1 နှစ် - ဘာသာပြန်ပါ။

ပုံသဏ္ဍာန် ၂ မျိုးပြောင်းနိုင်တဲ့ လျှပ်စစ်ကား
========================

လျှပ်စစ်ကား နယ်ပယ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး ကုမ္ပဏီတွေဟာ ထူးခြားဆန်းသစ်တဲ့ လျှပ်စစ်ကားတွေကို ဖန်တီးလာကြပါတယ်။ တရုတ် ကုမ္ပဏီ Changan ရဲ့ လျှပ်စစ်ကား အသစ်ကလည်း ဒီဇိုင်းထူးခြားပါတယ်။ Nevo E07 လို့ အမည်ပေးထားတဲ့ လျှပ်စစ်ကားဟာ SUV နဲ့ Pickup Truck Mode ကို ပြောင်းလဲနိုင်ပါတယ်။

တကယ်မိုက်တာက အဲဒီကားမှာ Changan က ကမ္ဘာ့ ပထမဆုံးလို့ ပြောတဲ့ ဂြိုလ်တု ဆက်သွယ်ရေး ထည့်သွင်းထားပါတယ်။ Level 2+ Autonomous Driving စွမ်းရည် အပါအဝင် အဆင့်မြင့် ယာဉ်မောင်းထောက်ကူစနစ်တွေ ပါလာပါတယ်။ Nevo E07 ဟာ အင်တာနက် အမြဲချိတ်ဆက်ထားနိုင်သလို ပတ်ဝန်းကျင်မှ အရာတွေကို သိနားလည်ပါတယ်။ အဲဒီလို စွမ်းဆောင်နိုင်ဖို့ ဆန်ဆာများစွာနဲ့ စွမ်းရည်မြင့် NVIDIA Orin-x Chip ထည့်သွင်းထားပါတယ်။

အဲဒီကားအတွက် EREV (Extended-range Electric Vehicle) နဲ့ EV (Pure Electric) မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပါတယ်။ EREV ဟာ လျှပ်စစ်စွမ်းအင်နဲ့ ၁၂၄ မိုင်မောင်းနှင်နိုင်ပြီး အဲဒီနောက်မှာ လောင်စာဆီ အင်ဂျင်နဲ့ ဆက်လက်မောင်းနှင်နိုင်ပါတယ်။ 800V High-voltage Fast Charging ကြောင့် ၁၅ မိနစ်အားသွင်းရင် ၃၆၅ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

EREV Max ကို စတာလင်ပေါင် ၂၆,၈၀၀ နဲ့ Ultra High-performance Version ကို စတာလင်ပေါင် ၃၄,၄၀၀ သတ်မှတ်ထားပြီး တရုတ်မှာ ကြိုတင် ရောင်းချလိုက်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

iPhone 15 Pro Max နဲ့ ရိုက်ကူးထားတဲ့ “28 Years Later” Zombie ရုပ်ရှင်
===========================================

iPhone နဲ့ ရိုက်ကူးတဲ့ ရုပ်ရှင်တွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ အဲဒီအထဲမှာ “ 28 Years Later” Zombie ရုပ်ရှင်လည်း ပါဝင်လာပြီး အဲဒီ ရုပ်ရှင်ကို iPhone 15 Pro Max နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာက Danny Boyle ဖြစ်ပါတယ်။

ဒါရိုက်တာ Boyle နဲ့ cinematographer Anthony Dod Mantle တို့က iPhone 15 Pro Max ကိုအသုံးပြုပြီး ရိုက်ကူးထားတာလို့ သတင်းထွက်လာပါတယ်။ ဒါရိုက်တာက “28 Years Later “ ကို iPhone 15 Pro Max နဲ့ ရိုက်ကူးထားတဲ့အကြောင်းကို အဖွဲ့သားတွေကို မပြောဖို့ နှုတ်ပိတ်ထားပေမယ့် သတင်းတွေ ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။ iPhone 15 Pro Max နဲ့အတူ Lens နဲ့ Stabilizer တွေ အသုံးပြုကာ ရုပ်ရှင်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

“28 Years Later” ရုပ်ရှင်ကို ၂၀၂၅ ခုနှစ် နွေရာသီမှာ စတင် ပြသမှာ ဖြစ်ပါတယ်။ Zombie ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပဲ ကမ္ဘာကြီးမှာ Zombie တွေ ထွက်ပေါ်လာပြီး လူသားတွေက အသက်ရှင်သန်အောင် ကြိုးစားကြရတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်မှာ နာမည်ကြီး မင်းသား၊ မင်းသမီးတွေ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

မာရသွန်ဝင်ပြေးရင်း ရုရှားပစိဖိတ်ရေတပ်အုပ်စုရဲ့ ရေကြောင်းပြအရာရှိ သေဆုံး
၂၈/စက်တင်ဘာ/၂၀၂၄

ဗလာဒီဗော့စတော့အခြေစိုက် ရုရှားပစိဖိတ်ရေတပ်အုပ်စုရဲ့ ရေကြောင်းပြအကြီးအကဲ အယ်ဂျဲလ်နီး ဗီယွန်နက်ဗ်ဟာ စက်တင်ဘာ ၂၈ ရက်နေ့က ကျင်းပတဲ့ "Bridges of Vladivostok" မာရသွန်ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရင်း သေဆုံးခဲ့ရကြောင်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
အသက် ၄၁ နှစ်အရွယ် ရေကြောင်းပြအရာရှိ အယ်ဂျဲလ်နီး ဗီယွန်နက်ဗ်ဟာ မာရသွန်ပြိုင်ပွဲ ၅ ကီလိုမီတာခန့်ပြေးအပြီးမှာ ဆက်မပြေးနိုင်တော့ပဲ လဲကျသွားခဲ့တာလို့ဆိုပါတယ်။ ဗလာဒီဗော့စတော့မြို့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေက အရေးပေါ်ကူညီဖို့ ကြိုးစားခဲ့ပေမဲ့ သေဆုံးသွားရကြောင်းလည်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
မာရသွန် ပြိုင်ပွဲဝင်အားလုံးကို ကျန်းမာရေးဆေးစစ်ဆေးပြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ပေးတာဖြစ်လို့ ရေကြောင်းပြအရာရှိ အယ်ဂျဲလ်နီး ဗီယွန်နက်ဗ်သေဆုံးရမှုအပေါ်ကို ဆက်လက်စစ်ဆေးဖို့ရှိနေတယ်လို့လည်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။ သက်ဆိုင်ရာ ပစိဖိတ်ရေတပ်အုပ်စုကတော့ ရေကြောင်းပြအရာရှိ သေဆုံးမှုအပေါ် တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးကြောင်းလည်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ကျူးကျော်မိသားစုတွေကို မြေနဲ့အိမ် ဝယ်ပေးမည်

ရှမ်းတောင်ပိုင်း ကလောမြို့မှာ သဘာ‌ဝဘေးကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ကျူးကျော်မိသားစုတွေကို ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းက မြေနဲ့အိမ် ဝယ်ပေးမယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် တောင်ကျရေတွေ စီးဆင်းမှုကြောင့် ရေစီးနဲ့ မျောပါပြီး နေအိမ်တွေ ပျက်စီးခဲ့တဲ့ ကျူးကျော်မိသားစုတွေကို အဓိက ဝယ်ပေးမှာ ဖြစ်ပါတယ်။

ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်..

"လက်ရှိ ရာသီဥတုအနေထားက မိုးရွာပြီး အေးပါတယ်။ နေစရာအိမ်မရှိတော့ ဝါးလုံးလေးထောင်ပြီး တာလပတ်ကို အမိုးလုပ်ပြီး နေနေကြရတယ်။ ဒီရာသီဥတုနဲ့ဆို ရေရှည်နေဖို့ မပြောနဲ့ တစ်ရက်တောင် တော်တော်ကြိုးစားနေရမှာ။ ကျွန်တော့် အနေနဲ့ အိမ်ပြိုပျက်သွားတဲ့ ကျူးကျော် မိသားစုတွေ အကုန်လုံးကို တစ်အိမ် ၁ သိန်း/၂ သိန်း/ ၃ သိန်း လှူလို့ သူတို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ လက်တွေ့ အကူညီဖြစ်အောင် အိုးပိုင် အိမ်ပိုင်ဖြစ်အောင် လုပ်ပေးမှာပါ"

အစီအစဉ်ကတော့ ကလောမြို့ရဲ့ ကုန်းမြင့်နေရာတခုမှာ မြေကွက်ဝယ် အိမ်ဆောက်ပေးပြီး ပိုင်ဆိုင်မှုကို ၃ နှစ်ပြည့်လို့ အမှန်တကယ် နေထိုင်သူဆို အပိုင်လွှဲပေးမှာဖြစ်ပြီး ပြန်ရောင်းတာမျိုး လုံးဝ ခွင့်မပြုဘူးလို့ သိရပါတယ်။

ရွှေတြိဂံ၊ ပုံ - ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း

image
1 နှစ် - ဘာသာပြန်ပါ။

Elon Musk ဟာ ကမ္ဘာ့ ပထမဆုံး ထရီလီယမ်နာ ဖြစ်လာနိုင်
==================================

Elon Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၂၅၀ ဘီလီယမ် နီးပါး ရှိတယ်လို့ တွက်ချက်ထားပါတယ်။ Informa Connect Academy က Tesla CEO ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ပျမ်းမျှအားဖြင့် တစ်နှစ်ကို ၁၀၀ ရာခိုင်နှုန်း တိုးတက်လာပြီး ၂၀၂၇ ခုနှစ်မှာ ကမ္ဘာ့ ပထမဆုံး ထရီလီယမ်နာ ဖြစ်လာမယ်လို့ ပြောပါတယ်။

Nvidia CEO နဲ့ ပူးတွဲ တည်ထောင်သူ Jensen Huang နဲ့ အိန္ဒိယ ဘီလီယမ်နာ Gautam Adani တို့ဟာလည်း ထရီလီယမ်နာ ဖြစ်လာမယ်လို့ တွက်ချက်ထားပါတယ်။

Musk ဟာ ဒုံးပျံ၊ လျှပ်စစ်ကား၊ လူမှုကွန်ရက် အပါအဝင် ကုမ္ပဏီများစွာကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အောင်မြင်တဲ့ စီးပွားရေး အင်ပါယာကို တည်ထောင်ထားနိုင်ပါတယ်။

အခုတော့ သူဟာ ကမ္ဘာ့ ပထမဆုံး ထရီလီယမ်နာ ဘွဲ့ကို ရယူနိုင်တော့မှာ ဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ယနေ့စက်သုံးဆီစျေးနှုန်း (၂၈-၉-၂၀၂၄)

image
1 နှစ် - ဘာသာပြန်ပါ။

ငါ ငယ်ငယ်ကလိုပဲ 😁

image
1 နှစ် - ဘာသာပြန်ပါ။

ငါ ငယ်ငယ်ကလိုပဲ 😁

image
1 နှစ် - ဘာသာပြန်ပါ။

ငါ ငယ်ငယ်ကလိုပဲ 😁

image
1 နှစ် - ဘာသာပြန်ပါ။

ငါ ငယ်ငယ်ကလိုပဲ 😁

image