1 နှစ် - ဘာသာပြန်ပါ။

ရှမ်းနှစ်သစ်ကူးပွဲတော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုရင်ပြင်၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှကြီးမှူး၍ (၇)ရက်တိုင်ကျင်းပခဲ့သည့် ရှမ်းသက္ကရာဇ် ၂၁၁၉ ခုနှစ် နှစ်သစ်ကူးပွဲတော်မှ ကြည်နူးဖွယ်မြင်ကွင်းပုံရိပ်များအား စုစည်းဖော်ပြလိုက်ရပါသည်။

image
1 နှစ် - ဘာသာပြန်ပါ။

ရှမ်းနှစ်သစ်ကူးပွဲတော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုရင်ပြင်၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှကြီးမှူး၍ (၇)ရက်တိုင်ကျင်းပခဲ့သည့် ရှမ်းသက္ကရာဇ် ၂၁၁၉ ခုနှစ် နှစ်သစ်ကူးပွဲတော်မှ ကြည်နူးဖွယ်မြင်ကွင်းပုံရိပ်များအား စုစည်းဖော်ပြလိုက်ရပါသည်။

image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံသို့ပထမဆုံးစရောက်သောအခါ

image
1 နှစ် - ဘာသာပြန်ပါ။

အချစ်ခံရတဲ့ အတွဲတိုင်း ဝလာတတ်တယ်၊

image
1 နှစ် - ဘာသာပြန်ပါ။

အချစ်ခံရတဲ့ အတွဲတိုင်း ဝလာတတ်တယ်၊

image
1 နှစ် - ဘာသာပြန်ပါ။

အချစ်ခံရတဲ့ အတွဲတိုင်း ဝလာတတ်တယ်၊

imageimage
1 နှစ် - ဘာသာပြန်ပါ။

Toner သုံးနည်း အမြဲမေးကြတဲ့
ကိုယ့်အချစ်တွေ
သေချာ ဖတ်ကြည့်ပေးနော်

***တိုနာလိမ်းနည်း**

တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ
ဟုတ်ပါသလား

တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။ သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။ တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။ တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။

ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။ အနေတော်လောက်ထည့်ပြီး သုံးရတယ်။ ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။

သတိပြုရမှာက တိုနာသုံးပြီး တခြားskin care ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင် တစ်မိနစ်ထားပြီးမှ တခြားskin care ဆက်
သုံးရမယ်။
အားလုံးပဲလှနိုင်ကြပါစေရှင် ....

#credit
#tonerလိမ်းနည်း

image
1 နှစ် - ဘာသာပြန်ပါ။

အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)နှင့်(တောင်ကြီး)တို့ကိုစတင်ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသစ်များအား ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသစ်ဖွင့်ပွဲအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးတက်ရောက်ခဲ့ပြီး အလုပ်ရုံ၊ Physics Lab and Chemistry Lab ခန်း၊ စာသင်ခန်းများ၊ ပုံဆွဲခန်းများ၊ စာကြည့်တိုက်နှင့် ကွန်ပျူတာခန်းတို့အားကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်မှ ကရင်ပြည်နယ်၌ အင်ဂျင်နီယာလက်မှတ်ရပညာရှင်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်၍ ဂုဏ်ယူမိကာ ပြည်သူလူထုအကျိုးရှိပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်မည့် အခြား သင်တန်းများကိုလည်းဒေသလိုအပ်ချက်နှင့်အညီ ဆက်လက်ဖွင့်လှစ်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ထို့အတူ တောင်ကြီးမြို့၊ တောင်ကြီး-ဟိုပုံးသွားလမ်းမကြီးဘေးရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)ကိုလည်း ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်မှ ရှမ်းပြည်နယ်အတွင်းရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းများနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများသည် ယခု ဖွင့်လှစ်သည့်ကျောင်း၌ ပေါင်းကူးတက်ရောက်ခွင့်ရမည်ဖြစ်ကာ (၃)နှစ်တက်ရောက်ပြီးပါက A.G.T.I ဒီပလိုမာနည်းပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်ကြသူများမှာ နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်တို့တွင် ပေါင်းကူးဆက်လက်ပညာသင်ခွင့်ရရှိမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံ၏လိုအပ်ချက်အပေါ်မူတည်၍ နှစ်အလိုက် အထူးပြုဘာသာရပ်များကိုထပ်မံတိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ ဒေသအတွင်း၌ နိုင်ငံတော်အတွက်လိုအပ်နေသည့် အင်ဂျင်နီယာအတတ်ပညာရှင်များကို မကြာမီစတင်မွေးထုတ်ပေးနိုင်မည်ဟုလည်း ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသည့် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံကျောင်းများ၊ သက်မွေးပညာ သင်တန်းကျောင်းများနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းပေါင်း(၁၂၈) ကျောင်းရှိကြောင်း သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

ထိုင်းဘုရင်၏(၇၂)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း၏ သက်တော်(၇၂)နှစ်ပြည့်အထိမ်းအမှတ်နှင့် ချင်းမိုင်မြို့၊ Royal Park Rajapruek ပန်းခြံ၌ The Royal Project International Conference နှင့် The Royal Project Fair 2024 ဖွင့်ပွဲအခမ်းအနားသို့ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းမှတက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း၏ သက်တော်(၇၂)နှစ်ပြည့် အထိမ်းအမှတ်နှင့် Royal Project Foundation တည်ထောင်သည့် (၅၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ (၁)ရက်က Royal Project Foundation က ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းနားသို့ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းနှင့် မိဖုရား ဆုသိတာတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဘုရင့်အတိုင်ပင်ခံ ကောင်စီဝင်များ၊ ထိုင်းအစိုးရဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ထိုင်းနိုင်ငံအခြေစိုက် သံရုံး/ကောင်စစ်ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများ နှင့် ကောင်စစ်ဝန်ချုပ်များ၊ UNODC ၏ အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ်နှင့် ချင်းမိုင်ခရိုင် ဌာနဆိုင်ရာအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၎င်းအခမ်းအနားအပြီး မြန်မာကောင်စစ်ဝန်ချုပ်က The Royal Project Foundation ဥက္ကဋ္ဌ ဘုရင့် အတိုင်ပင်ခံကောင်စီဝင်၊ ဗိုလ်ချုပ်ကြီး Kampanat Ruddith က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

✅မေဆွန်ဂရင်းဝုဒ် သည် ပြင်သစ်လီဂူးတွင် 1994 ခုနှစ် ဆွန်နီအန်ဒါဆင်နောက်ပိုင်း မာဆေးလ်အသင်းနှင့် ပထမဆုံး 13 ပွဲကစားပြီးနောက် ၉ ဂိုး သွင်းယူနိုင်ခဲ့သည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။

image