ငါလည်း ငါ့နည်းငါ့ဟန်နဲ့ ငါတတ်သလောက်
ကြိုးစားပြီး ချစ်ခြင်းမေတ္တာကို ပြခဲ့ပါသေးတယ်
မင်းပဲမမြင်သွားတာလား ဒါမှမဟုတ်
ငါဆိုလိုတဲ့အဓိပ္ပါယ်တွေကပဲ မင်းဆီမရောက်ခဲ့တာလားဆိုတာ
ငါ့ကိုယ်ငါလည်း နားမလည်တော့ဘူး
သေချာတာကတော့ မင်းဆီလာဖိုငါအားထုတ်ခဲ့တယ်
မင်းနဲ့နီးဖို ငါသေသေချာချာရောက်လာခဲ့ဖူးတယ်ဆိုတာပါပဲ
ဒီလိုပါပဲ မဆုံဖိုကံပါလာရင်
ချစ်ခြင်းတရားဟာလွဲကိုလွဲရပါတယ် ။
