Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘင်္ဂလားပင်လယ်အော်အခြေအနေ
=====================
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
--------------------------------------------------------------------------
“ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်။”
ခေတ်သစ် အဂ္ဂိရတ်ပညာ၊ ပြဒါးမှ ရွှေအဖြစ်ပြောင်းလဲနိုင်ပြီဟု နျူကလီးယားစွမ်းအင် Startup ကုမ္ပဏီ ကြေညာ
ရှေးခေတ်က အဂ္ဂိရတ်ပညာရှင်များ၏ အိပ်မက်တစ်ခုဖြစ်သော သာမန်သတ္တုမှ ရွှေအဖြစ်ပြောင်းလဲခြင်းကို နျူကလီးယားနည်းပညာဖြင့် လက်တွေ့အကောင်အထည်ဖော်နိုင်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုအခြေစိုက် Marathon Fusion အမည်ရှိ Startup ကုမ္ပဏီက ကြေညာလိုက်ပြီးနောက် သိပ္ပံနှင့်နည်းပညာလောကတွင် အကြီးအကျယ်ဂယက်ရိုက်ခတ်သွားခဲ့ပါတယ်။
ဘယ်လိုအလုပ်လုပ်တာလဲ ?
Marathon Fusion ၏ အဆိုပြုချက်အရ၊ သူတို့ရဲ့ နျူကလီးယားပေါင်းစပ်ခြင်း (Nuclear Fusion) နည်းပညာကို အသုံးပြုပြီး ပြဒါး (Mercury) ကို ရွှေ (Gold) အဖြစ် နျူကလီးယားဓာတ်ပြောင်းလဲခြင်း (Nuclear Transmutation) နည်းလမ်းဖြင့် ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။
လုပ်ငန်းစဉ်မှာ နျူကလီးယားပေါင်းစပ်မှုပြုလုပ်ရာမှ ထွက်ပေါ်လာသည့် အလွန်စွမ်းအင်မြင့်မားသော နျူထရွန် (neutron) များဖြင့် ပြဒါးအိုင်ဆိုတုပ် (mercury-198) ကို တိုက်ခိုက်စေပြီး၊ ၎င်းကို မတည်ငြိမ်သော ပြဒါးအိုင်ဆိုတုပ် (mercury-197) အဖြစ်သို့ ပြောင်းလဲစေပါတယ်။ ထိုမတည်ငြိမ်သော ပြဒါးအိုင်ဆိုတုပ်သည် နာရီ ၆၀ ကျော်အတွင်း သူ့အလိုလို ပြိုကွဲသွားပြီး၊ တည်ငြိမ်သော ရွှေအိုင်ဆိုတုပ် (gold-197) အဖြစ်သို့ ပြောင်းလဲသွားမှာဖြစ်ပါတယ်။
စီးပွားဖြစ် ထုတ်လုပ်နိုင်မလား ?
Marathon Fusion ကုမ္ပဏီက သူတို့ရဲ့နည်းလမ်းကိုအသုံးပြုပြီး နျူကလီးယားစွမ်းအင်ထုတ်လုပ်တဲ့စက်ရုံတွေမှာ တစ်နှစ်လျှင် ရွှေ ကီလိုဂရမ် ၅,၀၀၀ (၅ တန်) အထိ ထုတ်လုပ်နိုင်ပြီး၊ လက်ရှိပေါက်ဈေးနှင့်ဆို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ခန့် တန်ဖိုးရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
သို့သော်လည်း ဒီနည်းပညာဟာ လက်တွေ့ဖြစ်လာဖို့အတွက် စိန်ခေါ်မှုတွေတော့ ရှိနေပါသေးတယ် -
၁။ သုတေသနအဆင့်သာရှိသေးခြင်း : Marathon Fusion ရဲ့ စာတမ်းဟာ ပညာရှင်တွေရဲ့ပြန်လည်သုံးသပ်မှု (peer-review) ကို မရရှိသေးဘဲ၊ သီအိုရီပိုင်းဆိုင်ရာ အဆိုပြုချက်အဆင့်မှာသာ ရှိပါသေးတယ်။
၂။ ရေဒီယိုသတ္တိကြွမှု : ဒီနည်းလမ်းနဲ့ထုတ်လုပ်လိုက်တဲ့ ရွှေတွေဟာ ကနဦးမှာ အနည်းငယ် ရေဒီယိုသတ္တိကြွနေမှာဖြစ်ပြီး၊ လက်ဝတ်ရတနာအဖြစ် အသုံးပြုနိုင်လောက်အောင် ဘေးကင်းဖို့အတွက် ၁၈ နှစ်နီးပါး သိုလှောင်ထားဖို့ လိုအပ်နိုင်ပါတယ်။
ဒီအဆိုပြုချက်သာ အောင်မြင်ခဲ့မယ်ဆိုရင်၊ နျူကလီးယားစွမ်းအင်ထုတ်လုပ်မှုကို စီးပွားဖြစ် တွက်ခြေကိုက်စေမယ့် အဓိကသော့ချက်တစ်ခု ဖြစ်လာနိုင်သလို၊ ရွှေဈေးကွက်ကိုလည်း အကြီးအကျယ်ပြောင်းလဲစေနိုင်မှာဖြစ်ပါတယ်။
💁♀️သားသားမီးမီးများကို အပြင်စာမကျွေးချင်တဲ့ မေမေများအတွက် အာလူးကြော်လေးကြော်ကျွေးကြမယ်။
-----------------ပါဝင်ပစ္စည်းများ---------------
-ဆီ
-အာလူး 3 လုံး
-ငရုတ်ကောင်းမှုန့်အနည်းငယ်
-ဆားအနည်းငယ်
-ကြက်သားမှုန်းအနည်းငယ်
-ပြောင်းကော်မှုန့်ထမင်းစားဇွန်း 5 ဇွန်း
----------------------အာလူးကြော်ပြုလုပ်ပုံ-------------------
-အာလူးအခွံခွာကာ အနေတော်အတုံးလေးနဲ့ညီအောင်တုံးပါ မီးဖိုပေါ်အိုးတင်ပြီးရေအနည်းငယ်နှင့်လှီးထားသောအာလူးများကိုနူးသည်အထိပြုက်ပါ(ဇွန်းဖြင့်ချေလိုရသည်အထိပြုက်ပါ)
-အာလူးများနူးသွားလျှင် ဇလုံတစ်လုံးထဲကိုခပ်ထည့်ကာခရင်းနဲ့ချေရမှာဖြစ်ပါတယ်ရှင့်။
-အာလူးများကြေသွားလျှင် ငရုတ်ကောင်းမှုန့်၊ ဆား၊ ကြက်သားမှုန့်များထည့်ကာ ရောသမအောင်မွှေရမှာဖြစ်ပါတယ်။
-ပြီးလျှင်ပြောင်းကော်မှုန့်များထည့်ကာသမအောင်မွှေပေးပါ မွှေပြီးပါကအိတ်တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲတွင်15မိနစ်နှပ်ထားပေးပါ။
-15မိနစ်ပြည့်လျှင်အိတ်ထဲမှထုတ်ကာ မိမိတို့လိုအပ်သလိုပုံဖော်ပြီး ဆီပူပူလေးထဲမှာရွှေဝါရောင်လေးသန်းတဲ့ထိကြော်ပေးပါ။
-ရွှေဝါရောင်သန်းလျှင် အိုးမှဆယ်ထုတ်ကာပန်းကန်ပြားလှလှလေးပေါ်တင်ပြီးသုံးဆောင်နိုင်ပါပြီရှင့်။
မိမိတို့ကြိုက်နှစ်သက်ရာအချဥ်ဖြင့်တွဲဖက်စားသုံးနိုင်ပါပြီရှင့်။
ဒီရောဂါတွေမဖြစ်အောင် ဒီအလေ့အကျင့်ဆိုးတွေရှောင်
ရောဂါတွေနဲ့ သက်ဆိုင်တဲ့ ရှောင်ရှားသင့်တဲ့ အလေ့အကျင့်တွေကို အောက်မှာ ဖော်ပြထားပါတယ်။
-ဆီးချိုရောဂါ- ညဘက်နောက်ကျပြီး အစာစားခြင်း
-သွေးတိုးရောဂါ- ဆားအများကြီး သုံးစွဲခြင်း
-နှလုံးရောဂါ- ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
-အရိုးပွရောဂါ- နေရောင်ခြည်ကို ရှောင်ခြင်း
-အစာအိမ်ရောင်ခြင်း (Gastritis)- အလွန်မြန်မြန်စားခြင်း
-အက်ဆစ်ပြန်တက်ခြင်း (Acid Reflux)- အစာစားပြီးနောက် လှဲလျောင်းခြင်း
-သွေးအားနည်းရောဂါ - ထမင်းစားနေစဉ် လက်ဖက်ရည်သောက်ခြင်း
-အူလမ်းကြောင်းဆိုင်ရာပြဿနာများ- ရေအလုံအလောက် မသောက်ခြင်း
-ပန်းနာရင်ကျပ် - ဖုန်ထူသော ပတ်ဝန်းကျင်တွင် နေထိုင်ခြင်း
-အသည်းပြဿနာများ- ပြုပြင်ထားသော အစားအစာများ စားခြင်း
-ဗီတာမင်ဒီချို့တဲ့ခြင်း- အိမ်တွင်းမှာသာ နေခြင်း
-ကျောက်ကပ်ကျောက်တည်ခြင်း - ရေအနည်းငယ်သာ သောက်ခြင်း
-စိတ်ဖောက်ပြန်ခြင်း (Dementia)- နာရီပေါင်းများစွာ screentime
-အိပ်မပျော်ခြင်း - ညဘက်နောက်ကျပြီး ဖုန်း/ကွန်ပျူတာကြည့်ခြင်း
-စိုးရိမ်ပူပန်ခြင်း (Anxiety)- ဆိုရှယ်မီဒီယာကို အဆက်မပြတ်အသုံးပြုခြင်း
ကျန်းမာကြပါစေ။
လေးစားလျက်-