Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူတစ်ယောက်ဆီက ရနိုင်တဲ့ အနွေးထွေးဆုံးအရာဟာ ဘာဖြစ်မလဲ။
ဂရုစိုက်တာပါ။
ဂရုစိုက်ခံရခြင်းဟာ လူတစ်ယောက်အနေနဲ့ ကမ္ဘာကြီးပေါ်က အရာရာကို ပိုင်ဆိုင်ထားသလို ခံစားရစေပါတယ်။ ဂရုစိုက်ခံရတဲ့အခါ ကြင်ကြင်နာနာ အကြည့်ခံရတယ်။ ချိုချိုသာသာ စကားပြောခံရတယ်။ သေသေချာချာ နားထောင်ပေးတယ်။ လေးလေးစားစား ဆက်ဆံပေးတယ်။ လိုလိုလားလား ကိုယ်ချင်းစာပေးခံရတတ်ပါတယ်။
ဘယ်လိုဆက်ဆံရေးမှာဖြစ်ဖြစ် ဂရုစိုက်ခံရခြင်းက လူကို အနည်းနဲ့အများ စိတ်ပျော်ရွှင်စေတာပါပဲ။ ဒါပေမယ့် အပြန်အလှန်တော့ ဖြစ်နေဖိုလိုပါတယ်။ အနည်းအများကွာနိုင်ပေမယ့် အပြန်အလှန်မဟုတ်ရင် ဂရုစိုက်ခြင်းဟာ ကြိုးကွင်းလိုမျိုး ပူလောင်မွန်းကြပ်တတ်တာမိုလိုပါ။
အခက်ခဲ ပြသနာတွေကြားမှာ
အလုလဲ ကြုံးနေရပြီးလား
မင်းကြိုးစားနေလို့ပါ။
ဘဝတွက် မောပန်းလာပြီးဆို
မင်းကြိုးစားနေလို့ပါ ကြိုးစားရင်
တကယ်လဲပင်ပန်းပါတယ်။
အချိန်ရဲ့ တန်ဖိုးကိုသိပြီး
အသုံးချတက်နေပြီးဆိုရင်
မင်းတကယ်ကြိုးစားနေတာပါ။
လိုချင်တာထက် လိုအပ်တာ
ခွဲခြားတက်လာတာဟာ
မင်းကြိုးစားနေလို့ပါ။
ကျန်းမာရေးကို အဓိကထားပြီး
ကြံ့ခိုင်အောင် လေ့ကျင့်နေပြီးဆို
မင်းကြိုးစားနေလို့ပါ။
ကျရှုံးမှုတွေနဲ့ ပေးဆပ်မှုတွေ
များနေပြီးလား အဲ့တာဆို
မင်းတကယ်ကြိုးစားနေတာပါ။
မာယာများတဲ့ ကြားထဲမှာ
မင်းပြုံးတက်နေပြီးလား
မင်းကြိုးစားနေလို့ပါ။
နှလုံးသားထက် ဦးနှောက်ကို
အစာကျွေးတက် နေပြီးဆိုမင်းတကယ်
ကြိုးစားနေလို့ပါ။
ကြိုးစားပါသူငယ်ချင်း ကြိုးစားမှု
အောင်မြင်မှုတွေက
မင်းနဲ့တကယ် ထိုက်တန်ပါတယ်။
#crd
Apple TV ကနေ လွှင့်တဲ့ကာတွန်းကားအသစ်ကောင်းကောင်းလေးတစ်ကား ထပ်ထွက်ပါတယ်။ ဆမ်ဆိုတဲ့မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်ကတည်းက ကံအမြဲဆိုးပြီး အကုန်တလွဲဖြစ်တယ်၊ မွေးစားမိဘလည်းရှာမရဘဲ အသက် ၁၈ နှစ်ပြည့်သွားလို့ ကိုယ်ပိုင်အခန်းကိုပြောင်းပြီး အလုပ်လုပ်နေရတဲ့ ကောင်မလေးပါပဲ။ တစ်နေ့မှာတော့ သူဘာလို့ ကံတွေဆိုးနေလဲဆိုတဲ့အဖြေကို မတော်တဆတွေ့သွားပါတော့တယ်။
တကယ်တော့ လူသားတွေဆီကို ကံဆိုးခြင်းတွေကံကောင်းခြင်းတွေကို ပို့နေတဲ့နေရာတွေရှိပါတယ်။ အဲဒီမှာ ဌာနပေါင်းစုံရှိပြီး ကံဆိုးနည်းကံကောင်းနည်းမျိုးစုံကို သတ္တဝါပေါင်းစုံက စီမံထုတ်လုပ်နေပြီး လူတွေဆီကို ကြုံသလိုပို့နေတာကို သိလိုက်ရတာပါ။ အဲဒီ ကမ္ဘာတွေဆီကို ဆမ် တစ်ယောက် မတော်တဆရောက်သွားပြီး သူအလိုချင်ဆုံးဆန္ဒတစ်ခုအတွက် ကံကောင်းဖို့ ကြိုးစားလာတဲ့အခါ…
Channel Link : https://t.me/popcornparadise_cartoon
Movie link : https://t.me/c/2224726992/932
Join : https://t.me/addlist/B-kQy8YZQVkwMjll