#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ထိုင်းနိုင်ငံတွင်းမှ ကမ္ဘောဒီးယား အလုပ်သမားများ ဆက်လက်ထွက်ခွာ
ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လျက် ရှိကြသည့်ကမ္ဘောဒီးယားအလုပ်သမားများသည် ချန်ထပူရီပြည်နယ်ရှိ ဘန်လမ်နယ်စပ်ဂိတ်မှတစ်ဆင့် ဆက်လက်ထွက်ခွာလျက်ရှိကြောင်း ဇူလိုင် ၃၁ ရက်တွင် ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားသည်။
ကမ္ဘောဒီးယားအလုပ်သမားများသည် နှစ်နိုင်ငံ နယ်စပ်ပြဿနာ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံတွင်းမှ နေ့စဉ်ထွက်ခွာလျက်ရှိရာ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင်အလုပ်သမား ၁၅ဝဝ ကျော်သည် ဘန်လမ်နယ်စပ်ဂိတ်မှတစ်ဆင့်ထွက်ခွာခဲ့ကြကြောင်း သတင်းတွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ကမ္ဘောဒီးယားအလုပ်သမားမှာ ငါးသိန်းခန့်ရှိကြောင်းနှင့် ယင်းတို့အထဲမှ အလုပ်သမားလေးသိန်းခန့်သည် နေရပ်သို့ ပြန်လာကြမည်ဟု ကမ္ဘောဒီးယားဘက်မှ ပြောဆိုထားသည်။
ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်ကြောင်း ပြသရန် ဩဂုတ် ၁ ရက်(ယနေ့)တွင် နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်မှ စစ်သံမှူးများကို ထိုင်း-ကမ္ဘောဒီးယားနယ်စပ်သို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။
Source; Reuters

image
33 w - Translate

◾Assistant Supervisor / Supervisor - Yangon
Company: Global World Insurane Company Limited
Salary Range: MMK 500,000 - 600,000
https://www.joimyanmar.com/job/detail/24550

◾Sales & Marketing Staff - Yangon
Company: Global World Insurane Company Limited
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/24548

◾Assistant Manager (Business Development) - Yangon
Company: Global World Insurance Company Limited
Salary Range: MMK 700,000 - 800,000
https://www.joimyanmar.com/job/detail/24549

image

ဘေးက တူ တူမ လေးတွေပါ ကျမကအပျိုပါ

image

#အာလူးကြော် ကြွပ်ကြွပ်လေး

ဒီနည်းကတော့ ကြော်ပြီးတော်တော်ကြာတဲ့အထိလဲ မပျော့ပါဘူး။ စားလို့လဲတော်တော်ကောင်းပါတယ်။
ကြော်စားကြည့်နော်။

ပါ၀င်သောပစ္စည်းများ
၁။ အာလူး အကြီး - ၂လုံး
၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
၃။ ကွမ်းယာထဲထည့်တဲ့ စားထုံး - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
၄။ ရေ - ၃ ခွက် ခွဲ
၅။ ကြော်ရန်ဆီ
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)

ပြုလုပ်နည်း
၁။ ထုံးကို ရေ ၃ ခွက်ခွဲထဲထည့်ဖျော်ပြီး ထုံးရည်ကြည်ရအောင် ထုံးအနည်ထိုင်သည်အထိထားပါ။ (အနည်းဆုံး ၄ နာရီလောက်ထားပါ။) ပြီးလျှင် ထုံးရည်ကြည်ကို ယူပါ။ ၃ ခွက်လောက် ရသည်အထိယူပါ။ အောက်ပိုင်း ထုံးအနည်ထိုင်နေသော အရည်များကိုသွန်ပစ်လိုက်ပါ။
၂။ ထုံးရည်ကြည်ထဲကို ဆားထည့်ရ်ျဖျော်ပါ။ ပြီးလျှင် အာလူးမျာကို အခွံခွာ ပြီးပါးပါးလှီးပါ။
၃။ ပါးပါးလှီးထားသော အာလူးများကို ထုံးရည်ကြည်ထဲထည့်ရ်ျ ရေခဲသေတ္တာအောက်ထပ် အအေးခန်းထဲတွင် တညထားပါ။
၄။ မနက်ကျလျှင် အာလူးကြော်ရန် အတွက် ဆီကို အပူပေးပြီး အာလူးများကို ထုံးရည်ထဲမှ ယူရ်ျ ရေစစ်ပြီး ထည့်ကြော်ပါ။
၅။ အာလူးကြော်ရာတွင် ပထမဆီထဲထည့်ထည့်ချင်း အာလူးများကို အထပ်လိုက်မဖြစ်အောင် အနည်းငယ်ဖြန့်ပါ။ ပြီးလျှင် မမွှေပဲ အာလူးများ ရွှေဝါရောင်သန်းလာသည်အထိထားပါ။
၆။ အာလူးများ ရွှေဝါရောင်သန်းလာမှ အနည်းငယ် မွှေကြော်ရ်ျ ဆီအိုးထဲမှဆယ်ရ်ျ ဆီစစ်ထားပါ။
၇။ အာလူးများ ကို ဆယ်ပြီး ဆီစစ်ထားတုံးပူပူလေးမှာ ကြိုက်နှစ်သက်ရာ (အချိုမှုန့်၊ ငရုတ်သီးအကြမ်းမှုန်၊ ငရုတ်သီးမှုန့်တို့ဖြင့်သမအောင်လုပ်ပါ။
၈။ အာလူးကြော် ကြွပ်ကြွပ်လေးကို သုံးဆောင်နိုင်ပါပြီ။ နောက်နေ့မှ စားမည်ဆိုလျှင် အာလူးကြော်ကို အေးသွားသည်အထိ ထားပြီးမှ လေလုံသောဗူးထဲထည့်ရ်ျ သိမ်းပါ

image

#တောကျယ်ရေတံခွန်
ရွာငံ
Photocredit

image

#တောကျယ်ရေတံခွန်
ရွာငံ
Photocredit

image

#တောကျယ်ရေတံခွန်
ရွာငံ
Photocredit

image

#တောကျယ်ရေတံခွန်
ရွာငံ
Photocredit

image
image
image

#ဆင်တုန်းမနွယ်
ဆင်တုံးမနွယ်နဲ့ အဆစ်ရောင်ရောဂါ
တစ်ချို့ လေးဘက်နာ။ တစ်ချို့လည်း အဆစ်ရောင်ရောဂါသမားတို့ စိတ်မညစ်ကြပါနဲ့။ ဆင်တုံးမနွယ်ကို လေးခွက်တစ်ခွက်တင်ကျို (ရေနှင့်ဆင်တုံးမနွယ်ကိုရော.. ရေ လေးခွက်ထည့် ရေတစ်ခွက်စာပဲ ကျန်သည် အထိ ကျိုချက်)
(သို့မဟုတ်)
ဆင်တုံးမနွယ်ကို ထုချေလိုက်ပါ။ ရေနှင့် တစ်ညလောက်စိမ်ထား။ အဲ့ဒီအရည်ကို သောက်ပေး။ ဒါဆိုရင်လည်း အဆစ်ရောင်ရောဂါဝေဒနာရှင်တွေအတွက် မသေဆေးပါ။
ဆင်တုံးမနွယ်နဲ့ မီးယပ်ရောဂါ
ဆင်တုံးမနွယ်ပြုတ်ရည်ဒါမှမဟုတ် ဆင်တုံးမနွယ်စိမ်ရည်ကို သောက်ပေးခြင်းဖြင့်လည်း အဆစ်ရောင်ရောဂါ သည် တွေလို မီးယပ်ဖြူဆင်းတဲ့ အမျိုးသမီးတွေအတွက် အထူးဆေးတစ်လက်ပါ။
နှလုံးတုန်တဲ့လူနဲ့ စိတ်ချောက်ချားရောဂါနဲ့ ဆင်တုံးမနွယ်
နှလုံးမကောင်းလို့။ စိတ်ထဲမှာဂယောင်ချောက်ချားဖြစ်လို့ဆိုရင်တော့ စိတ်မပူပါနဲ့. ဆင်တုံမနွယ် နဲ့ မြင်းခွာရွက်ကို ပြုတ်။။ ပြီးလျှင် ရတဲ့ ပြုတ်ရည်ကို သောက်ပေး အမှန်တကယ်မုချပျောက်ကင်းမှာမို့ အသုံး၀င် လှပါတယ်။
တီဘီ နာ နှင့်ဆင်တုံးမနွယ်
အင်မတန်ခံရခက်ပြီး အသက်ကိုပါ ဒုက္ခပေးနိုင်တဲ့ရောဂါပါ။ DOTS ဆိုတာလည်း ရှိပေမယ့်ပေါ့..
မြန်မာတိုင်းရင်းဆေးမှာတော့ မြစ်ခြောက်နာရယ်လို့ ခေါ်ကြပါတယ်။ မြစ်ခြောက်နာ တီဘီရောဂါအတွက် ဖာလာဖြူ၊ ငါးပုလဲ၊ ဆင်တံးမနွယ်တို့ကို အမှုန့်ကြိတ်ပြီး ပျားရည်နဲ့ရောစပ်သောက်ပေးပါက ပျောက်ကင်း ပါတယ်။
နားကိုက်နေသူနဲ့ ဆင်တုံးမနွယ်
နားတွင်းမှာ အညစ်အကြေးတွေရှိလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် နားကိုက်နေတယ်ဆိုရင်တော့ ဆင်တုံးမနွယ်ကို ကြိတ် ကြက်သီးနွေးလောက်ပဲပြုတ် အဲ့ဒီပြုတ်ရည် နွေးနွေးလေးနဲ့ နားကိုဆေးပေးလိုက်ပါ။ ပျောက်ကင်းသွားမှာ အမှန်ပါပဲ။
ကိုယ်ရည်ဝါရောဂါနဲ့ ဆင်တုံးမနွယ်
ဆင်တုံးမနွယ်အရွက်ကို ကြိတ် ဒိန်ချဉ်ရည်နဲ့ ရောသောက်ရင် ပျောက်ကင်းပါသတဲ့။
ခြေဖဝါးပူတဲ့ရောဂါ နဲ့ ဆင်တုံးမနွယ်
ဆင်တုံးမနွယ်နဲ့ ကြက်ဆူစေ့ကို ရောပြီးကြိတ် ခြေဖဝါးမှာ လူးပေးလို့ကတော့ ခြေဖဝါးပူတဲ့ရောဂါ လျင်မြန်စွာ ပျောက်သွားပါလိမ့်မယ်။
အထွေထွေရောဂါနဲ့ ဆင်တုံးမနွယ်
ဆင်တုံးမနွယ်ကို ထောပတ်နဲ့စားရင် လေရောဂါအတွက်ကောင်းပါတယ်
ဆင်တုံးမနွယ်ကို သကြားနဲ့စားရင် သည်းခြေအတွက်ကောင်းပါတယ်
ဆင်တုံးမနွယ်ကို ပျားရည်နဲ့စားရင် သလိပ်အတွက်ကောင်းပါတယ်
ဆင်တုံးမနွယ်ကို သင်္ဘောချင်းခြောက်နဲ့စားရင် အစောမကြေရောဂါ။ လေပြည့်နာအတွက်ကောင်းပါတယ်
လူတွေအတွက်တင်မဟုတ်တဲ့ ဆင်တုံးမနွယ်
တောင်သူဦးကြီးတွေအားထားကြတဲ့ ကျွဲ၊နွားတွေ မှိုင်ပြီး မျက်ရည်တွေကျတာမျိုးဖြစ်နေရင် (နှုန်းနာ) ဆင်တုံးမနွယ်ကို နုတ်နုတ်စင်းပြီး ဆားနဲ့ နယ်ကျွေးရင် ရောဂါတွေပျောက်သွားမယ်.
ကျွဲနွားတွေ ဆီးအောင့်ဆီးချုပ်ဖြစ်ခဲ့ရင်တော့ ဆင်တုံးမနွယ်ကို နုတ်နုစင်း။ ရေစိမ်။ ရတဲ့အရည်ကို ဆားထည့် ဝါးကျည်ထောက်နဲ့ ထည့်တိုက်ပေးရင် ပျောက်ကင်းပါတယ်တဲ့။

image

ဟုတ်အမေ ခနနေအိမ်ပြန်တော့မှာ ခုအိမ်နားလေးက
လက်ဖက်ရည်ဆိုင်မှာ

image