စာအုပ်တအုပ်မှာ ဖတ်ခဲ့ဖူးတယ်
မေတ္တာတွေ အပေးလွန်သွားတဲ့အခါ
တဖက်လူရဲ့ မသိစိတ်မှာ
မတောင်းလဲရနေတာပဲလို့ တွေးတတ်ပြီး
မသိမသာ တန်ဖိုးမဲ့သွားတတ်တယ်တဲ့။
#sone 🤍🌻
Crd
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စာအုပ်တအုပ်မှာ ဖတ်ခဲ့ဖူးတယ်
မေတ္တာတွေ အပေးလွန်သွားတဲ့အခါ
တဖက်လူရဲ့ မသိစိတ်မှာ
မတောင်းလဲရနေတာပဲလို့ တွေးတတ်ပြီး
မသိမသာ တန်ဖိုးမဲ့သွားတတ်တယ်တဲ့။
#sone 🤍🌻
Crd
ရည်းစားက အခုထားချင် အခုရပါတယ်။ ကိုယ့်ဖြစ်တည်မှုတိုင်းကို လက်ခံပေးနိုင်ပြီး အတည်ချစ်ပေးမယ့်သူပဲရှားတာ။
အစပိုင်းတင်နွေးထွေးတာမဟုတ်ဘဲ အချိန်ဘယ်လောက်ကြာကြာ မပြောင်းလဲတဲ့ သူပဲလိုချင်တာ။ ချစ်ရင်မြဲချင်တယ်။ အဆုံးထိသွားချင်တယ်။ တစ်ယောက်တည်းကို အကြာကြီးချစ်ချင်တယ်။
အခုချစ် အခုပ"စ်နဲ့ တစ်စုံတစ်ယောက်ကို အစကနေပြန်လေ့လာပြီး ခဏခဏချစ်ရမှာ ပင်ပန်းတယ်။
ကိုယ်တိုင်က အားနည်းချက်တွေနဲ့မို့ သဘောကျတယ် ဆိုတိုင်း ဇွတ်မတိုးရဲသလို ကိုယ့်အားနည်းချက်ကို လက်မခံပေးနိုင်သူကိုလည်း ကပ်တွယ်နေမယ့်ထဲမှာ ပါမနေဘူး။
အဲ့တော့ ကိုယ်နဲ့အဆင်ပြေမယ့်သူနဲ့ မဆုံသေးသ၍တော့ တစ်ယောက်တည်းနေတာကပဲ ပိုကောင်းပါတယ်ပေါ့ . . . ♡︎
#ပြည့်စုံလျှံ
ဘဝမှာဘယ်တော့မှမကြိုးစားသင့်တဲ့
အရာတစ်ခုရှိတယ်
အဲ့တာ အချစ်ခံရဖို့ပဲ
ဘာလို့လဲဆိုတော့
လူဆိုတာ သူချစ်ချင်တဲ့သူကိုကျ
ဘယ်လောက်ဆိုးဆိုး ချစ်နေတတ်ပြီး
မချစ်ချင်တဲ့သူများကျတော့
ဘယ်လောက်ကောင်းကောင်း
မချစ်လာနိုင်တတ်တာမျိုး
ဆိုးလို့မချစ်တာ ကောင်းလို့ချစ်တာဆိုတာ
အလကားအကြောင်းပြချက်တွေပဲ
ချစ်တဲ့လူက ချစ်ကိုချစ်တယ် ။
💭 || 4.9.2024
မင်းကို မေးချင်နေမိတဲ့
မေးခွန်းတွေထဲက တစ်ခုပါ ...
ကိုယ် ရှိနေရုံနဲ့
မလုံလောက်ဘူးလား ...
နေရာတကာမှာ
ကိုယ့်ကိုယ်ကိုယ် မေ့တဲ့အထိ
ဂရုစိုက်နေမိတဲ့ ကိုယ်က
ပိုများ ပိုနေတာလားလို့ ...
ဒါမှမဟုတ်
ကိုယ့်ချစ်ခြင်းတွေက
မင်းအတွက် မလောက်ငှရအောင်
ဘယ်နေရာမှာများ လိုအပ်ချက်ရှိနေလို့လဲလို့
အဖြေတွေ ရှာနေမိတယ် ...
တခြားတစ်ယောက် နဲ့
စကားတွေ ပြောနေရမှ
ပျော်တတ်တာလား ...
ပြီးတော့လေ ...
ကိုယ်ခဏလေး မျက်ကွယ်ရာရောက်ရင် ...
ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်က
အလိုလို မင်းအနား ရှိလာတာပါပဲ ...
ဒါက သဘာ၀ပဲလား
တစ်စုံတစ်ယောက်မရှိပဲ
ဘ၀ကို တည်တည်ငြိမ်ငြိမ်လေး
မဖြတ်သန်းနိုင်ဘူးလားဟင် ...
ကိုယ်တစ်ယောက်လုံး ရှိနေပြီလေ ...
မင်းကို အများကြီးလဲ ချစ်ပေးတယ်
တစ်ချိန်လုံးလဲ ဂရုစိုက်တယ် ...
ဒါပေမယ့်
ဘာလို့ ကိုယ်တစ်ယောက်တည်းနဲ့
မလုံလောက်ရတာလဲ ။
#zaap
ကိုယ့်ခေါင်းသေးသေးလေးထဲ
လူအများကြီးအကြောင်းကို
ပြွတ်သိပ်ထည့်ထားသရွေ့
မင်းဦးနှောက်ဟာ အဲ့ဒီလူတွေအကြောင်းကြောင့်ပဲ
လေးလံနေရမှာပဲ ။
ကြာတော့ အဲ့ဒီ လူတွေအကြောင်းကြောင့်
မင်းကိုယ်မင်းမေ့လာတယ်
မင်းလုပ်ရမယ့် ကိစ္စလေးတွေကျကျန်လာတယ်
မင်းဖြစ်ချင်တဲ့ အိပ်မက်တွေပါ
တဖြည်းဖြည်း မှေးမှိန်သွားတယ် ။
မလိုအပ်တဲ့လူတွေအကြောင်းကို
ခေါင်းထဲထည့်ထည့်ထားရင်
ဘယ်နေရာသွားသွား အတွေးတွေဟာ
မလတ်ဆတ်နေဘူး ။
အမြဲလေးလေးလံလံနဲ့ပဲ
မင်း ဖြတ်သန်းရလိမ့်မယ် ။
#luah(AungKhinSitt)
80pm
#လူအများအကြောင်းခေါင်းထဲထည့်မထားနဲ့
အိပ်ပျော်ဖို့ အား
အလုပ်တစ်ခုလို လုပ်ရမယ်လို့
ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး..
ဒီလိုပဲ အိမ်မက်က ဘာလဲ မေးရင်
အိပ်ချိန်လေး မှန်ချင်တယ်လို့ပဲ
ဖြေမိလိမ့်မယ် ။
#ဒဿ 2024
-pic crd
တိုက်ဆိုင်တာလားဘာလားတော့ မပြောတတ်ဘူး
သိပ်ချစ်တတ်ပါတယ်ဆိုတဲ့သူအများစုကိုကြည့်လိုက်ရင် ဘဝမှာ သိပ်အချစ်မခံခဲ့ရတဲ့သူတွေဖြစ်နေတတ်တယ်
ကိုယ့်ဖက်ကအများကြီးချစ်ပေးရင်တော့ အများကြီးပြန်အချစ်ခံရမှာပဲဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ သူတို့တွေ ချစ်ပေးခဲ့ကြတာပဲ...
ဝမ်းနည်းစရာတစ်ခုကတော့ အဲ့လိုတူညီတဲ့တုံ့ပြန်မှုမျိုး သူတို့တွေ ဘယ်တော့မှ ပြန်မရခဲ့ကြတာပါပဲ ..
—
#မိုးနေ့
လူတစ်ယောက်မှာ လူတစ်ယောက်ပဲလိုတယ်။
အဲ့ဒီလူက ဘဝမှာ မင်းကိုယုံတဲ့သူ။
သတ္တိတွေ အင်အားတွေ ပေးနိုင်တဲ့သူ။
မင်းဘာလုပ်လုပ် မင်းကိုအားပေးတဲ့သူ။
ဘာပဲလွဲလွဲ နားလည်ပေးနိုင်တဲ့သူ။
နောက်ဆုံး ..
မင်း အမှားတွေလုပ်နေဦးတော့
I’ll be there for you ဆိုတဲ့သူ။
လူတစ်ယောက်မှာ လူတစ်ယောက်ပဲလိုတယ်။
💭 || 3.9.2024
ကျတော် ပြောပြောနေတဲ့ Quality Partner ဆိုတာကလေ Graduated ဖြစ်ရမယ်လို့ ဆိုလိုတာမျိုး မဟုတ်ဘူး။
အတွေးအခေါ် ၊ ဆင်ခြင်တုံတရား ၊ အမူအကျင့်နဲ့ အကျင့်စာရိတ္တကောင်းတဲ့ Educated ကို ဆိုလိုတာပါ။ ပြောချင်တာကတော့ ဘွဲ့ရရုံနဲ့ ပညာတတ်မဟုတ်ပြန်ဘူးဆိုတဲ့ သဘောနဲ့ ယှဉ်ပြောပြတာပါ
တစ်မိဘတည်း မွေးတဲ့ ညီကိုမောင်နှမတွေတောင် တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားချင်း လုံးဝမတူကြတာ .... သူစိမ်းနှစ်ယောက် ပေါင်းစပ်တဲ့ ဒီ Bond ဆို ပိုဆိုးတာပေါ့။ မတူညီခြင်းပေါင်း သောင်းခြောက်ထောင် ရှိကြမှာပဲ။
ဒါတွေကို ဘယ်လို Handle လုပ်မလဲ
ဘယ်လို ညှိနှိုင်းကြမလဲ
ကိုယ့်ကြောင့် တစ်ဖက်လူမထိခိုက်စေဖို့ ဘာတွေပြင်ဆင်ရမလဲဆိုတဲ့ အချက်တွေကို လူစိတ်ရှိရှိ တွေးခေါ်ဆင်ခြင်နိုင်ပြီး ရဲရဲဝံ့ဝံ့ လက်တွဲပြလို့ရတဲ့ Quality Partner မျိုး ပိုင်ဆိုင်စေချင်တာပါ။
ဒီလိုလူမျိုးကိုသာ အမှန်တကယ် ပိုင်ဆိုင်ထားရပြီဆိုရင် ဘဝအနိမ့်အမြင့်အတက်အကျတွေ မျိုးစုံ ကြုံလာခဲ့ချိန်မှာတောင် သူ့ကြောင့် အချိန်တိုင်း Blessing ဖြစ်နေမှာ သေချာပါတယ်။
A Quality Partner consistently enriches the relationship, fostering growth through empathy and steadfast support in all of life's circumstances ‼️
—🌼💛
#crd