21 w - Translate

ျောက်မင်းလေးပြန်လည်မွေးဖွားလာပြီ 😳😳

the monkey king reborn

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဝူခုန်းတို ဆရာတပည့်တွေ ခရီးလမ်းတစ်ဝက်မှာ ဘုရားကျောင်းတစ်ကျောင်းကို ဝင်ရောက်နားခိုပြီး အသီးစားသုံးရာကနေ စတင်ဖြစ်ပွားတဲ့အကြောင်းလေးဖြစ်ပါတယ်ဝူခုန်းတို ညီအကို ၃ယောက် ဘုရားကျောင်းကအသီးကိုခိုးစားရာမှ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေရဲ့ ခေါင်းဆောင်ဖြစ်သူ နှစ်ပေါင်းထောင်ချီအောင် ထိန်းချုပ်ပြီးအိပ်စက်နေတဲ့ ယွမ်တိနတ်ဆိုးကြီးကို မထင်မှတ်ပဲ ကျိန်စာတွေကြားမှလွတ်မြောက်ပေးခဲ့မိပါတယ်ယွမ်တနတ်ဆိုးက နတ်ဆိုးနာမည်အတိုင်း လောဘစိတ်တွေနဲ့ လူ နတ် ငရဲဆိုတဲ့ ဘုံ၃ဘုံလုံးကို သူပဲခေါင်းဆောင်လုပ်ချင်တဲ့စိတ်နဲ့ အုပ်ချုပ်သွားဖိုကြံစည်ရာကနေဝူခုန်းတိုရဲ့ ဆရာဖြစ်သူကိုဖမ်းသွားပါတယ်၃ရက်အတွင်းမကယ်နိုင်ရင် ယွမ်တိနတ်ဆိုးရဲ့ လွမ်းမိုးမှူအောက်မှာပဲနေရတော့မှာဖြစ်ပါတယ်ဆရာဖြစ်သူကို ၃ရက်အတွင်း ကယ်ဖိုစီစဉ်နေချိန်မှာပဲ ဝူခုန်းတို ညီအကို ၃ယောက်က မထင်မှတ်ပဲ သူငယ်ချင်းလေးတစ်ယောက်ရသွားပါတယ်အဲ့သူငယ်ချင်းက ဘယ်သူဖြစ်မလဲ?

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/MM_SUB2/68

image

ငါးဟင်းချက်တဲ့အခါ
••••••••••• တဆင့်ပြန်ပြီး မျှဝေပေးတာပါရှင့်
ပုံစံ၃မျိုးချက်လို့ရပါတယ်
ဆီသပ်ပြီးဆီသပ်တဲ့အထဲထည့်လုံးချက်တာရယ်
ဆီသပ်ပြီးရေနွေးလောင်းဟင်းရည်ဆူမှငါးထည့်တာရယ်
ငရုတ်သီးအနှစ်နဲ့ငါးကိုတခါတည်းလုံးပြီးချက်တာရယ်ပါ
ဆီသပ်ငါးထည်လုံးတဲ့အရသာကငါးအသားမာမာအရသာအပြည့်အဝဝင်တဲ့အရသာ။
ဆီပြန်နဲ့လိုက်ဖက်ပါတယ်
ဟင်းရည်ဆူမှငါးခပ်ရင်တော့ငါးရဲ့သဘာဝအရသာနူးနူးညံညံ့လေးဖြစ်တယ်
ငါးကျီး၊ငါးခူစတဲ့အကြေးခွံမပါသောငါးချက်ရင်ဟင်းရည်ဆူမှထည့်တာပိုစားကောင်းပါတယ်
ချွဲကျိကျိမဖြစ်စေပါဘူး
ငါးသလောက်လဲပင်လယ်ငါးသလောက်ဆိုဆီသပ်လုံးချက်ရင်အနှစ်ကဆီဂျီးနံ့လိုလိုနံတတ်ပေမယ့်ဟင်းရည်ဆူမှထည့်ချက်ရင်အနံလေးတော်တော်မွှေးပြီးနူးညံ့တယ်
ရေချိုချက်ဆိုရင်တော့ငရုတ်သီးအနှစ်နဲ့တခါတည်းလုံးချက်တာနဲ့လိုက်ဖက်ပါတယ်
လုံးချက်တဲ့အနံ့နဲ့ငါးရေချိုချက်ကလိုက်ဖက်ပါတယ်
ပန်းခရေချက်ရင်းသိလာသလောက်မျှဝေတာပါရှင်

image

ချစ်စရာမျက်နာလေးနဲ့

ဒေသအစားအစာ ...ပိန္နဲသီးရခိုင်ချက်
=======================

ပိန္နဲသီးကို အမှည့်ခံပြီး အသီးအနှံအဖြစ် စားကြသလို မမှည့်ခင်မှာလည်း ပိန္နဲသီးအစိမ်းကို ဟင်းလျာအဖြစ် စားကြပါတယ်။ ပိန္နဲသီးအကင်းလေးတွေကို အကွင်းလှီးပြီး အတို့အမြှုပ်အဖြစ် ပြုတ်စားကြသလို မနုမရင့် အနေတော် ပိန္နဲသီးစိမ်းကို သူ့ချည်းသက်သက်ဖြစ်စေ၊ အသားများနဲ့ ရောလို့တစ်ဖုံ အမျိုးမျိုးအစုံစုံ ချက်ပြုတ်စားကြပါတယ်။

ပိန္နဲသီးရဲ့ဂုဏ်ကို ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့ ဥတုဘောဇနသင်္ဂဟကျမ်းမှာ ပိန္နဲသီးစိမ်းသည် ချို၏၊ ဖန်၏၊ ကြေခဲ၏၊ လေကိုပျက်စေတတ်၊ ပူလောင်ခြင်းကို ပြုတတ်၏။ အား၊ သလိပ်၊ အဆီခဲတို့ကို ပွားစေတတ်၏။ ပိန္နဲသီးမှည့်သည် အေး၏၊ ချို၏၊ အဆီဩဇာရှိ၏၊ လေ၊ သည်းခြေကိုနိုင်၏လို့ ဖော်ပြထားပါတယ်။

ပိန္နဲသီးနဲ့ဆင်တူလွန်းလို့ ပိန္နဲသီးရယ်လို့ မှားတတ်တဲ့ အသီးတစ်မျိုးရှိပါတယ်။ အဲဒါကတော့ မြိတ်၊ ထားဝယ် ဘက်မှာတွေ့ရတဲ့ စုံပတတ်သီးပါ။ ပိန္နဲပင်က တောင်ပေါ် မြေပြန့်ဒေသမရွေး ပေါက်ရောက်တာကြောင့် ပိန္နဲသီးကို ဒေသအလိုက် ပုံစံအမျိုးမျိုး ချက်ပြုတ်စားသောက် ကြပါတယ်။ မွန်ပြည်နယ်ဘက်မှာ ပိန္နဲသီးစိမ်းကို သက်သတ်လွတ်ဟင်းအဖြစ် စားကြသလို ရခိုင်ဘက်မှာ တော့ ပိန္နဲသီးကို အတုံးလေးတွေတုံးပြီး ဆူးပုပ်ရွက် အုပ်ချက်ရတဲ့ ပိန္နဲသီးရခိုင်ချက်ကို စားဖူးသူတိုင်း စွဲမက် ကြပါတယ်။ ပိန္နဲသီးရခိုင်ချက် ချက်မယ်ဆိုရင် လိုအပ်တာ တွေက ဖော်ပြပါအတိုင်းဖြစ်ပါတယ်။

ပိန္နဲကွင်းအစိမ်း - ၃ ကွင်း
ငရုတ်သီးစိမ်းထောင့် - ၁၀ တောင့်
ကြက်သွန်နီ^ဖြူ - ၂/၁
ဆူးပုပ် - ၁ စည်း
မျှင်ငါးပိ - ကွမ်းသီးလုံးခန့်
ဆား၊ နနွင်း - သင့်ရုံ

ဟင်းချက်တော့မယ်ဆိုရင် ပိန္နဲကွင်းကို အရွယ်တော် အတုံးလေးတွေတုံး၊ ငရုတ်သီးစိမ်းတောင့်ကို အညှာ ချွေကာ ဒယ်အိုးမှာလှော်ပြီး လေးစိတ်ကွဲထောင်းထား၊ ကြက်သွန်ဖြူ/နီကို အခွံသင်ပြီး ညက်ညက်ထောင်းပါ။ အားလုံးအသင့်ဖြစ်က ဒယ်အိုးတစ်လုံးမှာရောထည့်ပြီး မျှင်ငါးပိအရည်ဖျော်လောင်း၊ ဆား၊ နနွင်း ဖြူးပြီး အဖုံးပိတ် တည်ပါမယ်။

ဟင်းအိုးဆူလာက အဖုံးဖွင့်ပြီး အနှံ့မွှေပါ။ ပိန္နဲသီးတုံး လေးများနူးအောင် ရေအနည်းငယ်ထည့်ပြီး ချက်ရပါ မယ်။ ပိန္နဲသီးတုံးလေးများ နူးလောက်ရင် အသင့်သင် ထားတဲ့ ဆူးပုပ်ရွက်လေးအုပ်ပြီး ရေစပ်စပ်နဲ့ဖိုမှချပါ။ ပူပူလောလော ဆိမ့်ဆိမ့်စပ်စပ်အရသာရှိတဲ့ ပိန္နဲသီးရခိုင် ချက်ဟာ ဆီမလိုတဲ့ သဘာ၀သီးနှံ ဟင်းတစ်မယ်ဖြစ်တဲ့ အပြင် အာဟာရပြည့်၀တဲ့ ကျန်းမာရေး ဟင်းတစ်ခွက်လို့ လည်း ဆိုနိုင်ကြောင်းပါဗျာ...။

image
21 w - Translate

အိမ်ကနေ ထွက်ပြေးလာတဲ့ အိမ်ပြေးကောင်လေးနဲ့ အချိန်ပိုင်း အလုပ်သမား ကောင်မလေးတိုရဲ့ ကြေကွဲစရာအချစ်ဇာတ်လမ်းလေး 💔

Weathering With You ( 2019 ) 📱
=========================

မိုရီရှိမာ ဟိုဒါကာ( Morishima Hodaka ) ဆိုတာက သူနေတဲ့ ကျွန်းမြိုလေးကနေ တိုကျိုမြိုကြီးဆီကို ထွက်ပြေးလာတဲ့ ၁၆ နှစ်အရွယ်အိမ်ပြေးကောင်လေးတစ်ယောက်

အာမာနို ဟီနာ ( Amano Hina ) ကတော့ တိုကျိုမြိုကြီးမှာ အချိန်ပိုင်းအလုပ်လုပ်ပြီး ဘဝကို ထိန်းကျောင်းနေတဲ့ကောင်မလေး

တိုကျိုမြိုကြီးမှာ အသက်မပြည့်တဲ့ကလေးတွေအတွက် အလုပ်ရဖိုဆိုတာ အင်မတန်ခဲယဉ်းပါတယ်…

ဒီတော့ ဟိုဒါကာ အနေနဲ့ တိုကျိုမြိုကြီးမှာ ဒုက္ခပင်လယ်ဝေပြီး အခက်ကြုံတော့တာပေါ့

ဒါပေမဲ့ တစ်နေ့မှာ ဟီနာဆိုတဲ့ ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့အပြီးမှာတော့……

အခု ပရိတ်သတ်ကြီး ခံစားကြည့်ရှုရမယ့် “ Weathering with you ” ဆိုတဲ့ ဇာတ်လမ်းကြီး စတင်ပါတော့တယ်….

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/relaxmovie1/1867

image

ပိန္နဲသီးအစပ်ချက်
----------------------
ပါဝင်ပစ္စည်းများ
• ပိန္နဲသီးအစိမ်း - ၂ ကွင်း
• ငရုတ်သီးစိမ်း - ၁၀ တောင့် (ထောင်းထားပါ)
• ကြက်သွန်ဖြူ - ၄ မြွှာ (ထောင်းထားပါ)
• နံနံပင် - အနည်းငယ်
• ပဲပုပ်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း (ကင်ပြီး ထောင်းထားပါ)
• ခရမ်းချဉ်သီးအနှစ် - ထမင်းစားဇွန်း ၁ ဇွန်း
• ဆား - အနည်းငယ်
• ရေ - အနည်းငယ်
• သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ခရမ်းချဉ်သီးမှည့် - ၁ လုံး (ကြေအောင် ခြေထားပါ)

ပြုလုပ်နည်း
၁။ ပိန္နဲသီးကို အူတိုင်ထုတ်၍ ၁ လက်မအရွယ် ဖြတ်ထားပါ။ ပြီးလျှင် ရေ ပွက်ပွက်ဆူထဲ ဆားအနည်းငယ်ထည့်ပြီး ၁၀ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ၎င်းကို ဆယ်ယူပြီး ရေအေးနှင့် ဆေးထားပေးပါ။
၂။ ဒယ်အိုးထဲ ပိန္နဲသီးပြုတ်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပဲပုပ်မှုန့်၊ အရသာအားလုံးထည့်ပြီး လုံးချက်ချက်ပါ။

image
21 w - Translate

𝗁𝖾𝗅𝗆𝖺 𝗍𝗁𝖾 𝖴𝗇𝗂𝖼𝗈𝗋𝗇 [2024]
 
ကာတွန်းကားသစ်လေး😍

Netflix ရဲ့ 2024 နောက်ဆုံးထွက် musical animation ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်

အဓိက character ဖြစ်တဲ့ မြင်းမလေး Thelma ကို အသံသရုပ်ဆောင်ပေးထားတာကတော့ ဂရမ်မီဆုတွေရထားတဲ့ Brittany Howard ဖြစ်လို သီချင်းတွေ
မကောင်းမှာကို လုံးဝစိတ်ပူစရာ မလိုပါဘူး။
 
ဇာတ်လမ်းလေးကတော့
နာမည်ကျော်အဆိုတော် ဖြစ်ချင်တဲ့ မြင်းပုမလေး Thelma ဟု သူ့ရဲ့အပေါ်ယံရုပ်ရည်ကြောင့် အိပ်မက်တွေ
လက်တွေ့ဖြစ်ဖို အလှမ်းဝေးနေပါတယ်။

အဲဒီချိန်မှာ မတော်တဆမှုတစ်ခုကြောင့် မြင်းပုလေးကနေ unicorn အဖြစ် ပြောင်းသွားချိန်မှာ အောင်မြင်မှုတွေက
ပိုနီးလာမလား ပိုဝေးသွားမလား သူ့ရဲ့မိတ်ဆွေစစ် မိတ်ဆွေတုတွေကရော သူ့ကို ဘယ်လိုဆက်ဆံကြမှာလဲ

စတဲ့ ဇာတ်လမ်းလေးကို အကောင်းဆုံး သီချင်းတွေနဲ့ ထိုင်ရာမှ မကြွ အစအဆုံးကြည့်နိုင်အောင် ဆွဲဆောင်နိုင်မဲ့
ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်….

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/relaxmovie1/1882

image
21 w - Translate

Oink (2022)

ခွေးလေး ကြောင်လေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးတာများပေမယ့်

ဝက်ကလေးတွေကိုတော့ အဲဒီလိုမွေးတာ သိပ်မမြင်ဖူးကြဘူးမလား?

ဒီကားထဲက Babs ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့မွေးနေ့မှာ သူ့အဖိုးဆီကနေ ဝက်ပေါက်ကလေးတစ်ကောင်ကို
မွေးနေ့လက်ဆောင်အနေနဲ့ လက်ဆောင်ရရှိခဲ့ပါတယ်…

အချိန်ကြာလာတာနဲ့အမျှ ကောင်မလေးနဲ့ဝက်ကလေးတို ကြားက သံယောဇဉ်ကြိုးဟာပိုပြီးခိုင်မာလာခဲ့ပါတယ်

ဒါပေမယ့် ကောင်မလေးကို ဝက်ကလေးမွေးနေ့လက်ဆောင်ပေးတဲ့ သူ့အဖိုးရဲ့
တကယ့်သရုပ်မှန်က ဘာလဲ…

ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကြည့်ရမယ့် Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/englishmovie200/902

image
21 w - Translate

Coraline (2009)

IMDB (7.7/1

ဒီဇာတ်ကားလေးကတော့ Cartoonကိုမှdarkဘက်ရောက်တာမျိုးပါ။ ကလေးတွေကြည့်ဖိုထက် ကြောက်စရာကောင်းတဲ့ဘက်ကိုဇာတ်အိမ်တည်ထားပါတယ်

ဇာတ်လမ်းလေးရဲ့အစမှာ ကိုရာလိုင်းဆိုတဲ့ကောင်မလေးတိုမိသားစုဟာ မိဘတွေရဲ့အလုပ်ကိစ္စကြောင့် တိတ်ဆိတ်ငြိမ်သက်တဲ့ အိမ်တစ်အိမ်ဆီ ပြောင်းရွှေ့လာခဲ့ကြတယ်။

ကိုရာလိုင်းရဲ့ အဖေနဲ့ အမေက အလုပ်တွေရှုပ်လွန်းနေကြတဲ့အတွက် သမီးဖြစ်သူကို ဂရုမစိုက်နိုင်သလိုဖြစ်နေတော့ အဆင်မပြေတဲ့မိသားစုလေးတစ်စုလို ဖြစ်နေခဲ့တာပေါ့။ တစ်နေ့မှာတော့ ကိုရာလိုင်းဟာ အဲ့ဒီအိမ်ကြီးထဲက မှော်တံခါးပေါက်သေးသေးလေးတစ်ခုကို တွေ့သွားတယ်။

ကိုရာလိုင်းဟာ အရာရာကိုစူးစမ်းတတ်ပြီး သတ္တိရှိတဲ့ကလေးမလေးတစ်ယောက်ဖြစ်တာကြောင့် အဲ့ဒီတံခါးပေါက်လေးထဲကိုဝင်သွားကြည့်လိုက်မိတဲ့အချိန်ကစပြီး မထင်မှတ်ထားတာတွေ စဖြစ်ပါတော့တယ်။ ဒီတော့ အဲ့ဒီတံခါးပေါက်သေးသေးလေးထဲမှာ ဘာတွေရှိနေမလဲ။

ကိုရာလိုင်းတစ်ယောက် ဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်သွားရမလဲဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/englishmovie200/913

image
21 w - Translate

Boonie Bears: Future Reborn (2025)

ဒီတစ်ခေါက်မှာတော့ တရုတ်ရဲ့ ပြည်တွင်း နာမည်ကြီး ကာတွန်းစီးရီးတွေထဲက
တစ်ခုဖြစ်တဲ့ ဝက်ဝံညီအစ်ကိုနဲ့ သစ်ခုတ်သမားကြီး ဖိုးကတုံး (ကွမ်းထိုချန်) တိုရဲ့ 
၁၁ ခုမြောက်ရုပ်ရှင်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ရုံတင်သွားခဲ့တဲ့
ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...

ဇာတ်လမ်းလေးထဲမှာ အရင်လိုပဲ မတည့်အတူနေ
ဝက်ဝံကြီးနဲ့ ဝက်ဝံလေးတိုက  ကွမ်းထိုချန်  နဲ့ မိတ်ဆွေတွေပါပဲ...
မတူတော့တာကတော့ နောက် အနှစ် ၁၀၀ မှာ ဒီလောကကြီးက မတူတော့တာပါပဲ
အသားစားတဲ့ အပင်တွေက နေရာယူပြီး... ယခင်ကတည်ရှိနေတဲ့
သက်ရှိအားလုံးကတော့ မျိုးတုံး ပျက်စီးကုန်တာပါပဲ...

ဒါတွေအားလုံးက တရားခံကတော့  ကွမ်းထိုချန်ပါပဲ...
ဟုတ်ပါတယ်... ဇာတ်လမ်းလေးအစကို ပြောရမယ်ဆိုရင်...
ဒီရုပ်ရှင်ထဲမှာ  ကွမ်းထိုချန်  က သစ်မခုတ်တော့ဘဲ
ခရီးသွားလမ်းညွှန်အလုပ်ကို ပြောင်းလုပ်နေတာပါ...

ဒါပေမယ့် ခရီးသည်တွေကို မထိန်းနိုင်တဲ့လမ်းညွှန်ပေါ့...
ဒီလိုနဲ့ ခရီးသည်တွေရဲ့ ကွန်ပလိန့်(မကျေနပ်ချက်)တွေကို
ဖြေရှင်းရင်း...

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/relaxmovie1/1930

image