တန် ၅၀၀၀ ဖျက်သင်္ဘောသစ် ထပ်မံတည်ဆောက်မယ်လို့ မြောက်ကိုရီးယားပြော
ပြုံးယမ်း၊ ဇူလိုင်-၂၂-၂၀၂၅
ရတီ(VOM)
မြောက်ကိုရီးယား ရေတပ်အတွက် တန် ၅၀၀၀ ဖျက်သင်္ဘောအသစ်တစင်း ထပ်မံတည်ဆောက်မယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ပြောပါတယ်။ ယခုနှစ်အတွင်း အလားတူ သင်္ဘောနှစ်စီးကို အောင်မြင်စွာ ရေချအသုံးပြုပြီးနောက်အခုလို ထုတ်ပြန်လာတာပါ။
ကင်ဂျုံအန်ကတော့ ရေတပ်စွမ်းရည်တွေ မြှင့်တင်ဖို့ ကတိပြုထားပြီး ဧပြီလတုန်းက Choe Hyon အမည်ရှိ ပထမဆုံး ၅၀၀၀ တန် ဖျက်သင်္ဘောကို စတင်အသုံးပြုခဲ့ပါတယ်။ တောင်ကိုရီးယားစစ်တပ်က ဒီသင်္ဘောကို ရုရှားရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့နိုင်တယ်လို့ ပြောပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီဖို့ စစ်သားထောင်ချီ စေလွှတ်ခြင်းနဲ့ အလဲအလှယ်လုပ်ခဲ့နိုင်တယ်လို့ ဆိုပါတယ်။
မေလတုန်းက Kang Kon အမည်ရ ဖျက်သင်္ဘောကို စတင်ရေချရာမှာ အခက်အခဲတွေ ကြုံခဲ့ရပေမယ့် ဇွန်လမှာ ပြန်လည်ပြင်ဆင်ပြီး အောင်မြင်စွာ ရေချစမ်းသပ်နိုင်ခဲ့ပါတယ်။
နမ်ပို သင်္ဘောကျင်းက အလုပ်သမားတွေက နောက်နှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ စစ်သင်္ဘောအသစ်ကို ပြီးစီးအောင် တည်ဆောက်မယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီနေ့ဟာ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
မြောက်ကိုရီးယားm Choe Hyon-class Destroyer No. 3 ကို တည်ဆောက်မှာ ဖြစ်ပြီး ဒါဟာ ပြည်တွင်းဖြစ် စွမ်းအားအထက်ဆုံး စစ်သင်္ဘောဖြစ်လိမ့်မယ်လို့ မြောက်ကိုရီးယားက ဆိုပါတယ်။
လွန်ခဲ့တဲ့ တလက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တောင်ကိုရီးယားသမ္မတသစ် လီဂျေးမြောင် က သူ့ရဲ့ ယခင်သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ မူဝါဒနဲ့ မတူဘဲ မြောက်ကိုရီးယားအပေါ် သဘောထားပျော့ပြောင်းတဲ့ ချဉ်းကပ်မှုတွေရှိနေပါတယ်။
တောင်ကိုရီးယား အစိုးရဟာ နယ်စပ်တလျှောက်မှာ အသံချဲ့စက်တွေနဲ့ဝါဒဖြန့်ထုတ်လွှတ်မှုတွေနဲ့ ရပ်ဆိုင်းလိုက်ပါတယ်။ အလားတူပဲ မြောက်ကိုရီးယားကလည်း တောင်ကိုရီးယားဘက်ကို ဆူညံနှောက်ယှက်သံတွေ ထုတ်လွှင့်နေတဲ့ ရပ်ဆိုင်းထားပါတယ်။
Ref:CNA

image
28 w - Translate

တာချီလိတ်မှာ လေပြင်းတိုက်လို့ သစ်ပင်ကြီးတွေ လဲကျ၊ ဓာတ်ကြိုးတချို့ ပျက်ကျပြီး နှစ်ယောက် ဒဏ်ရာ ရ
ဇူလိုင် ၂၃ - ၂၀၂၅
SN (VOM)
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ လေပြင်း တိုက်ခတ်မှုကြောင့် မနေ့ ဇူလိုင် ၂၁ ရက်၊ ညပိုင်းက သစ်ပင်ကြီးတွေ လဲကျကာ ဓာတ်ကြိုးတချို့ ပျက်ကျပြီး နှစ်ယောက် ဓာတ်လိုက်ကာ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ည ၇ နာရီခွဲကျော် ဝန်းကျင်မှာ လေပြင်း တိုက်ခတ်ပြီးနောက် တာချီလိတ်၊ ဝိန်း‌ကျောက်ရပ်ကွက်က ဗိုလ်ချုပ်လမ်းမပေါ်ရှိ ရွှေဘူးသီးဟိုတယ်ရှေ့က သစ်ပင်ကြီး တပင်နဲ့ တော်ကော့ ဘုန်းကြီးကျောင်း အရှေ့က သစ်ပင်ကြီး တပင် လဲကျခဲ့ပြီး လျှပ်စစ် ဓာတ်အားလိုင်းကြိုးတွေလည်း ပျက်ကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၁) နယ်မြေ၊ လွှမ်းမိုး ဘုန်းတော်ကြီးကျောင်းရှေ့ လမ်းမပေါ်မှာလည်း လေပြင်း တိုက်ခတ်မူကြောင့် သစ်ပင်ကြီးတွေလဲကျကာ လျှပ်စစ်မီးကြိုးတွေ ပြတ်တောက်သွားပြီး အနီးရှိ ဆိုင်ကယ်ပြင်ဆိုင်က အမျိုးသား နှစ်ယောက် ဓာတ်လိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ဓာတ်လိုက်သွားတာက အသက်အန္တရာယ်အထိတော့ မစိုးရိမ်ရပါဘူး။ လက်ရှိတော့ နီးစပ်ရာ ဆေးခန်းမှာ ဆေးကုသမှု ခံယူနေပါတယ်။ တယောက်ကတော့ ခြေသလုံး မီးလောင်ဒဏ်ရာ ရသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
သစ်ပင်လဲကျရာ နေရာတွေကို မြို့နယ်မီးသတ်ဌာနမှ တာဝန်ရှိသူတွေက သွားရောက် ရှင်းလင်းရေး လုပ်ဆောင်ခဲ့သလို မြို့မီးလင်းရေး ကော်မတီမှလည်း လျှပ်စစ်ဓာတ်အားလိုင်းကြိုး ပြတ်တောက်မှုတွေကို သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
“ပါလျှံ ဝန်ထမ်းအိမ်ရာဘက်မှာလည်း ဓာတ်ကြိုးတွေ ပြုတ်ကျကုန်တယ်။ ချက်ချင်းကြီး လမ်းပေါ်မှာ လေတွေတိုက်၊ မိုးတွေရွာလာတာ ဘာမှကို မမြင်ရတော့ဘူး။ သစ်ပင်တွေလည်း ကျိုးကျ၊ လဲကျနဲ့၊ ဆိုင်းဘုတ်တွေလည်း လွှင့်ကုန်တယ်။ သစ်ပင်ကြီးတွေ ခံနေတာဆိုတော့ လမ်းမပေါ်မှာ ရှေ့ဆက်မရ၊ နောက်ဆုတ်မရနဲ့ လမ်းတွေလည်း ပိတ်ကုန်တယ်။ ဘာမှ၊ ဘယ်သူမှ ဆိုးဆိုးရွားရွားမဖြစ်လို့ ကံကောင်းတယ်ပြောရမယ်။ ဓာတ်ကြိုးတွေလည်း ပျက်ကျကုန်တော့ မီးပါ ပျက်သွားတယ်။ ဒါတောင် မုန်တိုင်း အဖျားခတ်မယ်ဆိုတာ မလာသေးဘူး။ လေပြင်းတိုက်ရုံပဲ ရှိသေးတာ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ မနေ့ ဇူလိုင် ၂၁ ရက်၊ ညနေ ၆ နာရီအချိန် ထုတ်ပြန်ချက်အရ တုံကင်ပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း “ဝီဖာ” (WIPHA) ဟာ အနောက် - အနောက်တောင်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး ဒီကနေ့ ဇူလိုင် ၂၂ ရက်မှာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသတွေကို ဖြတ်ကျော်နိုင်တယ်လို့ သိရပါတယ်။
အဆိုပါမုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေဟာ မြန်မာနိုင်ငံကို ရောက်ရှိလာနိုင်ခြင်းကြောင့်အပြင် ‌လာမယ့် ဇူလိုင် ၂၄ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းနေခြင်းကြောင့်လည်းကောင်း မနေ့ ဇူလိုင် ၂၁ ရက်၊ ညနေပိုင်းကနေ ၂၇ ရက်နေ့အထိ တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးကြီး၊ ရေလျှံမှု၊ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
မိုးရွာသွန်းနိုင်တဲ့ ဒေသတွေနဲ့ မိုးရွာသွန်းမှု အခြေအနေတွေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် အဆိုပါဒေသတွေရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှု အန္တရာယ်တွေကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆည်မြောင်း တာတမံတွေအနေနဲ့လည်း လိုအပ်တာတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြဖို့ လိုအပ်ပြီး ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်းပျံသန်းရေး အနေနဲ့လည်း သတိပြုဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင် မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်တယ်လို့ မိုး/ဇလရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၄၀ ကနေ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၁၀ ပေမှ ၁၅ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

image

ဘဲတွေ ဝိုင်းနေတဲ့ အာဝု

ဘဲတွေ ဝိုင်းနေတဲ့ အာဝု

28 w - Translate

Here's where the Democratic Party stands one year since former President Joe Biden made the unprecedented decision to step aside in the 2024 presidential race: ANALYSIS
https://abcnews.go.com/Politic....s/year-post-bidens-e

image
28 w - Translate

San Francisco is set to ban homeless people from living in RVs by adopting strict new parking limits the mayor says are necessary to keep sidewalks clear and prevent trash build-up.
https://abcnews.go.com/US/wire....Story/san-francisco-

image
28 w - Translate

Electric carmaker Tesla completed the construction of its highly anticipated diner, drive-in and Supercharger called the Tesla Hollywood Diner in Los Angeles, the company confirmed Monday on X.
https://abcnews.go.com/Busines....s/inside-teslas-new-

image
28 w - Translate

◾️Senior Banking Assistant(Finance - Budget and Planning) - Yangon
Company: CHID Bank
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24615

◾️Senior Banking Assistant (Treasury) - Yangon
Company: CHID Bank
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24614

◾️Assistant Supervisor(Core Banking) - Yangon
Company: CHID Bank
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24613

◾️Content Writer - Yangon
Company: i Luxury Apple Showroom & Professional Service Center
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24612

image
28 w - Translate

◾️Warehouse Staff - Yangon
Company: Mahar Loka Company Limited
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/24609

◾️Channel Manager - Yangon
Company: SM ONE ELECTRONIC
Salary Range: MMK 1,500,000 - 2,000,000
https://www.joimyanmar.com/job/detail/24608

◾️Customer Service - Yangon
Company: KBTC Group of Companies Limited
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/24617

◾️Junior Banking Assistant (Core and Digital Banking) - Yangon
Company: CHID Bank
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24616

image

ရည်းစာ:ရတဲ့ တစ်နေ့: :

image