12 w - Translate

Liquid Glass ဒီဇိုင်း အသားပေး iOS 26
OS ဗားရှင်းတွေကို နှစ်နဲ့ ညှိပြီး နာမည်ပြောင်းတာရယ် ၊ UI ကို အကြည်သားဒီဇိုင်း နဲ့ လာတာရယ်က Apple WWDC ပွဲရဲ့ အဓိကပြကွက်တွေပါပဲ။
iOS 26 မှာ Apple အသားယူပြောသွားတာက နောက်ခံထွင်းဖောက်မြင်ပြီး dynamic touch ပိုဖြစ်လာတဲ့ Liquid Glass အကြောင်းပါ။ ၂၀၁၃ ထွက် iOS 7 နောက်ပိုင်း Apple ရဲ့ အကြီးဆုံးဒီဇိုင်းပြောင်းလဲမှုလို့လည်း ပြောပါတယ်။ Lock Screen လည်း Liquid Glass ဒီဇိုင်းနဲ့လာမယ် ၊ wallpapers မှာ 3D effects တွေ ပါမယ်။
Camera App လည်း Liquid Glass ဒီဇိုင်းနဲ့လာမယ်။ UI တွေက ပိုလုံးလာပြီး swipe up လုပ်ပြီး settings ခေါ်နိုင်မယ်။ ဗွီဒီယိုနဲ့ ဓါတ်ပုံ quality options အကုန်လုံး တစ်နေရာတည်း ရှိလာမယ်။ Photos app မှာ Library နဲ့ Collection tabs သီးသန့်ပါမယ်။ Apple Music , News နဲ့ Podcasts တွေက tab bars တွေက app ထဲ ဝင်ကြည့်နေရင် အော်တိုချုံ့ပေးထားမယ်။
Apple ကတော့ Liquid Glass က content ပို အာရုံစိုက်မိစေတဲ့ app experience ရစေမယ် ပြောပါတယ်။ Call Settings အနေနဲ့ဆို ကိုယ်မသိတဲ့ unknown numbers တွေဆီက ဖုန်းဝင်ရင် တစ်ဖက်လူက သူ့နာမည်နဲ့ ဖုန်းခေါ်ရတဲ့အကြောင်းရင်း ပြောမှ ဖုန်းမြည်တဲ့စနစ် ပါလာပါတယ်။ spam call တွေ ကာကွယ်ဖို့ပါ။
နောက်တစ်ခုက Apple Intelligence မှာ ပါခဲ့တဲ့ Live Translation ဘာသာပြန်စနစ်က Messages ၊ ဖုန်းနဲ့ FaceTime app တွေမှာ ထည့်သွင်းလာတာပါ။ FaceTime call တွေဆို အောက်ကနေ ဘာသာပြန်စာတန်းထိုးပေးတော့မှာပါ။ iOS 26 ရဲ့ Visual Intelligence မှာ Google ရဲ့ Circle to Search လို search စနစ်တွေ ပါလာပါတယ်။
Visual Intelligence ရဲ့ search ပုံစံက Circle to Search ထက် နည်းနည်းတော့ ပိုအလုပ်ရှုပ်ပါတယ်။ အရင်ဆုံး screenshot ဖမ်းရမယ်။ SS မှာ Ask tool သစ်နဲ့ Image search လုပ်ခိုင်းတဲ့ ခလုတ်ကို သွားရပါတယ်။ အဲ့ဒီကမှ ကိုယ်ရှာချင်တဲ့ဟာကို highlight လုပ်ပေးရမှာပါ။ ChatGPT နဲ့ ပေါင်းထားတာဖြစ်လို့ ဖိတ်စာတွေ ပွဲတွေထဲက အချက်အလက်တွေကို ဆွဲထုတ်ခိုင်းလို့လည်း ရပါတယ်။
အခုက developers တွေအတွက် iOS 26 beta ထုတ်ထားပြီး နောက်လထဲလာက် public beta ထွက်မှာပါ။ iPhone 11 နဲ့ နောက်ပိုင်းထွက်မော်ဒယ်တွေမှာ တင်နိုင်မှာဖြစ်ပြီး Apple Intelligence features တွေကိုတော့ iPhone 15 Pro နဲ့ နောက်ပိုင်းဖုန်းတွေမှာပဲ ရပါလိမ့်မယ်။

image

စွန့်ခွာသွားခြင်းမခံရအောင်
ကိုယ်က နာကျင်ခြင်းတွေကို ခံစားနေမယ်ဆိုရင်
ပျော်ရွှင်ခြင်းတွေက ကိုယ့်ကို စွန့်ခွာသွားကြလိမ့်မယ် ။
ကိုယ်က ပူလောင်စေတဲ့ အရာတွေကို တွေးနေမယ်ဆိုရင် အေးချမ်းခြင်းတွေက ကိုယ့်ကို စွန့်ခွာသွားကြလိမ့်မယ် ။
ကိုယ်က မကောင်းတဲ့ အရာတွေကို ပြုလုပ်နေမယ်ဆိုရင် ကောင်းတဲ့ အရာတွေက ကိုယ့်ကို စွန့်ခွာသွားကြလိမ့်မယ် ။
ကိုယ်က တန်ဖိုးရှိတဲ့ အရာတွေကို
ဖြစ်သလိုထားလိုက်မယ်ဆိုရင်
တန်ဖိုးရှိတဲ့ အရာတွေက ကိုယ့်ကို စွန့်ခွာသွားကြလိမ့်မယ်။
တစ်ခါတလေမှာ ကိုယ့်ကို စွန့်ခွာသွားကြတာ
သူတစ်ပါးကြောင့်ထက် မိမိကြောင့် ဖြစ်နေတတ်တယ် ။
ဒါကြောင့် ပျော်ရွှင်ခြင်းတွေ အေးချမ်းခြင်းတွေ
ကောင်းတဲ့ အရာတွေ တန်ဖိုးရှိတဲ့ အရာတွေ
စွန့်ခွာသွားခြင်းမခံရအောင်
အတတ်နိုင်ဆုံး စိတ်ကို
သတိလေးနဲ့ ထိန်းချုပ်ပြီး ထားပါ ။

image

ချစ်ခြင်းမေတ္တာဆိုသည်က...
စကားတွေ အများကြီး ပြောနေတာထက်
အမှန်အမှားတွေကို ငြင်းခုန်နေတာထက်
သူပြောသမျှကို ငေးကြည့်ပေးနိုင်သော
နားလည်စာနာခြင်းတွေလည်း ဖြစ်ပါတယ် ။
အချစ်ဆိုတဲ့အဓိပ္ပာယ်ကို ဘယ်သူက သေသေချာချာ ဖွင့်ဆိုတတ်မှာလဲ ။ အသဲကွဲနေတဲ့သူကို မေးကြည့်တော့အလကားပေါ့ ။ ကြင်စမောင်နှံကိုမေးကြည့်တော့
သကာပေါ်သကြားဖြူးထားသလိုချိုမှာပေါ့လေ ။
အဲ့လိုပဲ ။ မချစ်တဲ့သူနဲ့ ပြည့်ပြည့်စုံစုံနေရပြီး အထီးကျန်
မပျော်ရွှင်တာထက် ချစ်တဲ့သူနဲ့ပဲ အေးတူပူမျှနေမယ်တဲ့လေ ။
နှစ်အကြာကြီး ချစ်ခဲ့လို့ လက်ထပ်ခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေ မရှိတော့တဲ့အချိန် မလိုချင်တဲ့စကားလုံးတွေ အပြစ်တွေနဲ့ လမ်းခွဲကြရတော့တာပဲ ။
လွှတ်ပေးလိုက်တဲ့သူ့ရဲ့ အတိတ်ရယ် ၊ အခုရယ် ၊ နောင်ကိစ္စအကြောင်းတွေကိုရော ကျွန်မ မေ့ပြစ်ခဲ့တယ် ။
လက်ခုပ်ကတော့ နှစ်ဖက်တီးမှ မြည်တာမှန်ပေမယ့်
လက်ဖျောက်ကတော့ တစ်ဖက်တည်းနဲ့လည်း မြည်တာပါပဲလေ ။ အိမ်ထောင်ကွဲသွားတာ စာရိတ္တပြတ်လို့မှ မဟုတ်တာပတ်ဝန်းကျင်ရယ် ။
ဖြူကလည်း မဆိုင်တော့တဲ့ ယောက္ခမကိုရော ၊ လင်မရှိတော့တဲ့ ယောက်မကိုရော ထောက်နေရတာ ။ အသက် (၃၀)ကျော်ပေမဲ့ နှလုံးသားက မရင့်ကျက်ခဲ့သေးဘူး ။
အောင်ကရော ဘာထူးလို့လဲ ။ ချစ်သူတွေ မဖြစ်ခဲ့ကြတာပဲရှိမယ် ။ သံယောဇဉ် နဲ့ အကြင်နာတွေကတော့ တူတူပဲမဟုတ်လား ။ မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင် တည်ဆောက်ချင်ပေမဲ့ ကြမ္မာ ကံကြမ္မာ ဝင်နှောက်ခဲ့လေတော့ လွဲခဲ့ရပြီ ။
#သော်တာအေးလဲ့
#ရွာရန်ရာနှုန်း၈၀
#sawhtetlynnoo

image

ကျွန်တော်တို့ဟာ ချစ်ခင်နှစ်သက်မှုကို လိုလားကြတယ် ။ ကိုယ် ချစ်ရတဲ့သူ ကိုယ့်ကို ဂရုစိုက်အလေးထားတဲ့သူတွေနဲ့ တွေ့ဆုံကြုံကြိုက်ခြင်းဖြင့်သာ ဘဝရဲ့ရည်မှန်းချက် ၊ ပန်းတိုင်တွေကို အရောက်လှမ်းနိုင်ကြတာမလား ။ တကယ်တော့ ကျွန်တော်တွေဟာ ဘယ်သူမှ ပြီးပြည့်စုံတဲ့သူရယ်လို့ မရှိဘူး ။ ဒါကြောင့်လည်း အဖော်မွန်ဆိုတာ လိုနေတာပေါ့
တကယ်လို့ ခင်ဗျားက တစ်ယောက်ယောက်ကို စိတ်ဝင်စားမိတယ်ဆိုရင် အဲဒါကို ထိန်းချုပ်ဖို့မကြိုးစားပါနဲ့ ။ သူနဲ့အတူ အချိန်တွေကုန်ဆုံးရင်းသာ ပျော်ရွှင်တဲ့ အချိန်တွေကို ဖန်တီးပါ ။ ဒါမှသာ သူနဲ့ ကိုယ်နဲ့ နောက်တစ်ကြိမ် တွေ့နိုင်မှာလေ ။ ကိုယ်က တခြားတစ်ယောက်ကို ပိုင်ဆိုင်ဖို့
မကြိုးစားဘဲ သူနဲ့အတူ ရှိနေရတာကိုပဲ ကျေနပ်နှစ်သက်တတ်ရင် သူနဲ့ကိုယ်ကြားက ဆက်ဆံရေးဟာ ရေရှည်တည်မြဲပါတယ် ။

image

Official trailer for Stephen King\s #TheInstitute

ဇွန်လ (၁၁) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++

image

The Pickup - Official Trailer

12 w - Translate

အသက် ၁၅ နှစ် အရွယ် အီသီယိုးပီးယားနိုင်ငံသား ဟဲမန်ဘီကယ်လီ (Heman Bekele) ဟာ အံ့မခန်းတဲ့ ဆေးပညာဆိုင်ရာ တီထွင်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်

ဟဲမန်ဘီကယ်လီ ဟာ အီသီယိုးပီးယားနိုင်ငံ၊ Addis Ababa မြို့မှာ မွေးဖွားခဲ့ပြီး အသက် ၄ နှစ်အရွယ်မှာ မိသားစုနဲ့အတူ အမေရိကန်ကို ပြောင်းရွှေ့ခဲ့ပါတယ် အီသီယိုးပီးယားမှာ နေထိုင်ခဲ့စဉ်က နေပူဒဏ်အောက်မှာ အချိန်ကြာမြင့်စွာ အလုပ်လုပ်ကြရတဲ့ လုပ်သားတွေရဲ့ အရေပြားကာကွယ်မှု အားနည်းတာကို မြင်တွေ့ခဲ့ရပါတယ် ဒါကဘဲ သူ့ကို အရေပြားကင်ဆာအတွက် ကုသနည်းတစ်ခု ရှာဖွေဖို့လှုဆော်မှု ဖြစ်ပေါ်စေခဲ့ပါတယ်

အသက် ၁၄ နှစ်အရွယ် (၂၀၂၃ ခုနှစ်) မှာ ဟဲမန်ဟာ "Skin Cancer Treating Soap" (SCTS) လို့ခေါ်တဲ့ အထူးဆပ်ပြာခဲ တစ်မျိုးကို တီထွင်ခဲ့ပါတယ် သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အရေပြားကင်ဆာကို တတ်နိုင်တဲ့ဈေးနှုန်းနဲ့ လွယ်လွယ်ကူကူ ကုသနိုင်မယ့် နည်းလမ်းတစ်ခု ဖန်တီးဖို့ ဖြစ်ပါတယ် လက်ရှိ အရေပြားကင်ဆာ ကုသမှုတွေဟာ ဒေါ်လာသောင်းနဲ့ချီ ကုန်ကျကြပါတယ်

အဲ့ဒီဆပ်ပြာမှာ imiquimod လို့ခေါ်တဲ့ အဓိကပါဝင်ပစ္စည်းတစ်မျိုး ပါဝင်ပါတယ် Imiquimod ဟာ အရေပြားကင်ဆာအချိုကို ကုသရာမှာ အသုံးပြုတဲ့ ဆေးဖြစ်ပြီး ပုံမှန်အားဖြင့် လိမ်းဆေးအဖြစ် အသုံးပြုကြပါတယ်

နောက်ပြီး အဲ့ဒီဆပ်ပြာထဲမှာ lipid-based nanoparticles နာနိုမှုန်လေးတွေ ကို ထည့်သွင်းအသုံးပြုထားကာ ဒီ နာနိုမှုန်လေးတွေဟာ ဆပ်ပြာကို ရေနဲ့ဆေးချပြီးတဲ့နောက်မှာတောင် အရေပြားပေါ်မှာ ကပ်ညှိနေအောင် ဖန်တီးထားတာဖြစ်ပြီး ကင်ဆာကို တိုက်ထုတ်ပေးမယ့် ဆေးကို စုပ်ယူနိုင်အောင် ကူညီပေးပါတယ်

ဟဲမန် ရဲ့ အဓိကရည်မှန်းချက်ကတော့ အရေပြားကင်ဆာ ကုသမှုကို ကုန်ကျစရိတ်နည်းနည်း နဲ့ ကုသနိုင်ဖိုဖြစ်ပါတယ် သူ့ရဲ့ ဆပ်ပြာတစ်ခဲကို ဒေါ်လာ ၀.၅၀ ခန့်သာ ကုန်ကျနိုင်တယ် လို့ သူက ခန့်မှန်းထားပြီး လက်ရှိ ကုသမှုတွေဖြစ်တဲ့ ဒေါ်လာ ၄၀,၀၀၀ ကျော် ကုန်ကျမှုနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ သက်သာစေမှာ ဖြစ်ပါတယ်

ဒီလို တီထွင်မှုတွေကြောင့်ဘဲ သူဟာ ၂၀၂၃ ခုနှစ်မှာ 3M Young Scientist Challenge ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီး ဆုကြေး ဒေါ်လာ ၂၅,၀၀၀ ရရှိခဲ့ပါတယ် အဲ့ဒီနောက် ၂၀၂၄ ခုနှစ်မှာတော့ TIME မဂ္ဂဇင်းရဲ့ Kid of the Year ဆုကို ထပ်မံရရှိခဲ့ပါတယ်

အခုအချိန်မှာတော့ ဟဲမန် ဟာ မော်လီကျူးဇီဝဗေဒပညာရှင်တွေနဲ့ ပူးပေါင်းပြီး သူ့ရဲ့ဆပ်ပြာကို ဆက်လက်သုတေသနပြု စမ်းသပ်နေဆဲ ဖြစ်ပါတယ် ၂၀၂၈ ခုနှစ်မှာ FDA အသိအမှတ်ပြုလက်မှတ်ရရှိဖို့နဲ့ ကမ္ဘာတစ်ဝန်းမှာ အရေပြားကင်ဆာ ကုသမှုကို တန်းတူညီမျှစွာ ရရှိနိုင်ဖို့ အကျိုးအမြတ်မယူတဲ့ အဖွဲအစည်းတစ်ခု တည်ထောင်ဖို့ ရည်ရွယ်ထားပါတယ်

#knowledge #ဗဟုသုတ

image

Matthew McConaughey and America Ferrera star in the first teaser for #TheLostBus.

Owen Wilson and Peter Dager star in this exclusive clip from Apple TV+\s #Stick.