Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒီအချက် ( ၅ )ချက်ပါအောင် ဘုရားရှိခိုးပါ🙏
#ဒကာကြီး
#ဘုရား?
ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင် ကန်တော့ရဲ့လား-
မှန်ပါ တပည့်တော်လည်း ဘုရားရှိခိုးတာပဲ ဘုရား။
ဒါပေမယ့် အချက်( ၅ )ချက်ပြည့်အောင် ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့ တပည့်တော် မသိပါဘုရား.....
အေး...ဒကာ သိအောင် ပြောပြမယ်...
( ၁ ) ဘုရား ၊ တရား ၊ သံဃာ၊ မိဘ ၊ ဆရာ တို့ကို အရင် ရှိခိုးဦးချ ကန်တော့ပါ။
( ၂ ) အပါယ် ဖျက်ရတယ်....
ဒီအချက်က လူတိုင်း မသိကြဘူး။
အပါယ်ဖျက်တာ လွယ်ပါတယ်။
လူတိုင်း မဖျက်တတ်ကြလို့ပါ...
#ဘယ်လို ဖျက်ရမလဲ ဆိုတော့.....
"(ယခုဘဝ)ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကြသော မိဘ ဘိုးဘွားများ ဆရာသမားများ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို ပြစ်မှားမိသည်ရှိသော် ရှိခိုး ဝန်ချ တောင်းပန်ပါ၏။"
ဒီလို တောင်းပန်ရင် လောလောဆယ် ဒကာ့မှာ ပိတ်နေတဲ့ လာဘ်တွေပွင့်မယ်။
ပြီးတော့ ကားတိုက်လို့ပဲ ဖြစ်ဖြစ် ရေနစ်လို့ပဲ ဖြစ်ဖြစ် အစိမ်း မသေတော့ဘူး။
#တောင်းပန်ရင်ဘာကြောင့်_ကျေလဲ_ဆိုတော့_
ဒီအကြောင်းကို ဒကာတို့ နားလည်အောင် ပြောရရင်
ကျော်ဟိန်းတောင် ရုပ်ရှင် ရိုက်ထားတဲ့
"#ဒေါင်းယောင်ဆောင်သော__ကျီး\"
ဇာတ်ကားမှာ လိုပေါ့.....
ရဟန္တာကို ပြစ်မှားလို့ ယောက်ျားက မိန်းမ ဖြစ်တာလေ။ မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ ရဟန္တာကို တောင်းပန်လိုက်တော့ ယောက်ျား ပြန်ဖြစ်သွားတယ်။
ဒီမှာ ပြောချင်တာကအဲဒီယောက်ျား ပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံနဲ့ ပြစ်မှားမိတာပါ။ ဒါကြောင့်ကိုယ်က သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ကာယကံ၊ ဝစီကံ ၊ မနောကံ နဲ့ ပြစ်မှားမိတာကို တောင်းပန်ရပါမယ်။
( ၃ ) #မိမိကိုယ်ကို_မေတ္တာ_ပို့ပါ_
ဒကာတို့ ကျန်းမာ၊ချမ်းသာမှ ဘုရားအလုပ် လုပ်နိုင်မယ်။ တရားအလုပ် လုပ်နိုင်မယ်။
အူမတောင့်မှ သီလ စောင့်နိုင်မှာလေ။
( ၄ ) #ဒကာတို့_လုပ်နေကျအတိုင်း_
#ပုတီးစိပ်၊
ဘုရားစာရွတ်
မေတ္တာပွား ပေါ့.....
( ၅ ) #သစ္စာဆို_အမျှဝေပါ_
ဒီအချက်က ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို
သစ္စာဆို အမျှဝေရပါမယ်။ ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ် သစ္စာဆို အမျှဝေလို့ ရပါတယ်။
#ဥပမာ_
ဘုရားပန်း လှူတာ ဖြစ်ဖြစ်၊
တိရစ္ဆာန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ်၊ တခြား အလှူတွေလည်း သစ္စာဆို အမျှဝေလို့ ရပါတယ်။
#ဘယ်လို_သစ္စာဆို_အမျှဝေရမှာလဲ_ဆိုတော့_
#ဥပမာ_
"ကျွန်တော် ဘုရားပန်း တင်လှူပါတယ်။
ဤဘုရားပန်း တင်လှူတာ မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါတယ်။
#ဤ__သစ္စာစကား_မှန်ကန်ပါက_
ဘုရားပန်းတင်လှူသော ကုသိုလ်ကို အထက်ဘဝဂ် အောက်အဝီစိ အထိ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါ အပေါင်းတို့အား အမျှပေးဝေပါတယ် "
လို့ အမျှပေးလိုက်ပါ.....
ဒကာတို့ ပေးတဲ့ အမျှကို
လူ နတ် ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား အားလုံး ရပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် တန်ဖိုးကြီးပါတယ်။
ဒကာတို့ ဘာအခက်အခဲပဲ ဖြစ်ဖြစ် သူတို့က ကူညီပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်း က
သူတို့အတွက် ( ၁ဝဝ )တန်ရင်
ဒကာတို့ကို ကူညီတာက သူတို့အတွက်( ၁ဝ )တန်လောက်ပဲ ရှိတာပါ။
ဒကာတို့ရဲ့ အခက်အခဲကို
သူတို့က ကူညီမှာပါ။
ဒကာတို့ ဘုရားရှိခိုးတာကို
ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ။
ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပါပြီ။
မှန်ပါ- သာဓု သာဓု သာဓုပါ ဘုရား
🙏🙏🙏
ါရမီဆိုတဲ့ အဓိပ္ပါယ်က မြင့်မြတ်သူတို့ရဲ့
အလုပ်လို့ပြောတာ။ မြင့်မြတ်သူဖြစ်ချင်ရင်
အဲဒီအလုပ်ကိုလုပ်။ လုပ်ရင် အလုပ်ကနေ
ကိုယ့်ကို role တင်ပေးလိမ့်မယ်။
မြင့်မြတ်သူ ဖြစ်သွားလိမ့်မယ်။
ပရမတ္တဧသာ ပါရမီ မြင့်မြတ်သူရဲ့
စိတ်နေသဘောထား မြင့်မြတ်သူရဲ့လုပ်ငန်း
ဒါကို ပါရမီလို့ခေါ်တာ ဖြစ်ပါတယ်။
ကိုယ်ကိုယ်တိုင် မြင့်မြတ်ချင်ရင်
မြင့်မြတ်တဲ့အလုပ်ကို လုပ်ကြရမှာ ဖြစ်တယ်။
နိမ့်ကျတဲ့ အလုပ်လုပ်ရင်
ကိုယ်ဟာဘယ်လောက်ပဲ မြင့်မြတ်သူ
ဖြစ်ချင်သော်လည်း နိမ့်ကျ သူပဲ ဖြစ်မယ်။
အလုပ်က ကိုယ့်ကို စံ သတ်မှတ်သွားလိမ့်မယ်။
စိတ်နေသဘောထားတွေက စံ
သတ်မှတ်သွားလိမ့်မယ်။
စိတ်ထားမြတ်မှ လူဟာ မြင့်မြတ်တာ
ဖြစ်တယ်ပေါ့။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ
#ကုသိုလ်ကောင်းမှုနေ့တိုင်းပြု
#မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်နှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း ၈၀ ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုး ထစ်ချုန်း၍ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
vivo ရဲ့ မူပိုင်နည်းပညာ BlueVolt Technology ပေါင်းစပ်ထားပြီး စွမ်းအားမြင့်ဘတ်ထရီပါဝင်လာမယ့် vivo Y29 ကို ဈေးကွက်ထဲ မကြာမီ ဝယ်ယူရရှိနိုင်ပါပြီ
နည်းပညာထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ vivo ဟာဆိုရင် လူငယ်အကြိုက် ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်း၊ စွမ်းအားမြင့်ဘတ်ထရီနဲ့ အကြမ်းခံနိုင်ရည်တို့ပေါင်းစပ်ထားတဲ့ vivo Y series ထဲက Y29 ကို မိတ်ဆက်ခဲ့ပြီး Storage (8+128G ကို ၇၉၉,၈၀၀ ကျပ်၊ (8+256G ကို ၈၉၉,၈၀၀ ကျပ်ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ ဈေးကွက်ထဲမှာ မကြာခင် ဝယ်ယူရရှိနိုင်တော့မှာ ဖြစ်ပါတယ်။
လူငယ်ဆန်ပြီး စတိုင်ကျခေတ်မီတဲ့ ဒီဇိုင်းနဲ့ မျက်နှာပြင်
vivo Y29 ဟာဆိုရင် ခေတ်မီဆန်းသစ်ပြီး လူငယ်တွေကြားရေပန်းစားနေတဲ့ အသွင်အပြင်၊ အရောင်တွေကို ပေါင်းစပ်ထုတ်လုပ်ထားတာပါ။ ကိုယ်ထည်ပါးလွှာကျစ်လစ်ရုံသာမက လက်ထဲမှာ သက်သောင့်သက်သာဖြစ်စေဖို့ အနောက်ဖက်ကို Quad Curved ဒီဇိုင်းနဲ့ လုပ်ပေးထားပြီး ဘေးဘောင်တွေကို ပြောင်လက်တဲ့ ဒီဇိုင်းနဲ့ ပုံဖော်ထားပါတယ်။ vivo Y29 ကို အရောင်အနေနဲ့ အဆင့်အတန်းမြင့်ပြီး ထူးခြားခမ်းနားတဲ့ Espresso Brown ၊ လက်ရာမထင်တဲ့ Glitter Anti-Fingerprint Process နဲ့ ရရှိနိုင်မှာဖြစ်ပြီး တိမ်တိုက်တွေကြားထဲမှာ နေရောင်ခြည်ဖြာကျနေသလို သဘာဝရဲ့သန့်စင်တဲ့ အလှတရားကိုဖော်ပြတဲ့ Cloud White ဆိုပြီး နှစ်မျိုးရရှိနိုင်မှာ ဖြစ်ပါတယ်။
vivo Y29 က ၆.၆၈ လက်မ မျက်နှာပြင်ရှိပြီး 120Hz refresh rate ပါဝင်တာကြောင့် ချောချောမွေ့မွေ့ သုံးစွဲနိုင်မှာပါ။ နေရောင်အောက်မှာ အသုံးပြုနိုင်ဖို့ အလင်းအားကို 1000 Nits အထိ အလင်းအားထုတ်ပေးနိုင်ပါတယ်။ TUV Rheinland Eye Protection အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး ဖုန်းအကြာကြီးသုံးရင်လည်း မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် SCHOTT Cover Glass ကို တပ်ဆင်ထားတာကြောင့် ဖုန်းမျက်နှာပြင်က နေ့စဉ်ဘဝမှာဖြစ်လေ့ရှိတဲ့ မတော်တဆများမှ ထိခိုက်မှုတွေကို ခံနိုင်ရည်ရှိပါတယ်။
Y series ထုတ်ကုန်တွေထဲမှာ 6500mAh BlueVolt Battery ပထမဆုံးပါဝင်လာတဲ့ Y29
vivo ရဲ့ BlueVolt နည်းပညာကို vivo ထုတ်ကုန်တွေမှာ ထည့်သွင်းအသုံးပြုနေတာဖြစ်ပြီး အခု ပထမဆုံးအနေနဲ့ vivo Y29 မှာတော့ 6500mAh ဘတ်ထရီပါဝင်လာပြီး BlueVolt နည်းပညာကိုပါ ပေါင်းစပ်ထားတာပါ။ ဘတ်ထရီပမာဏအနေနဲ့ YouTube ကြည့်ရင် နာရီ ၄၀ ကျော်၊ TikTok သုံးရင် ၁၉ နာရီအထက် သုံးစွဲနိုင်မှာဖြစ်တာကြောင့် သုံးစွဲသူတွေအနေနဲ့ အနှောက်အယှက်မရှိဘဲ သုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။ အမြန်အားသွင်းစနစ်အနေနဲ့ 44W FlashCharge စနစ်ပါဝင်ပြီး အား ၅၀ ရာခိုင်နှုန်းပြည့်ဖို့ ၄၁ မိနစ်ပဲ ကြာမြင့်မှာဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းပြည့်ဖို့ ၉၂ မိနစ်ပဲ ကြာမြင့်မှာပါ။ ဒါ့အပြင် vivo Y29 မှာ reverse charging အားသွင်းစနစ်ပါဝင်တာကြောင့် အခြားပစ္စည်းတွေကို အားပြန်သွင်းနိုင်မှာ ဖြစ်ပါတယ်။
ဘတ်ထရီနည်းပညာတွေရဲ့ ရှေ့ဆောင်ဖြစ်တဲ့ Carbon Recomposition၊ Electrode Reshaping နဲ့ Laser Etching နည်းပညာတွေက ဘတ်ထရီတည်ဆောက်ပုံ၊ စွမ်းအားတိုးမြှင့်ခြင်း၊ မြန်ဆန်သောစွမ်းအားကူးပြောင်းခြင်း စတာတွေကို လုပ်ဆောင်ပေးပါတယ်။ vivo ရဲ့ မူပိုင်နည်းပညာတစ်ခုဖြစ်တဲ့ Battery Encapsulation Technology ဟာဆိုရင် သိပ်သည်းကျစ်လစ်တဲ့ ဘတ်ထရီကို ပါးလွှာတဲ့ဘတ်ထရီကိုယ်ထည် ဝင်ဆံ့နိုင်ဖို့ လုပ်ဆောင်ထားတာပါ။ ဒါ့အပြင် ဘတ်ထရီက ၅ နှစ်ကြာ ဘတ်ထရီအရည်အသွေးကို ထိန်းသိမ်းထားနိုင်ပါတယ်။ အကြိမ် ၁၅၀၀ အားသွင်းပြီးရင်တောင် ဘတ်ထရီကို ၈၀ ရာခိုင်နှုန်းအထိရှိနေအောင် လုပ်ဆောင်ပေးနိုင်မှာပါ။
ဘက်စုံအကြမ်းခံနိုင်မှုနဲ့ လုပ်ဆောင်ချက် စွမ်းဆောင်ရည်
ဈေးတန်းတူဖုန်းတွေကြား အရည်အသွေးနဲ့လုပ်ဆောင်ချက် သာလွန်အောင်လုပ်ဆောင်ထားတဲ့ Y29 ကို မတော်တဆပြုတ်ကျမှုတွေက ခံနိုင်ရည်ရှိစေဖို့ Anti-Drop Armor Design နဲ့ လုပ်ဆောင်ထားပါတယ်။ SGS Five-Star Drop Resistance နဲ့ Military-Grade certification တိုကိုလည်း ရရှိထားတာပါ။ ဒါ့အပြင် IP64 Dust and Water Resistance ပါဝင်တာကြောင့် နေ့စဉ်ကြုံတွေ့နေရတဲ့ ရေစင်ဒဏ်၊ ဖုန်ဒဏ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ Wet-Hand Touch နည်းပညာဟာဆိုရင် ဘယ်အခြေအနေမှာမဆို ရေစိုနေတဲ့လက်၊ ဆီပေနေတဲ့လက်တွေနဲ့ အလွယ်တကူ ချက်ချင်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
လုပ်ဆောင်ချက်ချောမွေ့စေဖို့ Snapdragon 685 ကို တပ်ဆင်ထားပြီး အက်ပလီကေးရှင်းများစွာကို တစ်ပြိုင်နက်တည်း သုံးစွဲနိုင်တဲ့အပြင် စွမ်းဆောင်ရည်ကိုလည်း လ ၅၀ ကြာ ချောမွေ့တဲ့ သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။ အသံလုပ်ဆောင်ချက်အတွက်လည်း Dual Stereo Speaker 400% ပေါင်းစပ်ထားတာကြောင့် သာလွန်တဲ့ အသံစွမ်းရည်ကို ဂိမ်းကစားခြင်း၊ လမ်းညွှန်ခြင်း၊ သီချင်းနားထောင်ခြင်းနဲ့ ရုပ်ရှင်ကြည့်ခြင်းတွေကနေမှတဆင့် ခံစားနိုင်မှာဖြစ်ပါတယ်။ AI နည်းပညာနဲ့ လိုင်းဆွဲအားကောင်းစေရဖို့ အထောက်အပံ့ပေးတဲ့ AI SuperLink ကိုလည်း တပ်ဆင်ပေးထာပါတယ်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် မတော်တဆမှုကို စုံစမ်းစစ်ဆေးနေကြောင်း မြန်မာအမျိုးသားလေကြောင်း (MNA) ထုတ်ပြန်
မြန်မာအမျိုးသား လေကြောင်းခရီးစဉ်တစ်ခု၌ မတော်တဆ ဖြစ်ပွားမှုကို မြန်မာအမျိုးသားလေကြောင်း (MNA) အနေဖြင့် စုံစမ်းစစ်ဆေးမှုများ စနစ်တကျ ဆောင်ရွက်နေပြီဖြစ်ကြောင်း မေ ၇ ရက်က ယင်းလေကြောင်းလိုင်းမှ အသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်၌ မေ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်တွင် မြန်မာအမျိုးသားလေကြောင်းမှ ခရီးစဉ် UB - 812 အား Boeing XY-ALV ဖြင့် မန္တလေးမြိုမှ ရန်ကုန်မြိုသို စတင်ထွက်ခွာခဲ့ရာ ခရီးသည် (၁၄၃)ဦး သယ်ဆောင်၍ ပျံတက်ရန်ပြုလုပ်နေစဉ် လေယာဉ်ပြေးလမ်းပေါ်တွင် ပုံမှန်မဟုတ်သော အချက်ပြမှုဖြစ်ပေါ်လာသဖြင့် လေယာဉ်မှူးမှ ပြေးလမ်းပေါ်တွင် ပျံသန်းမှု ရပ်တန့်ခြင်းပြုလုပ်ခဲ့ကြောင်း၊ ထိုသိုပြုလုပ်စဉ် လေယာဉ်၏ Brake စနစ်ပူပြင်းမှုကြောင့် လေယာဉ်၏ ဘယ်ဖက်တာယာများ ပွင့်ထွက်လွင့်စင်မှု ဖြစ်ပေါ်ခဲ့ပြီး မီးတောက်ဖြစ်လာခဲ့သဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သည်။
ထိုနောက် ကျန်ရှိသော လေယာဉ် ဘီးများကောင်းမွန်ပြီး လေယာဉ် ပြေးလမ်း၏ မြောက်ဘက်ထိပ်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ပြေးလမ်းပေါ်၌ ရပ်တန့်နိုင်ခဲ့ပြီး လေယာဉ်ပေါ်တွင် ပါရှိသော လေယာဉ် အမှုထမ်းများ လိုက်နာကျင့်သုံးရသော Safety Operating Procedure များအတိုင်း ပြုလုပ်ခဲ့ကာ ခရီးသည်များ နှင့် လေယာဉ်အမှုထမ်းများ အားလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာဖြင့် လေဆိပ်နား နေဆောင်သို ပိုဆောင်ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထိုအပြင် မြန်မာအမျိုးသားလေကြောင်း အနေဖြင့် အဆိုပါခရီးစဉ် တွင် ပါရှိသောခရီးသည်များအား ရန်ကုန်မြိုသို အစားထိုးလေယာဉ်များဖြင့် ပိုဆောင်ပေးနိုင်ခဲ့ပြီး ခရီးသည်များ၏ လိုအပ်ချက်များအတိုင်း အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ခဲ့ကာ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သတ်၍ မြန်မာအမျိုးသားလေကြောင်းမှ ခရီးသွားမိဘပြည်သူများအား အနူးအညွတ်တောင်းပန်အပ်ကြောင်း ထုတ်ပြန်ခဲ့သည်။
NOM
More than 26 people were killed and dozens more were injured overnight in Pakistan by Indian aerial attacks, Pakistani officials said, adding that the assault amounted to a "blatant act of aggression."
Read more: https://abcnews.visitlink.me/pZsDVt