Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကမ္ဘာ့အမြင့်ဆုံး ဓာတ်လှေကား
အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ ဓာတ်လှေကားတွေအနက်မှာတော့ Bailong Elevator က အမြင့်ဆုံး ဖြစ်ပါတယ်။
၁,၀၇၀ ပေ မြင့်တဲ့ ဒီဓာတ်လှေကားဟာ တရုတ်နိုင်ငံ တောင်အလယ်ပိုင်းက Wulingyuan နယ်မြေမှာ တပ်ဆင်တည်ဆောက်ထားတာဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဓာတ်လှေကားကို ၂၀၁၅ ခုနှစ်မှာတော့ ကမ္ဘာ့အမြင့်ဆုံး အပြင်ဘက် ဓာတ်လှေကားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် အဆင့်မြှင့်တင်မှုများပြုလုပ်အပြီးမှာတော့ တောင်ထိပ်အထိ ၁မိနစ် နဲ့ ၃၂ စက္ကန့်သာ ကြာမြင့်ပါတော့တယ်။