8 w - Translate

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးဖြစ်၍ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာကျင်းပမည်
****************
(ပြည်တွင်း) မေ ၇
ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးဖြစ်တာကြောင့် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာကို မေလ ၁၅ ရက်မှာ ဆင်ယင်ကျင်းပသွားမယ်လို့ စေတီတော်မြတ် ကြီး၏ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။

အဆိုပါမင်္ဂလာအခမ်းအနားများကို မေလ ၁၅ ရက်နံနက် ၇ နာရီခွဲမှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်မြောက်ဘက်မုခ် ရာဟုထောင့်အောင်မြေနေရာမှာ ကျင်းပပြုလုပ် သွားမည်ဖြစ်၍ ရွှေသင်္ကန်းအလှူရှင်များ တက်ရောက်ကြရန်လည်း ဖိတ်ကြားထားကြောင်း သိရပါတယ်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းအဖြစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှစတင်ကာဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရပါတယ်။

image
8 w - Translate

မန္တလေး-ရန်ကုန် လေယာဉ်ခရီးစဉ်တွင် ဘရိတ်စနစ် ပူပြင်းမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ဟု MNA ထုတ်ပြန်
ရန်ကုန်၊ မေ ၇
မေလ ၆ ရက်နေ့၊ ညနေပိုင်းက မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်အတွင်း လေယာဉ်ရဲ့ Break စနစ် ပူပြင်းမှုကြောင့် ဘယ်ဖက်တာယာတွေ ပွင့်ထွက်လွင့်စင်မှုဖြစ်ပေါ်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာအမျိုးသားလေကြောင်း (MNA) က ထုတ်ပြန်ပါတယ်။
ခရီးစဉ် UB – 812 ကို ဘိုရင်း XY-ALV လေယာဉ်ဟာ ခရီးသည် ၁၄၃ ဦးကို သယ်ဆောင်ကာ ပျံတက်ဖို့ ပြုလုပ်နေစဉ် ပုံမှန်မဟုတ်တဲ့ အချက်ပြမှုဖြစ်ပေါ်ခဲ့တာကြောင့် လေယာဉ်မှုးမှ ပြေးလမ်းပေါ်မှာ ပျံသန်းမှုရပ်တန့်ခြင်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ဘရိတ်စနစ်ပူပြင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးတောက်ကို အချိန်မီ ငြိမ်းသက်နိုင်ခဲ့ပြီး ကျန်ရှိတဲ့ လေယာဉ်ဘီးတွေ ကောင်းမွန်တာကြောင့် လေယာဉ်ပြေးလမ်းရဲ့ မြောက်ဘက်ထိပ်မှာ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြေးလမ်းပေါ် ရပ်တန့်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်ပေါ်မှာ ပါရှိတဲ့ လေယာဉ်အမှုထမ်းတွေ လိုက်နာကျင့်သုံးရတဲ့ Safety Operating Procedure တွေအတိုင်း ပြုလုပ်ခဲ့ပြီး ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းများအားလုံး ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာနဲ့ လေဆိပ်နားနေဆောင်ကို ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာအမျိုးသားလေကြောင်းအနေနဲ့ အဆိုပါခရီးစဉ်မှာ ပါရှိတဲ့ ခရီးသည်တွေကို ရန်ကုန်မြို့ထံ အစားထိုးလေယာဉ်တွေနဲ့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ခရီးသည်တွေရဲ့ လိုအပ်ချက်တွေအတိုင်း အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မြန်မာအမျိုးသားလေကြောင်းမှ ခရီးသွားမိဘပြည်သူတွေကို အနူးအညွတ်တောင်းပန်ကြောင်း ပြောကြားခဲ့ပြီး အခုမတော်တဆဖြစ်ပွားမှုအတွက် စုံစမ်းစစ်ဆေးမှုတွေကို စနစ်တကျ ဆောင်ရွက်နေပြီလို့ အသိပေးထားပါတယ်။

image
8 w - Translate

P_o-n_y-o ( 2008 )

အညွှန်း* 🔽🔽🔽

ပွန်ညို.......ဆိုစူကီ.........ပွန်ညို........ဆိုစူကီ ဟုတ်ပါတယ် ဒီတစ်ခါဇာတ်ကားလေးကတော့အသက်ငါးနှစ်အရွယ် ကောင်လေးတစ်ယောက်ကိုချစ်မိသွားတဲ့ငါးမလေးပွန်ညိုအကြောင်းပါ ဒီကားလေးက Disney ကနေရိုက်ကူးထားတဲ့ Anime ဇာတ်ကားကောင်းလေးတစ်ကားပါ ဒီကားထဲမှာတော့ဆိုစူကီဆိုတဲ့ကောင်လေးက ပင်လယ်ကမ်းစပ်မှာဆော့နေရင်းပွန်ညိုဆိုတဲ့ငါးမလေးကိုအမှတ်မထင်တွေ့ခဲ့ပါတယ် ဒီလိုနဲ့ပဲမွေးထားမယ်ဆိုပြီးအိမ်ကိုခေါ်လာခဲ့ပါတယ် တခဏအတွင်းမှာပဲဆိုစူကီရဲ့ဂရုစိုက်မှုတွေကြောင့် ပွန်ညိုဟာကောင်လေးကိုသံယောဇဉ်ဖြစ်ပြီးသူနဲ့အတူနေနိုင်ဖို့် လူသားတစ်ယောက်ဖြစ်အောင်ကြိုးပမ်းတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရလည်းဆိုတာကတော့ ဒီponyoဆိုတဲ့ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ပါဉီးခင်ဗျာ....

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/287
https://t.me/Bhone2312/287

image
8 w - Translate

ချစ်သူအတွက် စိန်၊ ရွှေ၊ မြေကားတွေ ဖြည့်ဆည်းပေးခဲ့တဲ့အပြင် အေးချမ်းတဲ့မြို့လေးမှာ Tiny House လေးဆောက်ပေးမယ့် နေလင်းရှိန် 🥰
မေရတီဇော်က ချစ်သူရဲ့အလိုလိုက်မှု ၊ ဖြည့်ဆည်းပေးမှုတွေနဲ့ ပျော်ရွှင်နေခဲ့တာပါ။ နေလင်းရှိန်နဲ့ မေရတီဇော်တို့ဟာ ချစ်သူသက်တမ်း ၄ နှစ်ကျော်ရှိခဲ့ပြီဖြစ်ပြီး နေလင်းရှိန်က သူမလိုအပ်သမျှ စိန်၊ ရွှေ၊ မြေကားတွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ယခုလည်း သူမ ရန်ကုန်မှာ နေရတာ မွန်းကြပ်လာချိန် အေးချမ်းတဲ့မြို့လေးမှာ Tiny House လေးဆောက်ပြီး နေဖို့အတွက် ခြံကွက်လေးဝယ်ပေးခဲ့တာကို သူမက ဂုဏ်ယူစွာပြောပြထားတာပါ။

image
8 w - Translate

၁၇ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကို မိသားစုစုံစုံလင်လင်နဲ့ ကျင်းပခဲ့တဲ့ နန္ဒာလှိုင်🥰🥰🥰
ဧပြီလ ၆ ရက်နေ့ဟာ သရုပ်ဆောင် နန္ဒာလှိုင်နဲ့ ခင်ပွန်းဖြစ်သူဇေသီဟတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။ နှစ်ဦးသားပေါင်းသင်းနေထိုင်ခဲ့ကြတာ ၁၇ နှစ်ပြည့်ခဲ့တာပါ။ သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးကို မောင်နှမ ၊ သားသမီး ၊ မိသားစုစုံစုံလင်လင်နဲ့ ကျင်းပခဲ့ကြတာတွေ့ရပါတယ်။

image
8 w - Translate

Tattoo ideas

image
8 w - Translate

Tattoo ideas

image
8 w - Translate

Tattoo ideas

image
8 w - Translate

Tattoo ideas

image
8 w - Translate

Tattoo ideas

image
image
image
image