12 w - Translate

မိတ်ဆွေက လီဗာတဆုံးနင်းပြီး ကားမြန်မြန်မောင်းချင်တာဆိုရင် ဒီကားမစီးနဲ့
ကားရဲ့ အမြန်ဆုံးစွမ်းဆောင်ရည်လိုချင်လား တစ်လကို $20 ပေးမှရမယ်တဲ့ Volkswagen ကထုတ်ထားတဲ့ ID 3 Series မှာ အခုစနစ်ကို ပထမဆုံးမိတ်ဆက်လာတာပါ
ဒီကားက လျှပ်စစ်ကားပါ 228bhp စွမ်းဆောင်ရည်ရှိမယ် ဒါပေမယ့် ဒီစွမ်းဆောင်ရည်အတွက်
တစ်လကို $20
တစ်နှစ်စာဆို $200 တဲ့
လစဉ်ကြေးမပေးချင်ရင် အပြီးအစီး $760 ပေးနိုင်မှာပါ
လစဉ်ကြေးမပေးပဲ ပုံမှန်အတိုင်းဆိုရင် 27 horse power လျှော့ထားမယ်တဲ့ ကားစွမ်းဆောင်ရည်ရဲ့ 12% လောက် လျှော့ထားမယ့်သဘောပေါ့ ဆိုတော့ 201 bhp ပဲသုံးနိုင်မယ်ပေါ့
ID 3 က တစ်ခုကောင်းသွားတာက ပြိုင်ကားလဲမဟုတ် Sport ကားလဲမဟုတ်ပဲ သာမန်ကားတစ်စီးဖြစ်နေတာပါ ပြိုင်ကားတွေမှာပါ ဒီလို လစဉ်ကြေးပေးရမယ့် စနစ်မျိူးထည့်ရင် မလွယ်ပါဘူး

image

" သည်ကလူတွေဟာ သူတို့ဘဝတစ်လျှောက်လုံး နာခံဖို့ချည်းပဲ လေ့ကျင့်တာ ခံနေကြရတယ် ။ မိဘစကား နာခံရတယ် ၊ ဆရာ့စကား နာခံရတယ် ၊ အုပ်ချုပ်သူရဲ့စကား နာခံရတယ် ၊ ဒါဟာ သူတို့ရဲ့ပညာရေးသင်ယူမှုပဲ ၊ နာခံရေးဆိုတဲ့ ဝသီပဲ "
ဒီစာအုပ်လေးကတော့ ၂၀၁၀ ခုနှစ် ဘာသာပြန်(ရသ) အမျိုးသားစာပေဆုရ စာအုပ်ဖြစ်သည့် အိန္ဒိယနိုင်ငံသား အမိသာဂို့ခ်ျ၏ The Glass Palace ကို ဘာသာပြန်ဆိုထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ရှင့် ။
ဤစာအုပ်ကို အမည်ပေးရာတွင် ဆရာနေဝင်းမြင့်က တိုင်းတစ်ပါးတွင် နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ရသော မြန်မာနန်းကျဘုရင်၏ စိတ်ခံစားမှု ၊ ကြေကွဲစရာကောင်းလှသည့် အကျဉ်းစံ နေ့ရက်များကို အေးစက်နာကျင်စွာ ကုန်လွန်ခဲ့သည့် မြန်မာ့နောက်ဆုံးဘုရင်၏ စိတ်ခံစားမှုကို ထင်ဟပ်စေသည့် ပခန်း မင်းသား၏ စာသားကို ရွေးလိုက်ရာ “ ရေကန်သာ ကြာတိုင်းအေး ” ဟူ၍ ဖြစ်လာတော့သည် ။
ဤဝတ္ထုကြီးသည် မန္တလေးတွင် အစပြုခဲ့ပြီး သီပေါမင်း နှင့် သမီးတော်များ အကြောင်း ၊ ရတနာဂီရိအကြောင်း ၊ မြန်မာပြည် စစ်မြေပြင်များအကြောင်းတို့ ပါဝင်သည် ။ ဤဝတ္ထုကြီးကို နောက်ခံကားကောင်းကောင်း ၊ အခင်းအကျင်းကောင်းကောင်း ၊ အရပ်အဖောက်ကောင်းကောင်း ၊ အချိတ်အဆက် ကောင်းကောင်း ညွတ်နူး ဆွတ်ပျံ့ဖွယ် ဖြစ်အောင် ရေးနိုင်စွမ်း ရှိသည်ဟုခံစားမိခဲ့သည် ။ ချစ်ခြင်းမေတ္တာ နှင့် စစ်၏ခံစားမှုကိုလည်း တွဲဖက်ခံစားမိသည် ။
#နေဝင်းမြင့် #ရေကန်သာကြာတိုင်းအေး

image
12 w - Translate

သိပ္ပံပညာရှင်တွေဟာ အရိုးစုဖွဲ့စည်းပုံ (bone structure) ကို အခြေခံပြီး ငှက်တွေဟာ ဒိုင်နိုဆောတွေနဲ့ ဆက်နွှယ်မှုရှိတယ်လို့ နှစ်ပေါင်းများစွာကတည်းက သံသယရှိခဲ့ကြပါတယ် ဒါပေမဲ့ ၂၀၀၇ ခုနှစ်မှာ သိပ္ပံနည်းကျ အခိုင်မာဆုံး သက်သေအထောက်အထားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်
သိပ္ပံပညာရှင်တွေဟာ အမေရိကန်ပြည်ထောင်စု၊ မွန်တာနာပြည်နယ်မှာ တွေ့ရှိခဲ့တဲ့ T-rex ရဲ့ ပေါင်ရိုး (femur) ရုပ်ကြွင်းတစ်ခုထဲမှ collagen လို့ခေါ်တဲ့ ပရိုတိန်းတစ်မျိုးကို ထုတ်ယူနိုင်ခဲ့ပါတယ် ဒီပရိုတိန်းဟာ သက်ရှိသတ္တဝါတွေရဲ့ အရိုး၊ အရေပြား နဲ့ ကြွက်သားတွေမှာ တွေ့ရတဲ့ အခြေခံပရိုတိန်းဖြစ်ပါတယ်
သိပ္ပံပညာရှင်တွေဟာ T-rex ရဲ့ collagen ပရိုတိန်းကို ခေတ်သစ်သတ္တဝါ ၂၁ မျိုးရဲ့ ပရိုတိန်းတွေနဲ့ နှိုင်းယှဉ်လေ့လာခဲ့ပါတယ် အဲ့ဒီသတ္တဝါတွေထဲမှာ လူ၊ မျောက်ဝံ၊ ကြက်၊ ငှက်ကုလားအုတ် (ostrich)၊ မိကျောင်း၊ အိမ်မြှောင် စတာတွေ ပါဝင်ပါတယ် စစ်ဆေးမှုရလဒ်အရ T-rex ရဲ့ ပရိုတိန်းဟာ ကြက်နဲ့ ငှက်ကုလားအုတ် တို့ရဲ့ ပရိုတိန်းနဲ့ အနီးစပ်ဆုံး တူညီနေတာကို တွေ့ရှိခဲ့ရပါတယ်
ဒါကြောင့် သိပ္ပံပညာရှင်တွေက ကြက်တွေဟာ T-rex ကနေ တိုက်ရိုက်ဆင့်ကဲပြောင်းလဲလာတာတော့ မဟုတ်ဘဲ သူတို့နှစ်ခုလုံးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက အတူတူရှိခဲ့ပြီး Theropods လို့ခေါ်တဲ့ ဒိုင်နိုဆောမျိုးနွယ်စုရဲ့ မျိုးဆက်တွေဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်
ဒါကြောင့်မို့လို့ T-rex နဲ့ ကြက်တို့ဟာ မျိုးနွယ်တူပြီး လူ့အခေါ်အရဆိုရင်ညီအစ်ကိုဝမ်းကွဲတွေ လိုမျိုး ဆက်စပ်နေတာဖြစ်ပါတယ် ဒီအချက်ကဘဲ ဒီကနေ့ခေတ်
သာမန် တိရိစ္ဆာန်လေးတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကြီးမားတဲ့ သားရဲတိရစ္ဆာန်ကြီးတွေကနေ ဆင့်ကဲပြောင်းလဲလာတယ်ဆိုတာကို ဖော်ပြနေပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

ဘဝမှာ အသေးအဖွဲလေးတွေနဲ့ အချိန်ကုန်မနေဘဲနဲ့ ကြီးမားတဲ့ အရာတွေနဲ့ အချိန်ကုန်နေဖို့ လိုပါတယ် ။ အဲဒီကြီးမားတဲ့အရာက ဘာလဲဆိုတော့ Goal ဖြစ်ပါတယ် ။ ဘဝရဲ့ရည်မှန်းချက် ပန်းတိုင်ဖြစ်ပါတယ် ။ အဲဒီတော့ ကျွန်တော်တို့က အသေးအဖွဲလေးတွေနဲ့ အချိန်ကုန်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပါ ။ ငါ့ဘဝကအသေးအဖွဲလေးတွေနဲ့ အဆုံးသတ်ဖို့ မဟုတ်ဘူး ။ အသေးအဖွဲလေးတွေနဲ့ နေဖို့ မဟုတ်ဘူး ။
ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပြောပါ ။ ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်ချထားဖို့လည်း လိုပါလိမ့်မယ် ။ ဘဝရည်မှန်းချက်ပန်းတိုင်မရှိသူသာလျှင် အသေးအဖွဲလေးတွေနဲ့ အချိန်ကုန်နေတာဖြစ်ပါတယ် ။
#ဉာဏ်လင်းအောင်

image
12 w - Translate

ဇူလိုင်လတုန်းက ပါကစ္စတန်နိုင်ငံမြောက်ပိုင်း၊ ကိုဟစ်စတန် (Kohistan) ဒေသမှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ် အဲ့တာကတော့ ၁၉၉၇ ခုနှစ်က နှင်းမုန်တိုင်းအတွင်း ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တဲ့ Naseeruddin ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်
၁၉၉၇ ခုနှစ်က Naseeruddin ဟာ သူ့ရဲ့အစ်ကိုနဲ့အတူ ခရီးသွားနေစဉ် နှင်းမုန်တိုင်းထဲမှာ ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ် သူ့မိသားစုက နှစ်ပေါင်းများစွာ ရှာဖွေခဲ့ပေမဲ့ မတွေ့ရှိခဲ့ပါဘူး
ယခုအခါမှာတော့ သူ့ရဲ့ရုပ်အလောင်းကို ရေခဲပြင်တွေ အရည်ပျော်နေတဲ့ Lady Meadows ရေခဲမြစ်ရဲ့အစွန်းနားမှာ တွေ့ရှိခဲ့တာပါ ပျောက်ဆုံးသွားတာ နှစ်ပေါင်း ၂၈ နှစ်ကြာပြီးနောက်မှာတောင် သူ့ရဲ့ရုပ်အလောင်းဟာ ကောင်းမွန်စွာပုံမပျက်ဘဲ ရှိနေခဲ့ပါတယ် အဝတ်အစားတွေဟာ မပျက်စီးသေးဘဲ သူ့ရဲ့ကိုယ်ရေးအချက်အလက်ကတ်ပြားကိုပါ တွေ့ရှိခဲ့တာကြောင့် သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတိအကျ အတည်ပြုနိုင်ခဲ့ပါတယ်
သိပ္ပံပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေက ရေခဲမြစ်ရဲ့ ပတ်ဝန်းကျင်ကြောင့် ရုပ်အလောင်းဟာ ပုံမပျက်ဘဲရှိနေတာလို့ ပြောခဲ့ကြပါတယ် ရေခဲမြစ်ထဲက အေးမြခြောက်သွေ့ပြီး အောက်ဆီဂျင်နည်းပါးတဲ့အခြေအနေဟာ ဘက်တီးရီးယားတွေ ပေါက်ပွားမှုကို တားဆီးပေးတာကြောင့် အလောင်းဟာ ပုံမပျက်ဘဲ ကောင်းမွန်စွာ ရှိနေခဲ့တာပါ
Naseeruddin ရဲ့မိသားစုအတွက်တော့ ဒီရုပ်အလောင်းကို တွေ့ရှိလိုက်ရခြင်းဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ မသေချာမရေရာတဲ့ခံစားချက်တွေကို အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #whatthefacts #facts

image
12 w - Translate

Mary and the Witch's Flower (2017)

မယ်ရီဆိုတဲ့ ကလေးမလေးဟာ မွေးရာပါ ဆံပင်နီကြောင်ကြောင်လေးပေါ့
အရမ်းသွတ်သွတ်လက်လက် နေတက်သလို လုပ်သမျှတိုင်းကလဲ အလွဲတွေကြီးပါပဲ
သူဟာ လူကြီးမိဘ တွေကို အရမ်းကူညီချင်ပေမယ့် သူလုပ်လိုက်တိုင်း အလွဲကြီးတွေ ဖြစ်လို မခိုင်းရဲကြဘူး
ဒီလိုနဲ့ မယ်ရီ လေးဟာ ဟိုယောင်ယောင် ဒီယောင်ယောင် လေး ဖြစ်နေတာပေါ့
တစ်ရက်မှာတော့ တောစပ်အနီးမှာ မုန့်စားနေတုန်း ကြောင်လေး တစ်ကောင် မုန့်လာတောင်းစားလို
ကျွေးလိုက်မိရင်း အဲ့ဒီကြောင်လေး တောအုပ်ထဲကို အ၀င် စပ်စုပြီး လိုက်သွားပါတော့တယ်
မယ်ရီ တစ်ဖြေးဖြေး လိုက်သွားရင် ကြောင်လေးဟာ ၂ ကောင်ဖြစ်သွားပြီး ထူးဆန်းတဲ့ ပန်းတွေ ရှိရာကို လမ်းပြပေးခဲ့ပါတယ်
အရမ်းလှလွန်းတဲ့ ပန်းလေးမို မနေနိုင်ပဲ ခူးမိပြီး အိမ်သို သယ်သွားတဲ့နောက်မယ်ရီ ဘ၀ မှာ ထူးထူးဆန်းဆန်း ကိစ္စတွေပဲ ဆက်တိုက်ကြုံလာခဲ့ရသောအခါ..

😍ကြည့်ရန်နှိပ်ပါ👇

t.me/mmsub2005/3756

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

"စကြာဝဠာရဲ့ ပထမဆုံး အိုင်ယွန်း ကို ပညာရှင်တွေပြန်လည်ဖန်တီးနိုင်ခဲ့ပြီ "
Helium Hydride Ion (HeH+) ကို စကြဝဠာကြီး စတင်ဖြစ်ပေါ်ပြီးနောက် ပထမဆုံး ပေါ်ပေါက်လာတဲ့ မော်လီကျူးအဖြစ် သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။
အခုတော့ ဒီ မော်လီကျူး ကို ဓာတ်ခွဲခန်းထဲမှာ ပြန်လည်ဖန်တီးနိုင်ခဲ့ပါပြီ။သိပ္ပံပညာရှင်တွေဟာ စကြဝဠာရဲ့ အစောပိုင်း အခြေအနေတွေကို ပိုမိုနားလည်ဖို့အတွက် HeH+ အိုင်းယွန်းကို ဓာတ်ခွဲခန်းထဲမှာ အောင်မြင်စွာ ပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံက Max Planck Institute for Nuclear Physics ရဲ့ သိပ္ပံပညာရှင်တွေဟာ Cryogenic Storage Ring (CSR) လို့ခေါ်တဲ့ အထူးပစ္စည်းကို အသုံးပြုပြီး နက်ရှိုင်းတဲ့ အာကာသထဲကလို အလွန်အေးပြီး လေဟာနယ်ဖြစ်တဲ့ အခြေအနေတွေကို တူညီအောင် ဆောင်ရွက်ခဲ့ပါတယ်။ဒီအခြေအနေကနေတဆင့် အခုလို စကြာဝဠာရဲ့ ပထမဆုံး မော်လီကျူးကို ပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်။
HeH+ Ion ဆိုတာ ဘာလဲ?
Helium Hydride Ion (HeH+) ဆိုတာ ဟီလီယမ် (He) အက်တမ်တစ်လုံးနဲ့ ဟိုက်ဒရိုဂျင် (H) အက်တမ်တစ်လုံးတို့ ပေါင်းစပ်ထားပြီး သူ့မှာ အီလက်ထရွန်တစ်လုံး လျော့နေတဲ့အတွက် အပေါင်းလျှပ်စစ်ဓာတ် (positive charge) ဆောင်နေတဲ့ အိုင်းယွန်း (ion) တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ဓာတုဗေဒပုံသေနည်းကတော့ HeH+ ဖြစ်ပါတယ်။ ပရိုတွန် (proton) တစ်လုံးနဲ့ ပေါင်းစပ်ထားတဲ့ ဟီလီယမ်လို့လည်းတွက်နိုင်ပါတယ်။
Big Bang ဖြစ်ပြီး ပထမဆုံး စက္ကန့်ပိုင်းတွေအတွင်းမှာ စကြဝဠာဟာ အရမ်းပူပြီး အရမ်းသိပ်သည်းလွန်းတာကြောင့် မော်လီကျူးတွေ မတည်ရှိနိုင်သေးပါဘူး။
အဓိကအားဖြင့် ဟိုက်ဒရိုဂျင်နဲ့ ဟီလီယမ် နျူကလီးယပ်တွေ (nuclei) ပဲ ရှိနေခဲ့ပါတယ်။ နှစ်ပေါင်း ၃၈၀,၀၀၀ လောက် ကြာပြီးနောက်မှာတော့ စကြဝဠာရဲ့ အပူချိန်ဟာ ၄၀၀၀ Kလောက်အထိ အေးလာပါတယ်။
ဒီလို အပူချိန်ကျဆင်းလာတဲ့အခါမှာ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယမ် အက်တမ်တွေဟာ လွတ်လပ်နေတဲ့ အီလက်ထရွန်တွေနဲ့ ပေါင်းစပ်နိုင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ မော်လီကျူးကတော့ HeH+ ပဲ ဖြစ်ပါတယ်။ ဒါက စကြဝဠာထဲမှာ Chemical reaction လို့ခေါ်တဲ့ ဓာတုဗေဒပေါင်းစပ်မှုတွေ စတင်ခဲ့ပြီဆိုတာကို ပြသတဲ့ အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။ HeH+ တွေ ပေါ်လာပြီးနောက်မှာ ဒီမော်လီကျူးတွေဟာ ပတ်ဝန်းကျင်က ဟိုက်ဒရိုဂျင်အက်တမ်တွေနဲ့ ထပ်မံဓာတ်ပြုပြီး မော်လီကျူး ဟိုက်ဒရိုဂျင် (H2​) ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ H2​ မော်လီကျူးတွေကတော့ နောက်ပိုင်းမှာ ပထမဆုံး ကြယ်တွေ ဖြစ်လာဖို့အတွက် အခြေခံ အုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်းမှာပဲ ဂျာမနီက ပညာရှင်တွေက ဒီမော်လီကျုးကိုဓာတ်ခွဲခန်းထဲမှာပြန်လည်ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

image
12 w - Translate

Corpse Bride (2005)

IMDb – 7.3/10_Rotten – 84%

ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်…..

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ခန့်လောက်က Victorian villageလိုခေါ်တဲ့ရွာလေးတစ်ရွာမှာ ဆွေစဉ်မျိူးဆက်ချမ်းသာလာပြီး အထည်ကြီးပျက်ဘဝကိုရောက်ရှိတော့မဲ့လူကုန်ထန်မိသားစုတစ်စု…..

ပိုက်ဆံရှိပေမဲ့ လူကုန်ထံအသိုင်းအဝိုင်းကမဟုတ်တဲ့ငါးရောင်းစားရင်း ကြီးပွားချမ်းသာလာတဲ့ ငါးကုန်သည်မိသားစုတစ်စုမှတစ်ဦးတည်းသောသားလေး Victa…

😍ကြည့်ရန်နှိပ်ပါ👇

t.me/mmsub2005/3754

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

"ယူရေးနပ်စ် ဂြိုလ် ရဲ့ အရံလအသစ်ကို ထပ်မံ အတည်ပြုနိုင်ခဲ့ခြင်း"
Uranus ဂြိုလ်ဟာ နေအဖွဲ့အစည်းအတွင်းက ခုနှစ်လုံးမြောက် ဂြိုလ်တစ်ခုဖြစ်ပြီး ကမ္ဘာမှ မိုင်သန်းပေါင်း ၁၆၀၀ ကျော်အကွာအဝေးမှာတည်ရှိနေတဲ့ ဂြိုလ်ကြီးတစ်လုံးဖြစ်ပါတယ်။
ဒီလို အကွာအဝေး ပမာဏတွေကြောင့် ၁၉၇၇ ခုနှစ်တုန်းကနာဆာကနေ လွှတ်တင်ခဲ့တဲ့ Voyager 2 အာကာသယာဉ်ဟာ Uranus ကို ရောက်ဖို့ ၉ နှစ်ခွဲနီးပါး ကြာခဲ့ပါတယ်။
၁၉၈၆ ခုနှစ်မှာ မှ Uranus ဂြိုလ်အနားကို ရောက်ရှိပြီး ဒီဖြတ်သန်းမှုအတွင်းမှာပဲ Voyager 2 ဟာ Uranus နဲ့ ပတ်သက်တဲ့ ပုံရိပ်တွေ၊ သိပ္ပံဆိုင်ရာ အချက်အလက်တွေ အများကြီးကို ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့ပါတယ်။
ဒီလေ့လာမှုကနေ လအသစ် ၁၀ လုံး၊ ringsတွေအပြင် သူ့ရဲ့ ထူးခြားတဲ့ သံလိုက်စက်ကွင်း (magnetic field)ရှိနေတာ စတာတွေကို တွေ့ရှိခဲ့ပါတယ်။
Voyager 2 အာကာသယာဉ် uranus ဂြိုလ်ကို ရောက်ရှိလေ့လာခဲ့ပြီး နှစ်ပေါင်း ၄၀ နီးပါးအကြား ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလ အတွင်းက နေအဖွဲ့ အစည်းတွင်းက ယူရေးနပ်စ် ဂြိုလ်ကြီးကို NASA ရဲ့ JWST တယ်လီစကုတ်သုံးပြီး လေ့လာမှုတွေ ထပ်မံလုပ်ခဲ့တဲ့အခါမှာ ယူရေးနပ်စ်ဂြိုလ်ရဲ့ ရှိနှင့်ပြီးသား အရံလတွေအပြင် နောက်ထပ် အရင်က မတွေ့ခဲ့ဖူးတဲ့ အရံလ အသစ်တစ်လုံးကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီတွေ့ရှိမှုကြောင့် Uranus ဂြိုဟ်မှာ သူ့ရဲ့ အရံ လပေါင်း ၂၉ လတိတိ ရှိသွားပါပြီဖြစ်ပါတယ်။James Webb Space Telescope ရဲ့ Near-Infrared Camera (NIRCam) က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရိုက်ယူခဲ့တဲ့ ပုံတွေကနေ ဒီလကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။တစ်ပုံကို မိနစ်၄၀ ကြာ ရိုက်ကူးယူရမယ့် long exposure ဓာတ်ပုံပေါင်း ၁၀ ပုံခန့် ရိုက်ယူပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဒီလအသစ်ရဲ့ အချင်းက (၆ မိုင်) လောက်ပဲ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလအသစ် က အရမ်းကို သေးငယ်ပြီး အလင်းရောင်မှိန်ဖျော့နေတဲ့အတွက် ၁၉၈၆ ခုနှစ်က Uranus ကို ဖြတ်ပျံသန်းခဲ့တဲ့ Voyager 2 အာကာသယာဉ်တောင် မတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
နောက်ပြီးတော့ သူဟာ uranus အတွင်းဘက် ဂြိုလ်ပတ်လမ်းနားမှာရှိနေတဲ့ အတွက် JWST လို အနီအောက်ရောင်ခြည် သုံးတဲ့ ကင်မရာနဲ့မှ ပဲ မြင်တွေ့ရှိနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီလအသစ်ကိုတော့ S/2025 U1 လို့ လောလောဆယ် ယာယီအမည်ပေးထားပြီး၊ နောက်ပိုင်းမှာတော့ တခြား Uranus လတွေကို နာမည်ပေးခဲ့သလိုပဲ Shakespeare နဲ့ Alexander Pope ရဲ့ ဇာတ်ကောင်နာမည်တွေအတိုင်း တရားဝင်အမည် ပေးသွားမှာ ဖြစ်ပါတယ်။
ဒီ အရံ လအသစ်ဟာ Uranus ရဲ့ အလယ်ဗဟိုကနေ ၃၅,၀၀၀ မိုင်) အကွာမှာရှိပြီး တစ်ခြား အရံလတွေ ဖြစ်တဲ့ Ophelia နဲ့ Bianca လတွေရဲ့ ပတ်လမ်းကြောင်းနား ကနေ ယူရေးနပ်စ်ဂြိုလ်ကြီးကို လှည့်ပတ်နေတာဖြစ်ပါတယ်။

image

လက်ထဲမှာမရှိပေမယ့် စိတ်ထဲမှာအပြည့်ပဲ

image