ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၂၀၂၅-၂၆ တွင် ဓာတ်မြေသြဇာ တန်ချိန် ၁ ဒသမ ၆ သန်းနှင့် ပိုးသတ်ဆေး တန်ချိန် ၃၂,၀၀၀ တင်သွင်းမည်
ရန်ကုန်၊ ဇူလှိုင် ၂၂
မြန်မာနိုင်ငံသည် ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ဓာတ်မြေသြဇာ တန်ချိန် ၁.၆ သန်းနှင့် ပိုးသတ်ဆေး တန်ချိန် ၃၂,၀၀၀ တင်သွင်းရန် ရည်မှန်းထားကြောင်း ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရေး ဦးဆောင်ကော်မတီကို ကိုးကား၍ အင်္ဂါနေ့က နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။
တနင်္လာနေ့က နေပြည်တော်တွင်ကျင်းပ ပြုလုပ်သည့် ကော်မတီအစည်းအဝေးတွင် ကော်မီတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တောင်သူလယ်သမားများ လိုအပ်သော သွင်းအားစုများကို လက်လှမ်းမီ ရရှိစေရန် ထောက်ပံ့ဖြည့် တင်းရေး နှင့် ဖြန့်ဖြူးရေးတွင် လျာထားချက်အတိုင်း အထွက်နှုန်းပြည့်မီစေရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။
၂၀၂၅ ခုနှစ် ဇွန်လကုန်၌ ဓာတ်မြေသြဇာ ၄၃၈,၇၀၅ တန်နှင့် ပိုးသတ်ဆေး တန်ချိန် ၉,၈၄၀ ကျော်ကို တင်သွင်းခဲ့ ပြီးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ မြေသြဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး လုပ်ငန်းရှင်များအသင်းသည် ဒေသအသီးသီး၏ လိုအပ်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးရမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးက ဒေသခံတောင်သူလယ်သမားများအတွက် မျှတသောဈေးနှုန်းဖြစ်စေရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ဖြန့်ဖြူးရေးလုပ်ငန်းစဉ်များကို ကြီးကြပ်ရန် ကော်မတီဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်။
Ref: ရှင်းဟွာ
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
=============================
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အား အလွန်ကောင်းနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံပေါ်တွင် ဖြစ်ပေါ် နေသော ကုန်းတွင်းမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့ သွားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းမှ ပြတ်ထွက်လာသော တိမ်တိုက်များနှင့် အကြွင်းအကျန်တိမ်တိုက် များကြောင့် ယနေ့နံနက်မှ ၂၅-၇-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးသည်း ထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
-----------------------------------------------------------------------
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်၂၅-၃၀ မိုင်၊ တစ်ခါတစ်ရံ ၄၅ မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအလွန်ကြီးမည်။
လှိုင်းအမြင့်။ ၁၄ ပေမှ ၁၆ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
-------------------------------------------------------------------------
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်၂၅-၃၀ မိုင်၊ တစ်ခါတစ်ရံ ၄၅ မိုင်။
လှိုင်းအခြေအနေ။ လှိုင်းအလွန်ကြီးမည်။
လှိုင်းအမြင့်။ ၁၄ ပေမှ ၁၆ ပေခန့်။