၁၀၀% အခမဲ့ English Speaking ကို တကယ်လူအစစ်တွေနဲ့ Online ကနေ 1 to 1 လေ့ကျင်လို့အရမ်းကောင်းတဲ့ ဝက်ဆိုဒ်တစ်ခုနဲ့ ညွန်းပေးချင်ပါတယ်။ Review တွေက အရမ်းကောင်းလွန်းတာမို့ Review တွေကို ဖတ်ကြည့်ဖို့ အပုံမှာပြထားပေးပါတယ်။
English Speaking ကို ခေါင်းစဉ်အလိုက် ၇ မိနစ်စာ တခြားနိုင်ငံက Partners တွေနဲ့ ပြောရမှာဖြစ်ပါတယ်။ ခေါင်းစဉ်တွေက ၇မိနစ်ခြား တစ်ခြားပြောင်းသွားမှာ ဖြစ်ပါတယ်။ ဒီ Speaking sessions တွေက တစ်နေကုန်လုံးရှိမှာဖြစ်ပါတယ်။ ကိုယ်အားတဲ့ အချိန်မှာ ကိုယ်ဝင်ပြီး လေ့ကျင့်လို့ရပါတယ်။
ဒီဝက်ဆိုဒ်လေးကို တက်ခြင်းအားဖြင့် နိုင်ငံပေါင်းစုံက လူတွေနဲ့ သူငယ်ချင်းဖွဲ့လိုရတယ်။ ပြီးရင့် ကိုယ်ရဲ့ English Speaking လည်း တိုးတက်လာတယ်။
Gmail နဲ့ အကောက်ဖွင့်ပြီး တက်လို့ရုံပါဘဲခဗျာ။
အကောက်ဖွင့်ရန်
https://www.episoden.com/signup
Link: https://www.episoden.com/

#crd
#education

image
15 w - Translate

" တစ္ဆေမ "
🌠🌠🌠
#ပီမိုးနင်း
ဘဦးသည် ဇနီးဖြစ်သူ မလှစိန်နှင့် ကွဲ၍လာပြီးကတည်းက အကြီးအကျယ် မကျန်းမမာဖြစ်ရာ သုံးလကျော်ကျော် ကြာခဲ့လေသည်။ များစွာသောဆရာတို့က လက်လျှော့လေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့တက်၍ ကုသခြင်းခံခဲ့ပြီးမှ ဆရာဝန်၊ ဆရာမတို့၏ကျေးဇူးကြောင့် ကျန်းမာချမ်းသာ၍ ဆေးရုံမှဆင်းခဲ့သည်မှာ တနင်္ဂနွေတစ်ပတ်မျှ ကြာခဲ့လေပြီ။ ဇနီးဖြစ်သူအပေါ်၌ အထင်လွဲ၍ ကွဲခဲ့ခြင်းဖြစ်ရာ ၎င်း၏ထံမှ စာတစ်စောင်မှ မရ။ စိတ်နာ၍ မပေးဘဲနေတာပဲဟု ဘဦးစိတ်၌ ယူဆလေ၏။
စွန့်ခွာ၍ မလာမီကလည်း အထင်လွဲခြင်းကြောင့် မယားသည်လှစိန်ကို အနာတရ ရိုက်နှက်ခဲ့သေးသည်။ မလှစိန်နှင့် ခွဲ၍လာပြီး တနင်္ဂနွေတစ်ပတ်မျှ ကြာသောအခါ မိမိ၏အသိများက ယုံကြည်စိတ်ချလောက်အောင် ဝိုင်းဝန်းပြောဆိုကြသဖြင့် လှစိန်မှာ လုံးလုံး အပြစ်မရှိ။ မိမိက မူးယစ်မိုက်မှားပြီး မတရားတလွဲထင်၍ နှိပ်စက်ရိုက်နှက်ထွက်လာခဲ့မိသည့်အကြောင်းကို သိရလေ၏။ သို့ဖြစ်လေရာ မိမိအပြစ်ကြောင့် လှစိန်ထံသို့လည်း မပြန်ရဲ။ လှစိန်၏မိဘများကလည်း မိမိအပေါ် စိတ်နာမှာပဲဟု အောက်မေ့ပြန်ကာ မပြန်ဘဲနေခိုက်မှာ မယားစိတ်နှင့် ရတက်ဖြာ၍နေရာတွင် မကျန်းမမာဖြစ်ခဲ့လေ၏။
ယခုမှာကား မိုးရိပ်မိုးယောင်ကလေးများ မှိုင်းညှို့ကာသမ်း တိမ်ရက်ပန်းကြွသော လရာသီဖြစ်သဖြင့်တစ်ကြောင်း၊ နာလန်ထကာစဖြစ်သဖြင့်လည်းကောင်း၊ မိုးတိမ်တို့ကို ရှုမျှော်ရင်း လှစိန်၏မျက်နှာကလေးကို အခါတပါးနှင့်မတူ တိုး၍ ထင်မြင်လေ၏။ ငါမှားလေခြင်း၊ ငါ့မယားမှာ အပြစ်မရှိဘဲလျက် ငါနှိပ်စက်ထွက်၍ လာမိလေခြင်းဟု စဉ်းစားဆင်ခြင် အသည်းတွင် မနည်းနာ၍ နေလေသည်။ မိုးသံလေသံတွေ ဖြိုးလျှံ၍လာလေလေ အဆွေးလုံးကြီးတွေက ရင်ကို ဆို့ကာဆို့ကာ တက်၍လာလေလေ
အသည်းထဲမှာ နာလေလေဖြစ်လာ၏။ သို့ဖြစ်သောကြောင့် ဟိုကျန်းမာစဉ်အခါက မသွားရဲမပြန်ရဲသော်လည်း ယခုမှာကား မနေနိုင်အောင်ဖြစ်လှသဖြင့် ပြန်ရတော့မှာပဲဟု စိတ်ထဲ၌ ဆုံးဖြတ်ချက်ချလိုက်ရတော့သည်။
ဘဦးသည် ကြို့ပင်ကောက်မြို့ အရှေ့စွန်းနား၊ ထန်းတောနှင့် မနီးမဝေး မဒရပ်အိမ်မြင့်ကလေးအောက်သို့ ရောက်၍သွားလေ၏။ အသက် ၁၄နှစ်အရွယ်ခန့်ရှိသော မိန်းကလေးတစ်ဦးသည် ဘဦးအား ကြောင်တောင်ငေးကြည့်နေလေသည်။ ဘဦးသည် သူငယ်မကလေးအား မြင်လျှင် " ငါ အိမ်မှား ဝင်လာမိလေသလား၊ မှားဖို့လည်း မရှိပါဘူးလေ" ဟု အောက်မေ့လျက် " ဒါ .. မလှစိန်တို့အိမ် မဟုတ်လား "ဟု မေးလေ၏။
" ဟုတ်ပါတယ်ရှင်။ မလှစိန်ယောက်ျားမဟုတ်လား။ ကျွန်မ ဓာတ်ပုံကို မြင်ဖူးထားလို့ မေးတာပါ။ ကျွန်မက မလှစိန်ရဲ့ညီမဝမ်းကွဲ မန္တလေးကပါ။ ရှင်တို့လင်မယား ကွဲနေတယ်လို့ ကြားပါကလား။ အခု အိမ်မှာ ဘယ်သူမှ မရှိဘူး။ မလှစိန်အဖေတော့ အလှူကိုသွားတယ်။ အမေတော့ စိတ်မကောင်းလို့ အိပ်နေတယ်။ အိပ်ပျော်နေတယ်ထင်ပါရဲ့။ မနိုးသေးဘူး "
သူငယ်မကလေးသည် ငြိမ်သက်သောရုပ်သွင်နှင့် မလိုက်အောင် စကားကို စဉ်တိုက်ဆက်ကာ တွေးသလိုလို တစ်ခါတစ်ခါ အဝေးထန်းတောကြီးကို မျှော်ရင်းမျှော်ရင်း ပြောလေ၏။
" မလှစိန်ရော "ဟု ဘဦးက အလျင်စလိုမေး၏။
" နားထောင်ပါ။ ကျွန်မပြောပါ့မယ်။ မလှစိန်လေ .. အမလေး .. ကျွန်မ မပြောချင်ဘူး။ အဲ .. အခုလို အချိန်လောက်ပဲ ဖြစ်ပါလိမ့်မယ်။ ရှင်ထွက်သွားပြီး တစ်လလောက်အကြာမှာ မလှစိန်ရယ်.. ဟောဟိုထန်းတောနားကို သွားပြီး သရက်ပင်တစ်ပင်က အကိုင်းမှာ ကြိုးဆွဲချ သေရှာတယ်။ အဲဒီကတည်းက အရီး စိတ်မကောင်းတော့တာပဲ .. "
စကားအလုံးစုံကို ကြားရပြီးသောအခါ ဘဦးသည် ဇက်ကို ဝါရင်းတုတ်နှင့် အနှက်ခံလိုက်ရသလို ဖြစ်၍သွား၏။ သို့သော်လည်း ပင်ကိုယ်က အတော်စိတ်ခိုင်သူဖြစ်သဖြင့် စိတ်ကို ချုပ်ကာ အံကြိတ်လျက် အကြောင်သားဖြစ်နေလေ၏။ မျက်ရည်များကိုကား ချုပ်၍မရချေ။ ရင်ဘတ်မှာ လှိုင်းကြီးတွေထလျက် ရှိုက်ကာရှိုက်ကာ တက်တော့မလိုဖြစ်၏။ နှုတ်ခမ်းကိုကိုက်ပြီး မျက်ရည်များကို သုတ်လေ၏။ " ငါ့ကြောင့်ပါပဲ ... ငါရိုက်လို့ ငါ့မယား ငါ့စိတ်နဲ့ သေရရှာတာ .. "ဟု ယူကြုံးမရ အပူလုံးကြီးကြွ၍ နေလေ၏။
သူငယ်မကလေးသည် သူ့ကိုမကြည့်ဘဲ ထန်းတောဘက်သို့ ငေးမျှော်နေပြန်၏။
" အခါတိုင်း ဒီအချိန်မှာ သူ ရေခပ်သွားတာပဲ။ ရေခပ်ပြီးရင် ဟောဟို ခြံစည်းရိုးကြားကနေ ရေအိုးရွက်ပြီး ဖြတ်ဖြတ်ဝင်လာတာ။ အဲဒီနေ့မှာတော့ ပြန်မလာဘူး။ အရီးမှာတော့ကာ အဲဒီကတည်းကစပြီး စိတ်နောက်သွားတာပဲ။ အခုထက်ထိ ဒီခြံစည်းရိုးလမ်း ကြားတံခါးကို ဖွင့်ထားတာပဲ။ အစ်မလေး ဒီခြံစည်းရိုးအကြားကနေ ရေအိုးရွက်ပြီး ပြန်လာလိမ့်မယ်လို့ သူ့စိတ်ထဲ စွဲနေရှာတာကိုးရှင့်။ တော်တော်ကြာ အိပ်ရာကနိုးရင် မျှော်ပါလိမ့်မယ်။ အရီးတော့ ဘာပြောစရာရှိမလဲ။ ကျွန်မတောင် တခါတခါ ထင်မြင်နေတာပဲ "
(ဆက်ရန်)

image

အိမ်မက်လေးပါပဲ

image
15 w - Translate

Bite Sar Lite Tar

15 w - Translate

"Joy of Missing Out (JOMO)"
◾FOMO နဲ့ JOMO တဲ့..။ ဆန့်ကျင်ဘက် စိတ်ခံစားချက်နှစ်မျိုးရှိတယ်။ နောက်ကျကျန်နေခဲ့ရမှာ ကြောက်နေတဲ့စိတ် Fear of Missing Out (FOMO) နဲ့၊ နောက်ကျကျန်ခဲ့ရတာကို ပျော်‌နေတဲ့စိတ် Joy of Missing Out (JOMO)။
📌 ပထမတစ်ခု FOMO ဆိုတာက...
သူငယ်ချင်းတွေက စားသောက်ဆိုင်အသစ်မှာ သွားစားနေကြပြီ၊ ငါမရောက်သေးဘူး၊ လူတိုင်း Squid Game ကြည့်ပြီးပြီ၊ ငါပဲ မကြည့်ရသေးတာ၊ သူငယ်ချင်းတွေ ဖိတ်တာ မသွားရင် ပျော်စရာတွေ လွဲသွားမလား၊ လုပ်ဖော်ကိုင်ဖက်တွေ သင်တန်းတက်နေတာ မတက်ရရင် ကျန်ခဲ့မလား၊ ဆိုရှယ်မီဒီယာပေါ်က နောက်ဆုံးရသတင်းတွေ မဖတ်ရသေးရင် နောက်ကျနေမလား... စသဖြင့် အရာရာတိုင်းမှာ လွဲချော်ကျန်ရစ်မှာကို စိုးရိမ်ပူပန်နေတဲ့ စိတ်ခံစားမှုပါ။
- အွန်လိုင်းပေါ်က ပို့စ်တိုင်းကို လိုက်ဖတ်နေရတာတွေ
- မိတ်ဆွေတွေရဲ့ ဖိတ်ကြားမှုတိုင်းကို ငြင်းဖို့ခက်နေပြီး
- ဖိတ်သမျှပွဲတိုင်း တက်ဖို့ ကြိုးစားနေတာတွေ
- တခြားသူတွေ ဘာလုပ်နေလဲဆိုတာ အမြဲလိုက်သိချင်နေတာတွေ..
ဒါတွေဟာ FOMO ရဲ့ လက္ခဏာတွေပါ။ သူတို့အတွက် အပြင်မှာ ဖြစ်နေတဲ့ ဘာဖြစ်ဖြစ် လွတ်သွားမှာကို မခံနိုင်ကြဘူး။
📌 ဒါပေမယ့် တခြားတစ်ဖက်မှာလည်း ဒီလို Update တွေကို လုံးဝဂရုမစိုက်တဲ့ JOMO တွေ ရှိနေပြန်တယ်။
◾Joy of Missing Out (JOMO) လို့ခေါ်တဲ့ လွဲချော်ကျန်ရစ်ခြင်းရဲ့ ပျော်ရွှင်မှုကိုလည်း ခံစားတတ်ဖို့ လိုပါတယ်။ တစ်ချို့ပွဲတွေ မတက်ဖြစ်ဘူး၊ တစ်ချို့ Update တွေ မလိုက်ဖြစ်ဘူး။ အဲဒီအစား ကိုယ့်အတွက် ပိုအရေးကြီးတာတွေ လုပ်နိုင်တယ်။ အနားယူချိန်ရတယ်ဆိုတာမျိုးပါ။
"ဟိုဟာမသိ၊ ဒီဟာမသိနဲ့ စိတ်အေးလက်အေးပဲ"
"ဖွဘုတ်တခွင် ဘာတွေဖြစ်နေပါစေ၊ ငါ့ဘာသာ စာအုပ်လေးဖတ်နေရတာ ကောင်းလိုက်တာ"
"ဘာမှ လိုက်မကြည့်တာကြာပြီ၊ အေးဆေးပဲ"
◾ဆိုရှယ်မီဒီယာပေါ်က ပို့စ်တွေကို မလိုက်ဖတ်တော့လို့ တောက်လျှောက်စာဖတ်နိုင်တယ်။ Group chat တွေကို mute လုပ်ထားလို့ အလုပ်ကို စိတ်ဝင်စားမှု အပြည့်နဲ့ လုပ်နိုင်တယ်။ မဟုတ်မခံ လိုက်လုပ်စရာမလိုတဲ့ Trend တွေကို ကင်းကွာနေတာကိုက စိတ်အေးရတယ်... စသဖြင့် မပါဝင်တာကို ပျော်ရွှင်‌ကျေနပ်နေတဲ့ အခြေအနေပါ။
နောက်ဆုံးပေါ်သတင်းတွေ မသိတာကို ဂရုမစိုက်တော့တာတွေ၊ Celebrity drama တွေကို လုံးဝစိတ်မဝင်စားတော့တာတွေ၊ ပွဲတိုင်းမပါ၊ ဖိတ်တိုင်း မသွားတော့တာတွေ..၊ တစ်ယောက်တည်း အချိန်ကုန်ဆုံးတာကို နှစ်သက်နေတာတွေ..
📌 ဒါတွေကတော့ JOMO တွေရဲ့ စိတ်ခံစားမှုတွေပါ။ သူတို့အတွက် အပြင်မှာ ဘာဖြစ်နေဖြစ်နေ၊ သူတို့ရဲ့ ကိုယ်ပိုင်လေးကမ္ဘာထဲမှာ ပျော်နေကြတယ်။ FOMO လို အရာရာကို လိုက်မမီမှာ စိုးရိမ်ပူပန်နေမယ့်အစား၊ အရာရာကို မလိုက်နိုင်လို့ စိတ်အေးလက်အေးနေတာကို ရွေးချယ်တဲ့သဘောပါ။
• ဒီနေရာမှာ FOMO က စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်တယ်။ အိပ်ရေးပျက်တယ်။ နားချိန်မရှိဘူး။ Social media ကို အမြဲစစ်နေရတယ်။ ငွေကုန်ကြေးကျများတယ်။ အချိန်တွေ ဖြုန်းတယ်။
• အခြားတစ်ဖက်မှာတော့ JOMO က စိတ်ငြိမ်းချမ်းမှုကို ပေးတယ်။ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေကိုပဲ အာရုံစိုက်နိုင်တယ်။ ကိုယ်ပိုင်အချိန်တွေ ပိုရတယ်။ တီထွင်ဖန်တီးမှုတွေ ပိုကောင်းတယ်။
◾လူမှုဆက်ဆံရေးတွေအတွက် တစ်ချို့ Update တွေကို သိထားဖို့ လိုအပ်တယ်ဆိုပေမယ့်၊ တစ်ချို့အရာတွေကိုတော့ အေးဆေးပဲ လွှတ်ပေးလိုက်တာက ကောင်းပါတယ်။
• "ဘဝဆိုတာ ကိုယ်တို့ရွေးချယ်တဲ့အရာတွေ တစ်ခုတည်းကြောင့် လှပတာ မဟုတ်ပါဘူး။ ကိုယ်တို့ လွှတ်ပေးလိုက်တဲ့ အရာတွေကြောင့်လည်း လှပတာပါ"။
ကိုယ်တို့တွေက အရာအားလုံးကို လိုက်မမီနိုင်ပါဘူး။ လိုက်မီစရာလည်း မလိုအပ်ပါဘူး။ ဒါပေမယ့် တစ်ချို့အရာတွေကို လိုက်မီအောင် ကြိုးစားဖို့တော့ လိုအပ်ပါတယ်။ ဘယ်အရာကို လိုက်မယ်၊ ဘယ်အရာကို လွှတ်မယ်ဆိုတာက အရေးကြီးဆုံးပါပဲ။
◾ဒီခေတ်ကြီးမှာ အချက်အလက်တွေက တစ်စက္ကန့်နဲ့တစ်စက္ကန့် Update ဖြစ်နေတယ်။ Trend တွေက တစ်ရက်နဲ့တစ်ရက် ပြောင်းလဲနေတယ်။ အဲဒါတွေအားလုံးကို လိုက်လုပ်နေရတာက ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းတယ်။ ဒါ့အပြင် ကိုယ်ပိုင်ပုံစံလည်း ပျောက်ဆုံးသွားနိုင်တယ်။
ဒီလိုအန္တရာယ်တွေကနေ ကင်းလွတ်အောင် JOMO က ကာကွယ်ပေးပါတယ်။ အရာရာကို မသိစေကာမူ၊ မပါဝင်စေကာမူ၊ ကိုယ့်လမ်းကိုယ် လျှောက်လှမ်းနိုင်တဲ့ အင်အားကို ဖြစ်ပေါ်စေပါတယ်။
📌 JOMO ဆိုတာ ကိုယ်ပိုင်ရပ်တည်ချက်တစ်ခု ဖြစ်ပါတယ်။ အရာရာကို လိုက်လုပ်၊ လိုက်သိနေစရာမလိုဘဲ၊ ကိုယ့်အတွက် တကယ်အရေးပါတဲ့အရာတွေကိုပဲ ရွေးချယ်ပြီး ရှင်သန်တတ်တဲ့ နေထိုင်မှုပုံစံတစ်ခုပါ။ ဒါကြောင့်မို့ "Less is More" ဆိုတဲ့အတိုင်း နည်းနည်းလေးနဲ့ ကျေနပ်ပျော်ရွှင်တတ်တဲ့ အနုပညာကို လက်ကိုင်ထားသင့်ပါတယ်။

image

hairstyle

15 w - Translate

Xiaomi ရဲ့ ဒီဖုန်းတွေမှာ HyperOS 3 ရရှိနိုင်
=========================
Xiaomi ဟာ လက်ရှိမှာ HyperOS 2 ကို ဖြန့်ချိပေးနေပေမယ့် HyperOS 3 ရဲ့ သတင်းတွေ စတင်ထွက်ပေါ်နေပါပြီ။ Xiaomi ဟာ HypwerOS 3 ကို အရင်နှစ်ကထက် ပိုစောကာ ဖြန့်ချိနိုင်ပါတယ်။ ဒါဟာ Google က Android 16 ကို မြန်မြန်ဆန်ဆန် ဖန်တီးနေလို့ ဖြစ်ပါတယ်။
HyperOS 3 ဟာ Android 16 ကို အခြေပြု ဖန်တီးထားတာ ဖြစ်ပြီး AI စွမ်းရည်တွေ ပါလာမှာပါ။ ထုံးစံအတိုင်း စွမ်းဆောင်ရည်ပိုကောင်းလာမှာ ဖြစ်ပြီး ဒီဇိုင်းပြောင်းလဲထားနိုင်ပါတယ်။ အခုတော့ XiaomiTime က HyperOS 3 ရနိုင်တဲ့ Xiaomi ဖုန်းနဲ့ တက်ဘလက်စာရင်းကို မျှဝေလိုက်ပါတယ်။ တစ်ခုမှတ်ထားရမှာက ဒါဟာ Xiaomi ရဲ့ တရားဝင် ကြေညာချက် မဟုတ်တဲ့အတွက် အနည်းငယ် ကွဲလွဲနိုင်ပါတယ်။
Xiaomi devices
[Xiaomi 15 Series]
• Xiaomi 15
• Xiaomi 15 Pro
• Xiaomi 15 Ultra
[Xiaomi 14 series]
• Xiaomi 14
• Xiaomi 14 Pro
• Xiaomi 14 Ultra
[Xiaomi 13 series]
• Xiaomi 13
• Xiaomi 13 Pro
• Xiaomi 13 Lite
[Xiaomi 12 series]
• Xiaomi 12
• Xiaomi 12 5G
• Xiaomi 12 Pro
• Xiaomi 12 Pro (Dimensity)
• Xiaomi 12 Lite
• Xiaomi 12 Lite NE
• Xiaomi 12T
• Xiaomi 12T Pro
• Xiaomi 12S
• Xiaomi 12S Pro
• Xiaomi 12S Ultra
Redmi devices
[Redmi Note series]
• Redmi Note 14 (4G/5G)
• Redmi Note 14 Pro (4G/5G)
• Redmi Note 14 Pro+ (4G/5G)
• Redmi Note 13 (4G/5G)
• Redmi Note 13 Pro (4G/5G)
• Redmi Note 13 Pro+
• Redmi Note 13R
• Redmi Note 13R Pro
• Redmi Note 12 4G
• Redmi Note 12 4G NFC
• Redmi Note 12S
• Redmi Note 12 Turbo
• Redmi Note 12T Pro
[Redmi number series]
• Redmi 12
• Redmi 13
• Redmi 13C
• Redmi 14C
• Redmi 14C 5G
[Redmi A series]
• Redmi A3 Pro
• Redmi A4 5G
[Redmi K series]
• Redmi K80
• Redmi K80 Pro
• Redmi K70
• Redmi K70 Pro
• Redmi K70 Ultra
• Redmi K70E
• Redmi K60
• Redmi K60 Pro
• Redmi K60 Ultra
• Redmi K60E
• Redmi K50 Ultra
[Redmi Turbo series]
• Redmi Turbo 4
• Redmi Turbo 3
Poco devices
[Poco F series]
• Poco F7
• Poco F7 Pro
• Poco F7 Ultra
• Poco F6
• Poco F6 Pro
• Poco F5
• Poco F5 Pro
[Poco X series]
• Poco X7
• Poco X7 Pro
• Poco X7 Pro (Iron Man edition)
• Poco X6 5G
• Poco X6 Pro 5G
[Poco M series]
• Poco M7 Pro 5G
• Poco M6 Pro (4G/5G)
• Poco M6 (4G/5G)
[Poco C series]
• Poco C75 (4G/5G)
• Poco C65
[Xiaomi MIX and foldables]
• Xiaomi Mix Fold 4
• Xiaomi Mix Fold 3
• Xiaomi Mix Fold 2
• Xiaomi Mix Flip
• Xiaomi Mix Flip 2
[Xiaomi and Redmi tablets]
• Xiaomi Pad 7
• Xiaomi Pad 7 Pro
• Xiaomi Pad 6S Pro
• Xiaomi Pad 6 Pro
• Redmi Pad SE
• Redmi Pad Pro
• Redmi Pad SE 8.7
• Redmi Pad Pro 5G

image
15 w - Translate

Snapdragon 8 Elite နဲ့ AI Feature များစွာ ပါတဲ့ Samsung Galaxy S25 Ultra လာပြီ
==================================================
Samsung က ၂၀၂၅ ခုနှစ်အတွက် စွမ်းရည်မြင့် ဖုန်းတွေကို ကြေညာလိုက်ပါတယ်။ Galaxy S25, S25+ နဲ့ S25 Ultra တို့ ဖြစ်ပြီး အကြမ်းဆုံးက Ultra ဖြစ်ပါတယ်။
Ultra မှာ Display အတွက် 6.9” QHD+ Dynamic AMOLED 2X ကို သုံးထားပြီး Peak Brightness ကတော့ 2,600 Nits ဖြစ်ပါတယ်။ အလင်းပြန်တာကို ကာကွယ်ပေးတဲ့ Coating က ပိုကောင်းလာပြီး နေရောင်ထဲမှာ ဖုန်းသုံးလို့ ပိုကောင်းလာပါတယ်။ ဘေးဘောင်တွေက ပိုပါးလွှာလာပါတယ်။ Samsung က Display System ပိုကောင်းစေတဲ့ “ProVisual Engine “ ထည့်ထားတယ်လို့ ပြောပြီး ဘက်ထရီ သုံးစွဲတာကို လျှော့ချပေးပါတယ်။
ဒီဖုန်းရဲ့ အဓိက စွမ်းရည်က AI Feature တွေ ဖြစ်ပါတယ်။ Google ရဲ့ Gemini AI ကို သုံးထားပြီး ပါဝါခလုတ်ကို ဖိကာ ဆင့်ခေါ်နိုင်ပါတယ်။ Circle to Search က ပိုကောင်းလာပြီး ဖုန်းနံပါတ်၊ အီးမေးနဲ့ URLs တွေကို သိလာနိုင်ပါတယ်။ စာသား၊ အသံ၊ ဓါတ်ပုံနဲ့ ဗီဒီယိုကို ဘာသာပြန်ပေးနိုင်တဲ့ Multimodal AI Agents ပါပါတယ်။
အဲဒီဖုန်းဟာ သင့်အတွက် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် တစ်ယောက် အဖြစ် အလုပ်လုပ်ပေးနိုင်လာပါတယ်။ အရေးကြီး သတင်းအချက်အလက်တွေကို တစ်နေရာထဲမှာ ပြပေးနိုင်တဲ့ Now Brief ပါလာပါတယ်။ Lock Screen မှာ အရေးကြီး သတင်းတချို့ကို ပြသပေးတဲ့ NowBar ထည့်ထားပါတယ်။ Time to go က ချိန်းဆိုထားတာကို မလွတ်သွားအောင် သတိပေးနိုင်ပါတယ်။
Snapdragon 8 Elite Chip အသစ် ထည့်သွင်းထားပြီး AI အလုပ်တွေကို နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ပါတယ်။ အနောက်ဘက်မှာ 200MP Main , 50MP Telephoto , 50MP Ultrawide နဲ့ 10MP Midrange Zoom တပ်ဆင်ထားပြီး အရှေ့ ကင်မရာက 12MP ဖြစ်ပါတယ်။ ဘက်ထရီက 5,000mAh ဖြစ်ပါတယ်။ Titanium Black, Titanium Gray, Titanium Silverblue, နဲ့ Titanium Whitesilver အရောင်တွေ ထုတ်လုပ်ထားပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။
အမေရိကန် ဈေးနှုန်းတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
• 12GB+256GB: $1300
• 12GB+512GB: $1420
• 12GB+1TB: $1650
Ref : gsmarena