President Donald Trump plans to announce next week that the U.S. will refer to the Persian Gulf as the Arabian Gulf or the Gulf of Arabia.
https://abcnews.go.com/US/wire....Story/trump-plans-an

ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
President Donald Trump plans to announce next week that the U.S. will refer to the Persian Gulf as the Arabian Gulf or the Gulf of Arabia.
https://abcnews.go.com/US/wire....Story/trump-plans-an
Travelers who haven’t obtained a REAL ID by this week’s deadline will still be able to fly after additional identity checks. Here's what to know:
https://abcnews.go.com/US/wire....Story/homeland-secur
အိန္ဒိယ တိုက်လေယာဉ် ငါးစင်းကို ပစ်ချခဲ့ကြောင်း ပါကစ္စတန်စစ်တပ် အခိုင်အမာဆို
အစ္စလာမ္မာဘတ်၊ မေ-၇-၂၀၂၅
မျိုးဆက်(VOM)
အိန္ဒိယတိုက်လေယာဉ် ငါးစင်းကို ပစ်ချခဲ့ကြောင်း ပါကစ္စတန် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Ahmed Sharif Chaudhary က အခိုင်အမာပြောဆိုလိုက်ပါတယ်။
ပစ်ချခဲ့တဲ့ လေယာဉ်တွေထဲမှာ Rafale သုံးစင်း၊ SU-30 နဲ့ MiG-29 ၁ စင်း အပါအဝင် အိန္ဒိယလေယာဉ် ငါးစင်း ့် Heron ဒရုန်းတစ်စင်းတို့လည်း ပါဝင်တယ်လို့ သူကပြောပါတယ်။ အိန္ဒိယဘက်ကတော့ ဒီကိစ္စအပေါ် တစုံတရာ မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။
ပါကစ္စတန်နဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသ နေရာကိုးခုကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယ အစိုးရက ပြောပါတယ်။
ပါကစ္စတန်စစ်တပ်ကတော့ နေရာသုံးခုမှာ တို်ကခိုက်ခံရပြီး ကလေးနှစ်ယောက်အပါအဝင် လူ ခုနှစ်ယောက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ပါကစ္စတန်အုပ်ချုပ်တဲ့ Muzaffarabad မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ကက်ရှ်မီးယားဒေသမှာ ဗလီသုံးလုံးလည်းထိခိုက် ပျက်စီးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။ အိနိ္ဒိယ တိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ စစ်သွေးအခြေစိုက်စခန်းတွေမဟုတ်ဘဲ အရပ်သားပစ်မှတ်တွေဖြစ်တယ်လို့ ပြောပါတယ်။
အကြမ်းဖက်ပစ်မှတ်တွေကို တိုက်ခိုက်တယ်ဆိုတဲ့ အိန္ဒိယရဲ့ ပြောဆိုချက်ဟာ မှားယွင်းနေတယ်လို့ ဆိုပါတယ်။ အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်ခြမ်းမှာ ကမ္ဘာလှည့်ခရီးသည် ၂၆ ယောက်သေဆုံးခဲ့တဲ့ စစ်သွေးကြွတိုက်ခိုက်မှုကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ဆက်ဆံရေး သိသိသာသာ ဆိုးရွားနေပါတယ်။
အိန္ဒိယပြည်နယ်အများအပြားမှာတော့ အရပ်သားတွေအတွက် လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုတွေ ဆက်တိုက်ပြုလု်ပနေပြီး ခရိုင် ၂၂၄ ခုမှာ ဒီလိုဇာတ်တိုက်လေ့ကျင့်မှုတွေလုပ်ဖို့ ဗဟိုအစိုးရ တာဝန်ရှိသူတွေက ယခုသီတင်းပတ်အစောပိုင်းမှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဒီအတောအတွင်း အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားသုံးယောက်သေဆုံးခဲ့ပါတယ်။ ပါကစ္စတန် လုံခြုံရေးထိပ်တန်းတာဝန်ရှိသူတွေဟာ မကြာခင်မှာ အရေးပေါ် အစည်းအဝေးတရပ် ပြုလုပ်ဖို့ရှိနေပါတယ်။
Ref:BBC
Photo:Reuters
#နိုင်ငံတကာသတင်း
◼ကုန်သွယ်ရေးစစ်ပွဲအရေး အမေရိကန်နှင့် တရုတ် စနေနေ့ ဆွေးနွေးမည်
ကမ္ဘာ့အကြီးဆုံး စီးပွားရေးနှစ်နိုင်ငံကြားက ကုန်သွယ်ရေးစစ်ပွဲ အရှိန်လျော့ကျလာစေရေး ကြိုးပမ်းရန် အမေရိကန်နှင့်တရုတ် အရာရှိများ ကယခုသီတင်းပတ်ကုန်တွင် ဆွေးနွေးပွဲများ စတင်ကြတော့မည်ဖြစ်သည်။
မေ ၉ ရက် မှ ၁၂ ရက် အထိ ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပမည့်ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ပတ်သက်လျှင် တရုတ်ထိပ်သီးဖြစ်သည့် ဒုတိယဝန်ကြီးချုပ် ဟီလီဖန်း တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။
အမေရိကန်ဘက် မှ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့် နှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန်ဂရီယာ တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း ၎င်းတို့၏ ရုံးများက ပြောကြားသည်။
ဒုတိယအကြိမ် အမေရိကန်သမ္မတဖြစ်လာခဲ့ပြီးနောက် သမ္မတ ဒေါ်နယ်ထရန့် က တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်သစ် ၁၄၅ ရာခိုင်နှုန်းအထိ စည်းကြပ်ခဲ့ပြီး ပေကျင်းကလည်း အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း အထိ ပြန်လည်ချမှတ်ထားသည်။
နှစ်ဖက် ဆွေးနွေးပွဲများ လပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေး ကျွမ်းကျင်သူများက ဘီဘီစီသတင်းအား ပြောကြားကြသည်။
ယင်းမှာ ဒေါ်နယ်ထရန့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တရုတ် ဒုတိယသမ္မတ ဟန်ဇန်း တက်ရောက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် တရုတ်ကြား ပထမဆုံး အကြိမ် အဆင့်မြင့် ထိတွေ့ဆက်ဆံမှု ဖြစ်သည်။
အမေရိကန်၏ အကျိုးစီးပွားများကို ပိုမိုဆောင်ရွက်နိုင်ရန် နိုင်ငံတကာစီးပွားရေးစနစ်ကို ပြန်လည်၍ မျှခြေညီအောင် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဘက်ဆန့် က ပြောကြားသည်။
ယခုဆွေးနွေးမှုမှာ ကြီးမားသောကုန်သွယ်ရေးသဘောတူညီချက်အတွက် မဟုတ်ဘဲ ကုန်သွယ်ရေးစစ်ပွဲ အရှိန်လျှော့ချရေးကိစ္စက အဓိကဖြစ်မည်ဟု ခံစားရကြောင်း နှင့် ရှေ့မဆက်ခင်မှာ တင်းမာမှုအရှိန်လျော့ရေးကို မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖောက်စ် သတင်းနှင့် တွေ့ဆုံချိန်၌ ဘက်ဆန့်က ပြောကြားသည်။
လက်ရှိပြဿနာကို ဆွေးနွေးညှိနှိူင်းမှုများဖြင့် ဖြေရှင်းသွားရန် အမေရိကန်က အလိုရှိခဲ့ပါက ကမ္ဘာကြီးနှင့်၎င်းတို့ကိုယ်တိုင်အပေါ် တစ်ဖက်သတ်ချမှတ်ခဲ့သော အခွန်အကောက်များ၏ အပြုသဘောမဆောင်သည့် ရိုက်ခတ်မှုများကို အမေရိကန်က ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်ကြောင်း တရုတ်စီးပွားကူးသန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယနေ့ နံနက်ပိုင်းတွင် ပြောကြားသည်။
တစ်ကမ္ဘာလုံးမှ မျှော်လင့်ချက်များ ၊ နိုင်ငံ၏ အကျိုးစီးပွားနှင့် အမေရိကန်စီးပွားရေးလုပ်ငန်းများထံမှ ပန်ကြားမှုများကို ထည့်သွင်းစဉ်းစားပြီးနောက် အမေရိကန် နှင့် ထိတွေ့ဆက်ဆံရန် ပေကျင်းက ဆုံးဖြတ်ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ရေးသားဖော်ပြသည်။
တရုတ်နိုင်ငံက ဆွေးနွေးမှုများအတွက် လမ်းဖွင့်ထားကြောင်း သို့သော်လည်း တစ်ဖက်က ကုန်သွယ်ရေးစစ်ပွဲကို ဆက်လက်ဆင်နွဲရန်ဆုံးဖြတ်ခဲ့ပါက တရုတ်ကလည်း အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အစိုးရမီဒီယာသတင်းက ဆက်လက်ပြေသည်။
သတင်း-ရဲမင်း
ကိုးကား- BBC
ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးဖြစ်၍ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာကျင်းပမည်
****************
(ပြည်တွင်း) မေ ၇
ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးဖြစ်တာကြောင့် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာကို မေလ ၁၅ ရက်မှာ ဆင်ယင်ကျင်းပသွားမယ်လို့ စေတီတော်မြတ် ကြီး၏ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။
အဆိုပါမင်္ဂလာအခမ်းအနားများကို မေလ ၁၅ ရက်နံနက် ၇ နာရီခွဲမှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်မြောက်ဘက်မုခ် ရာဟုထောင့်အောင်မြေနေရာမှာ ကျင်းပပြုလုပ် သွားမည်ဖြစ်၍ ရွှေသင်္ကန်းအလှူရှင်များ တက်ရောက်ကြရန်လည်း ဖိတ်ကြားထားကြောင်း သိရပါတယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းအဖြစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှစတင်ကာဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရပါတယ်။
မန္တလေး-ရန်ကုန် လေယာဉ်ခရီးစဉ်တွင် ဘရိတ်စနစ် ပူပြင်းမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ဟု MNA ထုတ်ပြန်
ရန်ကုန်၊ မေ ၇
မေလ ၆ ရက်နေ့၊ ညနေပိုင်းက မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်အတွင်း လေယာဉ်ရဲ့ Break စနစ် ပူပြင်းမှုကြောင့် ဘယ်ဖက်တာယာတွေ ပွင့်ထွက်လွင့်စင်မှုဖြစ်ပေါ်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာအမျိုးသားလေကြောင်း (MNA) က ထုတ်ပြန်ပါတယ်။
ခရီးစဉ် UB – 812 ကို ဘိုရင်း XY-ALV လေယာဉ်ဟာ ခရီးသည် ၁၄၃ ဦးကို သယ်ဆောင်ကာ ပျံတက်ဖို့ ပြုလုပ်နေစဉ် ပုံမှန်မဟုတ်တဲ့ အချက်ပြမှုဖြစ်ပေါ်ခဲ့တာကြောင့် လေယာဉ်မှုးမှ ပြေးလမ်းပေါ်မှာ ပျံသန်းမှုရပ်တန့်ခြင်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ဘရိတ်စနစ်ပူပြင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးတောက်ကို အချိန်မီ ငြိမ်းသက်နိုင်ခဲ့ပြီး ကျန်ရှိတဲ့ လေယာဉ်ဘီးတွေ ကောင်းမွန်တာကြောင့် လေယာဉ်ပြေးလမ်းရဲ့ မြောက်ဘက်ထိပ်မှာ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြေးလမ်းပေါ် ရပ်တန့်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်ပေါ်မှာ ပါရှိတဲ့ လေယာဉ်အမှုထမ်းတွေ လိုက်နာကျင့်သုံးရတဲ့ Safety Operating Procedure တွေအတိုင်း ပြုလုပ်ခဲ့ပြီး ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းများအားလုံး ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာနဲ့ လေဆိပ်နားနေဆောင်ကို ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာအမျိုးသားလေကြောင်းအနေနဲ့ အဆိုပါခရီးစဉ်မှာ ပါရှိတဲ့ ခရီးသည်တွေကို ရန်ကုန်မြို့ထံ အစားထိုးလေယာဉ်တွေနဲ့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ခရီးသည်တွေရဲ့ လိုအပ်ချက်တွေအတိုင်း အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မြန်မာအမျိုးသားလေကြောင်းမှ ခရီးသွားမိဘပြည်သူတွေကို အနူးအညွတ်တောင်းပန်ကြောင်း ပြောကြားခဲ့ပြီး အခုမတော်တဆဖြစ်ပွားမှုအတွက် စုံစမ်းစစ်ဆေးမှုတွေကို စနစ်တကျ ဆောင်ရွက်နေပြီလို့ အသိပေးထားပါတယ်။
P_o-n_y-o ( 2008 )
အညွှန်း* 🔽🔽🔽
ပွန်ညို.......ဆိုစူကီ.........ပွန်ညို........ဆိုစူကီ ဟုတ်ပါတယ် ဒီတစ်ခါဇာတ်ကားလေးကတော့အသက်ငါးနှစ်အရွယ် ကောင်လေးတစ်ယောက်ကိုချစ်မိသွားတဲ့ငါးမလေးပွန်ညိုအကြောင်းပါ ဒီကားလေးက Disney ကနေရိုက်ကူးထားတဲ့ Anime ဇာတ်ကားကောင်းလေးတစ်ကားပါ ဒီကားထဲမှာတော့ဆိုစူကီဆိုတဲ့ကောင်လေးက ပင်လယ်ကမ်းစပ်မှာဆော့နေရင်းပွန်ညိုဆိုတဲ့ငါးမလေးကိုအမှတ်မထင်တွေ့ခဲ့ပါတယ် ဒီလိုနဲ့ပဲမွေးထားမယ်ဆိုပြီးအိမ်ကိုခေါ်လာခဲ့ပါတယ် တခဏအတွင်းမှာပဲဆိုစူကီရဲ့ဂရုစိုက်မှုတွေကြောင့် ပွန်ညိုဟာကောင်လေးကိုသံယောဇဉ်ဖြစ်ပြီးသူနဲ့အတူနေနိုင်ဖို့် လူသားတစ်ယောက်ဖြစ်အောင်ကြိုးပမ်းတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရလည်းဆိုတာကတော့ ဒီponyoဆိုတဲ့ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ပါဉီးခင်ဗျာ....
#credit
ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/Bhone2312/287
https://t.me/Bhone2312/287
ချစ်သူအတွက် စိန်၊ ရွှေ၊ မြေကားတွေ ဖြည့်ဆည်းပေးခဲ့တဲ့အပြင် အေးချမ်းတဲ့မြို့လေးမှာ Tiny House လေးဆောက်ပေးမယ့် နေလင်းရှိန် 🥰
မေရတီဇော်က ချစ်သူရဲ့အလိုလိုက်မှု ၊ ဖြည့်ဆည်းပေးမှုတွေနဲ့ ပျော်ရွှင်နေခဲ့တာပါ။ နေလင်းရှိန်နဲ့ မေရတီဇော်တို့ဟာ ချစ်သူသက်တမ်း ၄ နှစ်ကျော်ရှိခဲ့ပြီဖြစ်ပြီး နေလင်းရှိန်က သူမလိုအပ်သမျှ စိန်၊ ရွှေ၊ မြေကားတွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ယခုလည်း သူမ ရန်ကုန်မှာ နေရတာ မွန်းကြပ်လာချိန် အေးချမ်းတဲ့မြို့လေးမှာ Tiny House လေးဆောက်ပြီး နေဖို့အတွက် ခြံကွက်လေးဝယ်ပေးခဲ့တာကို သူမက ဂုဏ်ယူစွာပြောပြထားတာပါ။
၁၇ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကို မိသားစုစုံစုံလင်လင်နဲ့ ကျင်းပခဲ့တဲ့ နန္ဒာလှိုင်🥰🥰🥰
ဧပြီလ ၆ ရက်နေ့ဟာ သရုပ်ဆောင် နန္ဒာလှိုင်နဲ့ ခင်ပွန်းဖြစ်သူဇေသီဟတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။ နှစ်ဦးသားပေါင်းသင်းနေထိုင်ခဲ့ကြတာ ၁၇ နှစ်ပြည့်ခဲ့တာပါ။ သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးကို မောင်နှမ ၊ သားသမီး ၊ မိသားစုစုံစုံလင်လင်နဲ့ ကျင်းပခဲ့ကြတာတွေ့ရပါတယ်။