Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျွန်မအတွက် “ဖြစ်တည်ခြင်း“ဆိုသည်မှာရည်မှန်း ထားသည့်နေရာတစ်ခုသို့ရောက်ရှိသွားပြီးကျောက်ချရပ်နားနေရမည့်နေရာမဟုတ်ပါ။
ရှေ့သို့သာဆက်လက်လှုပ်ရှားရဉီးမည်ဖြစ်သည်။ ခရီးမဆုံးသေးပါ။
ဖြစ်တည်ခြင်း
ဝင်းငြိမ်း
#becoming
Michelle Obama
#allinbookshelenasharing
#quotes
◼ တိုက်ရိုက်လေကြောင်းပျံသန်းမှုများ၊ စီးပွားရေးချိတ်ဆက်မှုများ ပြန်စတင်ရန် အိန္ဒိယနှင့်တရုတ် သဘောတူ
၂၀၂၀ ပြည့်နှစ် တွင် လူအသေအပျောက်ရှိခဲ့သော နယ်စပ်တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသော ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် အိမ်နီးချင်းနှစ်နိုင်ငံက ကြိုးစားနေကြစဉ် နှစ်နိုင်ငံကြား တိုက်ရိုက် လေ ကြောင်း ပျံသန်းမှုများ ပြန်စရန် နှင့် စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်ရေးတို့ကို အိန္ဒိယနှင့် တရုတ်တို့က ယမန်နေ့တွင် သဘောတူလိုက်ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ခန့်မှန်း၍မရသောနိုင်ငံခြားရေးမူဝါဒ နောက်ခံနှင့်အတူ အာရှအင်အားကြီးနှစ်နိုင်ငံကနှစ်ဖက်ဆက်ဆံရေးတိုးတက်အောင် သတိထားလုပ်ဆောင်နေကြပြီး အဆင့် မြင့်အရာရှိများလည်း အပြန်အလှန်လည်ပတ်ခဲ့ကြသည်။
နှစ်နိုင်ငံစလုံးက တိုက်ရိုက်လေကြောင်းပျံသန်းမှုများပြန်လည်စတင်ပြီး ကုန် သွယ် ရေးနှင့်ရင်းနှီးမြုပ်နှံမှုများ တိုးချဲ့သွားမည်ဖြစ်ကြောင်း ယင်းတွင် နယ်စပ်သုံးနေရာတွင် ကုန်သွယ်မှုပြုလုပ်ခြင်း ၊ ဗီဇာ ထုတ် ပေး ခြင်းများလည်း ပါဝင်မည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
တိုက်ရိုက်လေကြောင်းပျံသန်းမှုများကို ၂၀၂၀ ကိုဗစ်ကပ်ရောဂါကာလက တည်းက ဆိုင်းငံ့ထားခဲ့ပြီး ပျံသန်းမှုများ ပြန်လည်စတင်မည့်ရက်ကိုလည်း မကြေညာသေးပေ။
ဆယ်စုနှစ်များစွာ ကြာမြင့်နေသော နယ်စပ်အငြင်းပွားအားဖြေရှင်းရန် အိန္ဒိယအမျိုးသားလုံးခြုံရေးအကြံပေး အာဂျစ်ဒိုဗယ် နှင့် (၂၄) ကြိမ်မြောက် ဆွေးနွေးရန် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ နယူးဒေလီသို့ နှစ်ရက်ကြာအလည်အပတ် ပြီးဆုံးချိန်တွင် အထက်ပါထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
နယ်စပ်အကြောင်း ဆွေးနွေးမှုများတွင် နှစ်နိုင်ငံကြားဟိမဝန္တာနယ်ခြားတွင် စုစည်းထားသောတပ်ဖွဲ့များကို ပြန်ရုပ်သိမ်းရေး၊ နယ်ခြားစည်းသတ်မှတ်ရေး နှင့် နယ်စပ်ရေးရာများပါဝင်ကြောင်း အိန္ဒိယ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
နယ်ခြားစည်းသတ်မှတ်ရေး ညှိနှိုင်းဆွေးနွေးမှုများ တိုးတက်လာစေရန် လုပ် ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းရေးကို နှစ်ဖက် သဘောတူခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ယနေ့ ထုတ်ပြန်ပြောကြားသည်။
အထက်ပါ ကိစ္စရပ်များနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်တွင် တရုတ်၌ တွေ့ဆုံကြရန် နှစ်နိုင်ငံသဘောတူခဲ့ကြကြောင်း ပေကျင်းက ပြောသည်။
အိန္ဒိယနှင့်တရုတ် နိုင်ငံကြားက တည်ငြိမ်၍ အပြုသဘောဆောင်သော ဆက်ဆံရေးသည် ဒေသဆိုင်ရာနှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် ကြီးပွားတိုးတက်ရေးအတွက် ကြီးမားသောကဏ္ဍမှ ပါဝင်ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း ဝမ်ယီ နှင့် တွေ့ဆုံပြီးနောက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က X လူမှုကွန်ရက်ပေါ်တွင် ရေးသားသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် မိုဒီသည် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားပြီး ယင်းမှာခုနစ်နှစ်အတွင်း တရုတ်သို့ သွားရောက်သည့် ၎င်း၏ပထမဆုံး ခရီးစဉ် ဖြစ်ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း