1 y - Translate

Just a girl who loves flowers ♡゙

image
1 y - Translate

Just a girl who loves flowers ♡゙

image
1 y - Translate

Just a girl who loves flowers ♡゙

image
image
image
image
1 y - Translate

ဖူဆယ်ပြိုင်ပွဲမှ ရရှိသည့်ငွေများကို ရေဘေးထူထောင်ရေး လှူဒါန်းမည်
-----------------------------
ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် ရှပ်ရှင်၊ ဂီတနယ်ပယ်က အနုပညာရှင်တွေနဲ့ ရန်ကုန်တိုင်း အမျိုးသမီးလက်ရွေးစင်အသင်းတို့ ပါဝင်ကစားခဲ့တဲ့ ရန်ပုံငွေဖူဆယ်ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ (၂၄)ရက် ကနေ(၂၇)ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံဖူဆယ်အားကစားရုံမှာ ကျင်းပခဲ့ပါတယ်။

အဲဒီ ရန်ပုံငွေပြိုင်ပွဲက ရရှိတဲ့အလှူငွေတွေကို ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ သွားရောက် လှူဒါန်း သွားမှာဖြစ်တယ်လို့ ရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲ စီစဉ်သူ ကိုကျော်စွာက ပြောပါတယ်။ ရန်ပုံငွေပြိုင်ပွဲ မှာ အသင်း(၄)သင်းဖြစ်တဲ့ ရန်ကုန်တိုင်း အမျိုးသမီးလက်ရွေးစင်အသင်း YW FC ၊ Music FC ၊ Movie FC နဲ့ Frie nd FC အသင်းတို့က ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြပြီး စက်တင်ဘာလ(၂၇)ရက်မှာတော့ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြိုင်ပွဲအပြီးမှာ ဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့ပြီး ပထမဆုကို Music FC ၊ ဒုတိယဆုကို Friend FC အသင်း၊ တတိယဆုကို Movie FC အသင်းနဲ့ စတုတ္ထဆုကို ရန်ကုန်တိုင်း အမျိုးသမီးလက်ရွေး စင်အသင်း YW FC တို့က ရရှိခဲ့ကြပါတယ်။ ရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲ မှာတော့ ပွဲလာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေနဲ့ ဆက်သွယ် လှူဒါန်းမှု စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော် ရရှိခဲ့ပြီး ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ လှူဒါန်း သွားမယ်လို့ ပွဲစီစဉ် ကျင်းပတဲ့သူတွေဆီက သိရပါတယ်။

image
1 y - Translate

True fact 😂

image
1 y - Translate

ပုစွန်အာလူးလုံးကြော်နည်း
*********************


သရေစာအဖြစ်ပဲစားစား၊ ကျောင်းထမင်းထည့်တဲ့အခါမှာလည်း အဆင်ပြေတဲ့ ဟင်းတစ်မည်ပါ။ ကလေးထမင်းမစားချင်တဲ့အခါ ထမင်းအစားထိုး ကာဗိုဟိုက်ဒရိတ်
ပါဝင်တဲ့ အာလူးအသားဓာတ်အတွက် ပုစွန် စသည်တို့ပါဝင်တာမို့ တစ်မျိုးတည်းနဲ့ အာဟာရစုံ ကျွေးလို့ရပါတယ်။

ပါဝင်ပစ္စည်းများ
• အာလူး - ၃ လုံး (အနေတော်)
• ပုစွန် - ၂၀ ကျပ်သား
• ကြက်သွန်မြိတ် - အနည်းငယ်
• ကြက်ဥ - ၁ လုံး
• ပေါင်မုန့်ခြောက် - ထမင်းစားဇွန်း ၃ ဇွန်း
• ကြက်သွန်နီ - ၂ လုံး
• ဆား - အနည်းငယ်
• ငရုတ်ကောင်း - အနည်းငယ်
• ပြောင်းကော်မှုန့် - ပန်းကန်လုံး တစ်ဝက်
• ဆီ

ပြုလုပ်နည်း
၁။ အာလူးကို အခွံနွှာပြီး သန့်စင်၍ အနေတော်တုံးပြီး အာလူးနူးအောင် ရေနွေးခံပေါင်းပါ။ ပေါင်းပြီးသား အာလူးကို ခက်ရင်းဖြင့် ခြေပါ။
၂။ ပုစွန်ကို အခွံခွာ၍ သန့်စင်ပြီး နုပ်နုပ်စဉ်းပါ။
၃။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။
၄။ ကြက်သွန်နီကို အခွံနွှာ၍ သန့်စင်ပြီး နုပ်နုပ်စဉ်းပါ။
၅။ အာလူး၊ ပုစွန်၊ ကြက်သွန်မြိတ်၊ ပေါင်မုန့်ခြောက်၊ ကြက်သွန်နီ၊ ကြက်ဥ၊ ဆား၊ ငရုတ်ကောင်းတို့ကို နှံ့အောင် ရောနယ်ပြီး ရေခဲသေတ္တာအခဲခန်းထဲ ၁ နာရီ ထားပါ။
၆။ အချိန်စေ့လျှင် ရေခဲသေတ္တာထဲမှထုတ်ပြီး အနေတော် အလုံးလေးလုံး၍ ပြောင်းကော်မှုန့် လူးပြီး ဆီပူမှာ ရွှေရောင်သန်းလာအောင် ကြော်ပါ။
ဆီကို အရမ်းမပူအောင် မီးအသင့်အတင့်ဖြင့်သာ ကြော်ပါ။
------------------------------

image
1 y - Translate

(၃၀.၉.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၄၁၃,၅၄၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၄၅၀,၀၀၀ ကျပ်

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၆၇၀ ကျပ်(ဝယ်)၊ ၄၇၇၀ ကျပ်(ရောင်း)

👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၁၃၅ ကျပ်
Octane 95 - ၃၂၉၀ ကျ​ပ်
Premium Diesel - ၃၂၃၀ ကျပ်
Diesel - ၂၅၈၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာဒေသအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image
1 y - Translate

အသီးကတော့ စားလို့ကုန်ပီ😁😁😁

image
1 y - Translate

သူများက ဝယ်ကျွေးသောအခါ 🥹

image
1 y - Translate

ဟစ်ဇ်ဘိုလာ ထိပ်တန်းအရာရှိတစ်ဦး ထပ်မံသေဆုံး
----------------------
နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ ဟစ်ဇ်ဘိုလာ အကြီးတန်းပုဂ္ဂိုလ် နာဘီလ် ခါအုတ် သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က စက်တင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။ ဟစ်ဇ်ဘိုလာက ခါအုတ်ရဲ့ ကံကြမ္မာအပေါ် မှတ်ချက်မပေးသေးပေမယ့် ထောက်ခံသူတွေဟာ စနေနေ့ကတည်းက သူ့အတွက် ဝမ်းနည်း ကြောင်း သဝဏ်လွှာတွေ ဖော်ပြခဲ့ကြပါတယ်။

ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာစရာလာဟာ စက်တင်ဘာ ၂၇ ရက်က ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံး ရှိ အဖွဲ့ရဲ့ ဌာနချုပ်မှာ ကြီးမားတဲ့ အစ္စရေးလေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် ဟစ်ဇ်ဘိုလာက အစ္စရေးနိုင်ငံအတွင်းကို ဒုံးကျည်အသစ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အီရန်ကလည်း လက်စားချေမယ်လို့ ပြောခဲ့ပါတယ်။

အစ္စရေးရဲ့ ရည်မှန်းချက်ဟာ ဟစ်ဇ်ဘိုလာ ဒုံးကျည်ပစ်ခတ်မှုကနေ ကင်းဝေးစေဖို့နဲ့ မြောက်ပိုင်းဒေသတွေဆီ ရွှေ့ ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာ ပြန်လာခွင့်ပြုဖို့ ဖြစ်ပေမယ့် တိုက်ခိုက်မှုတွေက လက်ဘနွန် အရပ်သား တွေအပေါ် ဆိုးရွားစွာ ထိခိုက်စေခဲ့ပါတယ်။

လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက နှစ်ပတ်အတွင်း လက်ဘနွန်နိုင်ငံသား ၁၀၀၀ ကျော် သေဆုံးပြီး ၆၀၀၀ ဒဏ်ရာရခဲ့တယ်လို့ ပြောပေမယ့် အရပ်သား ဘယ်လောက် ပါဝင်တယ်ဆိုတာ မထုတ်ပြန်ခဲ့ပါဘူး။ လူဦးရေရဲ့ ငါးပုံတစ်ပုံဖြစ်တဲ့ လူတစ်သန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ လက်ဘနွန်အစိုးရက ပြောပါတယ်။

image