33 w - Translate

ညစာ မစားဘူး ဒါပေမယ့် လူတကာ စားတာ မြည်းရင်းနဲ့ Pig ဖြစ် 😁

image
33 w - Translate

Natural Amethyst
သဘာဝ ခရမ်းစွဲ

image

Adobe PageMaker မှာ အသုံးများတဲ့ shortcut keys များ။
====================================
1. Ctrl + N
အသစ်စတင်တဲ့ Document ဖွင့်တာ။
2. Ctrl + O
ရှိပြီးသား ဖိုင်တစ်ခုကို ဖွင့်တာ။
3. Ctrl + S
လက်ရှိလုပ်နေတဲ့ Document ကို သိမ်းခြင်း။
4. Ctrl + P
Document ကို Print ထုတ်ဖို့။
5. Ctrl + W သို့မဟုတ် Ctrl + F4
Document ကိုပိတ်ဖို့။
6. Ctrl + Z
နောက်ကျပ်လုပ်ဆောင်မှုကို ပြန်ပြောင်းဖို့ (Undo)။
7. Ctrl + Y
Undo ပြန်လုပ်လိုက်တဲ့အရာကို ပြန်လည်ပြုပြင် (Redo)။
8. Ctrl + X
ရွေးထားတဲ့အရာကိုဖြတ်ယူခြင်း (Cut)။
9. Ctrl + C
ရွေးထားတဲ့အရာကို ကူးယူခြင်း (Copy)။
10. Ctrl + V
ကူးယူထားတာကို ပွားဖို့ (Paste)။
11. Ctrl + A
အကုန်လုံးရွေးဖို့ (Select All)။
12. Ctrl + T
Text formatting (စာလုံးအရွယ်၊ style စတာတွေရွေးချယ်ဖို့) Dialog Box ဖွင့်တယ်။
13. Ctrl + B
စာလုံး Bold လုပ်ခြင်း။
14. Ctrl + I
Italic လုပ်ခြင်း။
15. Ctrl + U
Underline လုပ်ခြင်း။
16. Ctrl + Shift + >
စာလုံးအရွယ်ကြီးအောင်ပြောင်းတယ်။
17. Ctrl + Shift + <
စာလုံးအရွယ်သေးအောင်ပြောင်းတယ်။
18. Ctrl + Shift + L
စာကို ဘယ်ဘက်ညှိ alignment လုပ်တယ်။
19. Ctrl + Shift + C
စာကို အလယ်တန်းညှိတယ်။
20. Ctrl + Shift + R
စာကို ညာဘက်ညှိတယ်။
21. Ctrl + Shift + J
စာကို အပြည့်ညှိ (Justify) လုပ်တယ်။
22. Ctrl + M
Paragraph formatting dialog box ကိုဖွင့်တယ် (line spacing, indent စတာများပြင်ဖို့)။
23. Ctrl + D
Image (ပုံ) တစ်ခုထည့်ဖို့ (Place command)။
24. Ctrl + K
Link (Hyperlink or reference) ပြုလုပ်ဖို့ (အသုံးနည်းပေမယ့် manual တစ်ချို့မှာပါဝင်တတ်တယ်)။
25. Ctrl + Shift + P
Page setup ကိုဖွင့်တယ် – page size, margin စတဲ့အချက်အလက်တွေပြင်ဖို့။
26. Ctrl + J
Jump to page – မိမိလိုတဲ့ စာမျက်နှာကို တိုက်ရိုက်သွားဖို့။
27. Ctrl + Shift + E
Textbox သို့မဟုတ် graphic frame တစ်ခုကို copy & paste တစ်ခါတည်းလုပ်ပေးတယ် (duplicate)။
28. Shift + Click
တစ်ခုထက်ပိုတဲ့ item တွေကို ရွေးချယ်ဖို့။
29. Ctrl + G
ရွေးထားတဲ့ item တွေကို Group လုပ်ဖို့ (တစ်စုအဖြစ်တည်းဖြတ်နိုင်အောင်)။
30. Ctrl + Shift + G
Grouped item တွေကို ပြန်ပြီးဖြေဖျောက်ဖို့ (Ungroup)။
31. Arrow Keys (← ↑ → ↓)
ရွေးထားတဲ့ object ကို နည်းနည်းရွှေ့ပေးတာ။
32. Shift + Arrow Keys
Object ကို ပိုမြန်မြန်ရွှေ့ခြင်း။
33. Delete
ရွေးထားတဲ့ item ကိုဖျက်ဖို့။
34. Ctrl + Shift + F9
Story Editor ကိုဖွင့်ဖို့ (စာအုပ်ထဲကစာကို စာသားအနေနဲ့ပြင်ချင်တဲ့အခါအသုံးဝင်တယ်)။
35. Esc Key
Current tool ကို cancel လုပ်တာ / selection tool ကိုပြန်သွားခြင်း။
36. Ctrl + L
Text frame (စာရိုက်ရန် box) တစ်ခုဖန်တီးရန်။
37. Ctrl + Shift + T
Tabs dialog box ဖွင့်ရန် (tab setting ပြင်ရန်)။
38. Ctrl + ;
Guides များကို ဖော်/ဖျောက် toggle လုပ်ဖို့။
39. Ctrl + '`' (grave accent)
All guides ကို ဖျောက်/ပြ toggle လုပ်ခြင်း။
40. Ctrl + U
Snap to Guides ကို ဖွင့်/ပိတ် toggle လုပ်ခြင်း။
41. Ctrl + 1
Zoom to 100% (နူးညံ့မူမရှိတဲ့ zoom level)။
42. Ctrl + 2
Zoom in
43. Ctrl + 3
Zoom out

image

ဂျပန်တတိုင်းမွှေး အပွင့်သေးပင်
တနှစ်ပတ်လုံးလည်းမပြတ်တမ်းပွင့်
တပင်လုံးအဖူးအပြည့်နဲ့အပင်တွေ
တပင်စိုက် တခြံလုံးမွှေး ချိုချဉ်နံ့လေး

image

ဂျပန်တတိုင်းမွှေး အပွင့်သေးပင်
တနှစ်ပတ်လုံးလည်းမပြတ်တမ်းပွင့်
တပင်လုံးအဖူးအပြည့်နဲ့အပင်တွေ
တပင်စိုက် တခြံလုံးမွှေး ချိုချဉ်နံ့လေး

image

ဂျပန်တတိုင်းမွှေး အပွင့်သေးပင်
တနှစ်ပတ်လုံးလည်းမပြတ်တမ်းပွင့်
တပင်လုံးအဖူးအပြည့်နဲ့အပင်တွေ
တပင်စိုက် တခြံလုံးမွှေး ချိုချဉ်နံ့လေး

imageimage
33 w - Translate

Book Review
" ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ"
နွေဦးမှာ ပွင့်တဲ့ ကံ့ကော်ရနံ့တွေနဲ့ သင်းပျံ့နေတဲ့ ဝတ္ထုလေး ၊ နူးညံ့လှတဲ့ ချစ်ခြင်းမေတ္တာကို အရောင်မညစ်စေဘဲ လှလှလေး ဖော်ကျူးထားတဲ့ ချစ်ခြင်းတစ်ခုအကြောင်းပေါ့။
ဒီဝတ္ထုလေးဟာ လင်း ဆိုတဲ့ ဇာတ်ဆောင် မိန်းကလေး က ဇာတ်ကြောင်း ပြောပြနေသလို လေး ရေးဖွဲ့ထားထာ။
သူမြင်တွေ့ခဲ့ရတဲ့ ချစ်မေတ္တာ ဇာတ်လမ်းတစ်ပုဒ်အကြောင်းကိုပေါ့။
အင်္ဂလိပ်စာအုပ်တွေနဲ့ပဲ အချိန်ကုန်ပြီး၊ မိန်းမ နဲ့
သမီးဖြစ်သူအပေါ် ချစ်ကြောင်း အမူအရာနဲ့ ဖြစ်စေ နှုတ်နဲ့ ဖြစ်စေ မပြသတဲ့ လင်း ရဲ့ ဖေဖေ။
ဇနီးတစ်ယောက်ဘဝမှာ ချစ်ခြင်းဆိုတာ ဘယ်လိုမျိုးမှန်းတောင် မခံစားရတဲ့ လင်း ရဲ့ မေမေ မမွန်မွန်။
အိမ်မှု ကိစ္စနဲ့တင် တစ်နေ့တာ ကုန်ဆုံးနေရပြီး ချစ်မေတ္တာကို ကြင်နာခွင့်လေးတောင် မရှိရှာပဲ မွန်းကျပ်နေတဲ့ ဇနီးသည် တစ်ယောက်။ သမီးလေးအပေါ် နွေးထွေးချစ်ခင်လှတဲ့
မိခင်တစ်ယောက်။
ခင်ပွန်း နဲ့ ဖခင် ရဲ့ ကြင်နာမှုမရရှာတဲ့ လင်းတို့
သားမိနှစ်ယောက် ဘဝထဲကို နွေးထွေး လှပတဲ့
နွေဦးပန်းတွေ ယူဆောင်လာပေးတာကတော့ လင်းက
ဦးဦး လို့ တွယ်တာစွာ ခေါ်ရတဲ့ နိုင်မင်းညီ ဆိုတဲ့ အမျိုးသားတစ်ဦးပေါ့ ။မမွန်မွန် သူငယ်ချင်း ရဲ့ မောင်လေးပေါ့။
အနုပညာကို မျှဝေခံစားနိုင်တဲ့ တူညီတဲ့ ခံစားချက်တွေ၊ နွေးထွေးမှုကို ပေးနိုင်တဲ့ မေတ္တာငွေ့တွေ ဟာ လူ
တစ်ယောက်ရဲ့ ချစ်ခြင်းပန်းတွေကို ပွင့်သွားနိုင်စေလား။
ဆန်းကြယ်လှတဲ့ အချစ်ရဲ့ ဇာတ်လမ်းများစွာထဲကမှ မတူကွဲပြားလှတဲ့ အချစ်တွေပေါ့။ ဒါပေမဲ့ ဒီအချစ်တွေဟာ
ရုပ်ဆိုးမသွားဘူး၊ အကျည်းမတန် စေခဲ့ဘူး၊ သက်ဆိုင်သူတွေရဲ့ နှလုံးသားကို ခဏတာ ပန်းတွေပွင့်စေခဲ့တယ်။
ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ လျှောက်ခဲ့ရတဲ့ လှပတဲ့ ညနေခင်းတွေ၊ ဂျပ်ဆင်အောက်မှာ ထိုင်ခဲ့ရတဲ့ အမှတ်တရအချိန်တွေ၊ ထူးအိမ်သင်းရဲ့ တေးသီချင်းတွေ၊ ဝါရွှေနုသွေးနေတဲ့ မွှေးပျံ့တဲ့ ကံ့ကော်တွေ။
လင်း ရယ်၊ သူ့ မေမေ မမွန်မွန် နဲ့ ဦးဦးရယ် ပျော်ရွှင်ခဲ့ရတဲ့ အတိတ်က လှပတဲ့အချိန်တွေ အကြောင်းကို လင်း ပြောပြရင်း ပုံရိပ်တွေ တစ်ခုပြီး တစ်ခု မြင်တွေ့ခဲ့ရတယ်။
နူးညံ့တဲ့ အချစ်ကို ခံစားခဲ့ရတယ်။
အချစ်ဆိုတဲ့ နွေးထွေးမှုဆိုတာကို ခံစားမိပြီး ပိုင်ဆိုင်လိုစိတ် မရှိ၊ ခပ်ဝေးဝေးကနေ ငေးကြည့်ပြီး ကျေနပ်နိုင်တဲ့ အံ့သြဖွယ် အချစ်ရဲ့ ဖြစ်ရပ်တွေကို မြင်ခဲ့ခံစားခဲ့ရတယ်။
ပန်းပွင့်ကလေး လိပ်ပြာကလေးတွေကို ချစ်တဲ့အချစ်ပါ တဲ့။လိပ်ပြာကလေးပျံနေတဲ့အခါ ပန်းကလေးပွင့်နေတဲ့အခါ အဝေးကနေ ကျေနပ်နေတယ် ဆိုတဲ့ ချစ်စိတ်တွေ။
ဂျပ်ဆင်အောက်က သားအမိနှစ်ယောက်ကို ဓာတ်ပုံလှမ်းရိုက်နေတဲ့သူ ရဲ့ အရိပ်ပါတဲ့ ပန်းချီကားတစ်ချပ် ကို အစပြုလို့ အတိတ်က ဖြစ်ရပ်တွေကို ဖော်ပြသွားတဲ့ တေးသွားလှလှတစ်ပုဒ်ပေါ့။
နွေဦးကံ့ကော် သီချင်းသံ နဲ့ ကံ့ကော်ပန်း ရနံ့ကို ရစေတဲ့ ဇာတ်လမ်းလေးပေါ့။ ကံမဆုံလည်း မမေ့နိုင်ဘူး ဆိုတဲ့ တေးသံဟာ ချစ်ခြင်းအကြောင်း ပြောပြနေသလို။
“ ဘယ်သူမဆို ဒီလိုပဲ တစ်လောကလုံး အမှောင်ကျသွားသလိုမျိုး ကိုယ့်ကမ္ဘာပျက်သွားသလိုမျိုး ခံစားရတဲ့အချိန်တော့ရှိမှာပဲ သမီးရဲ့။ အဲဒီအချိန်ကို ဘယ်တော့မှ မကျော်ဖြတ်နိုင်တော့ဘူး။ တစ်သက်လုံး ခံစားသွားရတော့မှာပဲလို့လည်း ထင်ရင် ထင်ခဲ့ကြမှာပဲ။ ဒါပေမယ့် အချိန်တန်လာတဲ့အခါ အချိန်တစ်ခုကို ရောက်တဲ့အခါကျတော့လည်း အားလုံး ပြီးသွားတာပဲ အဲဒီတုန်းက ကိုယ်ဟာကိုယ် မဟုတ်သလိုပဲ ”
အဲဒီအချိန်ဟာ ဘဝမှာ အလှဆုံးအချိန်ပဲ။ အစမရှိသလို အဆုံးလည်းမရှိနိုင်တဲ့ အချိန်မျိုးပေါ့။ တော်ပြီလေ အဲဒီတစ်ချိန်ကို ပိုင်ဆိုင်ခဲ့ဖူးပြီလေ။
တော်ပြီပေါ့လို့ပဲ တွေးတယ်။ အဝေးမှာပဲ နေခဲ့တယ်။
နေလည်း နေသင့်တယ် ဘယ်လိုပြောရမလဲဆိုတော့
အဲဒီအချစ်ဟာ ငှက်ကလေးတစ်ကောင်
ပန်းကလေးတစ်ပွင့်ကို ချစ်တဲ့ အချစ်နဲ့လည်း တူတယ် ငှက်ကလေး ကောင်းကင်မှာ ပျံနေတဲ့အခါ
ပန်းကလေး လှလှပပ ပွင့်တဲ့အခါ
အဝေးကနေ ကျေနပ်တယ် ဒါပါပဲ ဒီလောက်ပါပဲ .....
"လူဆိုတာ ဒီလိုပါပဲ သမီးရယ်၊ ဘယ်လောက်ပဲ ချစ်ကြ ခင်ကြတယ် ဆိုဦးတော့၊ တစ်ချိန်မှာ ခွဲကြရတာပဲ၊ ရှင်ကွဲ မကွဲရင် သေကွဲ ကွဲမှာပဲ၊ လူ့ဘဝ ဆိုတာကိုက သေခြင်းနဲ့ အဆုံးသတ်တာ မဟုတ်လား၊ မသေခင် တွေ့ကြ ဆုံကြ ချစ်ကြတာ၊ တွေ့တုန်းတွေ့ခိုက် ကိုယ့်ဘက်က အတတ်နိုင်ဆုံး သူ့အပေါ် ချစ်ခင်ခဲ့တာ ဖြည့်ဆည်းပေးခဲ့တာပဲ၊ ခွဲကြရတော့လည်း ဒါ ရေစက်ကုန်လို့ပဲလို့ တွေးရုံပေါ့"
"ချစ်ခြင်းမေတ္တာဆိုတာဟာ မေတ္တာပါသော ချစ်ခြင်းတဲ့၊ ပိုင်ဆိုင်လိုခြင်း တပ်မက်ခြင်းတွေနဲ့ ပူလောင်မနေဘူးတဲ့၊ သိပ်အေးချမ်းတယ်တဲ့၊ အခုငါလေ ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ် အဲ့ဒီလို မေတ္တာမျိုးပဲ ထားနိုင်အောင်ကြိုးစားနေတယ်"
ချစ်ခြင်းမေတ္တာဆိုတာကို ရွေးချယ်ခွင့်မရှိပါပဲ ပိုင်ဆိုင်လိုက်ရတဲ့သူကို မေတ္တာရှိအောင်ကြိုးစားရင်း အချစ်ကိုတွေ့ရှိလာချိန် သိမ်သိမ်မွေ့မွေ့နဲ့ အပြုံးမပျက်ကျော်ဖြတ်လာရင်း အအေးမြဆုံးမေတ္တာတွေကိုသာပေးအပ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်။
ကိုယ့်ဘက်ကပဲ ဆက်သွယ်ရပြီး ကိုယ့်ဘက်ကသာနားလည်ပေးရပြီး ချစ်ခြင်းမေတ္တာလို့ခေါင်းစဉ်တပ်ထားတဲ့ဆက်ဆံရေးအပေါ် ဆက်ပြီးသည်းခံသွားနိုင်မလား ဘယ်လိုအဆုံးသတ်သွားမလဲ၊ ချစ်ခြင်းမေတ္တာကရော လင်းအပေါ်သက်ရောက်မှုတွေပြန်လာပါ့မလား။
ရှေ့မဆက်သင့်တဲ့အခြေအနေမို့ သံ‌ယောဇဉ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်လိုက်တဲ့ နိုင်မင်းညီဟာ သူလိုချင်တဲ့ သာယာချမ်းမြေ့တဲ့ဘဝကိုပဲ ဖြတ်သန်းသွားနိုင်မလားဆိုတာတွေကို ငြိမ့်ငြိမ့်အေးအေးလွမ်းလွမ်းဆွေးဆွေးအပြင် ရန်ကုန်တက္ကသိုလ်ရဲ့လောင်းရိပ်တွေနဲ့ တသိမ့်သိမ့်ခံစားရမယ့် စာအုပ်လေးကတော့စံပယ်ဖြူနုရဲ့ ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေတဲ့။
ကုန်လွန်ခဲ့သော အတိတ်မှ အချို့သော အမှတ်တရတို့သည် ပစ္စုပ္ပန်သို့ ရောက်သည့်တိုင်လှမြဲ လှနေလေ့ရှိသည်
အချို့ကတော့ အတိတ်တွင်သာ လှနိုင်သည်။
ဦးဦးသည် အတိတ်တွင်သာ လှမည့် အမှတ်တရမျိုး
ဖြစ်ပါလိမ့်မည်။
#ရှေးရှေးတုန်းကကံ့ကော်ပွင့်တွေ
#စံပယ်ဖြူနု
#စိုင်းခွန်သာ

image

သင်သိပါသလား ?
Capybara တွေ နဲ့ Guinea Pig တွေက
ဝမ်းကွဲမောင်နှမတွေဆိုတာကို 😌❤️
ဒါကြောင့် Capybara မမွေးနိုင်သေးဘူးဆိုရင်
Guinea Pig မွေးနိုင်ပါတယ် 🤣❤️

image

သင်သိပါသလား ?
Capybara တွေ နဲ့ Guinea Pig တွေက
ဝမ်းကွဲမောင်နှမတွေဆိုတာကို 😌❤️
ဒါကြောင့် Capybara မမွေးနိုင်သေးဘူးဆိုရင်
Guinea Pig မွေးနိုင်ပါတယ် 🤣❤️

image

သင်သိပါသလား ?
Capybara တွေ နဲ့ Guinea Pig တွေက
ဝမ်းကွဲမောင်နှမတွေဆိုတာကို 😌❤️
ဒါကြောင့် Capybara မမွေးနိုင်သေးဘူးဆိုရင်
Guinea Pig မွေးနိုင်ပါတယ် 🤣❤️

imageimage