Get ready for sun-soaked days and warmer weather: the summer solstice is just around the corner.
https://www.goodmorningamerica.....com/living/story/su
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Get ready for sun-soaked days and warmer weather: the summer solstice is just around the corner.
https://www.goodmorningamerica.....com/living/story/su
The Star (2017)
ဒီကားမှာဆိုရင်တော့ Mariah Carey, Oprah Winfrey နဲ့တခြားတခြားသောနာမည်ကျော်များက နောက်ခံစကားပြောများအဖြစ်ပါဝင်အားဖြည့်ထားကြပါတယ်..
လေကြောလေးလျှော့ပြီး အညွှန်းလေးပြောမယ်ဗျာ..
မြည်းလေးတစ်ကောင်ဟာ ကြိတ်စက်ထဲမှာပဲ သံသရာလည်ရင်း အပြင်လောကကို စူးစမ်းချင်ခဲ့ပါတယ်..
သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ချိုးငှက်လေး ဒေ့ဗ်ဟာ မြည်းလေးရှိတဲ့ ဆန်စက်ထဲကို လာလည်တတ်ပြီး အပြင်လောကအကြောင်းကို အမြဲပြောပြတတ်ပါတယ်
မယ်ရီဟာ ညတစ္ညမွာ သူ့ဆီကို အလင်းရောင်တစ်ခု ဖြာကျလာပြီး ဘုရားသခင်သားတော်ကို မွေးဖွားပေးဖို ရွေးချယ်ခံခဲ့ရပါတယ်..
မယ်ရီကိုဒီတာဝန်အပ်နှင်းအပြီးမှာတော့ ကောင်းကင်မှာ ကြယ်တစ်ပွင့်ထွန်းလင်းခဲ့ပါတယ်
မယ်ရီဟာ စိတ်ထားကောင်းပြီး သူတစ်ပါးကို အလွန်ကူညီတတ်ပါတယ်..
သူဟာ ဂျိုးဆက်ဆိုတဲ့ကောင်လေးနဲ့ အကြောင်းပါခဲ့ပါတယ်..
ဒီအချိန်မှာတော့ ဘုရားသခင်သားတော်ကို လြယ္ထားတဲ့ ကိုယ်ဝန်ရင့်နေပါပြီ
သူဟာဂျိုးဆက်ကိုဒီအကြောင်းတွေကို ရှင်းပြခဲ့ပါတယ်..
ဂျိုးဆက်ကလဲ ခင်ပွန်းကောင်းပီပီ နားလည်ပေးခဲ့ပါတယ်..
အဲ့အချိန်မှာပဲ မြည်းလေးဟာ ဆန္စက္က ထွက်ပြေးပြီး မယ်ရီတိုအိမ်ထဲ ရောက်ခဲ့ပါတယ်..
မယ်ရီဟာ မြည်းလေးကို သံယောဇဉ်ရှိပြီး ဘိုဆိုတဲ့နာမည်လေးပေးခဲ့ပါတယ်
ဘုရားသားတော် ဘုရင်အသစ် ဖွားမြင်မယ်ဆိုတဲ့ ဟောကိန်းဟာ တိုင်းပြည်အနှံကို ပျံ့နှံခဲ့ပါတယ်..
ဒီသတင်းကြားတဲ့ ဘုရင်ကြီးဟဲရော့ဟာ သူသာ ဘုရင် ဘုရင်အသစ်ဆိုတာ မရှိစေရဘူးလို ကြွေးကြော်ပြီး ဘုရင်အသစ်မွေးမယ့် အမျိုးသမီးကို ရှာခိုင်းခဲ့ပါတယ်.. အပြတ်ရှင်းမယ့် သေဘာပါ
ဒီအကြောင်းတွေသိတဲ့ ဘိုမြည်းလေးဟာ မယ်ရီနဲ့ ဂျိုးဆက်ကို ပြောဖိုကြိုးစားခဲ့ပါတယ်
ဒါပေမဲ့ လူစကားမတတ်ပေတော့ မယ်ရီတိုက နားမလည်ခဲ့ပါဘူး
မယ်ရီတို အန္တရာယ်ကြားထဲက ဘယ်လိုထွက်ပြေးပြီး ဘုရားသခင်သားတော်ကို မွေးဖွားမလဲ
ဘိုနဲ့ ဒေ့ဗ်က ဘယ္လိုကူညီမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်..
ကာတွန်းချစ်သူဆိုရင်တော့ ဒီကားကို လက်မလွှတ်စေချင်ဘူးဗျာ
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/animezatcar/3
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
D›ragon N›est: W›arriors' D›awn (2014)
Family,Fantasy
IMDb : 6.2/10
RottenTomatoes : 59%
တစ်ခါတုန်းက ကမ္ဘာပေါ်မှာ အယ်လ်တီရာဆိုတဲ့နယ်မြေကြီးတစ်ခုရှိခဲ့တယ်….
လူသား.. နတ်သူငယ်.. မိစ္ဆာသားရိုင်းကောင်နဲ့ နဂါးတွေကို ပိုင်းခြားပေးထားတဲ့ နယ်မြေတစ်ခုပေါ့
လူသားနဲ့နတ်သူငယ်တွေပေါင်းပြီး မိစ္ဆာကောင်တွေနဲ့နဂါးတွေကို တိုက်ထုတ်ခဲ့ကြပေမယ့် သူတိုအချင်းချင်းလည်း နယ်မြေလုရင်း တိုက်ပွဲဖြစ်ခဲ့ကြတယ် ဒီလို ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ သူတိုအတွက် ဘုံရန်သူကြီး ပေါ်ပေါက်လာတော့တယ်
မကောင်းဆိုးရွားစွမ်းအင်တွေအပြည့်နဲ့ အနက်ရောင်နဂါးကြီးတစ်ကောင်ပေါ့…
အဲ့ဒီအတွက် လူသားန့နတ်သူငယ်တွေ မဟာမိတ်ဖွဲပြီး လူသား နတ်သူငယ် မှော်ဆရာ(စုန်း) တိုတွေပါဝင်တဲ့ စစ်သည်တော်တစ်ဖွဲပေါ်ပေါက်လာတဲ့အခါမှာတော့
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/animezatcar/5
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
H›orton H›ears a Who! (2008)
Family/Comedy
IMDb : 6.8/10
RottenTomatoes : 79%
ကျွန်တော်တိုရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို သိထားပါတယ်
ကျွန်တော်တိုလို တခြားသက်ရှိတွေစကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို ကမ္ဘာကြီးထဲကသက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို မကုန်နိုင်သေးပါဘူး
ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကိုအဓိကထားတင်ပြသွားတယ်လို ထင်ပါတယ်၊ ကျွန်တော်တိုလူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့် ကျွန်တော်တို မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါးကစားနေရင်းနဲ့ ပန်းဝတ်မှုအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကို အမှတ်မထင်တွေ့သွားပါတယ်
မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာ ကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကိုလုံခြုံအောင်လုပ်ပေးဖို ဆုံးဖြတ်လိုက်ပါတော့တယ်
ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားကဝင်လာတဲ့အခါမှာတော့ ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာကိုတော့
😍ကြည့်ရန်နှိပ်ပါ👇
t.me/relaxmovie1/2333
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
To The Forest Of Firefly Lights (2011)
ဂျပန်စာရေးဆရာYuki Midorikiwaကရေးခဲ့ပြီး 2011မှာanimeအဖြစ်အသက်သွင်းခဲ့ပါတယ်
ရိုမန်တစ်ဆန်တဲ့ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ရည်းစားမရှိတဲ့လူတွေဖီးလ်စေမယ့် ကားမျိုးပဲဖြစ်ပါတယ်
ဟိုတာရုရဲ့အသက်ခြောက်နှစ်အရွယ်လောက်က ကျေးလတ်မှာရှိတဲ့ သူ့အဖိုးရဲ့ရွာနားကတောအုပ်ထဲလမ်းပျောက်ပြီး
ဂင်လိုခေါ်တဲ့မျက်နှာဖုံးနဲ့ လူထူးဆန်းလေးနဲ့စတင်တွေ့ဆုံခဲ့ပြီး
နွေရာသီရောက်တိုင်း သူတိုနှစ်ယောက်က အတူဆုံလေ့ရှိပါတယ်
ဂင်ရဲ့ထူးခြားမှုက သူ့အသားကိုလူတစ်ယောက်ထိတာနဲ့ ဂင်ဟာထာဝရပျောက်ကွယ် သွားရမှာပါ
သူတိုရဲ့ဆက်ဆံရေးတွေကဘယ်လိုရှုပ်ထွေးလာပြီးတော့ ဘယ်လိုဇာတ်သိမ်းမလဲ ဆိုတာကို
ဒါရိုက်တာ Takahiro Omoriကသေချာရိုက်ပြထားပါတယ်ဗျ
ဇာတ်လမ်းကိုစစတင်ချင်းမှာပဲ
တစ်ဟုန်ထိုးအောင်မြင်မှုတွေ ရပြီးတော့
International Film Festival, Anime Contents Expo နဲ့ Anime Expo conventionတွေမှာပြသခွင့်ရခဲ့ပါတယ်
66th Annual Mainichi Film Awardsဆုပေးပွဲမှanimation flim awardကိုလည်းရရှိထားတဲ့ကားကောင်းလေးပါ
😍ကြည့်ရန်နှိပ်ပါ👇
t.me/englishmovie200/1319
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
The Princess and the Frog (2009)
Disney ရဲ့အကောင်းဆုံး Animation ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်…
ဇာတ်လမ်းလေးရဲ့အစကဒီလိုပါ….
အပျော်အပါးကိုခုံမင်ပြီးဘာမှကိုစိတ်မဝင်စားတဲ့ မင်းသားလေးနာဗင်းဟာအရိပ်လူသားရဲ့လိမ်ညာပြုစားခြင်းခံလိုက်ရလိုဖားတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ်….
နန်းစည်းစိမ်တွေကို လိုချင်လိုအပျော်အပါးမက်တဲ့ မင်းသားလေးကိုဖားအသွင်ပြုစားလိုက်တဲ့တစ္ဆေတွေနဲ့ပူးပေါင်းထားတဲ့စုန်းဘိုးတော်….
အလုပ်ပဲကြိုးစားလုပ်ကိုင်ရင်း အဖေဖြစ်သူရဲ့စားသောက်ဆိုင်ကိုပြန်ဝယ်ချင်လိုပိုက်ဆံစုနေရတဲ့ သာမာန်စားပွဲထိုးမလေး တီယာနာ….
တီယာနာ့ သူငယ်ချင်းပါတီပွဲမှာတီယာနာကို မင်းသမီးလေးထင်ပြီးကျိန်စာပြယ်ချင်ဇောနဲ့သူမကိုနမ်းလိုက်တဲ့မင်းသားလေးဟာကျိန်စာမပျယ်တဲ့အပြင်တီယာနာလေးပါ ဖားမလေးအဖြစ်ပြောင်းသွားပါတော့တယ်…
ဒီတော့ ဒီဖားလေးနှစ်ကောင်လူပြန်ဖြစ်အောင်ဘယ်လိုတွေကြိုးစားကြမလဲအရိပ်လူသားနဲ့အပေးအယူလုပ်ထားတဲ့ စုန်းဘိုးတော်ကကော သူတိုကိုဘယ်လိုတွေဒုက္ခတွေပေးမလဲသူတိုနှစ်ယောက်ကျိန်စာတွေပျယ်သွားမလား…..
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/animezatcar/14
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
The King of Kings (2025)
ဒီကာတွန်းဇာတ်ကားလေးမှာတော့ နာမည်ကျော် ဂျိမ်းဘွန်းမင်းသား ပီရာ့စ် ဘရိုစနန်တို Moon Knight မင်းသား အော်စကာ အိုင်းဆက်တို ပါဝင်ကာ အသံသရုပ်ဆောင်ထားပြီးတော့ IMDb မှာ 7.1/10 နှင့် Rotten Tomatoes မှာ 63% တောင် ရရှိထားပြီး ပူပူနွေးနွေး ထွက်ရှိထားတဲ့ ကာတွန်းကောင်းလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
+++++++++++++
ပြဇာတ်ရုံပိုင်ရှင် ချားစ်ဆိုတဲ့ ပုံပြောဆရာက အဆော့မက်ပြီးတော့ ဘုရင်အာသာနဲ့ လက်စွဲတော်မှော်ဝင်အက်စ်ကာလီဘာဓားကို ရူးသွပ်နေတဲ့ သားဖြစ်သူ ဝေါ်တာလေးကို လိမ္မာရေးခြားရှိအောင်
ဘုရင်များရဲ့ ဘုရင်ဆိုတဲ့ ပုံပြင်တစ်ပုဒ်ကို ပြောပြရာက အစချီထားပြီးတော့ ဘုရားသားတော် ယေရှု ခရစ်တော် (Jesus Chist) မွေးဖွားလာရာကစလို သေဆုံးချိန်အထိ ဖြစ်ကြောင်းကုန်စင်ကို
စိတ်ဝင်စားဖွယ်ရာ ဗဟုသုတရဖွယ်ရာ ကာတွန်းရုပ်ရှင်အနေနဲ့ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာဖြစ်တည်လာတဲ့သမိုင်းကြောင်းကို စိတ်ပါဝင်စားပြီးတော့ အထူးတလည် ရှာမဖတ်ချင်ဘူးဆိုရင် ပုံပြင်ထဲက ပုံပြင်ပုံစံလိုပြောပြထားတဲ့ ဒီကာတွန်းကားလေးကို ကြည့်လိုက်ရုံပါပဲ။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/zatcarmovie1/58
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
Noah’s Ark (2024)
ဘိုင်ဘယ်စာအုပ်ထဲက နိုးအာ့ ပုံပြင်ကို စိတ်ခံစားမှုတွေနဲ့ ပြန်လည်ဖန်တီးပြုထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ရုပ်ရှင်မှာ နိုးအာ့က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မျိုးစိတ်တွေကို မုန်တိုင်းကြီးမှ ကာကွယ်ဖို လုပ်ဆောင်တဲ့ ကမ္ဘာအကြီးဆုံး အုတ်မြစ်တစ်ခုဖြစ်လာမယ့်ပုံစံကို ဖော်ပြထားသည်။
ရုပ်ရှင် အနုပညာအပိုင်းကတော့ ထူးထူးခြားခြားဖြစ်ပြီး တိရစ္ဆာန်တွေကို ပြတဲ့ အခန်းတွေမှာတော့မိုက်တယ်။
ရုပ်ရှင်က ယုံကြည်မှု၊ အသက်ရှင်ခြင်းနှင့် လူ့သဘာဝတွေ သေချာစဉ်းစားသင့်တဲ့အကြောင်းအရာတွေကို ရှင်းပြထားတာပါ။
ရုပ်ရှင်က အနုပညာနှင့် ယုံကြည်မှုဆက်စပ်တဲ့ အရာတွေကို အဓိက ထင်ဟပ်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/animezatcar/34
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
Sneaks (2025)
ဒီဇာတ်ကားလေးကတော့ Sneaker ချစ်သူတွေ ဖြစ်ကြတဲ့ Sneakerhead တွေဆို
ပိုလိုတောင်အကြိုက်တွေ့ဦးမယ့် Animation ကားလေးဖြစ်ပါတယ်။ တစ်နှစ်တစ်ခါ
SneakerHead တွေစုပြီး ကျင်းပတဲ့ SneakerHead Gala ဆိုတဲ့ပွဲတစ်ခုရှိပါတယ်။
ဒီတစ်နှစ်ပွဲမှာတော့ အက်ဆွန်ဆိုတဲ့ ဘတ်စကတ်ဘောဝါသနာရှင် ဖိနပ်ချစ်သူ
တစ်ယောက်လည်းဖြစ်တဲ့ အက်ဆွန်ဆိုတဲ့ကောင်လေးကလည်း သွားပါတော့တယ်။
ဒီပွဲမှာတော့ နာမည်ကြီးဘတ်စကတ်ဘောကစားသမားဟောင်းလည်းဖြစ်
ကိုယ်ပိုင်ဖိနပ်တွေကိုထုတ်နေတဲ့ Chris Paul ကနေပြီး ဒီပွဲအတွက် သီးသန့်အနေနဲ့
Alchemy 24 ဆိုတဲ့ ဖိနပ်တစ်ရံကို မဲဖောက်ပေးပါတယ်။ ပွဲထဲမှာ ဖိနပ်စုဆောင်းတဲ့သူ
အကြီးစားကြီးတွေကလည်း ဒီဖိနပ်အတွက်ရောက်လာကြပါတော့တယ်။
ဖြစ်ချင်တော့ အက်ဆွန်က ဒီဖိနပ်ကိုမဲပေါက်သွားပြီး ပိုင်ဆိုင်သွားတဲ့အခါမှာ
ဖိနပ်စုဆောင်းတဲ့လူကြီးက အက်ဆွန့်ဆီကနေ လိုက်ဝယ်ပါတော့တယ်။
လိုက်ဝယ်လိုမရတဲအခါ်မှာတော့ သူက ဖိနပ်ကို ရတဲ့နည်းနဲ့ယူပါတော့တယ်။
ဒါက ဇာတ်လမ်းအညွှန်းသာဖြစ်ပြီး ဒီဇာတ်လမ်းရဲ့တကယ်ထူးခြားချက်ကတော့
ဖိနပ်တွေရဲ့ POV ကနေ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဖိနပ်လေးတွေအကုန်လုံးက
ကိုယ်ပိုင်အတွေးအမြင်တွေရှိနေတဲ့ လူတစ်ယောက်လိုမျိုး ပုံဖော်ထားပါတယ်။
အက်ဆွန်အနိုင်ရသွားတဲ့ Alchemy24 ဖိနပ်တွေကလည်း တိုင်ဆိုတဲ့တစ်ဖက်နဲ့
မက်စင်းဆိုတဲ့ တစ်ဖက်ရှိနေပါတော့တယ်။ တိုင်ကတော့ သီးသန့်ထုတ်ထားတဲ့ဖိနပ်
ဖြစ်တာကြောင့် အလှပြခံချင်နေတဲ့ကောင်လေးဖြစ်ပြီး မက်စီကတော့ သူတိုကို
တကယ့်လူတော်တစ်ယောက်က စီးနင်းပြီး အောင်မြင်မှုရစေနေချင်သူပါ။
အဲ့လိုနဲ့ ဖိနပ်ကို လာခိုးတဲစုဆောင်းသူဆီကနေ တိုင်နဲ့ မက်စင်းတိုနှစ်ယောက်က
ထွက်ပြေးကြရင်း ကွဲကုန်ကြပါတော့တယ်။ သူ့ကိုယ်သူအထူးထုတ်လုပ်မှုပါဆိုပြီး
ဂုဏ်မောက်နေတဲ့တိုင်တစ်ယောက် လမ်းဘေးရောက်သွားပါတော့တယ်။
တိုင်တစ်ယောက် လမ်းဘေးကနေ သူ့ရဲ့နောက်တစ်ဖက်ဖြစ်တဲ့ မက်စင်းဆီကို
ဘယ်လိုပြန်လာနိုင်မလဲဆိုတာကို ဖိနပ်လေးတစ်ဖက်ရဲ့ ကြိုးစားအားထုတ်မှုအဖြစ် ကြည့်ရှုကြရမှာလည်းဖြစ်ပါတယ်….။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/animezatcar/48
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
Frankenweenie (2012)
ဒီရုပ်ရှင်ထဲက ခွေးပိုင်ရှင် ဗစ်တာဟာ Corpse Bride ထဲက ဗစ်တာနဲ့အတူတူပဲလိုလည်း Rumor တွေရှိပါတယ်။ဒီရုပ်ရှင်အတွက် အန်နီမေးရှင်းဆွဲ သရုပ်ဖော်ဖို အန်နီမိတ်တာဟာ Classic Monster တွေကိုပါ လေ့လာခဲ့ရတာမို ကလပ်စစ်ဆန်ဆန်အရသာလည်းရမှာပါ။ ထူးထူးခြားခြား သရီးဒီကိုမှ အဖြူအမဲနဲ့ပုံဖော်ထားတဲ့ကားလည်းဟုတ်ပါတယ်။ တင်ဘာတန်ဟာ ဒီရုပ်ရှင်ကို ၆၀ခုနှစ်က ကလပ်စစ် မွန်းစတားကားတွေကို Homage ပေးတဲ့အနေနဲ့ ရိုက်ချင်ခဲ့တာပါ။ ဒီထဲကခွေးလေးဟာလည်း တင်ဘာတန်ငယ်ငယ်က ခွေးလေးကို အခြေတည်ပြီး သရုပ်ဖော်ထားတဲ့ ခွေးကလေးဖြစ်ပါတယ်။ ဘာတန်အရသာအပြည့်နဲ့ တင်ဘာတန်ကားမို ဘာတန် ပရိသတ်တွေ သဘောကျကြမှာပါ။နောက် ဒီကားဟာ 1984 မှာ ပွဲဦးထွက်အနေနဲ့ ဖရန်ကင်ဝီနီဆိုပြီး ရိုက်ခဲ့တဲ့ လူကားရဲ့ အန်နီမိတ်ဗားရှင်းလည်း ဟုတ်ပါတယ်။ဖရန်ကင်စတိန်းကိုမှ Pet Semetary ပေါင်းပြီး ဘာတန်စတိုင်အပြည့်နှောရိုက်ထားတဲ့ကားဖြစ်သလို ခွေးချစ်တဲ့သူတွေအတွက်လည်း ရင်ထဲ တော်တော်ထိမယ့်ကားပါပဲ။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/animezatcar/52
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl