Ballerina ကိုညကကြည့်မိတော့ Action ပိုင်းတွေမှာ တော်တော်လေးမိုက်တာတွေ့ရပါတယ်။
ဒီဇာတ်လမ်းက John Wick: Chapter 3 Parabellum နဲ့ Chapter 4 ကြားကာလမှာ ဖြစ်ပျက်သွားတဲ့ ဇာတ်လမ်းတစ်ခုပါ။
ဇာတ်လမ်းက Eve Macarro ဆိုတဲ့ ကလေးဟာ သူ့အဖေ သတ်ဖြတ်ခံရပြီးနောက် Ruska Roma ဆိုတဲ့ လူသတ်သမားတွေ လေ့ကျင့်ပေးတဲ့ အဖွဲ့ထဲ ဝင်ရောက်ပြီး သူ့အဖေအတွက် လက်စားချေဖို့ ကြိုးစားပါတယ်။ ဒီဇာတ်ကားမှာ Keanu Reeves, Ian McShane, Anjelica Huston နဲ့ Lance Reddick တို့လည်း ပါဝင်ထားပါတယ်။
ဒီဇာတ်လမ်း အားသာချက်က အက်ရှင်ခန်းတွေလို့ပြောရမယ်။ ဒီရုပ်ရှင်ဟာ John Wick ရဲ့ ထုံးစံအတိုင်း သေနတ်ပစ်ခန်းတွေ၊ ဓားသုံးတိုက်ခိုက်တာတွေ၊ ထိုးတာ ကျိတ်တာတွေကို ရှယ်သုံးထားပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာပါလာတဲ့ မီးသေနတ်နဲ့ တိုက်ခိုက်တဲ့ခန်းတွေ၊ လက်ပစ်ဗုံးတွေ သုံးထားတဲ့ ခန်းတွေက တော်တော်လေးမိုက်ပါတယ်။
ဗုံးတွေကိုလည်ပင်းမှာပတ်ပြီး ခွဲချလိုက်တဲ့အခန်းဆို လုံးဝ ကျွတ်ဆင်ကြီးပါ။ မီးသေနတ်နဲ့ ရမ်းနေတာကြီးကလည်း အထာကျတယ်လို့တော့ပြောလို့ရပါတယ်။
နောက်တစ်ချက်က Ballerina မှာ John Wick တုန်းကမသိလိုက်ရတဲ့ အဖွဲ့အစည်းတွေနဲ့ ဒီ အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်က အကြောင်းတွေကို အတွင်းကျကျပြသွားခဲ့ပါတယ်။
အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အရမ်းကိုရိုးရှင်းပါတယ်။ Eve ရဲ့ အဖေအတွက် လက်စားချေတဲ့ ဇာတ်လမ်းဟာ John Wick ရဲ့ ခွေးလေးအတွက် လက်စားချေတဲ့ ဇာတ်လမ်းနဲ့ ဆင်တူပြီး ဆန်းသစ်မှု သိပ်မရှိဘူးလို့မြင်မိပါတယ်။
နောက်ပြီး ဇာတ်လမ်းက John Wick လောင်းရိပ်အောက်က မလွတ်တာကိုလည်းပြသွားပြီး John Wick ပါမှ ပြီးမယ့် ပုံလိုမျိုးဖန်တီးထားပါတယ်။ ပြောရရင်တော့ ကိုယ်ပိုင်ဟန်မရှိတဲ့ ဇာတ်လမ်းလို့ပြောရပါမယ်။
ဇာတ်လမ်းရဲ့ ပထမပိုင်းက အရမ််းကိုနှေးလွန်းတာကလည်း ပြောစရာပါပဲ။ Eve ရဲ့ နောက်ခံဇာတ်လမ်း တည်ဆောက်မှုနဲ့ Ruska Roma ရဲ့ လေ့ကျင့်ရေးပိုင်းတွေက အက်ရှင်ခန်းတွေထက် ပိုကြာရှည်နေတာကြောင့် နည်းနည်း စိတ်မရှည်ချင်ဘူးလို့ခံစားရတယ်။
နောက်ပြီး Norman Reedus ရဲ့ Daniel Pine ကလည်း ဒီဇာတ်လမ်းမှာ ပါတယ်သာ ပြောထားတာ တော်တော်လေးပုတ်နေပါတယ်။
ဆိုတော့ ဇာတ်လမ်းက Action ပိုင်းတွေကြီးပဲသီးသန့်ကြိုက်တဲ့သူဆိုရင်တော့ ကောင်းမှာပါ။ ဒါပေမယ့် ဇာတ်လမ်းကို ခံစားတဲ့သူဆိုရင်တော့ ရိုးရှင်းတဲ့ဇာတ်လမ်းမှန်း ခံစားမိမှာပါ။
Rating အနေနဲ့ သတ်မှတ်ရမယ်ဆိုရင်တော့ 6.8/10 လောက်တော့ ပေးရပါမယ်။ တခြားကတော့ သိပ်ပြီး အပစ်ပြောစရာမရှိသလို စိတ်ဝင်စားဖို့ကောင်းလို့ မကြည့်ရသေးရင် ကြည့်ဖို့ အကြံပေးပါတယ်။

image

Dr Doom သရုပ်ဆောင် Julian McMahon ကွယ်လွန်
ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၄။
နာမည်ကျော် TV ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Nip/Tuck နဲ့ FBI: Most Wanted တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Julian McMahon ဟာ အသက် ၅၅ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
သူ့ရဲ့ ကွယ်လွန်မှုကို သူ့ရဲ့မန်နေဂျာက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ McMahon ဟာ Nip/Tuck ဇာတ်လမ်းတွဲက Dr. Christian Troy၊ Charmed ဇာတ်လမ်းတွဲက Cole Turner အပြင် ၂၀၀၅ နဲ့ ၂၀၀၇ Fantastic Four ရုပ်ရှင်တွေက Doctor Doom အဖြစ် လူသိများသူ ဖြစ်ပါတယ်။
McMahon ဟာ မကြာသေးခင်ကအထိ CBS ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲ FBI: Most Wanted မှာ အဓိကဇာတ်ကောင် Jess LaCroix အဖြစ် ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဇာတ်လမ်းတွဲကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဇာတ်ကောင်ကိုလည်း ဇာတ်လမ်းထဲမှာ သေဆုံးသွားတဲ့ပုံစံနဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
သူ ကွယ်လွန်ရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိအချိန်အထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

image

‘Harry Potter & The Goblet Of Fire’, 2005 ထဲက သရုပ်ဆောင်များ

image

SG ထဲ မာဒုံဆော့သာ Recruiter ဖြစ်ခဲ့ရင်

image

Superman အသစ်ကို အကြံမပေးခဲ့တဲ့ Superman အဟောင်းတွေ
ဇူလိုင် ၅၊ ၂၀၂၅။
Superman ဇာတ်ကောင်နေရာမှာ အသစ်သရုပ်ဆောင်မယ့် David Corenswet ဟာ သူ့အရင်က သရုပ်ဆောင်ခဲ့တဲ့ Henry Cavill နဲ့ Tyler Hoechlin တို့ဆီက အကြံဉာဏ်တောင်းခဲ့ပေမယ့် သူတို့က တိတိကျကျ အကြံဉာဏ်တွေ မပေးခဲ့ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းကို James Gunn ရဲ့ Superman ရုပ်ရှင် London Premiere မှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။
Corenswet က အင်တာဗျူးတစ်ခုမှာ Cavill နဲ့ Hoechlin တို့နှစ်ယောက်လုံးက သူ့ကို အားပေးခဲ့ပေမယ့် "မင်းကို ငါတို့ ဘာအကြံဉာဏ်မှ ပေးမှာမဟုတ်ဘူး" ဆိုတဲ့ သဘောမျိုးနဲ့ ပြောခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။
Corenswet က ဒီလိုအကြံမပေးတာဟာ "Superman ဆန်တဲ့ လုပ်ရပ်တစ်ခုပဲ" လို့ ဆိုပါတယ်။ "Superman ဆိုတာ တခြားသူတွေ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို အကြံပေးနေ၊ ချုပ်ကိုင်နေတဲ့သူမျိုး မဟုတ်ဘူးလေ" လို့ သူက ဆက်ပြောခဲ့ပါတယ်။
သူတို့က "ဒီဇာတ်ကောင်နဲ့ ပျော်အောင်သာ သရုပ်ဆောင်ပါ" ဆိုတဲ့ အားပေးစကားပဲ ပြောခဲ့ကြတယ်လို့ Corenswet က ဆိုပါတယ်။ တစ်နေ့နေ့မှာ သူတို့နဲ့ အပြင်မှာ တွေ့ဆုံချင်တယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။
James Gunn ရိုက်ကူးတဲ့ Superman ရုပ်ရှင်ကို ဇူလိုင်လ ၁၁ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ David Corenswet အပြင် Rachel Brosnahan က Lois Lane အဖြစ်၊ Nicholas Hoult က Lex Luthor အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

image

‘JURASSIC WORLD REBIRTH’ ရုပ်ရှင်က ကမ္ဘာတဝှမ်းမှာ ဒေါ်လာ ၃၁၈.၃ သန်းနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

image
17 w - Translate

ဆိုးလ်တာဝါ သွားဖူးတဲ့
ရည်းစားရှိတဲ့ ကိုကို/မမကိုယ်ဆီကတော့
အမြဲ မခွဲ အတူရှိမယ်ဆိုတဲ့
သင်္ကေတနဲ့ သော့ချိတ်ခဲ့ကြတာဘဲ

😭နောက်ကွယ်မှာ ဒီလို ဖျက်လိုက်မယ်ဆိုတာတော့
မသိခဲ့ကြဘူး😭

အခုတော့ သော့ဖိုးလေး ဆုံးသွားသလို
ရည်းစားဦးနဲ့လဲ ပြတ်ခဲ့ပါပြီ

image
17 w - Translate

မင်ဆူရဲ့ pov ကနေ Netflix acc က​ တင်ထားတဲ့ caption
" ဒီလက်သည်းတွေကို တစ်နေရာရာမှာ မြင်ဖူးပါတယ် " တဲ့ 🤣

image

မိမိရဲ့လျှို့ဝှက်skill😆

image

ဝက်သားချဉ်စပ် Soup

ဝက်သားများကို သကြား ဆား အရသာမှုန့် ဂျင်း ရေ ထည့်ပြီး နူးသည်အထိပြုတ်။ နူးပြီဆိုမှ စားနိုင်သလောက် ရေအနည်းငယ်ထက်ထည့်။ အပေါ်ကဝေ့တက်လာတဲ့အမဲဖတ်တွေဖယ်ထုပ်ပစ်ပါ။ ရှောက်ရွက် ကြက်သွန်မြိတ် ငရုတ်သီးစ်ိမ်း ခရမ်းချဉ်သီးစိတ် နံနံပင် ညှပ်ထည့်။ ငရုတ်ကောင်းမှုန့်လေးဖြူးပြီး ရှုးရှဲစားလို့ရပါပြီနော်။ ရှယ်ဘဲ။

image