မကျွေးနိုင်ရင်မမွေးကြပါနဲ့

ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာရှိတဲ့ထဲကမှ
ကိုယ့်ကိုချစ်တဲ့သူ
တစ်ယောက်မှမရှိဘူးဆိုတော့ ကံထူးတာပေါ့><

image

" ကျောက်ဖရုံယို" ပြုလုပ်နည်း
=====================
ကျောက်ဖရုံယို လုပ်လျှင် အပူဒဏ်ခံနိူင်အောင် အတော်လေးရင့်သော အသီးဖြင့် လုပ်ရပါတယ်။ အရောင်ကြည်ပြီး၊ ကြွပ်အောင် ထုံးရည်စိမ်ပြီး၊ ကျောက်ချဉ်ကတော့ ဖရုံယို ပိုကြွပ်ပြီး၊ ပိုဖြူအောင် ထည့်တာဖြစ်ပါတယ်။ သံပုရာသီးကိုတော့
ဖရုံသီးအနံ့ မထွက်အောင် ထည့်ခြင်းဖြစ်ပါတယ်။
သကြားအချိုးအစားကတော့ ပြုတ်ပြီးတဲ့ ကျောက်ဖရုံသီးနဲ့ အချိုးတူထည့်ရပါမယ်။ ဖရုံသီး (2 cups)ဆို ထည့်ရမယ့် သကြားကလည်း
(2 cups)ဖြစ်ပါတယ် (ဖရုံသီးဖတ်တွေ သေသေချာချာခွက်ထဲ ဝင်အောင်
ထည့်ကြည့်ဖို့တော့လိုပါတယ်။)။
ဖရုံသီးကို အတုံးကြီးကြီးလှီးလျှင် အပူပေးချိန်ပိုကြာသောကြောင့် သကြားများ ဝါသွားတတ်၍ အရမ်းမကြီးအောင် လှီးရပါတယ်။ အချောင်းသေးအောင် လှီးထားပေမယ့် ခြောက်ကပ်မသွားပဲ အပြင်သား ကြွပ်ပြီး သကြားရည်ဝတဲ့ အတွင်းသားကြောင့် အရမ်းစားလို့ကောင်းတဲ့ ကျောက်ဖရုံယိုလေး ဖြစ်ပါတယ်။
***... ကျောက်ဖရုံယို အတွက် လိုအပ်တာလေးတွေ…
1. အတော်လေးရင့်သော ကျောက်ဖရုံသီး – ကီလိုဝက် (၃၂ ကျပ်သားခွဲခန့်)
2. ထုချေထားသော ကျောက်ချဉ် (alum) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
3. ကွမ်းစားထုံး (lime stone or Chuna or Choona) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
4. ရေ – 10 cups (2500 ml )
5. သကြား – 2 cups (500 ml)
6. သံပုရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ရေ – 5 cups (1250 ml) ထဲ ထုံး နှင့် ကျောက်ချဉ် ထည့်ကာ ထုံးများပျော်အောင် ဖျော်ထားပါ။
အခွံပြောင်စင်အောင်ခွါထားသော ကျောက်ဖရုံသီးကို အစေ့ နှင့် ပျော့သည့်အသားများ လုံးဝ မပါအောင်ဖယ်ထုတ်ပြီး လက်သန်းလောက်လည်း မသေး၊ လက်ညှိုးလောက်လည်း မကြီးသည့် အချောင်းလေးများ လှီးထားပါ။
လှီးပြီးသည့် ကျောက်ဖရုံသီးများကို ဖျော်ထားသည့် ထုံး၊ ကျောက်ချဉ်ရည်ထဲ ထည့်ကာ အဖုံး ဖုံးပြီး ၆ နာရီခန့် ထားပါ။ (ထိုအတောအတွင်း ရေပေါ် ပေါ်နေသည့် ကျောက်ဖရုံသီးဖတ်များ အတွက် ၃၊၄ ခါ အပေါ်အောက်လှန်ပြီး မွှေပေးပါ။)
၆ နာရီခန့်စိမ်ထားပြီးနောက် ထုံးများ ပြောင်စင်သွားအောင် ရေဆေး၊ ရေ စစ်ထားပါ။
ရေစစ်ပြီးနောက် ပွက်ပွက်ဆူနေသော
ရေ – 5 cups (1250 ml)ထဲ ထည့်ပြီး အိုးအဖုံး
မဖုံးပဲ high heat ဖြင့် ၃ မိနစ် တည်ထားပါ။ (ရေပြန်ဆူလာလျှင် အနည်းငယ်မွှေပေးပါ။)
ပြီးလျှင် ချက်ချင်း ရေအေးဖြင့် လုံးဝ အေးသွားသည်အထိ ဆေးကာ၊ ရေ ကုန်အောင် စစ်ပြီးနောက်…
အနည်းငယ် ခြောက်သွားအောင် paper towel (သို့) စက္ကူ ပေါ် ၁ နာရီခန့် ဖြန့်ထားပေးပါ။
၁ နာရီခန့် ဖြန့်ထားပြီးနောက် ကျောက်ဖရုံသီး နှင့် သကြား ကို ဇလုံထဲ ထည့်ပြီး နှံ့သွားအောင် ခပ်ဖွဖွမွှေကာ အဖုံး ဖုံးပြီး သကြားရည်များ ဖရုံသီးထဲ စိမ့်ဝင်အောင် တစ်ညအိပ်ထားပါ။ (ရေလုံးဝ မထည့်ရပါ။)
နောက်တစ်နေ့မနက်တွင်သကြားရည်များစိမ့်ဝင်နေသော ကျောက်ဖရုံသီး ကြည်ကြည်လေးများ ကို တွေ့ရမှာဖြစ်ပါတယ်။
ထိုသကြားရည်နှင့် ဖရုံသီးဖတ်များကို မကပ်သည့်အိုးထဲထည့်ကာ medium high heat ဖြင့် မိနစ် ၂၀ ခန့် တည်ထားပါ။ သံပုရာရည်ကို ဖြန့်ပြီးထည့်ပေးပါ။
သကြားရည်များပူပြီး အနည်းငယ် စပွက်လာလျှင် အိုးကပ်ပြီး မတူးအောင် မကြာခဏမွှေပေးဖို့ လိုပါတယ်။
မိနစ် ၂၀ ခန့် (သို့) သကြားရည်များ ကော်ရည်ကဲ့သို့ ပျစ်လာသည်နှင့် medium low heat သို့လျှော့ကာ တတ်နိူင်သမျှ တစ်အိုးလုံး နှံ့အောင် ခြစ်ပြီး အဆက် မပြတ်မွှေပေးပါ။ (သကြား နှင့် ကျောက်ဖရုံသီးများ အိုးဖြင့်ကပ်ကာ တူးပြီး ရွှေဝါရောင်ပြောင်းသွားတတ်၍ အိုးကို ခြစ်ပြီးမွှေပေးဖို့လိုပါတယ်။)
၃ မိနစ်ခန့်ကြာလျှင် (သို့) သကြားအတုံးအခဲများ
စဖြစ်လာလျှင် (သကြားက ခပ်ထန့်ထန့်အနေအထားပါ) low heat သို့လျှော့ကာ ၂ မိနစ်ခန့် အဆက် မပြတ်မွှေပေးပါ။ (မွှေရတာ လွယ်ကူမြန်ဆန်စေရန် spatula ကိုပြောင်းသုံးထားပါတယ်။)
သကြားများ ခပ်ထန့်ထန့်ဖြစ်မနေတော့ပဲ လုံးဝခြောက်သွားလျှင် ဆက်ပြီး မပူနေစေရန်
ဒယ်အိုးမှ ဖယ်ပြီး လင်ဗန်းတစ်ချပ်ထဲ ဖြန့်ထည့်၍ အအေးခံထားပါ။
အေးသွားပြီးနောက် ကြွပ်ကြွပ်လေးနှင့် သကြားရည်ဝနေသော ကျောက်ဖရုံ ယိုလေး အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။
ပို သည်များကို လေလုံဗူးထဲ ထည့်သိမ်းပေးနိုင်ပါတယ်နော်😍😘

image

ရိုးရှင်းပြီး ဒီလောက်ကောင်းတဲ့ဂျင်းပြုတ်ရဲ့အကျိုးကျေးဇူးကို အဖွားသာမပြောပြရင် သိမှာမဟုတ်ဘူး အဖွားက ဂျင်းကို နေ့တိုင်းစားတယ် မနက်အိပ်ရာနိုးတဲ့အခါ ဂျင်းပြုတ်ရည်နွေးနွေးလေး တစ်ခွက်အမြဲသောက်တယ်အဲ့လိုသောက်ပေးတော့ ခန္ဓာကိုယ်ကို နွေးထွေးစေတယ် ခေါင်းကို ကြည်လင်စေပြီး စိတ်တည်ငြိမ်စေတယ် ဗိုက်တင်းခြင်း၊ လည်ချောင်းခြောက်ခြင်း၊ညောင်းညာ ကိုက်ခဲခြင်းနှင့် အိပ်မပျော်ခြင်းတို့ဆို ဂျင်းတမျိုးတည်းနဲ့ အားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ် ဂျင်းပြုတ်ရည်သောက်လို့ပေါ့ အဖွားဒီလိုကျန်းမာနေတာ သွေးလေ လည်ပတ်မှုကောင်းနေတာပေါ့တဲ့
ပထမတော့ ဒီအတိုင်းပဲ နားထောင်တယ် နောက်နေ့တော့
ဂျင်းပြုတ်ရည်ကို ဘာအရသာသကြားမထည့်ပဲ အိပ်ယာမဝင်ခင် တခွက်စမ်းသောက်ကြည့်တာ တရေးမှမနိုးပဲ တညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာ အိပ်ယာကနိုးလာတဲ့အခါလည်း ဗိုက်ချောင်ပြီးနေလို့ကောင်းတယ်
တအိမ်လုံး နှာစေးကြပြီး ကိုယ်တစ်ယောက်တည်း ပဲ မဖြစ်တာဂျင်းပြုတ်ရည်ကြောင့်လားပဲ ဂျင်းပြုတ်ရည်က ပူစပ်တာတင်မကပဲ အတွင်းပိုင်းထိကောင်းတယ်ဆိုတာ အခုမှသဘောပေါက်တော့တယ်
ကဲ... ညညတော်ရုံလွယ်လွယ်နဲ့အိပ်မပျော်တတ်တဲ့သူဆို ဘာကိုစောင့်အုန်းမလဲ ဒီညပဲ အိပ်ယာမဝင်ခင်ဂျင်းပြုတ်ရည်ရနံ့မွှေးမွှေးလေး တခွက်ကို ကိုယ်တိုင်စမ်းသောက်ကြည့်မှသိလိမ့်မယ် နော်
အစာလည်းဆေး ဆေးလည်းအစာ ဘယ်အရာမဆိုတန်ဆေး လွန်ဘေးမို့ မလိုအပ်ပဲ အများကြီးမစားသင့်ဘူးနော်ရှင်
crd

image

ကမ္ဘာမြေကြီးကို ကယ်တင်ချင်သော်လည်း assignment မပြီးသေးသောအခါ

image
15 w - Translate

ဘဝမှာ ကျူ:လွန်မိတဲ့ အမှား ၃ ခုရှိတယ်
အယုံလွယ်တာ
သူ့ကို ကိုယ့်လိုထင်ခဲ့မိတာ
သစ္စာမရှိတဲ့ လူတစ်ယောက်အပေါ်
မေတ္တာတွေထားပြီး စည်းစောင့်ခဲ့တာ

💌//လွမ်းနောင်အိမ်

#ပုဇွန်စိတ် အစပ်ကြော်
☘️ ပုဇွန် လေးတွေကို ခေါင်းဖြုတ် အခွံမခွါပဲမျှင်ငပိ ဆားအနဲငယ် ရသာမှုန့် နနွင်းထည့်ပြီးနှပ်ထားမယ်
☘️ ဆီသပ်ရန် ငြုတ်သီးအပုတောင့် ဂျင်း ကြက်သွန်ဖြူနီထောင်းထားမယ်
☘️ ဆီဆူလာရင် နနွမ်းထည့် ထောင်းထားတဲ့ ကြက်သွန်ဖြူနီ ဆီသပ်မယ် အရောင်တင်မှုန့်ထည့်မယ်
🍀 ပုဇွန်ထည့်ပြီးမွှေပါ အိုးချခါနီးနံနံပင်အုပ် ငရုတ်သီးစိမ်းလေးချိုးထည့် စပ်စပ်လေးနဲ့အရမ်းစားကောင်းပါတယ်

image
15 w - Translate

Gemini ♊️, Sagittarius ♐️, Aries ♈️, Virgo ♍️, Capricorn ♑️, Libra ♎️, Pisces ♓️
သူတို့အိ ဂုဏ်ထူးရဘာသာများ🥲
တနှစ်ပတ်လုံး ပလေးနိုင်ဗေဒ
တနှစ်ပတ်လုံး ဘလိန်းနိုင်ဗေဒ
တနှစ်ပတ်လုံး ဇီဇာအကြောင်နိုင်ဆုံး
သဝန် အတိုနိုင်ဆုံးဗေဒ နှင့် အလံအနီနိုင်ဆုံးဗေဒ တို့အား ၅ဘာသာ ဂုဏ်ထူးထွက်သွားပါကြောင်း..

“မချစ်တော့ရင် ပြောနော်” ဒီစကားက
တစ်မျိုးဖြစ်နေနိင်ပေမဲ့ တွေးရင် အရမ်းမှန်တယ်။
Relationship တစ်ခုမှာ မချစ်တော့ သိရင်
အမြန်ဆုံး ပွင့်ပွင့်လင်းလင်း ပြောပြီးထားခဲ့
သင့်တယ်။

ဒါမှ ကျန်ခဲ့သူလည်း သူ့ဘဝရှေ့ဆက်ဖို
ပြန်ကြိုးစားနိင်မယ်လေ။ သူ့ရဲ့အချိန်တွေ
နုပျိုမှုတွေကို သူ့ကိုချစ်တဲ့ သူအတွက် ပေးဖို
ရှိရဦးမယ်လေ နော်။

ခံစားရမှာအားနာလိုဆိုတဲ့ နောက်မှာ သူ့အချစ်တွေ
သူ့အချိန်တွေကို သူ့ကို မချစ်တော့တဲ့
သူကို ပုံပေးမိတာမျိုးက ပိုဆိုးတာ မိုပါ။ 🖤🍀

image
15 w - Translate

https://play.google.com/store/....apps/details?id=fitn