#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️စက်သုံးဆီလုပ်ငန်းရှင်များအား ကန်ဒေါ်လာ ၂၅ သန်း ရောင်းမည်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ယခုလအတွင်း ပထမဦးဆုံးအကြိမ် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာများ ဆက်တိုက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ရောင်းချပေးခဲ့ကြောင်း သိရသည်။
သတင်း - လူ့တလူ