ဘဝမှာ ကြုံတွေ့သမျှ အရာအားလုံးဟာ
ယာယီမျှသာဖြစ်ပါတယ်။
ပျော်စရာတွေနဲ့ တွေ့ရတဲ့အခါ
ပျော်ရွှင်ခြင်း အနှစ်သာရကို အပြည့်ဝခံစားပါ ၊
ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့ရတဲ့အခါ
သံသယကင်းစွာ ချစ်မြတ်နိုးပါ ၊
သို့သော် ထိုအရာများဟာ
Expire Date ရှိကြောင်းကိုလည်း
လက်ခံနိုင်ဖို့ကြိုးစားပါ ၊
အခက်ခဲတွေ ၊ ဒုက္ခတွေနဲ့ ကြုံရတဲ့အခါမှာလည်း
ဒါဟာ ယာယီသာဖြစ်ကြောင်း သတိရပါ..
ဒါဟာ ဘဝရဲ့ အစိတ်ပိုင်းတစ်ခုသာ ဖြစ်ပါတယ် ၊
ဒီအရာတွေဟာ ထာဝရတည်မြဲနေမှာ မဟုတ်ပဲ
ပိုကောင်းတဲ့နေ့တွေ ၊ ပျော်စရာတွေဟာ
မကြာမီပြန်လည်ရောက်ရှိလာမယ်ဆိုတာယုံကြည်ပါ…။ ။
💛💛
Thar Htwe