50 w - Translate

Aesthetic Kitchen ☁️✨

image
50 w - Translate

Aesthetic Kitchen ☁️✨

image
50 w - Translate

Aesthetic Kitchen ☁️✨

image
50 w - Translate

Aesthetic Kitchen ☁️✨

image
50 w - Translate

Aesthetic Kitchen ☁️✨

imageimage
+5
50 w - Translate

အေးချမ်းတဲ့အရပ်ကို အမြဲလိုလို လိုက်ရှာနေတာပါ
စိတ်ဆင်းရဲခြင်းတွေကို သဘောမကျဘူး
ငါက ချစ်တဲ့သူရော၊ ငါ့ကို ချစ်တဲ့သူရော
ပျော်ရွှင်ခြင်းကလွဲ ဘာကိုမှ မပေးလိုက်ချင်...

🌻🤍
#တာမြူးငယ်

image
50 w - Translate

တူကီယေးလေယာဉ်ကွင်းအဆင်း ရုရှားလေယာဉ်တစ်စင်း မီးလောင်

လူ ၉၅ ဦး လိုက်ပါလာသော ရုရှားလေယာဉ်တစ်စင်းသည် တနင်္ဂနွေနေ့က တူကီယေးနိုင်ငံတောင်ပိုင်းရှိ အန်တဲလ်ယာလေဆိပ်သို့အဆင်းတွင် အင်ဂျင်မီးလောင်ခဲ့သည်ဟု တူကီယေး သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။ ဖြစ်စဉ်တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်းအားလုံးကို လုံခြုံဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်ဟုဆိုသည်။

Azimuth လေကြောင်းလိုင်းပိုင် ဆူခွိုင်း စူပါဂျက်-၁၀၀ အမျိုးအစား လေယာဉ်သည် ခရီးသည် ၈၉ ဦး လေယာဉ်အမှုထမ်း ၆ ဦးနှင့်အတူ ဆိုချီမြို့မှ ပျံတက်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

ဒေသစံတော်ချိန် ည ၉း၃၄ နာရီတွင် လေယာဉ်ပြေးလမ်းသို့ ဆင်းသက်ခဲ့ပြီးနောက် လေယာဉ်မှူးက အရေးပေါ်ခေါ်ဆိုမှုလုပ်ခဲ့ပြီး လေဆိပ်ရှိ ကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးအဖွဲ့ဝင်များက အလျင်အမြန် မီးငြိမ်းသတ်ခဲ့ကြောင်းနှင့် ဒဏ်ရာရသူ တစ်ဦးမျှ မရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုခဲ့သည်။

မီးလောင်မှုဖြစ်ရသည့် အကြောင်းအရင်းကို လတ်တလောတွင် သိရခြင်း မရှိသေးပေ။ Haber လေဆိပ်၏ ပျံသန်းရေးသတင်းဝက်ဘ်ဆိုက်တွင် တင်ခဲ့သော အခင်းဖြစ်ဗီဒီယိုဖိုင်တွင် လေယာဉ်၏ ဘယ်ဘက်ခြမ်းမှ မီးတောက်များထွက်နေခဲ့ကာ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များက လေယာဉ်ကို ဝိုင်းဝန်းမီးငြိမ်းသတ်နေကြသည်ကို တွေ့ရသည်။ ခရီးသည်များကို လေယာဉ်၏ အရေးပေါ်လျှောမှတဆင့် ကယ်ထုတ်ပေးခဲ့သည်ကိုလည်း တွေ့ရသည်။

အခင်းဖြစ်လေယာဉ်ကို ပြေးလမ်းကြောင်းမှ ဖယ်ရှားရေးအတွက် လုပ်ဆောင်လျက်ရှိသည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ လေဆိပ်သို့ ဆိုက်ရောက်မည့် လေယာဉ်ခရီးစဉ်များကို ယာယီဆိုင်းငံ့ထားပြီး ထွက်ခွာခရီစဉ်များအတွက်မှု စစ်ဘက်သုံး လေယာဉ်ပြေးလမ်းကို အသုံးပြုစေခဲ့သည်ဟု ဆိုခဲ့သည်။

image
50 w - Translate

ဟောင်ကောင်လေယာဉ်ဆီယိုစိမ့်၍ ထိုင်ဝမ်သို့ပြောင်း၍ ဆင်းသက်ရ

နိုဝင်ဘာ ၂၄ ရက်က ဂျပန်နိုင်ငံ ဖူကူအိုကာမြို့သို့ ပျံသန်းနေသော ဟောင်ကောင်လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းသည် ဆီယိုစိမ့်မှု သံသယကြောင့် တိုင်ပေမြို့ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း သိရသည်။

လေယာဉ်ခရီးစဉ်အမှတ် HX640 သည် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ကာ ဖူကူအိုကာမြို့သို့ ညနေ ၁း၅၅ နာရီတွင် ဆိုက်ရောက်ရန် စီစဉ်ထားသည်ဟု လေယာဉ်လမ်းကြောင်းခြေရာခံဝက်ဘက်ဆိုက်ဖြစ်သည့် Flightradar24 အရ သိရသည်။

ဆောက်ချိုင်းနားမောနင်းပို့စ် သတင်းဌာန၏ မေးမြန်းမှုကို ဟောင်ကောင်လေကြောင်းလိုင်းက ပြန်လည်ဖြေကြားခဲ့ရာ၌ လေယာဉ်သည် နည်းပညာပိုင်း ပြဿနာကြောင့် လမ်းကြောင်းပြောင်းခဲ့ရခြင်းဖြစ်ကြောင်းနှင့် အဆင်မပြေရမှုများအတွက် တောင်းပန်ခဲ့သည်။

ကြိုတင်ကာကွယ်မှုအဖြစ် ရည်မှန်းရာသို့ ခရီးမဆက်မီ စေ့စေ့စပ်စပ် စစ်ဆေးရန် လေယာဉ်ကို ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်ဟု လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

ခရီးသည် ၂၈၃ ဦးနှင့် အမှုထမ်း ၁၃ ဦးပါဝင်သော လေယာဉ်သည် ညနေ ၁၂း၀၇ နာရီတွင် တိုင်ပေသို့ လုံခြုံဘေးကင်းစွာဆင်းသက်ခဲ့သည်ဟု သူက ပြောဆိုခဲ့ပြီး ခရီးသည်များကို ဒေသဆိုင်ရာ သယ်ယူပို့ဆောင်မှုနှင့် ဟိုတယ်အခန်းများ စီစဉ်ပေးခဲ့သည်လည်း ဆိုခဲ့သည်။

image
50 w - Translate

" ငါ အင်္ဂလန် ရဲ့ အကောင်းဆုံးအသင်းမှာ ကစားခဲ့ရတယ်။ စပိန်ရဲ့အကောင်းဆုံးအသင်းမှာ ကစားခဲ့ရတယ်။ ပြီးတော့ ဂျာမနီရဲ့ အကောင်းဆုံးအသင်းမှာလည်း ကစားခဲ့ရတယ်။ ငါ့အတွက်တော့ သိပ်လှတဲ့ ဘောလုံးကစားသမားဘဝကို ပိုင်ဆိုင်ခွင့်ရခဲ့တာပါပဲ"

အလွန်ဆို (လေဗာကူဆင်နည်းပြ)

ဒီနေ့ကတော့ လီဗာပူး /ရီးရဲလ်မက်ဒရစ် နဲ့ ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း အလွန်ဆိုရဲ့ ၄၃ နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။

image
50 w - Translate

တကယ်ချစ်တဲ့သူက ကိုယ့်ကောင်မလေးကို
အနည်းဆုံးတစ်ခေါက်တော့ ရအောင်ချီပါတယ် ❤️

image