" လူတွေက ပြောင်းလဲတတ်တဲ့
သက်ရှိသတ္တဝါတွေဖြစ်တယ်
နှစ်ယောက်တွဲကနေ
တစ်ယောက်တည်းဖြစ်သွားတဲ့အခါ
ခွင့်လွှတ်ခြင်းဖြင့် အနိုင်ယူပါ "
#လွမ်းနောင်အိမ်
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
" လူတွေက ပြောင်းလဲတတ်တဲ့
သက်ရှိသတ္တဝါတွေဖြစ်တယ်
နှစ်ယောက်တွဲကနေ
တစ်ယောက်တည်းဖြစ်သွားတဲ့အခါ
ခွင့်လွှတ်ခြင်းဖြင့် အနိုင်ယူပါ "
#လွမ်းနောင်အိမ်
ညဆိုတာ ... အိပ်ဖို့နော် တဲ့ ။
ညတွေမှာ အိပ်ရမယ်ဆိုတာမှန်း
သေသေချာချာသိပေမယ့်
ကိုယ် မအိပ်တာမဟုတ်ပဲ
မျက်လုံးတွေ ဘယ်လိုပဲမှိတ်မှိတ်
အိပ်လို့ မရတာတွေရှိပါတယ် ။
မျက်လုံးညောင်းရင်းအိပ်သွားလိမ့်မယ်ဆိုတဲ့
အတွေးနဲ့မျက်တောင် ခဏခဏ ခတ်လည်း
မျက်ရည်တွေ ပိုကျလာတာပဲ အဖတ်တင်တာ
စိတ်တွေက ...အိပ်လို့ ပျော်နိုင်လောက်တဲ့အထိကို
မပျော်နိုင်ဘူး ဖြစ်နေတယ် ။
#2001
//crd
ချစ်လားမေးမှ ...ချစ်တယ်လို့ ဖြေတာမျိုးတွေ
စာတွေ အများကြီး ပို့နေပြီးတော့မှ
Seen ပြပြီး Reply ပြန်မလာတာမျိုးတွေ ...
တကယ် လွမ်းလို့ပါဆိုပြီး
မျက်ရည်တွေနဲ့ တောင်းဆိုခဲ့တာတောင်
ကိုယ့်အတွက် အချိန်ရှိမနေတာမျိုးတွေ ...
တစ်ခါတစ်လေကျတော့လည်း
ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မိတယ်
ဂရုစိုက်မှုတွေကိုတောင်
ကိုယ့်ဖက်က လုပ်ယူနေရတာမျိုးလား တွေးနေမိတယ် ...
ကိုယ့်ကိုယ်ကိုယ်လည်း သနားလာမိသလို
အတင်းလုပ်ယူမှ ရမယ့် ချစ်ခြင်းမေတ္တာတွေကိုလည်း
မလိုချင်တော့ပါဘူး ။ရှိပါစေတော့ ... ရှိစေတော့ပေါ့
ကိုယ် ချစ်ခြင်းတွေက မှန်ခဲ့တာပဲ
ကျန်တာ မမျှော်လင့်ထားတော့တာ ကောင်းပါတယ် ။
#crd_to_owner_with_respect
တန်ဖိုးထားတတ်သူနဲ့ တန်ဖိုးကိုသိတဲ့သူ
အချင်းချင်း ချစ်မိရင်
အချစ်က အဓိပ္ပါယ်ရှိသွားတယ် ။
🤍🌻
#crd
ဒီတစ်ခါ ငါ့ဘက်က စပြီး ရပ်လိုက်ဖို့ဆုံးဖြတ်ခဲ့တာမို့ ငါတို့ တကယ်ဝေးသွားခဲ့ပါပြီ။
ငါမင်းကို အများကြီးချစ်လို့ ၊ အများကြီး သည်းခံ ဖို့ ဆုံးဖြတ်ပြီး မင်းရဲ့လက်ကို ရအောင် ဆွဲထားခဲ့တာ။
ဒါပေမဲ့ မင်းက ငါ့အပေါ် လိုတာထက်ပိုပြီး အနိုင်ယူတယ်၊ လိုတာထက် ပိုပြီးတော့ တင်းခဲ့တယ်။
ငါလည်း လူပဲ ခံစားတတ်တယ် ၊ ဝမ်းနည်းတတ်တယ် ၊ နာကျင်တတ်တယ်။
ဘယ်လောက်ပဲ ချစ်ချစ် ပေါင်းဖက်လို့ မရတဲ့ အခြေနေတွေ ဆိုတာ တကယ်ရှိတယ်။
မင်းကို အနားမှာခေါ်ပြီး စိတ်ဆင်းရဲမနေတော့ဘဲ ငါ့တစ်ယောက်ထဲနေပြီး နာကျင်ဖို့ ငါရွေးချယ်လိုက်တယ်။
ချစ်ပေးနေရတဲ့ ခံစားချက်ကို မင်းလည်း တနေ့ကြရင် သိလာမှာပါ အဲဒီအခါကြရင် မင်းချစ်ပေးနေတဲ့သူက အချစ်ခံတတ်တဲ့သူ ဖြစ်ပါစေလို့ ငါဆုတောင်းပေးခဲ့ပါတယ်....💞
ချစ်သော🦋🥀
#ညိုတင်
မဖြစ်မနေဆိုရင်တောင်
ကိုယ့်လက်ကို
လွှတ်ချမသွားမယ့် လူမျိုးနဲ့
ဆုံဖူးချင်တယ် ။
တချို့လူတွေက
အရမ်းချစ်တယ်ဆိုတဲ့ စကားကို
တဖွဖွပြောတတ်ပေမယ့်
တကယ့် တကယ်တမ်း
ရွေးချယ်စရာတွေရှိလာပြီဆိုရင်
ကိုယ့်လက်ကို လွှတ်လိုက်ဖို့ကိုပဲ
ပထမဆုံးတွေးကြတာ ။
ချန်ထားလိုက်ဖို့
ပြီးတော့ ...
ပြန်လှည့်မကြည့်ကြဖို့ကိုပဲ
ရွေးကြတယ် ။
ကျန်မနေခဲ့ချင်တော့ဘူး
ပြီးတော့ ...
အချစ်ခံရဖို့ အများကြီး မကြိုးစားချင်တော့ဘူး
ကိုယ်ဖြစ်နေလို့ ချစ်တာပါဆိုတဲ့
ကြည်နူးမှုမျိုး
ကတိတွေ တောင်းစရာမလိုပဲ
သေချာပေါက်
ဒီလူက ခွဲမသွားဘူးဆိုပြီး
ယုံကြည်လို့ ရတာမျိုး
မဖြစ်မနေဆိုရင်တောင်
လွှတ်ချမသွားမယ့် လက်မျိုးပေါ့
ရေစက်သာ ရှိမယ်ဆိုရင်
ဆုံချင်တယ်
ပြီးတော့ ကံသာ ပါမယ်ဆိုရင်
ပိုင်ချင်တယ် ။
#ကျေးကို