6 ပတ် - ဘာသာပြန်ပါ။

Netflix ရဲ့ Animation ကားကောင်းလေးတစ်ကား 💕
🎬My Little Pony: A New Generation
ဟိုးရှေးရှေးတုန်းကပေါ့ ပိုနီလို့ ခေါ်ကြတဲ့ မြင်းပုမျိုးနွယ်စုလေး သုံးခုရှိကြတယ်။အာသ့်ပိုနီလို့ ခေါ်တဲ့မြေလျှောက်မြင်းပုလေးတွေရယ်ယူနီကွန်း လို့ ခေါ်တဲ့ မှော်စွမ်းအား သုံးနိုင်တဲ့ ဦးချိုတစ်ချောင်း မြင်းပုလေးတွေရယ်ပဲဂစိုက် လို့ခေါ်တဲ့ မြင်းပုပျံလေးတွေ ရယ်ပေ့ါ
သူတို့ဟာ လက်ရှိကာလမှာတော့ မျိုးနွယ်စုတွေကတစ်ခုနဲ့ တစ်ခု မတည့်ကြဘဲ အချင်းချင်းကြောက်ရွံ့နေကြတယ်။ဘာအကြောင်းကြောင့် စည်းလုံးမှု ပြိုကွဲပြီးအချင်းချင်း ကြောက်နေကြမှန်း မသိရပေမဲ့အတိတ်ကာလတုန်းက သိပ်စည်းလုံးပြီးမိတ်ဆွေကောင်းတွေ ဖြစ် ဆက်ဆံရေးခိုင်မာကြတယ်လို့ယုံကြည်တဲ့ အာ့သ်ပိုနီ ကတော့ ရှိနေခဲ့တယ်။
သူ့ရဲ့ ယုံကြည်မှုကို သူ့သမီးဖြစ်တဲ့ ဆန်နီ လေးကိုလက်ဆင့်ကမ်းရင်းည အိပ်ယာဝင်ပုံပြင်တွေ အဖြစ် ပြောပြခဲ့တယ်။အဲဒီ ပုံပြင်တွေ အပေါ် ယုံကြည်သက်ဝင်တဲ့ ဆန်နီလေးတစ်ယောက်အခြားမျိုးနွယ်စု‌တွေကို လိုက်ရှာရင်းသူ့အဖေ ယုံကြည်ခဲ့တဲ့ ပြန်လည်ပေါင်းစည်းရေး အတွက်ကြိုးပမ်းရင်းဒီစွန့်စားခန်းလေး ဖြစ်ပေါ်လာတော့တာပါပဲ။
( ဇာတ်ကားလင့်ကို comment မှာ ကြည့်ပေးပါခင်ဗျ )
#cartoonmovies

image