22 ပတ် - ဘာသာပြန်ပါ။

ခန္ဓာကိုယ်မှာ သတ္တုဓာတ် (minerals)တွေ ချို့တဲ့နေပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြမလဲ?
1. ကယ်လ်ဆီယမ် (Calcium) ချို့တဲ့ရင်...
အရေပြား ခြောက်ပြီး ယားမယ်
မောပန်းလွယ်မယ်
ကြွက်သားတွေ တောင့်တင်း ကိုက်ခဲမယ် (Muscle spasm)
လက်သည်း၊ ခြေသည်းတွေ ပြောင်းလဲမယ်
လက်၊ ခြေထောက်နဲ့ ပါးစပ်တစ်ဝိုက် ထုံကျင်မယ် (Numbness)
2. ဇင့် (Zinc) ချို့တဲ့ရင်...
အနံ့နဲ့ အရသာ ခံစားမှု လျော့နည်းမယ် (Loss of taste and smell sensation)
ဆံပင်ကျွတ်မယ် (Hair loss)
စားချင်စိတ် နည်းမယ် (Low appetite)
3. မဂ္ဂနီဆီယမ် (Magnesium) ချို့တဲ့ရင်...
စားချင်စိတ် နည်းမယ် (Low appetite)
မောပန်းပြီး အားနည်းမယ် (Fatigue and weakness)
ပျို့အန်မယ် (Nausea and vomiting)
ကြွက်သားတွေ တောင့်တင်း ကိုက်ခဲမယ် (Muscle spasm)
အိပ်ငိုက်မယ် (Drowsiness)
ရင်တုန်မယ် (Heart palpitations)
တုန်ယင်မယ် (Shiver)
4. ပိုတက်ဆီယမ် (Potassium) ချို့တဲ့ရင်...
ကြွက်သားတွေ တောင့်တင်း ကိုက်ခဲမယ် (Muscle spasm)
ဝမ်းချုပ်မယ် (Constipation)
ရင်တုန်မယ် (Heart palpitations)
ဆီးခဏခဏသွားမယ် (Frequent urination)
ထုံကျင်ကျင်ဖြစ်မယ် (Tingling sensation and numbness)
ဒီလက္ခဏာတွေ သင့်မှာရှိနေပြီဆိုရင် သတ္တုဓာတ်ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ သေချာသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ မမေ့နဲ့နော်။ သင့်ကျန်းမာရေးက အရေးကြီးဆုံးပါပဲ!
ကျန်းမာကြပါစေ။

#ဟန်ထူးလွင် ?️#မယ်တင်

#ဟန်ထူးလွင် ?️#မယ်တင်

#BIGBAG #ကင်ဆာ

? နားလည်ပါ ?️ Big Bag

#BigBag #Telepunk.

#ဝေးသွားလည်း #BigBag

22 ပတ် - ဘာသာပြန်ပါ။

ဒီတစ်ခါတော့ အခြားသူကြောင့် ရွေးချယ်မှုမှားရင် Villain ဖြစ်သွားကြတဲ့ Syndrome နဲ့ ScreenSlaver အကြောင်းပြောကြမယ်။ ဒီ characters တွေက လူကောင်းအဖြစ်ရွေးချယ်လို့ရခဲ့ပေမဲ့ မကောင်းတဲ့သူဖြစ်အောင် ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့သူ ၂ ယောက်ပါ။
Syndrome အကြောင်းအရင်စပြောပါမယ်။ Syndrome မဖြစ်လာခင် Buddy Pine က လူတိုင်းကို နည်းပညာနဲ့ Superpower ရအောင်လုပ်ပေးချင်ခဲ့တဲ့ကောင်လေးပါ။ သူက Mr Incredible FanBoy ဖြစ်ပြီး Incredible ရဲ့ Sidekick ဖြစ်ချင်ခဲ့တာပါ။အဲ့တာကြောင့်လည်း သူတက်ထားတဲ့နည်းပညာတွေနဲ့ Mr Incredible နောက်အမြဲလိုက်ခဲ့ပါတယ်။ သူ့အရွယ်နဲ့ဆို တော်တော်လေး Genius ဖြစ်တဲ့ကလေးလို့ပြောလို့ရပေမဲ့ Mr Incredible က သူ့ကို အမြဲတမ်း အဝေးရောက်အောင်တွန်းပို့ခဲ့ပြီး နောက်ဆုံးအကြိမ်မှာ သူ့ကြောင့် မြို့မှာပျက်စီးမှု ဖြစ်ခဲ့ပြီး Idol ဖြစ်တဲ့ Incredible ကလူရှေ့အရွက်ခွဲခံလိုက်ရတာကြောင့် နောက်ဆုံးမှာ Villain ဖြစ်လာခဲ့ပါတယ်။ ဆိုးချင်လို့ဆိုးတာမဟုတ်ပဲ အရှက်ကွဲမှု နဲ့ အငြင်းပယ်ခံရမှုရဲ့ သားကောင် ဖြစ်လာခဲ့တာပါ။ Buddy Pine မှားသွားတဲ့အချက်က လူကောင်းဖြစ်အောင် ဆက်မကြိုးစားပဲ သူ့နည်းပညာ တွေ နဲ့ Incredible ကိုလက်စားချေလိုစိတ် ကြောင့် မကောင်းတဲ့ဘက်ရောက်သွားခဲ့ပါတယ်။
ScreenSlaver ရဲ့ Backstory ကလည်းတစ်မျိုးထူးခြားပါတယ်။ ScreenSlaver မဖြစ်ခင် Evelyn Deavor ကမောင် အငယ်တစ်ယောက်ရှိပါတယ်။သူတို့အဖေက Superhero Fan တစ်ယောက်ဖြစ်ပြီး လူတွေ နဲ့ Superhero ကြားမတူညီမှုတွေ နဲ့ လူတွေ Heros တွေအပေါ်အမုန်းတရားကိုပျောက်အောင်လုပ်ချင်တဲ့သူပါ။ အဲ့ကြောင့်လည်း သူတို့အိမ်မှာ Superhero တွေကိုတိုက်ရိုက်ဆက်သွယ်နိုင်တဲ့ Phone လိုင်းတွေရှိပါတယ်။ ဒါပေမဲ့ တစ်ညမှ သူတို့အိမ်ကို သူခိုးဝင်ခဲ့ပြီး Evelyn အဖေက ကိုယ်တိုင်မဖြေရှင်းပဲ Superhero တွေကိုအားကိုးပြီးဖုန်းဆက်ခဲ့ပါတယ်။ ဒါပေမဲ့ Superhero တွေကို Goverment က Banned တာကြောင့် ဘယ် Hero မှ Phone မကိုင် မသိကြပဲ Evelyn အဖေက ​ေ သ သွားပါတယ်၊ အဲ့တာကြောင့်ပဲ Evelyn က Heros တွေကိုအသုံးမဝင်တဲ့ အရာတွေလို့မြင်ခဲ့တယ်။ လူတွေအမြင်မှာလည်း သူ့လိုပဲမြင်လာအောင် Hero တွေကိုအားကိုးလို့မရဘူးဆိုတာမြင်အောင် နောက်ကွယ်ကနေကြိုးကိုင်ခဲ့တယ်။ သူက Heros တွေအစား ကိုယ့်ကိုကိုယ်အားကိုးဖို့ ကိုပိုအားပေးတဲ့သူ။ သူ့အမြင်က မမှားဘူး၊ သူမှားသွားတာက Hero တွေကိုအားကိုးလို့မရဘူးဆိုတဲ့ အရာကို အချက်ကျကျ ပြန်ပြောဖို့မလုပ်ပဲ လူတွေကိုထိန်းချုပ် အသက်တွေကို စတေးပြီး သူပြချင်တဲ့အချက်ကို ရအောင်လုပ်တဲ့အတွက် လမ်းမှားရောက်သွားခဲ့တယ်။
သူတို့ ၂ ယောက်က Pure Villain တွေဆိုတာထက် ပတ်ဝန်းကျင်ရဲ့ တွန်းပို့မှုကြောင့် Villain ဖြစ်လာကြသူတွေပါ။Rating တွေအရ ScreenSlaver က Pixar ရဲ့ အညံ့ဆုံး နဲ့ အဆိုးဆုံး Villain တစ်ယောက်လည်းဖြစ်ပါတယ်။

image
22 ပတ် - ဘာသာပြန်ပါ။

ဒီသတင်းကတော့ လက်ရှိ Rumors ဆိုပေမဲ့ တကယ်ဖြစ်လာနိုင်ပါတယ်။ မကြာခင်လာတော့မဲ့ Fantastic Four ရဲ့ Credit Scene မှာ Doctor Doom ကိုမြင်ရမယ်လို့သိရပါတယ်။ Loki နဲ့စာရင်းရှင်းဖို့သွားတာမြင်ရမလား ကတော့မသိသေးပေမဲ့ MCU ထဲမှာ Doctor Doom ကိုပြဖို့ တကယ်လိုနေတာပါ။

image
22 ပတ် - ဘာသာပြန်ပါ။

Castiel နေရာမှာပါခဲ့တဲ့ Misha က Interview တစ်ခုမှာ Supernatural Writer Eric Kripke က Supernatural ကို Reboot လုပ်ချင်နေပြီး အတက်နိုင်ဆုံး ကြောက်စရာကောင်း R-Rating အဖြစ်ပြန်မိတ်ဆက်ချင်ကြောင်းပြောခဲ့ပါတယ်။
Jensen & Jared တို့ကလည်း R-Rating Mini Series သာဖြစ်မယ် ဆိုရင် ပြန်လာဖို့စိတ်ဝင်စားကြောင်းသိရပါတယ်။
J2 တို့က The Boys လို Series ကိုခပ်တိုတို R-Rating ဖြစ်ဖြစ်ဆိုသေချာပေါက်ပြန်လာမှာပါ။အရမ်းရှည်သွားရင်ကျ အသက်ကလည်းကြီးလာတာရယ် အခြား Movie / Series ရိုက်ဖို့ရှိသေးတော့ Mini Series ဖြစ်စေချင်တာ လက်ခံပါတယ်။

image