Helarri shared a post  
124 yrs

11 w

#ဆေးဘဲဥနှင့်ဝက်သားနုပ်နုပ်စင်းကြော်
ဆေးဘဲဥကိုအခွံ့ခွာပြီး အစိတ်လေးများစိတ်ထားပါ။
ဝက်သား ( နှစ်သက်ရာအသားအသုံးပြုနိုင် ) ကိုနုပ်နုပ်စင်းပြီး အရသာမှုန့် ထည့်နယ်ထားပေးပါ။ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပေးပါ။
ဆီသပ်ဖို့အတွက် ဆီထည့်ပါ။
ဆီဆူလာပြီဆိုမှ ထောင်းထားသောကြက်သွန်ဖြူကိုထည့် ဆီသပ်ပါ။
ပြီးနောက် ဝက်သားထည့်ပါ။
ပဲငံပြာရည်အကြည် ခရုဆီ ညှပ်ထားသောငရုတ်သီးစိမ်း ရေအနည်းငယ်ထည့်ပြီး ကြော်ပေးပါ။
၃မိနစ်ခန့် ကြော်ချက်ပေးပါ (လိုအပ်ပါက ရေအနည်းငယ်ထည့်ပါ)
ရေခမ်းပြီးကျတ်ပြီဆိုရင် ဝက်ပင်စိမ်းရပါပြီ
ပန်ကန်ထဲ အညီအညာစီထားသော ဆေးဘဲဥ ပေါ်သို့ ချက်ထားသော ဝက်သားကိုထည့်တင်ပေးပါ
အခုဆိုရင်တော့အရသာရှိသော ပုံစံအသစ်ဟင်းလေးဖြစ်တဲ့ ဆေးဘဲဥနှင့်ဝက်သားနုပ်နုပ်စင်းကြော်လေးရပါပြီ ချစ်တို့ရေ …

image
image
image