အာဆတ်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ဖျက်သိမ်းပြီး နာမည်ဆိုးအကျဉ်းထောင်တွေကို ပိတ်ပစ်မယ်လို့ ဆီးရီးယားသူပုန်အဖွဲ့ခေါင်းဆောင်ပြော

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂

ဆီးရီးယားဖြုတ်ချခံသမ္မတဘရှားအယ်လ်အာဆတ်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ဖျက်သိမ်းလိုက်မှာဖြစ်ကြောင်း အဘူမိုဟာမက်အယ်လ်ဂိုလာနီလို့ လူသိများတဲ့ ဆီးရီယားသူပုန်ခေါင်းဆောင် အာမက်အယ်လ်ရှာရာက ဒီဇင် ဘာ ၁၁ ရက်နေ့က ရိုက်တာသတင်းဌာနကိုပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။

ဆီးရီးယားသူပုန်အဖွဲ့ဟာ နှစ်ပေါင်း ၅၀ အုပ်ချုပ်လာတဲ့ အာဆတ်မိသားစုကို ဖြုတ်ချလိုက်ပြီး သူပုန်အဖွဲ့ရဲ့ ကြားဖြတ်အစိုးရနဲ့ သုံးလကြာအုပ်ချုပ်သွားဖို့ စီစဉ်ထားပါတယ်။

အာဆတ်အစိုးရတပ်ဖွဲ့ဝင်တွေကို လွတ်ငြိမ်းသာခွင့်ပေးသွားမှာဖြစ်ကြောင်း ပင်မသူပုန်အုပ်စုဖြစ်တဲ့ HTS (Hayat Tahrir al-Sham) အဖွဲ့ စစ်ဌာနချုပ်က ပြောပါတယ်။ “အစိုးရဟောင်းရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ဖျက်သိမ်းသွားမှာဖြစ်သလို နာမည်ဆိုး အကျဉ်းထောင်တွေကိုလည်း ပိတ်ပစ်မှာဖြစ်ပါတယ်။” လို့ ရှာရာက ပြောပါတယ်။

အာဆတ်အစိုးရလက်ထက်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားထောင်ပေါင်းများစွာကို သွားရောက်ရှာ ဖွေဖို့ ဆီးရီးယားလူမျိုးအများအပြားဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဆိုပါအကျဉ်းထောင်တွေမှာ သွားရောက် စုရုံးနေကြပါတယ်။

အကျဉ်းသားတချို့ အသက်ရှင်လျက်ပြန်လည်လွတ်မြောက်လာသလို တချို့ကလည်း သေဆုံးသွားကြပြီဖြစ်ပြီး အကျဉ်းသားထောင်ပေါင်းများစွာကိုတော့ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။

ရှာရာက ဓာတုလက်နက်တွေ သိုလှောင်ထားရှိတဲ့နေရာတွေကို ထပ်မံစုံစမ်းနေပြီး အဲဒီလက်နက်တွေ လုံခြုံဖို့အ တွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာဖြစ်စေ အဲဒီဓာတုလက်နက်တွေကို အသုံးပြုမှာမဟုတ်ဘူးလို့ ဆီးရီးယားသူပုန်အဖွဲ့ က ပြောပါတယ်။

၎င်းတို့အနေနဲ့ နည်းပညာကျွမ်းကျင်သူတွေပါဝင်တဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ရှာရာက ထပ်မံပြောကြားပါတယ်။

လက်ရှိကြေညာထားတဲ့ ကြားဖြတ်အစိုးရဟာ ဆီးရီးယားနိုင်ငံကို ၂၀၂၅ ခုနှစ်မတ်လအထိ အုပ်ချုပ်သွားမှာဖြစ် ပါတယ်။

Ref: Syrian rebel leader says he will dissolve toppled regime forces, close prisons

#centralnewsnaypyitaw

imageimage
1 y - Translate

ရိုးရှင်းတဲ့ စကားပြောလေးတွေကို ဒီဇာတ်ကားမှာမြင်တွေ့ရမှာ ဖြစ်တဲ့အတွက် အင်္ဂလိပ်စကားပြောလေ့လာနေသူတွေအတွက် အကျိုးရှိမယ့် ဇာတ်လမ်းကောင်း တကားလည်းဖြစ်ပါတယ်။
ဂုဏ်ရည်မတူတဲ့ ချစ်သူ နှစ်ဦးရဲ့ အကြောင်းကို ပုံဖော်ရိုက်ကူးထားတာလည်းဖြစ်တဲ့အတွက် အင်္ဂလိပ်စကားပြောလေ့လာရင်းနဲ့ ခံစားမူရသ နောက်တမျိုးလည်း ရရှိစေမှာဖြစ်ပါတယ်။
ဇာတ်လမ်းမှာ Noah နဲ့ Allie ဆိုတဲ့ လူငယ်နှစ်ဦးအကြောင်းကို အဓိကထားပြီး နွေရာသီတစ်ခုအတွင်းမှာ ကြုံတွေ့ရတဲ့ အချစ်ဇာတ်လမ်းကိုပုံဖော်ပြသထားတာဖြစ်ပါတယ်။
ရိုးရှင်းတဲ့ အင်္ဂလိပ်စကားပြောအသုံးလေးတွေကိုလေ့လာရမှာဖြစ်တဲ့အတွက် အင်္ဂလိပ်စကားပြောလေ့လာနေသူတွေ မဖြစ်မနေကြည့်ရူသင့်တဲ့ ဇာတ်ကားလေး တကားလည်းဖြစ်ပါတယ်။
.
.
#englishsharing
#starlordeducorner
#credit toponeenglish

image
1 y - Translate

video
ကြွက်သားကြီးထွားချင်ရင် ဒီအစားအစာတွေစာပါ 😍

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၁၂

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၀၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၈၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၃၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၇၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၃၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၁၀ ကျပ်
ဝယ်ဈေး - ၄၅၉၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၇ ကျပ်
ဝယ်ဈေး - ၆၀၁ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၇ ကျပ်
ဝယ်ဈေး - ၂၈.၇၁ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၈၃ ကျပ်
ဝယ်ဈေး - ၅၁.၄၇ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၃ ကျပ်
ဝယ်ဈေး - ၃.၀၅ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၂၅ ကျပ်
ဝယ်ဈေး - ၅၅၇၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၇၅ ကျပ်
ဝယ်ဈေး - ၂၈၀၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၅ ကျပ်
ဝယ်ဈေး - ၃၀၈၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၁ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

ရွှေရောင်းဝယ်ရေးလုပ်ငန်းများ သုံးလအတွင်း လိုင်စင်လျှောက်ထားမှု မရှိပါက အရေးယူခံရမည်ဟုဆို

ဒီဇင်ဘာ ၁၂

ရွှေရောင်းဝယ်ရေးလုပ်ငန်းများအနေနဲ့ သုံးလအတွင်း လိုင်စင်လျှောက်ထားမှုမရှိပါက အရေးယူခံရမယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေး ဝန်ကြီးဌာနဆီကနေ သိရပါတယ်။

လိုင်စင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အတွင်း တိုင်း (သို့) ပြည်နယ် ကနဦး စိစစ်ရေးအဖွဲ့အတွင်းရေးမှူးရုံးတွေဆီမှာ လျှောက်ထားကြရမယ်လို့ ထုတ်ပြန် အသိပေးထားပြီး ယမန်နေ့က ထပ်မံ အသိပေးလာတာကို တွေ့ရပါတယ်။

အဲ့ဒီလို လျှောက်ထားမှုမရှိရင်တော့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) အရ အရေးယူသွား မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဥပဒေအရ ၆ လ (သို့) ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရမယ့်အပြင် ကျပ် ၅ သိန်းထက်မပိုသော ငွေဒဏ်ကို လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။

လိုင်စင်လျှောက်ထားရာမှာ လိုင်စင်ကြေး (၁၇)သိန်း၊ သတ်မှတ်စျေးနှုန်းနဲ့သာ ရောင်းချခွင့်၊ လုပ်ငန်းရဲ့ ရင်းနှီးငွေ ၂၅ ရာခိုင်းနှုန်းကို ဘဏ်အကောင့်အတွင်း ထည့်ထားရတာတွေ ပါဝင်တဲ့ အတွက် အခက်တွေ့နေကြရတယ်လို့ ရွှေဆိုင်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

#centralnewsnaypyitaw

image
1 y - Translate

အသီးတွေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံဝေါဟာရများ 🍎 🍊

#crd-photo
#englisheverywhere

image
1 y - Translate

အသီးတွေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံဝေါဟာရများ 🍎 🍊

#crd-photo
#englisheverywhere

image
1 y - Translate

အသီးတွေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံဝေါဟာရများ 🍎 🍊

#crd-photo
#englisheverywhere

image
1 y - Translate

အသီးတွေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံဝေါဟာရများ 🍎 🍊

#crd-photo
#englisheverywhere

image
1 y - Translate

အသီးတွေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံဝေါဟာရများ 🍎 🍊

#crd-photo
#englisheverywhere

image