2 yrs - Translate

ရန်ကုန်တွင် စက်သုံးဆီကို စမတ်ကတ်ဖြင့် ဝယ်ရန် စမ်းသပ်အသုံးပြုမည်
------------------
စက်သုံးဆီ ဝယ်ယူခွင့် ကတ်ပြား (စမတ်ကတ်) နဲ့ စက်သုံးဆီ ဝယ်ယူဖို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီဆိုင် ကြီးတွေမှာ ကနဦး စမ်းသပ်အသုံးပြုဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

စက်သုံးဆီကို စမတ်ကတ်နဲ့ ရောင်းချဖို့ စီစဉ်တာဟာ တရားမဝင် မှောင်ခိုဈေးကွက်ထဲကို စက်သုံးဆီတွေ အကြိမ်ကြိမ် ထုတ်ယူပြီး ဖြန့်ဖြူးရောင်းချနေတာတွေကို တားဆီးဖို့ နဲ့ ဆီပြတ်လပ်တာ တန်းစီဝယ်ယူတာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီဆိုင်တွေမှာ ဆီလာရောက်ဝယ်ယူသူတွေကို စမတ်ကတ်တွေ ထုတ်ပေးဖို့ ရည်ရွယ် ထားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီဆိုင်ကြီးတွေမှာ စတင်စမ်းသပ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

စမတ်ကတ်နဲ့ ဝယ်ယူရာမှာ အဆင်ပြေတယ်ဆိုရင်တော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ တိုးချဲ့ဆောင်ရွက် သွားမှာ ဖြစ်ပြီး တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

စက်သုံးဆီ ဝယ်ယူခွင့် ကတ်ပြား (စမတ်ကတ်) နဲ့ ဆီဝယ်ယူတဲ့အခါ ယာဉ်နံပါတ်၊ ယာဉ်အမျိုးအစား နဲ့ ဝယ်ယူ တဲ့ ဆီအမျိုးအစားတွေကို အချက်အလက်ကောက်ယူနိုင်တဲ့ ကတ်အမျိုးအစား ဖြစ်ကြောင်း နဲ့ တစ်ရက်ကို တစ်ကြိမ် သာ အကန့်အသတ်နဲ့ ဆီဝယ်ယူဖို့ ဆောင်ရွက်တာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

image
2 yrs - Translate

ကျိုင်းဇူး🤣

image
2 yrs - Translate

🌹🤍✨

image
2 yrs - Translate

🌹🤍✨

image
2 yrs - Translate

🌹🤍✨

image
2 yrs - Translate

🌹🤍✨

image
2 yrs - Translate

🌹🤍✨

image
2 yrs - Translate

🌹🤍✨

image
image
image
image
image
2 yrs - Translate

ဇူဇူတို့ ရိုချက်ကိုတော့ လက်လန်သွားပြီ 🫠

ဟိုတစ်လောက သူ့မိန်းမအတွက် ၇ပေအမြင့်ရှိတဲ့ ပုံတူရုပ်ထုကြီးလုပ်ပြီး လက်ဆောင်ပေးတယ်။ အခုလည်း သူ့မိန်းမက Minivan လိုချင်တယ်ပြောလို့ Porsche Cayenne Turbo GT SUV ကို သူ့စိတ်ကူးထဲကအတိုင်း ပိုရှည်တဲ့ Minivan ကားကြီးဖြစ်အောင် ဒီဇိုင်းဆွဲပြီး ဖန်တီးပေးခဲ့တယ်တဲ့ဗျာ

နောက်ပြီးတော့ သူ့မိန်းမနဲ့ ဆင်တူဖြစ်အောင် သူကလည်း Porsche 911 GT3 Touring တစ်စီးကို ဝယ်ခဲ့ပါသေးတယ်တဲ့

တကယ်ဆို Minivan ကားတစ်စီး ကောက်ဝယ်ပေးလိုက်လို့ရနေတာပဲ။ ဒါပေမဲ့ ဇူဇူမလုပ်ဘူး။ လုပ်ရင်လည်း ဇူဇူမဟုတ်ဘူး။

ဇူဇူ့အနေနဲ့ အခုလိုမျိူးရိုပြနေတာတွေက အမျိူးသမီးထုကြီးအတွက် ကြည်နူးအားကျစရာဆိုပေမယ့်လည်း အမျိူးသားထုကြီးအတွက်တော့ ရင်လေးစရာပါပဲ 🙃

image
2 yrs - Translate

တရုတ် တက်ဘလက် ဈေးကွက်မှာ Huawei ကို မယှဉ်နိုင်တဲ့ Apple
=======================================

Apple ဟာ တရုတ် တက်ဘလက် ဈေးကွက်မှာ Huawei ကို မယှဉ်နိုင်ပါဘူး။ Canalys ရဲ့ စစ်တမ်းမှာ Huawei ဟာ ကွာတား ၂ ခု ဆက်တိုက် Apple ထက် တက်ဘလက် ရောင်းအားပိုကောင်းတယ်လို့ ဖော်ပြထားပါတယ်။

Huwei ဟာ ဒီနှစ် ကွာတား ၂ မှာ ဈေးကွက်ဝေစု ၂၆ ရာခိုင်နှုန်းရခဲ့ပြီး တက်ဘလက် ၂၀.၅ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ အရင်နှစ်ကထက် ရောင်းအား ၆၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နံပါတ် ၁ ရောင်းအား အကောင်းဆုံးဖြစ်ခဲ့ပါတယ်။

Apple ကတော့ ကွာတား ၂ မှာ တက်ဘလက် ၂၀.၁ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ရောင်းအား ၁၄ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

တရုတ်မှာ Huawei ရဲ့ MatePad Series တက်ဘလက်တွေဟာ လူကြိုက်များပြီး မကြာခင်က ရောင်းချခဲ့တဲ့ MatePad Pro 12.2 ဟာ တရုတ်မှာ အောင်မြင်နေပါတယ်။

တရုတ် တက်ဘလက် ဈေးကွက်မှာ Huawei နဲ့ Apple တို့ပြီးနောက် ရောင်းအားကောင်းနေတာက Xiaomi နဲ့ Honor တို့ ဖြစ်ပါတယ်။ Xiaomi ဟာ ကွာတား ၂ မှာ တက်ဘလက် ၉.၂၅ သန်း နဲ့ Honor က ၆.၅ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

image