1 နှစ် - ဘာသာပြန်ပါ။

အင်္ဂလန်အသင်းတွင် ဟယ်ရီကိန်းအပါအဝင် ကစားသမား ၃ ဦး ဒဏ်ရာပြဿနာရှိနေ

အင်္ဂလန်လက်ရွေးစင်အသင်းမှာ တိုက်စစ်မှူးဟယ်ရီကိန်းအပါအဝင် ကစားသမား ၃ ယောက် ဒဏ်ရာပြဿနာ ကိုယ်စီကြုံတွေ့နေပါတယ်။

အသင်းခေါင်းဆောင်ကိန်းဟာ ဖရန့်ဖတ်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ညာဘက်ခြေထောက်မှာ ဒဏ်ရာ ရရှိခဲ့ပြီး စောစောစီးစီးလူစားလဲ ခံခဲ့ရတာပါ။

ကိန်းဟာ အင်္ဂလန်အသင်းနဲ့ စတင်ပူးပေါင်းနေပြီဖြစ်ပေမဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ် စစ်ဆေးသွားရမှာဖြစ်ပြီး အသင်းရဲ့ ပွဲစဉ်တွေမှာ အရဲစွန့်ပြီး ပါဝင်ကစားမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဗီလာနောက်ခံလူ ကွန်ဆာနဲ့ နော်တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်တို့ဟာ လည်း ဒဏ်ရာပြဿနာတွေကြောင့် ပါဝင် ကစားနိုင်မှာမဟုတ်သေးဘူးလို့ သိရပါတယ်။

အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းမပါနိုင်ဘူးဆိုရင်တော့ အိုလီဝက်ကင်စ်နဲ့ ဆိုလန်ကီတို့ထဲက တယောက်ကို အစားထိုးအသုံးပြုသွားဖို့ နည်းပြ လီကာစလေက ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
DVB

image

သတိရတိုင်း မေတ္တာပို့တယ်

1 နှစ် - ဘာသာပြန်ပါ။

Breaking News: Scientists Discover Infinite Energy
😁

1 နှစ် - ဘာသာပြန်ပါ။

သူငယ်ချင်းကောင်းဆိုတာ ဒါမျိုး

image
1 နှစ် - ဘာသာပြန်ပါ။

ကန်ဇွန်းရိုးနီ.. .၂စီး(နုနုလေးရှာဝယ်ပါ)
ဇရစရှိုး..၂စီး
ကင်ပွန်းချဉ်..၃စီး
ငြုတ်ခွဲခြမ်း..၃ဇွန်း(စတီးဇွန်း)
ကြက်သွန်ဖြူ...၁၀မွှာ
ကြက်သွန်နီ...၁ဥ
ဆီ...၅ဇွန်း(စတီးဇွန်း)
ပုဇွန်ဘော့ဂျိတ်..၁၀ကျပ်သား
ပုဇွန်ခြာက်မှုန့်..၂ဇွန်း
ကင်းမွန်ယိုးဒယားငံပြာရည်...၃ဇွန်း
ဆားအနည်းငယ်
#ကြက်သွန်ဖြူကြက်သွန်နီ ငြုပ်သီးခွဲခြမ်းရောထောင်းပြီးဆီသတ်ပါ
ပုဇွန်ထဲ့ပါနွမ်းလာအောင်ဆားအနည်းငယ်ထည့်ပါ
ကန်ဇွန်းရွက် နှင့်ဇရစ်ရိုးကိုအရင်ထည့်ကြော်ပါ

နူးလာလျင်ကင်ပွန်းချဉ်ထည့်ကြော်ပါပုဇွန်ခြာက်မှုန့်ခပ်ပြီးအပေါ့အငံအတွက်ငံပြာရည်ထည့်ပါ
(ငပိစိမ်းစားထည့်ချင်လျင်လဲရပါတယ်။
ငြုတ်ခွဲခြမ်းလျော့ပြီးငြုပ်သီးစိမ်းအနည်းငယ်ထည့်ရင်လဲရပါတယ်)

image

1 နှစ် - ဘာသာပြန်ပါ။

မြန်မာ့လက်ဖက်အစိုကို ပြည်ပတင်ပို့ရောင်းချမှု များလာနိုင်
----------------------------
မြန်မာ့လက်ဖက်အစိုကို ပြည်ပတင်ပို့ရောင်းချမှု များလာနိုင်တယ်လို့ မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။ ပြည်ပနိုင်ငံတွေကို မြန်မာနိုင်ငံကထွက်ရှိတဲ့ လက်ဖက်အချို ခြောက်၊ လက်ဖက်အခါးခြောက်ကို တင်ပို့ ရောင်းချလာတာကြာပြီ ဖြစ်ပေမဲ့ လက်ဖက်အစိုကတော့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှ စတင်ကာ တင်ပို့ရောင်းချနေတာ ဖြစ်ပြီး တစ်နှစ်ကို လက်ဖက်တန်ချိန် ၂၀ နီးပါး တင်ပို့ ရောင်းချ နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လက်ဖက်အစိုယဉ်ကျေးမှုက အစကတည်းရှိနေတာဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ယှဉ်ပြိုင်ရတာ ပိုပြီး အဆင်ပြေတယ်လို့ မြန်မာနိုင်ငံလက်ဖက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ အတွင်းရေးမှူး ဦးလင်းပြည့်ထွန်းက ပြောပါတယ်။

နိုင်ငံတကာကို တင်ပို့ရောင်းချနိုင်မှုတွေ များလာစေဖို့အတွက် လက်ဖက်ပင် စိုက်ပျိုးထုတ်လုပ်မှုတွေကိုလည်း တိုးချဲ့လုပ်ကိုင်ဖို့ လိုပြီး မြန်မာနိုင်ငံအတွင်းက လက်ဖက်ပင်တွေဟာ ရာသီဥတုအခြေအနေတွေကြောင့် ပျက်စီးမှု တွေ များပြားလာနေတဲ့အတွက် အပင်တွေကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ဖက်စိုက်ပျိုးထုတ်လုပ်သူတွေမှာလည်း အခုအချိန်မှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ လက်ဖက်စိုက် တောင်သူ ကိုစိုင်းကောင်းခမ့်က ပြောပါတယ်။ လက်ရှိအချိန်မှာဆိုရင် မြန်မာနိုင်ငံက လက်ဖက်ထွက်ရှိမှုရဲ့ ရာခိုင်နှုန်း ၈၀ ကို ပြည်တွင်းဈေးကွက်မှာသာ ရောင်းချနေတာဖြစ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို အော်ဂဲနစ် ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ၁၀ ရာခိုင်နှုန်းကိုသာ ပြည်ပဈေးကွက်ကို တင်ပို့ ရောင်းချနိုင်သေးတယ်လို့ သိရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ပြင်ဦးလွင်မြို့က
ချစ်စရာအိမ်လှလှလေး🏡

အိမ်လေးတွေကတစ်လုံးနဲ့တစ်လုံးမတူညီတဲ့အလှကိုယ်စီနဲ့🏡

ပြင်ဦးလွင်မြို့ရောက်တဲ့အခါဟိုတယ်မှာမဟုတ်ပဲနဲ့ဒီလိုသီသန့်ကိုယ်ပိုင်အိမ်လိုနေရာမျိုးမှာတည်းခိုကြည့်ပါ🏡

🏡အိမ်လှလှလေးတွေ ချစ်တတ်သူအတွက် အကိုက်ပါပဲနော်

မေမြို့ရောက်ရင်ရိုးရိုး Hotel တွေတည်းရတာ ရိုးနေပီ အသစ် အဆန်းလေးတွေ တည်းချင်တဲ့သူများ Agga PyinOolwin မှာသွားရောက်တည်းခိုကြည့်ပါ☘️

🏠Agga Tiny House
အထဲက setting လေးတွေလဲအရမ်းလှတယ်❤️

🏘️အရမ်းကိုသေးတဲ့ အိမ်လေးပေမဲ့ ဝင်လိုက်တဲ့အခါ ပြီးပြည့်စုံတဲ့ complements 🖥️TV, 🛋️Sofa, Mini Bar, Hair dryers ပါပြီး သေးသေးလေး ဆောက်ထားပေမဲ့ 🛀Bath Tubလေးတောင် ရအောင် ထည့်ထားပေးတော့ပိုအဆင်ပြေသွားတာပေါ့☺️

🏘️အခန်းထဲမှာ facility အစုံထည့်ပေးထားပါတယ်

🏩အိမ်လှလှလေးတွေ ချစ်တတ်သူအတွက် အကိုက်ပါပဲ

🏠 သီးသန့်အိမ်လေးတွေ ဖြစ်လို့ နေရတာလွတ်လပ်ပါတယ်စက်ဘီးတွေ ထားပေးထားလို့ ကားမပါတဲ့ အဝေးက လူတွေအတွက် ဟိုနားဒီနားသွားလို့ရပါတယ်

🏞️ကန်တော်ကြီးနဲ့ နီးပါတယ်

🏡လူငယ်တွေအကြိုက် ရောက်ပြီဆိုတာနဲ့ ပုံလှလှလေးတွေဓာတ်ဖ-မ်းဖို့နေရာတွေအများကြီးပါ

⛺️ရွေးချယ်စရာအိမ်အမျိုးစားလေးတွေကတော့

🏡Standard House

🏡Superior House

🏡Deluxe House

🏡Family House (for 4pax)

with buffet breakfast🍝

Location ➡️
အမှတ် ၁၅၉ ၊ သစ္စာလမ်းသွယ်၊ ရကက၆၊ ဂန္ဓမာမြိုင်ပန်းခြံအနီး၊ ပြင်ဦးလွင်