50 ပတ် - ဘာသာပြန်ပါ။

💚💛🧡❤️💙

image
50 ပတ် - ဘာသာပြန်ပါ။

💚💛🧡❤️💙

image
50 ပတ် - ဘာသာပြန်ပါ။

💚💛🧡❤️💙

image
50 ပတ် - ဘာသာပြန်ပါ။

💚💛🧡❤️💙

image
50 ပတ် - ဘာသာပြန်ပါ။

💚💛🧡❤️💙

imageimage
+4
50 ပတ် - ဘာသာပြန်ပါ။

MSME လုပ်ငန်းရှင်များ ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်မှ ချေးငွေလျှောက်ထားနိုင်
-------------------------
MSME လုပ်ငန်းရှင်တွေအနေနဲ့ ချေးငွေရယူမှု ပိုမိုအဆင်ပြေစေဖို့အတွက် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်မှာ ချေးငွေ လျှောက်ထားနိုင်တယ်လို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့က အသိပေးကြေညာထားပါတယ်။

MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က မတည်ထောက်ပံ့ငွေ ထူထောင်ထားရှိပြီး နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေကို သက်သာတဲ့ အတိုးနှုန်းနဲ့ မြန်မာ့ စီးပွားရေး ဘဏ်ကတစ်ဆင့် ချေးငွေထုတ်ချေးပေးနေရာ အခုအခါ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်မှာ ထပ်မံထုတ်ချေးပေးမှာ ဖြစ်ပါတယ်။

MSME ချေးငွေလျှောက်ထားနိုင်တဲ့ ပုဂ္ဂလိကဘဏ်တွေကတော့ ကမ္ဘာ့ရတနာဘဏ်၊ ရွှေ(ကျေး လက်နှင့်မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ကမ္ဘောဇဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး ရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ မြန်မာ့ခရီးသွားဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ သမဝါယမဘဏ်၊ မြန်မာ့ ရှေ့ဆောင်ဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဧရာဝတီဘဏ်၊ သတ္တုဖွံ့ဖြိုးဘဏ်၊ ဆောင်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်နဲ့ ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်တွေ ဖြစ်ပါတယ်။

MSME လုပ်ငန်းရှင်တွေအနေနဲ့ ချေးငွေလျှောက်ထားရာမှာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးခွဲတွေကနေတစ်ဆင့် လျှောက်ထားနိုင်ပြီး နီးစပ်ရာ MSME အေဂျင်စီ ရုံးခွဲတွေကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့ သိရပါတယ်၊၊

MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်က ကျပ်ဘီလီယံ ၁၇၀ ကို ရန်ပုံငွေထည့်သွင်းထားပြီး အဲဒီထဲက ကျပ်ဘီလီယံ ၁၅၀ ကို MSME လုပ်ငန်းရှင်တွေကို ထုတ်ချေးပေးမှာဖြစ်ပြီး ကျန်တဲ့ ကျပ်ဘီလီယံ ၂၀ ကို MSME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

image
50 ပတ် - ဘာသာပြန်ပါ။

တွေ့ကြသေးတာပေါ့

image
50 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်သစ် ပျံသန်းမည်
-----------------------
မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)ကနေ ပြည်တွင်းခရီးစဉ်သစ်အဖြစ် ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်တွေကို အောက်တိုဘာလ(၁၃)ရက်က စတင်ပြီး ပျံသန်းပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ အဲဒီ လေကြောင်း လိုင်းကနေ သိရပါတယ်။ ရန်ကုန်-ပုသိမ်-ညောင်ဦး- မန္တလေး ခရီးစဉ်ကို အောက်တိုဘာ(၁၃)ရက်မှာ ရန်ကုန်ကနေ မနက် (၆) နာရီခွဲ ထွက်ခွာပြီး ပုသိမ်ကို မနက် ၇ နာရီ ၁၀ မိနစ်လောက်မှာ ရောက်ရှိမှာဖြစ်ပါတယ်။

ပုသိမ်ကနေ ဆိုရင် မနက် ၇ နာရီ ၂၅ မိနစ်လောက်မှာ ထွက်ခွာပြီး ညောင်ဦးကို ၉ နာရီ ၁၀ မိနစ်လောက်မှာ ရောက်ရှိမှာ ဖြစ်ကာ ညောင်ဦးကနေဆိုရင် မနက် ၉ နာရီ ၂၅ မိနစ်လောက်မှာ ထွက်ခွာကာ မန္တလေးကို မနက် ၁၀ နာရီ လောက်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ အောက်တိုဘာ(၁၄)ရက်နေ့မှာလည်း မန္တလေး-ညောင်ဦး-ပုသိမ်-ရန်ကုန် ခရီးစဉ်တွေကို မန္တလေးကနေ မွန်းလွဲ ၃ နာရီလောက်မှာ ထွက်ခွာကာ ညောင်ဦးကို ညနေ ၃ နာရီ ၃၅ မိနစ် လောက်မှာ ရောက်ရှိမှာဖြစ်ပြီး ညောင်ဦးကနေ ညနေ ၃ နာရီ မိနစ် ၅၀ လောက်မှာ ဆက်လက် ထွက်ခွာကာ ပုသိမ်ကို ညနေ ၅ နာရီ ၃၅ မိနစ်လောက်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

အဲဒီနောက် ပုသိမ်ကနေ ညနေ ၅ နာရီ မိနစ် ၅၀ လောက်မှာ ထွက်ခွာပြီး ရန်ကုန်ကို ညနေ ၆ နာရီခွဲလောက်မှာ ရောက်ရှိမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။ လေယာဉ်လက်မှတ်ခ နှုန်းထားတွေအနေနဲ့ ရန်ကုန်-ပုသိမ်ကို ကျပ် ၂ သိန်းခွဲ၊ ပုသိမ်-ညောင်ဦးကို ကျပ် ၂ သိန်း ၈ သောင်း၊ မန္တလေး-ညောင်ဦးကို ငွေကျပ် ၂ သိန်းနဲ့ ရန်ကုန်-ညောင်ဦးကို ငွေကျပ် ၂ သိန်း ၉ သောင်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

image
50 ပတ် - ဘာသာပြန်ပါ။

ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည့် ချဲလ်ဆီးနှင့် နော်တင်ဟမ်အသင်းတို့ အရေးယူခံရမည်

ရုန်းရင်ဆန်ခတ်ဖြစ်ခဲ့တဲ့ ချဲလ်ဆီးနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတွေကို အရေးယူဖို့ အက်ဖ်အေက ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ တဖက် ၁ ဂိုးစီသရေကျခဲ့ပြီး နှစ်ဖက် ကစားသမားတွေ အချင်းချင်းအုပ်စုလိုက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။

အဲဒီဖြစ်ရပ်မှာ ကစားသမားတွေအပေါ် ထိန်းချုပ်နိုင်ခြင်းမရှိခဲ့တဲ့ နှစ်ဖက် အသင်းနှစ်သင်းစလုံးကို အက်ဖ်အေက စွဲချက်တင်လိုက်ပြီး မသင့်လျော်တဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့ကြတဲ့ အသင်းသားတွေကို အသင်းတွေဘက်က ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နော်တင်ဟမ်နဲ့ ပွဲမှာ ချဲလ်ဆီးအသင်းက ကစားသမား ၆ ယောက်အထိ အဝါကတ် ပြသခံခဲ့ရတာကြောင့် ပေါင် ၅၀၀၀၀ ဒဏ်ရိုက်ခံရဖို့ သေချာသွားခဲ့ပါတယ်။
DVB

image
50 ပတ် - ဘာသာပြန်ပါ။

Mood:

image