Superman 2025 က Global Box Office အတွက် First weekend ကို 217 million ရထားပါတယ်။ Man of Steel တောင် 190 Million ပဲရခဲ့တာဆိုတော့ အတော်လေး အဖွင့်လှနေခဲ့ပါပြီ။ Superman 2025 က Total Budget ကိုမှ Marketing စရိတ်အပါအဝင် 400 - 450 Million သုံးထားတာပါတယ်။Marketing & Promotional အသုံးစရိတ်ဘာမှမပါရင်တော့ Production Budget က 225 Million သုံးထားပါတယ်။ Production စရိတ် ပြန်ရတော့မှာပါ။ Man of Steel ကတော့ Total Budget ကို 375 Million သုံးထားတယ်။
ဆိုတော့ကား Superman 2025 က တစ်ပတ်အတွင်း ကုန်ကျစရိတ်တစ်ဝက်ကိုပြန်ရှာနိုင်ခဲ့ပါပြီ။ 1 Billion ပြည့်မပြည့်ကတော့ စောင့်ကြည့်ရမှာပါ။ တကယ်လို့ 700 Million ဝန်းကျင်လောက်ပဲရခဲ့ရင် Superman 2025 က Box office ကိုကာမိတယ်ဆိုရုံလောက်ပဲရှိနေမှာပါ။ ဒါပေမဲ့ လည်း First week တင်ဒီလောက်ဆိုတော့ မဆိုးပါဘူး။
Superman တွေက Box office မှာ Failed တဲ့ကောင်တွေတော့ မဟုတ်ပါဘူး။

image

Castiel ဇာတ်ကောင်ကြောင့် အသံကြိုးပျက်စီးခဲ့ရတယ်လို့ မင်းသား Misha Collins ပြော
ဇူလိုင် ၁၄ရက်၊ ၂၀၂၅။
နာမည်ကျော် TV စီးရီး Supernatural မှာ ကောင်းကင်တမန် Castiel အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Misha Collins ဟာ ဒီဇာတ်ကောင်အတွက် အသံပြောင်းပြောခဲ့ရတာကြောင့် သူ့ရဲ့ အသံကြိုးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။
သူဟာ မကြာသေးခင်က TV Insider နဲ့ အင်တာဗျူးတစ်ခုမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Collins က Castiel ဇာတ်ကောင်ကို စတင်သရုပ်ဆောင်စဉ်က အချိန်ပြည့်ပါဝင်ရမယ့် ဇာတ်ကောင်ဖြစ်မှန်း မသိခဲ့တဲ့အတွက် အသံကို အတုလုပ်ပြီး Deepအောင် ပြောခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Supernatural ရိုက်ကူးပြီး တစ်နှစ်အကြာမှာ သူ့ရဲ့ လည်ချောင်းက အမြဲတမ်းနာနေတဲ့အတွက် ဆရာဝန်နဲ့ သွားပြခဲ့ရာမှာ အသံကြိုးတွေ ထိခိုက်ပျက်စီးနေတာဖြစ်ကြောင်း သိခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ Collins က ဒါဟာ Castiel ဇာတ်ကောင်ဆီကနေ သူရလိုက်တဲ့ 'အစစ်အမှန် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ' တစ်ခုပဲလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မင်းသား Jensen Ackles ကလည်း Castiel ရဲ့ အသံကို ပထမဆုံးကြားတုန်းက "သူ ဘာတွေလုပ်နေတာလဲ" ဆိုပြီး အံ့ဩခဲ့ရတယ်လို့ နောက်ပြောင်ခဲ့ပါသေးတယ်။

image

Superman ရဲ့ အရှိန်ကြောင့် ၂၀၂၆ မှာ DC ပရောဂျက်သုံးခု ထွက်လာမယ်
ဇူလိုင် ၁၄၊ ၂၀၂၅။
DC Studios ရဲ့ DC Universe သစ်အတွက် ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Superman ဟာ လာမယ့် ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကနေစတင်ကာ ရုံတင်ပြသနေတာဖြစ်ပြီး ဒီကနေ့အထိ အမေရိကန်အပါအဝင် ပြည်တွင်းပြည်ပရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၂၁၇ သန်းကျော်အထိ ရရှိနေလျက်ရှိသလို စူပါဟီးရိုးနဲ့ ရုပ်ရှင်ပရိသတ်တွေကြားမှာလည်း အောင်မြင်မှုများစွာရရှိနေပါတယ်။
ဒါဟာ ၂၀၂၁ DC ရုပ်ရှင် The Batman အပြီးမှာ ပထမဆုံးထပ်မံတွေ့မြင်ရလာတဲ့ DC ရဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး အမေရိကန်ဒေသတွင်းမှာလည်း ဝင်ငွေရရှိမှုမြင့်တက်နေလျက်ရှိနေပါတယ်။
အဲဒီလိုအောင်မြင်မှုတွေကြောင့် DC Studios ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Warner Bros. Discovery ရဲ့ စီအီးအိုဖြစ်သူ David Zaslav က DC Studios ရဲ့ DC Universe အတွက် ဆယ်နှစ်စာအစီအစဥ်ဟာ Superman ကြောင့် အမှန်တကယ်အထမြောက်လာကြောင်း ဂုဏ်ပြုခဲ့ရုံသာမက ၂၀၂၆ မှာ DC ရဲ့ ဘယ်ပရောဂျက်တွေကို ကြည့်ရှုရမယ်ဆိုတာကိုပါ ကြေညာခဲ့ပါတယ်။
DC Studios ရဲ့ DC universe ဟာ ဆယ်နှစ်စာအထိစီမံကိန်းရေးဆွဲဖော်ဆောင်မှာဖြစ်ပြီး တိုက်ရိုက်ချိတ်ဆက်မှုရှိတဲ့ Universe ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေအပြင် သီးခြား DC Elseworlds ရုပ်ရှင်တွေကိုလည်း ထုတ်လုပ်သွားဖို့ရှိပါသေးတယ်။
David Zaslav ရဲ့ အဆိုအရ ၂၀၂၆ မှာ DC ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Supergirl နဲ့ Clayface ကို ရုံတင်ပြသမှာဖြစ်ပြီး DC ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Lanterns ကိုတော့ Warner Bros. Discovery ပိုင် HBO Max မှာ ott စနစ်နဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ကြောင်း သိရပါတယ်။
Lanterns ဟာ Green Lanterns နှစ်ယောက်ဖြစ်တဲ့ Hal Jordan နဲ့ John Stewart ကို အဓိကထားရိုက်ကူးပြသမှာဖြစ်ပြီး Godzilla: King of the Monsters သရုပ်ဆောင် Kyle Chandler က Hal Jordan အဖြစ်၊ Mufasa: The Lion King သရုပ်ဆောင် Aaron Pierre က John Stewart အဖြစ် အဓိကပါဝင်သွားမှာပါ။ Lanterns ကို စုံထောက်ဇာတ်လမ်းတွဲ True Detective ပုံစံနဲ့ ရိုက်ကူးပြသမှာဖြစ်ပြီး ၂၀၂၆ နှစ်ဦးပိုင်းမှာ ကြည့်ရှုရမှာပါ။
Supergirl: Woman of Tomorrow ကို ဇွန် ၂၆၊ ၂၀၂၆ မှာ ရုံတင်ပြသမှာဖြစ်ပြီး House of the Dragon သရုပ်ဆောင် Milly Alcock ​က အဓိကဇာတ်ကောင် Kara Zor-El aka Supergirl အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Aquaman သရုပ်ဆောင် Jason Momoa က anti hero ဇာတ်ကောင် Lobo အဖြစ်၊ 3 Body Problem သရုပ်ဆောင် Eve Ridley က Ruthye Mary Knolle အဖြစ်၊ Rust and Bone သရုပ်ဆောင် Matthias Schoenaerts က ဗီလိန်ဇာတ်ကောင် Krem of the Yellow Hills အဖြစ် ပါဝင်ထားလျက်ရှိပြီး Oppenheimer သရုပ်ဆောင် David Krumholtz နဲ့ 1899 သရုပ်ဆောင် Emily Beckham တို့က Supergirl ရဲ့ မိဘနှစ်ပါးအဖြစ် ပါဝင်သရုပ်ဆောင်ထားလျက်ရှိပါတယ်။
Supergirl: Woman of Tomorrow ဟာ ၂၀၂၁ ကနေ ၂၀၂၂ အထိထွက်ရှိခဲ့တဲ့ Woman of Tomorrow Comic ကို အခြေခံရိုက်ကူးသွားမယ့်ရုပ်ရှင်ဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ Ana Nogueira က ဇာတ်ညွှန်းရေးသားသွားမှာဖြစ်သလို Disney ရုပ်ရှင်တစ်ကားဖြစ်တဲ့ Cruella ရဲ့ ဒါရိုက်တာဖြစ်သူ Craig Gillespie က တာဝန်ယူရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။
စက်တင်ဘာ ၁၁၊ ၂၀၂၆ မှာ ရုံတင်ပြသမယ့် DC ရုပ်ရှင် Clayface ကတော့ body horror ရုပ်ရှင်အမျိုးအစားဖြစ်ပြီး Dc ရဲ့ အထင်ကရဗီလိန်ဇာတ်ကောင် Clayface ကို အဓိကတွေ့မြင်ရမှာပါ။ သရုပ်ဆောင် Tom Rhys Harries က Clayface အဖြစ် ပါဝင်ထားပြီး ဒါရိုက်တာ Mike Flanagan က ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာနေရာကနေ တာဝန်ယူထားလျက်ရှိပါတယ်။
ယခုရုံတင်ပြသနေတဲ့ Superman ကို DC Studios ရဲ့ ပူးတွဲစီအီးအိုတစ်ဦးဖြစ်သူ ဒါရိုက်တာ James Gunn က ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာနေရာတွေကနေ တာဝန်ယူရိုက်ကူးပေးထားတာဖြစ်ပြီး A24 ရုပ်ရှင် Pearl သရုပ်ဆောင် David Corenswet က Superman aka Kal-El အဖြစ်၊ Amazon Prime ဇာတ်လမ်းတွဲ The Marvelous Mrs. Maisel သရုပ်ဆောင် Rachel Brosnahan က Superman ရဲ့ ချစ်သူ Lois Lane အဖြစ်၊ Renfield သရုပ်ဆောင် Nicholas Hoult က ဗီလိန်ဇာတ်ကောင် Lex Luthor အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။

image

Dominic McLaughlin ရဲ့ Harry Potter First Look ဖြစ်ပါတယ်။

image

ငါ့အစ်ကိုကိုသတ်နေတုန်း သီချင်းဆိုနေတာမင်းပဲမဟုတ်လား။
🎥 Animal (2023) | Directed by Sandeep Reddy Vanga.

image

Clark နဲ့ Lois တို့ရဲ့ လေပေါ်မှာ နမ်းတဲ့အခန်းကို အိန္ဒိယမှာ ဆင်ဆာဖြတ်လိုက်ပါတယ်။
အကြောင်းကတော့ နမ်းတာတွေက “အရမ်းကို ခံစားမှုပြင်းထန်လွန်းတယ်” လို့ဆိုပြီးဖြတ်လိုက်တာဖြစ်ပါတယ်။
နမ်းတာတွေက တကယ်ကြမ်းလို့ ကိုယ်တိုင်လည်း မျက်လုံးကို လက်နဲ့ကာပြီးကြည့်ခဲ့ရတာပါ။

image

#ရိုးမထဲကကြက်အာပူဟင်းချက်နည်း

ဗမာကြက်တချမ်းကို ဆားပြားနယ်
ငရုပ်သီး အနှစ်အနည်းငယ်နဲ့
လုံးချက်ကလေးချက်ပါ
ကြက်သားနူးခါးနီး ဗူးသီးလေးထည့်ပါ
ဆူလာလျှင် အာပူရွက်ခပ်ပါ
ငပိစိမ်းစား အနည်းငယ်ထည့်ပါ
ငုပ်သီးစိမ်းလေး..ဓားပြားခြ ထည့်ပါ
မကျီးမှည့် ..ဖျော်ပြီးသား အနေတော်ထည့်ပါ
အားလုံး အနူးညီလျှင် မွေးပျံစားကောင်းသော
တောင်ပေါ်ရိုးရာ..#ကြက်အာပူဟင်းရပါပြီရှင်

image

#ကြက်ခွေးတောက်သောက်ဆမ်းနှင့်ငရုတ်သီးသုပ်ချက်နည်း



ငယ်ငယ်က စားခဲ့ရတဲ့ ခွေးတောက်ရွက်အဖူးလေးတွေပါတဲ့ ခွေးတောက်ရွက် နုနုလေးတွေကို အရမ်းလွမ်းမိပါတယ်။ ယခုခေတ်မှာလို စိုက်ပျိုးထားတဲ့ ခွေးတောက်ရွက် ဖားဖား အရွက်ကြမ်းကြီးတွေ မဟုတ်ပါဘူး။ သဘာဝအလျောက်ပေါက်တဲ့ ခွေးတောက်ပင်ကရတဲ့ ခွေးတောက်ရွက်နုနုလေးတွေကိုပဲ ကျွန်တော်တို့ စားခဲ့ရပါတယ်။ ခွေးတောက်ရွက်ကို ကြော်ချက်ချက်စားကြသလို ဒီခေတ်မှာတော့ နာမည်ကြီးလာတဲ့ ခွေးတောက်သောက်ဆမ်းပေါ့။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ကြက်ခွေးတောက်သောက်ဆမ်းလို့ မခေါ်ပါဘူး။ ကြက်သားရည်ချိုလို့ ခေါ်ပါတယ်။ ကြက်သား ရည်ချိုချက်ပြီးမှ ခွေးတောက်ရွက်ခတ်တဲ့ဟင်းပါ။

ကြက်ခွေးတောက်သောက်ဆမ်းအတွက် ပါဝင်ပစ္စည်းများ

ကြက်သား – ၄၀ဝ ဂရမ်

ခွေးတောက်ရွက် – ၂ စည်း

ငံပြာရည် – စားပွဲဇွန်း ၁ ၁/၂ ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သားမှုန့် – အနည်းငယ်

နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်နီ – ၃ ဥ

ကြက်သွန်ဖြူ – ၆ မြွှာ

ရေ – ၈၀ဝ မီလီလီတာ

ဆီ – အနည်းငယ်

ပြုလုပ်နည်း

၁။ ကြက်သားအနေတော်အရွယ်တုံးပြီး ဆား၊ နနွင်း၊ ငံပြာရည်၊ ကြက်သားမှုန့်တို့နှင့် ရောနယ်၍ ချက်မည့်အိုးထဲ ထည့်ပါ။

၂။ အိုးကို မီးဖိုပေါ်တင်၍ ဆီထည့်ပြီး လုံးချက် ချက်ပါ။

၃။ ကြက်သားထဲမှ ထွက်လာတဲ့ ရေကုန်ပြီဆိုလျှင် ရေထည့်၍ အဖုံးဖုံးပြီး ချက်ပါ။

၄။ ကြက်သားချက်နေစဉ်အတွင်းမှာ ခွေးတောက်ရွက်ကို ြွေခပြီး ရေဆေးထားပါ။ ပြီးလျှင် ခပ်ကြမ်းကြမ်းလေး လှီးထားပါ။

၅။ ကြက်သွန်နီကို ပါးပါးလှီး၊ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ကြက်သားအိုးထဲ ထည့်ပါ။

၆။ ကြက်သားနူးပြီဆိုလျှင် ခွေးတောက်ရွက်ခတ်ပြီး ဆက်၍ ချက်ပါ။

၇။ ခွေးတောက်ရွက် နွမ်းသွားပြီဆိုလျှင် အပေါ့အငန်မြည်းပြီး အဆင်သင့်ဖြစ်ပါပြီ။



ငရုတ်သီးသုပ်အတွက် ပါဝင်ပစ္စည်းများ

ငရုတ်သီးစိမ်း – ၁၅ တောင့်

ကြက်သွန်နီ – ၂ ဥ

ကြက်သွန်ဖြူ – ၃ မြွှာ

မြေပဲလှော် – စားပွဲဇွန်း ၁ ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ – စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။ ငရုတ်သီးစိမ်းကို မီးကင် (သို့) လှော်ပါ။

၂။ မြေပဲလှော်ကို ထောင်းပါ။

၃။ လှော်ထားတဲ့ ငရုတ်သီးစိမ်းကို ထောင်းပြီး ဆားထည့်၍ ထောင်းပါ။

၄။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ပါးပါးလှီးပါ။

၅။ ပြီးလျှင် အသုပ်သုပ်မည့်ပန်းကန်လုံးထဲ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းထောင်း၊ မြေပဲထောင်းနှင့် ဆီတို့ကိုထည့်ပြီး နယ်ပါ။

image

#ကြက်အူအာလူးမဆလာဟင်းချက်နည်း
‌.....................................................

ကြက်အူကိုင်ရတာ အင်မတန်လက်ဝင်ပါတယ်နော်.
ဒါတောင် စျေးသည်က ကြက်အူတွေကိုင်ပေးလိုက်တာ အိမ်ရောက်တော့
ကြက်အူတွေကို ဇကာထဲထည့် လက်အိပ်စွပ်
(ဒေါ်ခကတော့ ရာဘာလက်အိပ် အသေး ဆောင်ထားပါတယ် ကြွပ်ကြွပ်အိတ်တွေက
သိပ်အဆင်မပြေပါဘူး)
ကျောက်ချဉ်တုံးထည့် ဇကာထဲမှာပွတ်တိုက်ပြီး အညှိတွေထုတ်ရေနဲ့ဆေး တခါ ဇလုံထဲ မှာ ဗာနီကာရည်နဲ့ နယ်ပြီး ၂ခါဆေး အနှစ်တွေညှစ်ချ ရေနဲ့ ၃ထပ်ဆေးပြီးမှ သန့်စင်တဲ့ကြက်အူတွေရပါတယ်
အဲတော့မှ အထုံးလေးတွေထုံး ဂျင်းရည်ညှစ် ဆနွင်းထည့် ကြက်သားမှုန့်ထည့်ပြီး နယ်ကာ နှပ်ထားရတာ ပြီးမှ အိုးထဲထည့် နာနတ်ပွင့်၂ပွင့်ထည်ု့ပီး သူ့ရေနဲ့သူခမ်းအောင်ပြုတ်ပါတယ် ။
ဒါဆို ညှီနံ့ကင်းတဲ့ ကြက်အူရပါပြီ။
ချက်တော့မယ်ဆို .....
အာလူးကို အခွံနွှာ ၄စိတ်စိတ် ရေဆေးပြီး ဆီနဲနဲနဲ့ကြော်ပါတယ် အပေါ်ယံတင်းပြီဆိုရင် ဆယ်ထားပြီးတော့ အဲဒီဆီထဲကိုပဲ ပျဉ်းတော်သိမ်ရွက်လေးဆီသပ် ကြက်သွန်ဖြူနီငြုပ်သီးထောင်းအနှစ်ထည့်ဆီသပ်မွှေးပြီးရဲလာရင် ကြက်အူထည့် အာလူးထည့် ရေအနည်းငယ်ထည့်ပြီးချက်ပါတယ်
အာလူးနူးပြီဆိုရင်အရသာမြည်း အချိုအငံလိုတာထည့် မဆလာလေးအုပ် ၁ချက်၂ချက်မွှေပေး ပြီး မီးပိတ် အိုးချပါ အရသာရှိလှတဲ့ကြက်အူ အာလူး မဆလာချက်လေးရပါပြီ....

image

#ကြက်သွန်မြိတ်နှင့်ကြက်သားဖရုံသီးဟင်းချိုချက်နည်း
(Spring Onion Chicken and Pumpkin Soup)
...............................................................


လွယ်ကူလျင်မြန်ပြီး အရည်သောက်စားလို့ရသလို အသားနဲ့
အသီးအရွက်များ ပါ၀င်တာကြောင့် ပရိုတင်းနဲ့ ဗီတာမင်ဓာတ်လည်း ဟင်းတစ်ပွဲထဲစားရုံနဲ့ ရရှိနိုင်တာကြောင့် အချိန်မရသူတွေအတွက် အထူးဖန်တီးပေးလိုက်ပါတယ်နော်။

ပါ၀င်ပစ္စည်းများ
.....................
• ကြက် - ၁ ခြမ်း ( အတုံးလေးများ တုံးထားပါ)
• ဖရုံသီး - ၁ ခြမ်း (အနေတော် အတုံးလေးများတုံးထားပါ)
• ကြက်သွန်ဖြူ - ၂ မြွှာ (အခွံခွာပြီး ဓားပြားရိုက်ထားပါ)
• ငရုတ်ကောင်းမှုန့်အမည်း - အနည်းငယ်
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်းရပါတယ်)
• ကြက်သွန်မြိတ် - ၃ ပင် (သေးသေးလေးတွေဖြတ်ထားပါ)
• ကြက်ရိုးပြုတ်ရည် - ၁ ခွက် (ဟင်းချက်ရင်းတိုင်းသောခွက်)

ပြုလုပ်နည်း
................
၁။ အိုးသေးလေးထဲသို့ ကြက်ရိုးပြုတ်ရည်၊ ကြက်သွန်ဖြူ၊
ငရုတ်ကောင်းမှုန့်နဲ့ ကြက်သားများထည့်ပြီး ရေဆူအောင်တည်ပါ။

၂။ ပွက်ပွက်ဆူလာပြီး အရည်အနည်းငယ်ခန်းလာလျှင်
ဖရုံသီးတုံးလေးများထည့်ပြီး ရေအနည်းငယ်ထပ်ဖြည့်ပြီး ဆူအောင်တည်ပါ။
အားလုံးနူးအိလာတော့မှ ကြက်သွန်မြိတ်ကိုထည့်ပြီး မီးပိတ်ပါ။
မီးအပူချိန်လေးနဲ့ မီးဖိုပေါ်မှာပဲထားပါ။

၃။ ဆားမြည်း လိုတာထပ်ဖြည့်ပြီး အသင့်စားသုံးလို့ရပါပြီ။
ပူပူနွေးနွေးလေး စားသုံးသင့်ပါသည်။

image