Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တည်ဆောက်ရတာကြာပြီး
ပျက်စီးတာလွယ်တဲ့အထဲမှာ
ဂုဏ်သတင်းလဲပါတယ်
၁၀ နှစ်လောက်
သူတော်ကောင်းလုပ်လာပါစေ
တစ်ခါလောက်လေး
စိတ်ဓါတ်ကျလို့
အရက်သောက်တုန်း
လူမိကြည့် ၁၀ နှစ်လုပ်ခဲ့တာ
အလကားဖြစ်သွားရော
ဒီလူက ခွက်ပုန်းသမား
သူတော်ကောင်းယောင်ဆောင်တယ်ဖြစ်ရော 😅
တခြား ကိုယ်ကျင့်တရားတွေလဲဒီတိုင်းပဲဗျ
လူကောင်းဖြစ်ဖို့ တည်ဆောက်ရတာကြာတယ်
ပျက်စီးရတာအရမ်းလွယ်တယ်
ဆန္ဒကို သိက္ခာနဲ့ထိန်း လို့
လူကြီးတွေက ပြောတာ
အလကားတော့မဟုတ်ဘူးဗျ
လူကောင်းဖြစ်ဖို့က လုပ်တဲ့လုပ်ရပ်တိုင်းမှာ
ဉာဏ်နဲ့ယှဉ်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်ဖို့လိုတယ်
J Me စာသားနဲ့ပြောရရင်
ဉာဏ်နဲရင် ဟားစရာအကွက်ထဲဝင်သွားလိမ့်မယ်နော်
thelapyae
#ကံကောင်းမေတ္တာဖြင့်မျှဝေသည်
ရှင်သန်လာခဲ့တဲ့တစ်လျှောက်လုံးမှာ သဘောအကျရဆုံးနဲ့အချစ်ရဆုံးက အမေပဲ...ဘယ်လောက်
ဂျီကျပြီးဆိုးဆိုး ပစ်မထားရက်တာလည်း အမေပဲ
လိုချင်တာမရလို့စိတ်ကောက်ပြီးငိုပြရင် မနေနိုင်ဘဲဖြည့်ဆည်းပေးတာလည်း အမေပဲ
ကိုယ့်ကိုအကောင်းဆုံးအခြေအနေရောက်ပြီး
ပျော်ရွှင်စေချင်တာလည်း အမေပဲ
တစ်ခြားလူတွေအပေါ်စိတ်ကောင်းထားဖို့
မနာလိုစိတ်မရှိဖို့ အမြဲဆုံးမတတ်တာလည်း အမေပဲ
တစ်ခါတလေစိတ်အလိုမကျလို့ အမေ့ကိုပြန်အော်
မိပြီးရင် တစ်နေရာရာသွားပြီးငိုတတ်တာကအကျင့်တစ်ခုလိုပဲ... ကိုယ့်ကိုဘယ်တော့မှထားသွားမှာမဟုတ်လို့ မချစ်ဘဲမနေနိုင်တာသိလို့ နည်းနည်းဆိုးမိတာကလွဲရင် အမေ့ကိုတော့တကယ်ချစ်ပါတယ်
ခဏခဏဆူတာ သဘောမကျဘူးဆိုပေမယ့် လစ်လျူရှူပြီးပစ်ထားမှာကို ပိုကြောက်တယ်...။
#sone 🌻🤍
Crd
အသိအမပြောတာလေး သဘောကျလို့
အမပြည့်စုံလာရင် အမကောင်လေးဖြစ်ချင်တာတွေကို ဘေးနားကနေ အကုန်ဖြည့်ဆည်းပေးမှာတဲ့
ဘာလို့လဲဆိုတော့ အမမရှိတုန်းကလည်း
အမကိုဦးစားပေးပြီး
အမအတွက်ပဲ တွေးပေးခဲ့တာတဲ့
ချစ်ခြင်းမေတ္တာတွေက တန်ဖိုးထားတတ်တဲ့သူတွေနဲ့ကျ တန်ဖိုးကြီးလိုက်တာနော်
မရှိလည်း အတူ…ရှိလည်း အသစ်မမြင်ပဲ ဒီလူပဲ
ဆိုတာမျိုးက အခုခေတ်မှာက ရှားနေပါပြီ…
ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတတ်တဲ့သူတွေ
အများကြီးရှိလာရင် ကောင်းမှာပဲ…
💭 || 21.9.2024
\သာဓုခေါ်ချင်လည်း ရပါတယ်..မခေါ်ချင်လည်း ရပါတယ်ခင်ဗျာ\
"သာဓုခေါ်ချင်လည်း ရပါတယ်..မခေါ်ချင်လည်း ရပါတယ်ခင်ဗျာ"တဲ့
အတော်လေးသဘောကျပါတယ်။ ဒါလည်း တကယ်လိုအပ်တဲ့ပစ္စည်းပါပဲ။ ပြီးတော့ သူများတွေလို ပစ္စည်းလှူတဲ့ပုံတွေဓါတ်ပုံရိုက် ဘာညာဟန်လုပ် ဒါမျိုးတွေမတွေ့ရပဲ သူကိုယ်တိုင်လည်း ရေဘေးသင့်တဲ့သူတွေနဲ့ တဝိုင်းတည်းဝင်ထိုင်နေတာ။ ကိုယ့်လုပ်ရပ်အပေါ်ကို ဘာမှပြန်မမျှော်လင့်ပဲ စိတ်ရှင်းရှင်းလေးနဲ့ ကူညီတဲ့စိတ်ထားလေးကို သဘောအကျဆုံးပဲ..
နောက်လည်းအများကြီး ကူညီနိုင်ပါစေ အကိုရေ