(၈)လအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး တရားခံ (၅၁၀၀)ကျော်ကို မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ဟု ဗိုလ်ချုပ်မှူးကြီး ပြော

အောက်တိုဘာ ၂

ယခုနှစ် (၈)လအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက် တရားခံ (၅၁၀၀)ကျော်ကို မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(အောက်တိုဘာ ၁ရက်)၊ နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသော (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အတွင်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သူ တရားခံ (၅,၁၁၅) ဦးကို စုစုပေါင်းတန်ဖိုးငွေ ကျပ် (၉၇၇) ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယခုကဲ့သို့ ကမ္ဘာကိုဒုက္ခပေးနေသည့် မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ချီးကျူးဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင်ယခင်က ထိန်းချုပ်ဓာတုပစ္စည်း (၃၉) မျိုးကို ထိန်းချုပ်ခဲ့ရာမှ ယခုထိန်းချုပ်ဓာတုပစ္စည်း (၄) မျိုး ထပ်တိုးပြီး စုစုပေါင်း (၄၃) မျိုးကို ထုတ်ပြန်ထားကြောင်း၊ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်တွင် ကျရောက်သည့် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးပွဲတွင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၆ မျိုး၊ စုစုပေါင်း ငွေကျပ် (၁,၀၇၂) ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ (၂၉၇) သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက် ဆီးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

မူးယစ်ဆေးသည် လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးစေမည့် အန္တရာယ်ဖြစ်သဖြင့် မူးယစ်ဆေးထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ ကအစဖော်ထုတ်ရှင်းလင်းသွားနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးကို အမျိုးသားရေး ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်လာစေရေး ပညာပေးခြင်း၊ ဆန့်ကျင်ခြင်း၊ နှိမ်နင်းခြင်းတို့ကိုလည်းပူး ပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Credit - NP News Agency

#centralnewsnaypyitaw

image

🔅 လိပ်ခေါင်းသွေးပါနေသူများအတွက် (၇) ရက်နဲ့ ပျောက်ကင်းသွားစေမည့် လွယ်ကူသည့် ဆေးနည်း🔅
လိပ်ခေါင်းသမားအတွက် သောက်ဆေး
(၁) မီးကွင်းဂမုန်း လက်တစ်ဆုပ်စာကို ရေစင်အောင်ဆေးပြီး ထမင်းစားဇွန်း(၁)ဇွန်းစာ သတ္တုရည်ညှစ်ယူပါ။
(၂) ကြက်သွန်နီဥ (၁)ဥကို လေးစိပ်ထိုးပြီး ထမင်းစား (၁)ဇွန်းစာ သတ္တုရည်ညှစ်ပါ။
(၃) ထိုမီးကွင်းဂမုန်းနှင့် ကြက်သွန်နီတို့မှ ညှစ်ယူထားသော သတ္တုရည်(၂)ဇွန်းထဲသို့ သကြားလက်ဖက်စားဇွန်း(၁)ဇွန်းစာ ထည့်ပြီး နေ့စဉ် တစ်ကြိမ်သောက်ပေးလိုက်ပါ။
လွယ်လွယ်နှင့် မပျောက်ကင်းနိုင်ပါဟု ထင်နေသော သွေးပါလိပ်ခေါင်း (၇) ရက်မျှဖြင့် လိပ်ခေါင်းပြန်ဝင် သွေးလည်းမကျတော့ပါ၍ လွယ်ကူသော ဆေးနည်းလေးအား လိပ်ခေါင်းကြောင့် အခက်အခဲတွေ့သူများ လိုက်သုံးနိုင်ပါရန် တင်ပြလိုက်ပါသည်။ လိပ်ခေါင်းဝေဒနာရှင်များ လွယ်ကူသော ဤဆေးနည်းလေးဖြင့် ကံစပ်၍ပျောက်ကင်းကြပါစေ…
Credit original writter

image

ကြက်ဥကိုစားနေကျတိုင်းမဟုတိဘဲ ကိုရီးယားငရုတ်သီးပွနဲ့ စတိုင်တမျိူးပြောင်းပြီးချက်စားကြည့်မယ်နော် 🥚🌶️🧄🫛

image

ကြက်ဥကိုစားနေကျတိုင်းမဟုတိဘဲ ကိုရီးယားငရုတ်သီးပွနဲ့ စတိုင်တမျိူးပြောင်းပြီးချက်စားကြည့်မယ်နော် 🥚🌶️🧄🫛

image

ကြက်ဥကိုစားနေကျတိုင်းမဟုတိဘဲ ကိုရီးယားငရုတ်သီးပွနဲ့ စတိုင်တမျိူးပြောင်းပြီးချက်စားကြည့်မယ်နော် 🥚🌶️🧄🫛

imageimage

ဖုံးမသိန်ရွက်သည် သွေးကြောမျှင်များ🌿🌿 ပေါက်ခြင်းနှင့် ခန္ဓာကိုယ်တစ်ခြမ်း လေဖြတ်ခြင်းများကို ကာကွယ်ပေးသည်။ ထို့အပြင် ခွန်အားဖြည့်ပေးခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်းနှင့် သွေးပျစ်ခြင်းကို လျှော့ချပေးခြင်း စသည့် အစွမ်းသတ္တိများလည်း ရှိသည်။ ဒဏ်ရာများဖြစ်သော အကျိတ်နှင့် ပွန်းပဲ့ဒဏ်ရာများကို သက်သာစေကာ အဆစ်နှင့် အရိုးအဆစ် နာကျင်မှုများကိုလည်း လျှော့ချပေးနိုင်ပါသည်။ ခေါင်းကိုက်ခြင်းကို သက်သာစေသည့်အပြင် ပန်းနာရင်ကျပ် ရောဂါရှင်များအတွက်လည်း အထူးသင့်လျော်သော ဆေးပင် ဖြစ်သည်။
အသုံးပြုနည်းများ
ဖုံးမသိန်ရွက်ကို အဓိကအားဖြင့် နည်းလမ်းနှစ်မျိုးဖြင့် သုံးစွဲနိုင်ပါသည်။
၁။ လက်ဖက်ရည်အနေဖြင့် သောက်သုံးခြင်း
ဖုံးမသိန်ရွက်များကို အမျှင်လေးများ ဖြစ်အောင် လှီးဖြတ်ပြီး နေရောင်ခြည်တွင် သေချာစွာ အခြောက်လှမ်းပါ။ အခြောက်ခံရာတွင် မှိုမတက်စေရန် အထူးဂရုပြုရပါမည်။ ပြီးနောက် လက်တစ်ဆုပ်စာ ပမာဏကို ရေနွေးတစ်ခွက်နှင့် ရောပြီး လက်ဖက်ရည်ကဲ့သို့ ဖျော်သောက်နိုင်ပါသည်။ ယင်းလက်ဖက်ရည်ကို မနက်၊ ည မှန်မှန် သောက်သုံးပေးပါက သွေးမူးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်းတို့ကို ချက်ချင်းနီးပါး သက်သာစေပါသည်။
၂။ ပြုတ်၍ သောက်သုံးခြင်း
ဖုံးမသိန်ရွက် ၁၀ ဂရမ်ခန့်ကို ရေ ၁.၅ လီတာနှင့် ရောကာ ၁၅ မိနစ်ခန့် ပြုတ်ပြီးနောက် အရည်ကို စစ်ယူပါ။ ထိုအရည်ကို မနက်၊ ည သောက်သုံးပေးနိုင်ပါသည်။
လေဖြတ်ထားသူများအနေဖြင့် အထက်ပါအတိုင်း ပြုတ်ရည်ကို ရက် ၃၀ ဆက်တိုက် သောက်သုံးပြီးပါက ၇ ရက်ခန့် နားပေးသင့်ပါသည်။ ဤသို့ စနစ်တကျ သောက်သုံးပေးခြင်းဖြင့် ရောဂါလက္ခဏာများ တဖြည်းဖြည်း သက်သာလာနိုင်ကြောင်း သိရပါသည်။

image

ဇာဘီးအလွန်ဆိုရဲ့ ရီးရဲလ်မက်ဒရစ်အဝတ်အစားလဲခန်းအတွင်း အက်ကွဲကြောင်း ဖြစ်ပုံနေသလား?

အောက်တိုဘာ ၂

ရီးရဲလ်မက်ဒရစ်စတားဖီဒီရီကိုဗယ်ဗာဒီက နောက်ဆုံး ချန်ပီယံလိဂ်နိုင်ပွဲတွင် ပါဝင်ကစားရန် ငြင်းဆိုခဲ့တယ်လို့ မီဒီယာများက ရေးသားနေမှုကို ငြင်းဆိုလာတဲ့အပြင် ၎င်းနှင့် နည်းပြအလွန်ဆိုအကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေကြောင်း ပြောကြားလာပါတယ်။

ဗယ်ဗာဒီဟာ အင်္ဂါနေ့ညတုန်းက ချန်ပီယံလိဂ်မျက်နှာသစ် ကိုင်ရတ်အား ၅-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ အရန်ခုံမှာ ထိုင်နေခဲ့ရပြီး အရန်အဖြစ်ပင်တဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။

တနင်္လာနေ့တုန်းက သတင်းစာရှင်းလင်းပွဲတွင် ဥရုဂွေးစတားက ထရန်းအလက်ဇန္ဒားအာနိုးနှင့် ဒါနီကာဗာဂျယ်တို့ ဒဏ်ရာရရှိနေမှုနှင့်အတူ ညာနောက်ခံလူနေရာတွင် ဖြည့်ဆည်းကစားရနိုင်မှုအပေါ် "ညာနောက်ခံလူအဖြစ် ကစားဖို့ မွေးဖွားလာသူ မဟုတ်ဘူး'လို့ ပြောကြားခဲ့သူလည်း ဖြစ်ပါတယ်။

စပိန်မီဒီယာများက ဗယ်ဗာဒီရဲ့ ကိုင်ရတ်နှင့်ပွဲစဉ်မှ အပြုအမူများကို အာရုံစိုက် ဖော်ပြပြီး ယင်းပွဲတွင် ပါဝင်ကစားရန် ငြင်းဆိုခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။

Marca က ဗယ်ဗာဒီမှာ ဒုတိယပိုင်းတွင် အရန်ကစားသမားများ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေချိန်တွင် မတ်တပ်ရပ် လက်နောက်ပစ်ကာ ပွဲကြည့်နေကြောင်း ဖော်ပြသွားပါတယ်။

ဘယ်လင်ဂမ်က သူ့ထံ လမ်းလျှောက်လာပြီး စကားပြောပြီးချိန်တွင် ဗယ်ဗာဒီဟာ အရန်ခုံသို့ သွားထိုင်နေခဲ့ပါတယ်။

ဒါကြောင့်လည်း စပိန်မီဒီယာများက ဗယ်ဗာဒီမှာ ပွဲကစားရန် ငြင်းဆိုခဲ့ကြောင်း ရေးသားဖော်ပြလာကြတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ချက်ချင်းဆိုသလို ဗယ်ဗာဒီက "ကျွန်တော့်စရိုက်ကို ထိခိုက်စေတဲ့ စာတွေ အများကြီးဖတ်ရတယ်။ ကစားတာ မကောင်းတဲ့ပုံတွေ ရှိတာ သိပါတယ်။ ကျုပ်လည်း စိုးရိမ်တာပါပဲ။ ဘယ်အရာကမှ ပုန်းရှောင်မနေပါဘူး။ ဒီအတွက် တံခါးလည်း ဖွင့်ထားတယ်။ တကယ်ပဲ စိတ်မကောင်းဖြစ်ရတယ်။ ကျုပ်နဲ့ပတ်သက်ပြီး အများကြီး ပြောလို့ရတယ်။ ဒါပေမယ့် ပွဲကစားဖို့ ငြင်းတယ်ဆိုတာကိုတော့ လက်မခံဘူး။ ဒီကလပ်အတွက် အားလုံးပေးခဲ့တယ်။ အရိုးအက်မှုတွေ ဒဏ်ရာရရှိမှုတွေကြားထဲကနေ ကစားပေးလာခဲ့တယ်။ ဘယ်တုန်းကမှ စောဒက မတက်ခဲ့ဖူးဘူး။ အနားပေးဖို့လည်း မတောင်းခဲ့ဖူးဘူး။ နည်းပြနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်။ ဒါကြောင့်လည်း ကွင်းထဲမှာ ဘယ်နေရာမှာ ကစားချင်တယ်ဆိုတာ ပြောရဲတယ်။ ဒါပေမယ့် ဘယ်အဝေးကွင်းမဆို၊ ဘယ်ပွဲမဆို ဘယ်နေရာမှာမဆို ကျွန်တော့်ဘက်က ကစားပေးဖို့ အသင့်ပါ။ ဒီကလပ်အတွက် အားလုံး အိတ်သွန်ဖာမှောက်ပေးထားတယ်။ ဒီအတိုင်းပဲ ဆက်ပေးသွားမယ်။ ကျွန်တော့် ခြေစွမ်း မကောင်းဘူး၊ ကစားချင်တဲ့ နေရာမှာ မကစားရဘူးဆိုရင်တောင် ဘယ်တောမှ လက်မလျော့ဘူးဆိုတာ ဘုရားသခင်နဲ့ ကျိန်ပြောရဲတယ်။ ဘယ်နေရာမှာပဲ ကစားရပါစေ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမယ်"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် အွန်လိုင်းတွင် ထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းအရ အလွန်ဆိုဟာလည်း ဗီနီရှပ်စ်ဂျူနီယာနှင့်လည်း အဆင်မပြေ ဖြစ်နေတယ်လို့ ယူဆရပါတယ်။

ဗီနီရှပ်စ်ဟာ ကိုင်ရတ်နှင့်ပွဲတွင် ပွဲချိန် မိနစ် ၇၀ မှာ လူစားလဲလှယ်ခြင်းခံရပြီးနောက် ရေဗူးပစ်ပေါက်ပြီး အရန်ခုံသို့ သွားထိုင်နေခဲ့တာ တွေ့ရပါတယ်။

ဗီနီရှပ်စ်ဟာ ယခင် အက်စ်ပန်ညိုနှင့်ပွဲတွင်လည်း လူစားလဲလှယ်ခံရပြီးနောက် စိတ်ပျက်လက်ပျက် အမူအယာ ပြသခဲ့ဖူးပါတယ်။

မာဆေးနှင့်ပွဲတွင်လည်း ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဘရာဇီးစူပါစတားဟာ ယခုရာသီတွင် ၃ ဂိုးသွင်းကာ ၄ ကြိမ် ဖန်တီးထားပါတယ်။

ဒါပေမယ့် ဘက်ပေးက ကိုင်ရတ်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်မှုအပါအဝင် ယခုရာသီတွင် ၁၃ ဂိုးအထိ သွင်းကာ အကောင်းဆုံးပုံစံ ပြသထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်တွင် အဖွင့်ပွဲ ၂ ပွဲလုံး အနိုင်ရထားပေမယ့်လည်း လာလီဂါတွင် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ရမှတ် ၁ မှတ်ကွာဟကာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image

Windows 10/11 တင်နည်း (Clean Installation)
လိုအပ်သောအရာများ
1. USB Bootable (သို့) Windows ISO File
- Microsoft ရဲ့ [official website] မှ Windows 10/11 ISO ဒေါင်းလုပ်ဆွဲပါ။
- Rufus သုံး၍ USB ကို Bootable အဖြစ်ပြုလုပ်ပါ။
2. PC Requirements
- Windows 10
- CPU: 1GHz နှင့်အထက်
- RAM: 1GB (32-bit) / 2GB (64-bit)
- Storage: 32GB နေရာ
- Windows 11
- CPU: 64-bit, 2-core, 1GHz နှင့်အထက် (TPM 2.0 & Secure Boot လိုအပ်)
- RAM: 4GB
- Storage: 64GB
အဆင့်ဆင့်_တင်နည်း
1. BIOS/UEFI မှ Boot Priority ပြောင်းခြင်း
- PC ကို Restart လုပ်ပါ။
- F2 / F12 / DEL / ESC (PC အလိုက်ကွဲပြား) နှိပ်၍ BIOS/UEFI ထဲဝင်ပါ။
- Boot Menu တွင် USB ကို ပထမဆုံး Boot Device အဖြစ်သတ်မှတ်ပါ။
- Save & Exit လုပ်ပါ (ပုံမှန်အားဖြင့် F1။
2. Windows Setup စတင်ခြင်း
- PC က USB မှ Boot လုပ်ပြီး Windows Setup စမည်။
- Language, Time, Keyboard ရွေးပါ
Next > Install Now ။
3. Product Key ထည့်ခြင်း
- Product Key ရှိလျှင် ထည့်ပါ (မရှိလျှင် "I don't have a product key" ကိုနှိပ်ပြီး နောက်မှ Activate လုပ်နိုင်)။
4. Windows Edition ရွေးခြင်း
- Windows 10/11 Pro / Home စသည်ဖြင့် ရွေးပါ။
5. Disk Partition ပြုလုပ်ခြင်း
- "Custom: Install Windows only (advanced)" ကိုနှိပ်ပါ။
- Hard Disk ပေါ်ရှိ Partition များကို Delete လုပ်၍ Unallocated Space ဖြစ်အောင် ပြုလုပ်ပါ။
- New > Apply > Next နှိပ်ပါ (Windows ကို Install လုပ်မည့် Partition ဖန်တီးပါ)။
6. Windows Installation စတင်ခြင်း
- Windows ကို Copy ကူး၍ Install လုပ်မည် (မိနစ် 20-30 ခန့်ကြာနိုင်)။
7. PC Setup ပြုလုပ်ခြင်း
- Region (Myanmar ရွေး) > Keyboard Layout (အင်္ဂလိပ်သို့မဟုတ် မြန်မာ)။
- Microsoft Account (သို့) Offline Account ဖန်တီးပါ။
- Privacy Settings များကို လိုအပ်သလို ပြင်ဆင်ပါ။
8. Desktop ရောက်ပါက
- Device Drivers များကို Windows Update မှတဆင့် Install လုပ်ပါ။
- Activate Windows (Settings > Update & Security > Activation)။
အရေးကြီးသော_အချက်များ
Backup - Install မလုပ်ခင် Data များကို Backup လုပ်ထားပါ။
Secure Boot & TPM 2.0 - Windows 11 တွင် လိုအပ်ပါသည် (PC က Support မလုပ်လျှင် Bypass လုပ်နည်းရှိပါသည်)။
Driver Issues - Wi-Fi, Graphics စသည်တို့အတွက် Driver များကို Manufacturer Website မှ Download ဆွဲပါ။
ဒီပိုစ့်က မိတ်ဆွေအတွက် အကျိုးရှိတဲ့ဆိုရင် Follow လေး နှိပ်ပေးသွားပါဦး ခင်ဗျာ။
မူရင်းရေးသားသူကို လေးစားလျက်

image

သစ်ပင်တွေနဲ့ မြေပြင်ချိတ်ဆက်ခြင်း (Grounding with Trees) က ဘယ်လိုလဲဆိုတာကို အကျဉ်းချုပ် ကွန်းတန့်တစ်ခုလို ရေးသားပေးလိုက်ပါတယ်။
ခြေဗလာနဲ့ မြေပြင်ထိခြင်းနဲ့ သစ်ပင်စွမ်းအင် တို့ဟာ စိတ်ရဲ့တည်ငြိမ်မှုကို ဘယ်လိုပြန်လည်ရရှိစေနိုင်သလဲ။
သစ်ပင်တွေနဲ့ မြေပြင်ချိတ်ဆက်ခြင်း ဆိုတာဟာ သစ်ပင်တွေကို ထိတွေ့ပွေ့ဖက်ခြင်း ဒါမှမဟုတ် ခြေဗလာနဲ့ မြေကြီးပေါ် လမ်းလျှောက်ခြင်း (Earthing) တို့ကို ဆိုလိုတာပါ။
ဒီလိုလုပ်ခြင်းဖြင့် လူသားတွေဟာ သစ်ပင်နဲ့ မြေကြီးကလာတဲ့ သဘာဝစွမ်းအင် တွေကို တိုက်ရိုက်ရယူနိုင်ပြီး၊ ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ လျှပ်စစ်ဓာတ်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုတွေ လျော့ကျပြီး၊ ကိုယ်ခန္ဓာရဲ့ ဇီဝချိန်ခွင်လျှာ (Balance) ကို ပြန်လည်ရရှိစေကာ ငြိမ်းချမ်းတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။
သစ်ပင်ပွေ့ဖက်ခြင်း ဒါမှမဟုတ် မြေပြင်နဲ့ ထိတွေ့ခြင်း က သဘာဝတရားရဲ့ အားအင်တွေနဲ့ ပြန်လည်ချိတ်ဆက်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။

image

ကမ္ဘောဇဘဏ်သို့ ချေးငွေပြန်ဆပ်ရန် ပျက်ကွက်သူ (၆၀)ကျော်ကို သတ်မှတ်ရက်အတွင်း ပေးဆပ်ခြင်းမရှိပါက ဥပဒေနှင့်အညီဆောင်ရွက်သွားမည်

အောက်တိုဘာ ၂

ကမ္ဘောဇဘဏ်လီမိတက်၏ Quick Access Loan, Personal Loan, Shopper Loan နှင့် Shopper Installment Loan ချေးငွေများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူ (၆၂)ဦးကို သတ်မှတ်ရက်အတွင်း ပေးဆပ်ခြင်းမရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းကြေညာထားသည်။

အဆိုပါလုပ်ငန်းရှင်များသည် ချေးငွေ အရင်း၊ အတိုးနှင့် ကျသင့်သည့် အဖိုးအခများအား ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျက်ရှိနေသည့်အတွက် နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် ဆက်သွယ်တောင်းခံခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ပေးဆပ်ခြင်းမရှိဘဲ ဆက်လက်ပျက်ကွက်နေကြောင်း ကြေညာထားချက်အရ သိရသည်။

ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူများမှာ ဦးဖြိုးမောင်မောင် {ငွေကျော့ (၂) စတိုး (စတိုးဆိုင်)}၊ဒေါ်နီနီအေး {ဦးမြင့်သိန်း (၂) (ကုန်စုံဆိုင်)}၊ ဒေါ်ဆုမြတ်စန္ဒာ {ဗိုလ်ရွှေထိုက်စု (မီနီမတ် နှင့် စားသောက်ဆိုင်)}၊ ဒေါ်သက်သက်ဝေ {မေတ္တာစမ်းရေ (ရေသန့်)}နှင့်ဒေါ်အေးနန္ဒာဝင်း {Shwe Yamin (စတိုးဆိုင်)} စသည့်တို့အပြင် လုပ်ငန်းရှင် (၅၇)ဦးတို့လည်း ပါဝင်ကြောင်း သိရသည်။

ထို့ကြောင့် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူများအနေဖြင့် ကမ္ဘောဇဘဏ်လီမိတက်သို့ ပေးဆပ်ရန်ရှိသည့် အရင်း၊ အတိုးနှင့် ကျသင့်သည့် အဖိုးအခများကို ယနေ့ (အောက်တိုဘာ ၁ ရက်) မှ (၁၄) ရက်အတွင်း နီးစပ်ရာဘဏ်ခွဲသို့ လာရောက်ဆက်သွယ်ပေးဆပ်ပါရန် နှင့် သတ်မှတ်ရက်အတွင်း ပေးဆပ်ခြင်းမရှိပါက ဥပဒေနှင့်အညီ ဆက်လက်၍ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image