ညီမတို့ရဲ့ အစစ်အမှန် အလှအပကုထုံးပဲ။
-အသားအရေက ညဘက်မှာ ပြန်လည် recover အားဖြည့်တယ်။
-အိပ်ရေးပျက်ရင် အရေးအကြောင်း ပိုများ၊ ညစ်ပတ်ပြီး ရောင်ရမ်းမှုတွေ ဖြစ်လာမယ်။
-၇-၈ နာရီ အိပ်ချိန်ကို skincare budget ရဲ့ အစိတ်အပိုင်းတစ်ခုလို ကာကွယ်ပါ။
ကိုယ့်energy နဲ့ workouts တွေကို cycle sync လုပ်ပါ။
အမျိုးသမီးတွေရဲ့ glow ဖြစ်ခြင်းက ရာသီစက်ဝန်းနဲ့အမျှ ပြောင်းလဲတယ်။
-Ovulation အချိန်မှာ energy များတယ်။ luteal အချိန်မှာ ဖြည်းဖြည်းလုပ်ပါ။
-Hormone harmony က အသားအရေ၊ ဆံပင်နဲ့ စိတ်အခြေအနေကို ကောင်းမွန်စေတယ်။
အလွယ်ဆုံးနဲ့အကောင်းဆုံးနည်းလမ်းက ဒါအကုန်ပဲ။
လိုက်လုပ် /မလုပ်ကတော့ အမိတို့ရဲ့ လွတ်လပ်ခွင့်ပါ။